JS is Everything

  • JS is Everything
    • လက်မခံချင်လည်း လက်ခံရမယ့် အမှန်တရားလို ဖြစ်လာပြီ။ Dart လိုမျိုး Static Language ဘက်ကို ပြောင်းလာပြီးတဲ့ နောက်မှာ အရင်က ဖက်တွယ်ခဲ့တဲ့ JS, PHP, Python ကို တဖြည်းဖြည်း မျက်မုန်ကျိုးလာတယ်၊ ဒါက personal feeling ပါ၊ လုပ်ငန်းခွင်မှာတော့ ဒီကောင်တွေနဲ့ ကင်းလို့မရသလို ချစ်လည်းချစ်ပါတယ် :D
    • အကြာကြီး ပစ်ထားခဲ့တဲ့ JS ကို ဒီနေ့ Google က ပေးတဲ့ Serverless Framework တစ်ခု ကြည့်ရင်းမှ ပြန်ရေးဖြစ်တယ်။ သူက Express JS စတိုင် http request , response function ရေးလိုက်တာနဲ့ ကျန်တာ ဘာမှကို မလိုပဲ CRUD API တွေ အဆင်သင့် ဖြစ်နေတာမျိုး။ No More SSH Terminal! No More Dev Ops! No More Server Guy!
    • ကိုယ့်ကုတ်လေး Production ရောက်ဖို့ Dev Ops က ငတိကို ခခယယ စောင့်နေရတာမျိုးတွေ မေ့လိုက်လို့ရပြီ။ ကိုယ်တိုင်ရေး ကိုယ်တိုင်တင် ပုံပြင် :D
    • Google ကတော့ အာမခံထားတယ်။ ဒီမယ် ငါ့ကောင် Serverless လို့ ငါပြောထားတယ်မို့လား၊ ဒီတော့ ဆာဗာရှိနေတယ်ဆိုတာကို မေ့ထားလိုက်၊ scaling အပိုင်းလား ဘာမှ လှည့်ကြည့်မနေနဲ့ load များလာရင် ငါ့မှာ ရှိတဲ့ infrastructure ထဲက ထုတ်သုံးပေးမယ် မင်းကတော့ မင်းရဲ့ credit card လေး ငါ့ကိုပေးထား။ အဲဒါမျိုးကို အာမခံတယ်။ တစ်လကို 1 Million request အလကားပေးမယ်။ အဲ့ထက် ပိုလာရင် ကိုယ့်ကတ်ထဲက ဖြတ်မယ်။
    • ကျွန်တော် ကတော့ ပထမ တစ်ရက် စမ်းသုံးကြည့်တာနဲ့တင် အတော်ကြွေပါတယ်။ အထူးသဖြင့် တကယ်ကြီး serverless သွားတာကို။ ကိုယ်တွေက server အပိုင်းနဲ့ ပတ်သက်လာရင် username က root နဲ့ password က 12345678 လောက် ပေးတက်ပြီး filezilla နဲ့ php myadmin မှ မရှိရင် ဆာဗာပေါ် ရောက်လည်း ခွေးအကြီး လှည်းနင်းသလို တပိန်ပိန် တလိမ်လိမ်နဲ့ nano မသိ vim မသိ အဖွဲ့က။ ဒီကြားထဲ ဖိုင်ပါမစ်ရှင်တွေကို 777 ချည်း ပေးပစ်တာမျိုး။ တကယ်လည်း manage မလုပ်တက်ဘူး။
    • တစ်ခုပဲ စိုးရိမ်စရာ ရှိတာက NoSQL ကို ပြောင်းရမှာနဲ့ JS ရဲ့ async , await နဲ့ call back hell က လွတ်ဖို့။ နောက်ပြီး ဒါကြီးက တကယ်ကို black box magic . မည်သို့မည်ပုံ ဖြစ်သွားသည် မသိ CRUD API ကြီး ထွက်လာသည်ပေါ့။ ဒီတော့ ကိုယ့်လက်ကိုယ့်ခြေမှ ကြိုက်တဲ့ organization တွေအတွက်တော့ မဟုတ်။ ငွေကလည်း သုံးသလောက်ပေး ဆိုတော့ လစဉ် တင်တောင်းရမယ့် အဖွဲ့တွေအတွက်လည်း အဆင်မပြေ။ တစ်လနဲ့ တစ်လက ဘယ်လောက် ကုန်မယ်ဆိုတာ ခန့်မှန်းဖို့ မလွယ်။
    • ဒါကတော့ Firebase Cloud Function ကို ဖတ်ရင်း သဘောကျတာတွေ ရေးဖြစ်တာပါ။ နောက်မှ စာအရှည်ကြီးနဲ့ JS သာ အမိ JS သာ အဘ လုပ်ပါဉီးမယ်။
Written on December 8, 2022