← All writing

Why we fail?

· Aung Ko Man

Notebook and fountain pen for planning and reflection
Illustrative photo by Niko Nieminen on Unsplash.

ဘာကြောင့် မအောင်မြင်ရသလဲ?

များသောအားဖြင့်တော့ အလုပ် မလုပ်လို့ ဒါမှမဟုတ် လုပ်ရမယ့် အလုပ်ကို မလုပ်နိုင်လို့ ကိုယ့်မှာ လုံလောက်တဲ့ အရည်အချင်းမရှိလို့

ဒါပါပဲ။ Skifull ဖြစ်ဖို့ပဲ လေ့ကျင့် လိုက်နာ ရမယ်။

ကြုံလာတဲ့ ပြဿနာတွေကို ကောင်းကောင်းမွန်မွန် မဖြေရှင်းနိုင်သမျှ မင်းဟာ Professional မဟုတ်သေးဘူး ပြောရမယ်။ ကိုယ့်ရဲ့ သက်ဆိုင်ရာ နယ်ပယ်မှာ ဆိုပါတော့။

ပရောဂျက်တွေကို နှစ်မျိုးခွဲလို့ရတယ်။ Hobby Project နဲ့ Professional Project

Hobby Project မှာ အသစ်အဆန်းတွေနဲ့ ဖတ်ရင်းမှတ်ရင်း စမ်းသပ် ရေးလို့ ရတယ်။ ပျော်စရာ အကောင်းဆုံး အပိုင်းကတော့ မင်းမှာ Deadline မရှိတာပဲ။ တာဝန်ယူမှု တာဝန်ခံမှု ဆိုတာ မရှိဘူး။ ဆိုးကျိုးဆိုရင်တော့ ငွေရေးကြေးရေးအရ ဘာမှ ရမှာ မဟုတ်ဘူး။ တိုက်ရိုက်အားဖြင့် ဆိုရင်ပေါ့။

Professional Project တွေမှာတော့ ကိုယ်ကျွမ်းကျင် လိမ်မာတဲ့ Tech Stack တွေ သုံးပြီးရေးမယ်။ မင်းဟာ ထိုက်တန်တဲ့ ငွေကြေးပမာဏ နဲ့ တာဝန်ယူပြီး လုပ်တာဖြစ်တဲ့အတွက် Deadline အပါအဝင် Training and Support တွေပါ လုပ်ပေးရလိမ့်မယ်။ ပရိုဂရမ် တစ်ပုဒ်ဆိုတာ ဘယ်တော့မှ ချောချောမောမော ဖြစ်လေ့ဖြစ်ထ မရှိတာမို့လို့ Production ရောက်မှ တက်တဲ့ Bug ပေါင်း သောင်းခြောက်ထောင်ကို အချိန်နဲ့ တပြေးညီ လိုက်ရှင်းပေးရလိမ့်မယ်။

အခု ပြဿနာ တက်ရင် Production ရောက်မှ မရှုနိုင် မကယ်နိုင် နဲ့ ဘယ်လို ရှင်းလို့ရှင်းရမှန်းမသိ။ အဆိုးဆံုးကတော့ ဘာလို့ အလုပ်မလုပ်မှန်း မသိတာပဲ။

ဆိုပါဆို့ website က တက်မလာတော့ဘူး။ ဘယ်အပိုင်းက မှားနေလဲ Troubleshoot က မလုပ်တက်။ ဟိုနား log ထုတ်ကြည့် ဒီနား log ထုတ်ကြည့်။ database credential ကပဲ မှားနေသလား ဘယ်အပိုင်းက ကောင်းတယ် ဘယ်အပိုင်းက ပြဿနာ တက်နေတယ် ဒါမျိုး စစ်နိုင်တဲ့ စနစ်မျိုးလည်း မရှိလေတော့ ပြဿနာ တက်ပြီဟေ့ ဆိုတာနဲ့ ခေါင်းခဲပြီ။ ခေါင်းခဲမှပဲ TDD ကို တ မိတယ်။