ERP ဆိုသည်မှာ

ERP - Enterprise Resource Planing

ERP ဆိုတာ ဘာလဲ?

Enterprise တစ်ခုအနေနဲ့ သူ့ရဲ့ Resource တွေကို ကောင်းကောင်းမွန်မွန် စီမံခံ့ခွဲပြီး မှန်မှန်ကန်ကန်နေရာချနိုင်တဲ့ ကွန်ပျူတာစနစ်တစ်ခုလို့ ပြောရမယ်ထင်တယ်။ လူမှန် နေရာမှန် ပစ္စည်းမှန် ဆိုပါတော့။

ဘာတွေ အကျိုးရှိမလဲ?

ဒီလို ERP စနစ်တစ်ခု သုံးတာနဲ့ Management Level က လူတွေကလည်း ကိုယ့်အဖွဲ့အစည်းမှာ ဘာတွေဖြစ်နေလဲဆိုတာကို အချိန်နဲ့ တစ်ပြေးညီသိနိုင်မယ်။ လိုက်မေးနေစရာ မလိုဘူးပေါ့ဗျာ တစ်နည်းအားဖြင့် ကိုယ့်စီ လာပြီး Report တင်မယ့် အချိန်အထိ ထိုင်စောင့်နေစရာ မလိုတာပေါ့။ ဒီတော့ စီမံခံ့ခွဲတဲ့ စနစ်တွေ ပိုပြီး ညက်ညက်ညောညာ ဖြစ်လာမယ်။ အချိန်နဲ့တပြေးညီ ဆုံးဖြတ်ရမယ့် ကိစ္စတွေကို အချက်အလက်အပြည့်အစုံ အချိန်မီတွေ့ရလို့ မှန်မှန်ကန်ကန် ဆုံးဖြတ်လာနိုင်မယ်။ နောက်တစ်ခု ရှိတာက ထပ်ခါ ထပ်ခါ လုပ်နေရတဲ့ အလုပ်တွေ လျော့ချနိုင်မယ်။ Manual ဆိုရင် ခွင့်တင်ဖို့ကအစ စာတစ်တန် ပေတစ်တန် နဲ့ အဆင့်ဆင့် တင်နေရတာကနေ ဖောင်တစ်ခုဖြည့် ကလစ်တစ်ချက်နှိပ်တာနဲ့ ကိစ္စပြီးတာမျိုး။ ကျွန်တော်တို့လိုမျိုး လူတွေနဲ့ မျက်နှာချင်းဆိုင်ပြီး အရိပ်အကဲကြည့် ပြောဆိုဆက်ဆံနေရတာမျိုးကို ဝန်လေးပင်ပန်းတက်တဲ့ လူတွေအတွက် အတော်လေး အဆင်ပြေပါရဲ့။ All we need to do is CLICK and CLICK.

လူ့စွမ်းအားအရင်းအမြစ် နဲ့ ကုန်ကျစရိတ်ကိုလည်း ထိထိရောက်ရောက် စီမံလာနိုင်မယ်။ ကိုယ့်လုပ်ငန်းမှာ နောက်ဆုံးပေါ် နည်းပညာတွေ အသုံးချပြီး Man Power ကို လျော့ချလာနိုင်မယ်။

အပြင်က Geographical Gaps ကို မေ့ထားလို့ရပြီ။ အကုန်လုံးက ခင်ဗျားနဲ့ one call away မှာပဲ ရှိနေပြီ။ Screen ကို တစ်ချက်ကြည့်လိုက် ခင်ဗျားရှေ့မှာ ဘယ်သူတွေ ဘာလုပ်နေသလဲ ဘယ်အလုပ်တွေ ဘယ်ပရောဂျက်တွေက ဘယ်သောင်ရောက်လို့ ဘယ်ကမ်းဆိုက်နေသလဲ အကုန်မြင်နေရမယ်။

ပိုက်ဆံ နည်းနည်းပဲ ပေးပြီး အရည်အသွေးကောင်းကောင်း နဲ့ များများလိုချင်တဲ့ ခင်ဗျားရဲ့ customer တွေကိုလည်း ERP ရဲ့ အကူအညီနဲ့ သူတို့ စိတ်ကျေနပ်အောင် လုပ်ပေးနိုင်လိမ့်မယ်။

နောက်ဆုံးကတော့ အပြိုင်အဆိုင်များတဲ့ ခင်ဗျားတို့ရဲ့ industry မှာ ကောင်းကောင်းမွန်မွန်ယှဉ်ပြိုင်ပြီး ရှင်သန်ကျန်ရစ်ဖို့ ခင်ဗျား ERP တစ်ခု လိုလိမ့်မယ်။

ERP မှာ ဘာတွေပါလဲ?

များသောအားဖြင့် ERP ဟေ့ဆိုတာနဲ့ ဒါတွေ ပါကြတယ်။

  • Inventory Management
  • Purchasing
  • Vender Integration
  • CRM ( Customer Relation Management)
  • HR (Payroll)
  • Accounting
  • Sales

သမိုင်း

1960 လောက်က စပြီး Inventory Control အတွက် စပြီး စနစ်တွေ ထွင်လာကြတယ်။

1970 နောက်ပိုင်းမှာတော့ Inventory သာမကတော့ပဲ Material Requirement Plaining ဆိုပြီး ဝယ်ယူရေးတွေ၊ ထုတ်လုပ်ရေးတွေအတွက်ပါ ပါလာအောင် ထပ်တိုးလာကြတဘ်။ (MRP)

1980 မှာတော့ Manufacturing Resources Plaing ဆိုပြီး ကုန်ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချရေးတွေအတွက်ပါ Feature တွေ ထပ်ထည့်လာကြတယ်။ (MRP II)

1990 မှာတော့ Enterprise Resouce Planning ဆိုပြီး ကိုယ့် Enterprise ထဲမှာ ရှိတဲ့ လုပ်ငန်းတွေ အကုန်လုံးကို ချိတ်ဆက်ပြီး စီမံလာကြပြီ။ (ERP)

2000 ခုနှစ်ကနေ စပြီး External Business တွေနဲ့လည်း ချိတ်ဆက်ပြီး လုပ်လို့ရအောင် ကြိုးစားလာကြတယ်။ (ERP II)

အဓိက စနစ် အမျိုးအစား (၅) ခု

ERP ဆိုတာနဲ့ ဒီလိုစနစ်တွေ ပါကြတယ်။

  • Executive Support Systems (ESS)
  • Decision Support Systems (DSS)
  • Management Information System (MIS)
  • Knowledge Work Systems (KWS)
  • Transaction Processing Systems (TPS)

ဒီထဲက အချို့က အကြမ်းဖျဉ်းပြောပြရမယ်ဆိုရင် Executive Support Systems ဆိုတာက အဖွဲ့အစည်းရဲ့ ခေါင်းကြီးပိုင်းတွေ သုံးတဲ့ စနစ်မျိုး။ သူက Input အနေနဲ့ Aggregate data လိုခေါ်တဲ့ ပေါင်းချူပ်စာရင်းတွေ ထည့်ပေးရတယ်။ Output အနေနဲ့ Projections လို့ခေါ်တဲ့ ကိုယ့်အဖွဲ့အစည်း ပြီးခဲ့တဲ့ ကာလအတွင်းက အကောင်းအဆိုး နဲ့ အခြေအနေ အရည်အသွေးတွေက အနှုတ်ဘက်ကို သွားနေသလား အပေါင်းဘက်ကို သွားနေသလား ကြည့်နိုင်တယ်။ ဒီတော့ နောက်ငါးနှစ်အတွက် 5-year operating plan ဆွဲတဲ့အခါ အထောက်အကူပြုတာပေါ့။

Management Information System (MIS) ဒါကတော့ အလယ်အလက်တန်းစား မန်နေဂျာတွေ သုံးကြတာ များတယ်။ သူ့မှာ Input အနေနဲ့ အတော်များတဲ့ data တွေ လိုတယ်။ output အနေနဲ့ကတော့ summary report ထုတ်ပေးတယ်။ ဉပမာ နှစ်စဉ် ရသုံးမှန်းခြေဆွဲတာမျိုး။ စနစ်တကာ စနစ်ထဲမှာ အရိုးရှင်းဆုံး စနစ်လို့ပြောရမယ်။

Decision Support System (DSS) : ဒါကတော့ Professionals တွေ Staff တွေ သုံးတဲ့ စနစ်။ input အနေနဲ့ data နည်းနည်းပဲ ထည့်ပေးရတယ်။ output အနေနဲ့ Decision Analysis ထွက်လာတယ်။ ဉပမာ ဘဏ်တွေမှာ ဒီလူတစ်ယောက်ကို Credit Card ထုတ်ပေးသင့် မပေးသင့်၊ ပေးသင့်တယ်ဆိုရင်လည်း ဘယ်လောက်ပမာဏအထိ အကြွေးဝယ်ခွင့် ပေးသင့်တယ်ဆိုတာမျိုးကို Decision Tree Algorithm လိုမျိုးတွေ သုံးပြီး တွက်ကြတယ်။ သူတို့မှာ input data က အတော်လေး နည်းပြီး processing နဲ့ training data က အတော်များတယ် ပြောရမယ်။

ဒီစနစ်တွေ အကုန်လုံးကို Enterpirse တစ်ခုမှာ သုံးကို သုံးရတယ်။ သုံးတဲ့အချိန်မှာ တစ်ခုနဲ့ တစ်ခု integration လုပ်မထားရင် လုပ်ငန်းအဆင်မပြေဘူး။ ဒီတော့ ဒီ ESS , MIS, DSS စတာတွေ အကုန်လုံးကို integration လုပ်ပေးတဲ့ ERP တစ်ခု ကိုယ့်လုပ်ငန်းအတွက် စပြီး ရှာရတော့တယ်။

ERP Option (၃) ခု

ERP သုံးမယ်လို့ စဉ်းစားတဲ့အခါ ရွေးချယ်စရာ (၃) ခုရှိတယ်။

  • MAKE (Using internal resources) : ကိုယ့်မှာ ရှိတဲ့ in-house IT Department ကို ရေးခိုင်းတာ။

  • BUY : အရန်သင့်သုံးလို့ရတဲ့ Oracle applications, SAP, Bann, PeopleSoft စတဲ့ စျေးကွက်ထဲက ERP တွေကို ဝယ်သုံးတာ။

  • MAKE (using External resources) : ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီတဲ့ custom-built ERP package ကို အပြင်က Software Solution Provider တွေဆီ အပ်တာ။

MAKE (Using internal resources)

ကိုယ့်လူကိုယ်ရေးခိုင်းတာက လုပ်ငန်းသဘောသဘာဝ တွေ အထွေအထူးရှင်းပြစရာမလိုဘူး။ ပြောရရင် သူတို့က domain knowledge ပြည့်ဝပြီးသား။ ဒါက ကောင်းတဲ့အပိုင်း။ မကောင်းတာကတော့ အလုပ်မပြီးဘူး။ တောင်ပြောင်း တောင်ပြောင်းနဲ့ အလုပ်က ရေရေရာရာ သတ်မှတ်ထားတာ မရှိတော့ Project Management ကလည်း တိုင်တွေပတ်။ ဒီကြားထဲ Management Level က လူတွေက ပေါက်ကရတွေ ဝင်လျှောက်ပြော နဲ့ ERP ရေးတာက ဝိုင်ကြီးပတ်ပတ်ဒူဝေဝေ ဖြစ်ပြီး IT Department က လူတွေသာ တစ်ဖွဲ့ပြီး တစ်ဖွဲ့ပြောင်းသွားတယ် ပရောဂျက်က development stage မှာပဲ နေမြဲအတိုင်း ရှိနေတုန်း။

BUY

ဝယ်သုံးတာကတော့ ကိစ္စ ရှင်းတာပေါ့ဗျာ။ ကိုယ်လိုတာထက် ပိုတဲ့ Functions တွေ ပါတယ်။ ပြည့်စုံတာထက်ကို ပိုတယ်။ Development Period ကို စောင့်စရာမလို အခုဝယ် အခုသုံး။ ဒါက ကောင်းတဲ့အပိုင်း။ ငွေရေး ကြေးရေးကတော့ ကောင်းခြင်း ဆိုးခြင်း မပြောချင်ပါဘူး။ ထိုက်သင့်တဲ့ အခကြေးငွေ အမြောက်အများပေးရမယ်။ မကောင်းတဲ့ အပိုင်းကတော့ customize ဖို့ မလွယ်တာပဲ။ Every business is unique. u know လုပ်ငန်းတိုင်းက လည်ပတ်တဲ့ ပုံစံခြင်း မတူကြဘူး။ ဒီ Commercial Product တွေက လုပ်ငန်းတိုင်းနဲ့ ကိုက်ညီအောင် ယျေဘူယျ ရေးထားကြတာဆိုတော့ ကိုယ့်လုပ်ငန်းရဲ့ အချို့အပိုင်းတွေမှာ အံဝင်ခွင်ကျ ရှိမှာ မဟုတ်ဘူး။ ဒါကိုတော့ သည်းခံရမယ်။

Make (Using exteranl resources )

ဒါကတော့ အပြင်က Professional Team တစ်ခုကို ကိုယ့်လုပ်ငန်းနဲ့ အံဝင်ခွင်ကြဖြစ်မယ့် Solution တစ်ခု အပ်လိုက်တာပဲ။ ကုန်ကျစရိတ်ကတော့ အပေါ်က နှစ်ခုထက် များကောင်း များနိုင်မယ်။

Implementing

သုံးခုထဲက တစ်ခုကို ရွေးပြီးရင် စပြီး ရေးလို့ရပြီ။

Written on December 23, 2022