← All writing

Fullstack With Laravel in Myanmar

· Aung Ko Man

Laptop displaying software code
Illustrative photo by AltumCode on Unsplash.

Laravel နဲ့ Fullstack ရေးဖို့ စာပြန်ဖတ်ဖြစ်တယ်။ Laravel က လုပ်ပေးထားတာတွေ များတော့ Blackbox လို ဖြစ်လာတယ်။ အခုမှ စသုံးမယ့် သူတွေအတွက် ဒီဟာတွေ သုံးဖို့မသင့်ဘူးထင်တယ်။ restful webservice ကို ကောင်းကောင်းသိမှပဲ သုံးရတာ အဆင်ပြေလိမ့်မယ်။ ဒီတော့ ကိုယ့်လို documentation ဖတ်ပြီး ဘာမှ နားမလည်တာမျိုး မဖြစ်ရလေအောင် မြန်မာလို Note ထုတ်ဖြစ်တယ်။

သူ့မှာက Directory Structure ကို မှတ်ရတာက တစ်မျိုး။ နောက်ပြီး MVC ဆိုတော့ အလုပ်တစ်ခု လုပ်မယ်ဆိုရင် အနည်းဆုံး ဖိုင် (၃) ခုလောက်ကို အသွားအပြန် လိုက်ပြင်နေရတာမျိုး။ ဒီမှာ ရွာတွေ လည်ကုန်ရော။

CRUD ကို UI နဲ့ အပြည့်အစုံရဖို့ တစ်နေကုန်သွားတယ်။ ဒါတောင် tutorial ဆယ်ခုလောက်က လှည့်ပတ်ကူးရတာ။ ဒီကောင်လေး အတောင်အလက် စုံသွားရင်တော့ Admin Panel Generator အသေးစားလေး တစ်ခု လုပ်ထားရမယ်။ Generate မလုပ်နိုင်တောင် copy paste ပြီး မြန်မြန်ပြန်သုံးနိုင်ရင် မဆိုးဘူးပေါ့။