← All writing

တစ်ခါတုန်းက India

· Aung Ko Man

Sunlight falling on a woodland path
Illustrative photo by Elke Karin Lugert on Unsplash.

ကျွန်တော်တို့ဟာ တစ်ခုခုစီကနေတော့ ထွက်ပြေးနေကြတာပဲလို့ ထင်တယ်။ ဉပမာ ကျွန်‌တော်ပေါ့။

ကျွန်‌တော့ကို စိတ်ဖိစီးမှု ပေးတဲ့အရာမှန်သမျှကနေ ထွက်ပြေးပါတယ်။ ဉပမာ ကိုယ်နားမလည်တဲ့ ဘာသာရပ်အကြောင်းဖြေရမယ့် စာမေးပွဲလိုမျိုး။

ဉပမာ ဒီနေ့ ညလိုမျိုး။ မနက်မှာ SAD - Software Analysis and Design ဘာသာရပ် စာမေးပွဲဖြေရမယ်။ ခက်တာက ဘာသာစကားအခက်အခဲရော၊ နောက် သီအိုရီတွေပဲ သင်ရတဲ့ ဘာသာရပ်ဆိုတော့ စာမကျက်ချင်တာရော ပေါင်းပြီး စာမလုပ်ပဲ နေခဲ့ရာကနေ အခု ဖြေရတော့မယ်ဆိုတော့ ခြေမကိုင်မိ လက်မကိုင်မိ။

ဒါလည်း Presentation တွေ ပြန်မကြည့်၊ စာပြန်မဖတ်ပဲ မကိုင်တာကြာပြီဖြစ်တဲ့(အပ်လည်း အပ်ရတော့မယ့်) project တစ်ခုကို Python (Django) နဲ့ ပြန်ထိုင်ရေးနေလိုက်တယ်။ အမှန်တော့ ဒါဟာ ရှောင်ပြေးခြင်းတစ်မျိုးပါပဲ။ ကိုယ့်ရဲ့ လိပ်ပြာမလုံတဲ့စိတ်ကို ကိုယ်ပြန်လှည့်စားတာမျိုးပေါ့။

#km