Why we late?

Project တစ်ခု ဘာလို့ ကြာသလဲ

  • မရင်းနှီးတဲ့ Tech Stack တွေ သုံးလို့။
    • သုံးတဲ့ Tech Stack တွေ၊ architecture တွေကို project တစ်ခုကို တစ်မျိုးပြောင်းနေတာကလည်း အချိန်ကြာစေတဲ့ တစ်ချက်ပါပဲ။ ပထမဆုံး ပရောဂျက်ကို ရိုးရိုး PHP နဲ့ procedural အဆင်ပြေသလို ရေးတယ်။ နောက် ပရောဂျက်ကြတော့ MVC Pattern ပြောင်းသုံးပြီးရေးတယ်။ နောက်တစ်ခုကျတော့ Laravel Framework ကို ပြောင်းကြပြန်ရော၊ အခု လာမယ့် တစ်ခုဆိုရင် Luman လိုမျိုး api framework ကို သုံးဖို့ စဉ်းစားနေတယ်။ ဒါက backend အပိုင်း။ Frontend အပိုင်းမှာလည်း ထိုနည်းလည်းကောင်း။ backbone သုံးနေတာကနေ ရိုးရိုး bootstrap + jQuery ကို ပြောင်းသုံး။ နောက်တစ်ခုဆို React သုံးရမလိုလို ဖြစ်နေပြီ။ Flutter မှာက ပိုဆိုး။ အစပိုင်းကတော့ အကုန်လုံး set state နဲ့ချည်း ရေးတယ်။ နောက်တော့ State Management ကို သုံးရကောင်းမှန်းသိလာတော့ Provider သုံးတယ်။ အဲ့ဒီမှာ dependency တွေက အတော် ရှုပ်ထွေးများပြားလာတော့ သေချာ ခိုင်မာတဲ့ architecture တစ်ခုခုသုံးပြီး ရေးမှ ရတော့မယ် ဖြစ်လာတာနဲ့ Uncle Bob ရဲ့ Clean Architecture ကို သုံးပြီး deppendncy injection ဘာညာသာရကာ သုံးပြီး ရေးလာရတယ်။
    • ဒီကြားထဲမှာ ရှိသေးတယ်။ Python ဘက်က Django က back office အတွက် ဘာမှမလိုဘူး အကုန် ready made ပဲ ဆိုပြီး သုံးလိုက်သေးတယ်။ သူလည်း production ရောက်မှ apache နဲ့ python ကြား ချိတ်ရ ဆက်ရ တိုင်တွေပတ်။ assets file path တွေက မမှန် နဲ့။
    • Laravel Admin ဆိုတာလည်း အခုတလော မျက်စိကျနေလေရဲ့။
    • ဒီလိုနဲ့ပဲ Tech Stack တစ်ခုကို တည်တည်တံ့တံ့ မသုံးပဲ ငါးပွက်ရာ ငါးစာချနေလေတော့ ဘယ် ပရောဂျက်မဆို error အသစ်အဆန်းကြီးတွေ တစ်ပုံတစ်ပင်တက်ပြီး မပြီးနိုင် မစီးနိုင် ဖြစ်လာရော။
  • တစ်ယောက်ကို တစ်ယောက် စောင့်နေရလို့။
    • အခုနောက်ပိုင်း project တွေ တော်တော်များများက web service သုံးပြီးပဲ ရေးကြတာ များတယ်။ ဒီမှာ အသုံးများတာကတော့ Restful API ။ ဒီမှာ API က မပြီးသေးလို့ api ကို စောင့်နေရင်းနဲ့ ဘာမှ မလုပ်ရတဲ့ Mobile နဲ့ Forntend က အဖွဲ့တွေ ရှိတယ်။ နောက်တစ်ခုက တစ်ခုခု ပြောင်းမယ် ပြင်မယ်ဆို API သမားကို အရင်ဆက်သွယ်ပြီး ပြောင်းဖို့ ပြင်ဖို့ ပြော၊ ပြီးရင် စောင့်။
    • Communication ခက်ခဲတာရော၊ အချိန်မပေးနိုင်ကြတာရော နဲ့ ဒီနည်းက တော်တ်ောလေး အဆင်မပြေ။
    • အတူတူ စုရေးရင် လေးနာရီလောက်နဲ့ ပြီးမယ့် Module တစ်ခုက တစ်ပတ်လည်း မပြီးချင် ဖြစ်လာတယ်။
    • နောက်တစ်ခုက documentation ပိုင်းက မရှိသလောက်ပဲ ဆိုတော့ mock တွေဘာတွေ သုံးပြီး ကိုယ့်အပိုင်းကိုယ် ရေးထားဖို့က အဆင်မပြေ။ နောက်ပိုင်းတော့ ဒီ ကိစ္စကို အရင်ရှင်းရမယ်။
  • Requirement Specification မရှိတာ။
    • ဒါကတော့ Waterfall Model မှာ ပြောသလိုမျိုးပဲ Requirement က ရှင်းရှင်းလင်းလင်း မရှိရင် အကုန်လုံးက ဝေဝေဝါးဝါးပဲ။
Written on April 16, 2022