Life - What are we looking for?

Life : What are we looking for?

ဘဝ ဆိုတာဘာလဲ? ကျွန်တော်တို့ ဘာတွေရှာနေကြသလဲ?

ရွှေငွေ စည်းစိမ် နဲ့ ရာထူး နေရာဌာန တွေကို ရှာနေကြဖို့များမယ်။ ဒါတွေက အရေးမကြီးဘူးလို့လဲ ပြောလို့မရ။

  • Purpose

ရောင့်ရဲ တင်းတိမ်ဖို့ ပြေးလွှားနေတဲ့ စိတ်တွေ ခနလေး ရပ်ပြီး Observe လုပ်ဖို့။ စိတ်ကလေး တည်ငြိမ်အေးချမ်းစေဖို့။ ဘာတွေက အရေးကြီးပြီး ဘာတွေက အရေးမပါဘူးလဲ တွေးနိင်စေဖို့။ တစ်ချိန်မှာ အားလုံးထားခဲ့ရမှာပဲမို့ အစွဲအလန်းတွေ အများကြီးမထားဖို့ လက်ရှိဘဝကို ရောင့်ရဲတင်းတိမ်ပြီး တန်ဖိုးထားဖို့။

တစ်ရက် (၂၄) နာရီမှာ ညပိုင်းအိပ်တဲ့အချိန် (၆) နာရီ ဖယ်လိုက်ရင် ကျန်တဲ့ (၁၈) နာရီမှာ အလုပ်လုပ်နေရတာများတယ်။ ကျောင်းက (၆) နာရီအချိန်ပြည့်တက်ရတယ်။ စားဖို့သောက်ဖို့ ပြင်ရဆင်ရ သွားရလာရတာက (၂) နာရီ။ ကျန်တဲ့ (၁၀) နာရီက ကွန်ပျူတာ ရှေ့မှာ အချိန်ကုန်တာများတယ်။

ကိုယ်က သင်ယူရတာတွေရှိတယ် ကိုယ်က ပြန်သင်ပေးရတာလည်း ရှိမယ်။

What make you happy?

ပျော်ရွှင်တယ်ဆိုတာမျိုးကို ဘယ်လို အဓိပ္ပါယ်ဖွင့်မလဲ? ကျွန်‌တော်တို့ တော်တော်များများက ကိုယ်ပျော်တယ်ဆိုတာကို အချိန်နည်းနည်းနောက်ကျမှ သိကြတယ်လို့ ထင်တယ်။ ဆိုလိုတာက လက်ရှိမှာ ခင်ဗျား ပျော်ကောင်းပျော်နေလိမ့်မယ် ဒါကို ခင်ဗျား သတိထားမိမှာ မဟုတ်ဘူး။ နောင် နှစ်အနည်းငယ် ဒါမှ မဟုတ် အချိန်တစ်ခု ရောက်တဲ့အချိန်မှ သြ ဒါဟာ ပျော်စရာ အချိန်တွေပါလားလို့ ပြန်တွေးမိတာမျိုး။

People are suffring.

လူတွေဟာ ဒုက္ခဝေဒနာ ခံစားနေကြရတယ်။

If u feel bored, get outside and see people in reallife See and feel what they are doing for their life, especiall for their living.

ကျွန်‌တော်က ကွန်ပျူတာနဲ့ ပတ်သက်လာရင် Passion ရှိတယ်လို့ ပြောရမယ်။ကိုယ့်ရဲ့ Professional ကလည်း ကွန်ပျူတာပဲ ဆိုတော့ ပုံမှန်အားဖြင့် စဉ်းစားကြည့်ရင် ဘဝကြီးက နေပျော်နေတာပါပဲ။

ဒါပေမယ့် ဘယ်လောက်ပဲ Passion ရှိပါတယ်ပြောပြော နေ့စဉ်ရက်ဆက် ကွန်ပျူတာရှေ့မှာ တစ်နေ့ကို (၁၄) နာရီလောက် အချိန်ကုန်နေတာ နှစ်ရှည်လများ ဖြစ်လာတော့ တစ်ခါတစ်ခါ ပျင်းလာတယ်။ ဒီလိုပဲ အချိန်တွေကုန်နေတာ အဓိပ္ပါယ်ရောရှိရဲ့လား တွေးမိလာတယ်။ မိုးလင်းလာ အလုပ်သွားစရာရှိရင်သွား ကျောင်းသွားစရာရှိရင်သွား။ တစ်နေကုန် အလုပ်လုပ်/ ကျောင်းတက်။ ညနေ ပြန်လာ ညစာစားပြီးတာနဲ့ ကွန်ပျူတာရှေ့ပြန်သွား။ မနက်(၂)နာရီလောက်အထိ ကုတ်(code)။ အတွေးပေါင်း သောင်းခြောက်ထောင်နဲ့ ကြိုးစားပြီး အိပ်။ နောက်နေ့ မနက်မိုးလင်းလာရင် ထုံးစံအတိုင်း အလုပ် / ကျောင်း သွား။ အလုပ်လုပ် / စာသင် ။ ပြန်လာ စားသောက် ကုတ် အိပ်။

တစ်နေ့ တစ်နေ့ စဉ်းစားနေသမျှက ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ ချည်းပဲ။ ထိုက်သင့်တဲ့ အသပြာလည်း ရသလို ကိုယ်လိုချင်တာရှိရင်လည်း ဝယ်နိုင်ခြမ်းနိုင်။ ဒါပေမယ့် ပျော်သလားမေးရင် ကျွန်တော် မပျော်ပါဘူး။ ပစ္စည်းတွေ ဝယ်တာက ဝယ်တုန်း ခနလေးပဲ ပျော်ရတယ်။ စားတာသောက်တာလည်း ထိုနည်းလည်းကောင်းပဲ။ စားသောက်ပျော်ပါးကခုန်နေတဲ့အချိန်တော့ ပျော်ရပါတယ်။ ဒါပေမယ့် ပြီးတော့လည်း စိတ်ထဲမှာ ဗလာကျင်း။ ဘဝ ဟာ ဘာမှ အနှစ်သာရ မရှိဘူးလို့ ခံစားရတယ်။

ပြည့်စုံလုံလောက်တဲ့ စားဝတ်နေရေး ရှိနေရင် ဘဝကြီးက လုံလောက်ပြီလား။ ကျွန်တော်တို့ ဘာလိုနေသလဲ?

တစ်ခါတစ်လေ အလုပ်လုပ်ရမှာ အင်မတန်ပျင်းတယ်။ အထူးသဖြင့် error ပေါင်း သောင်းခြောက်ထောင်နဲ့ progress က မရှိ၊ dead line က ကပ်။ ဒါမျိုးအခြေအနေမျိုးမှာ ထွက်ပြေးချင်လာတယ်။ လက်ရှိအခြေအနေကနေ I just want to say “I’m QUIT”

ခရီးတွေ သွားတဲ့အခါ လူတွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကို တည်ငြိမ်အေးချမ်းအောင် ကြိုးစားတည်ဆောက်ရတယ်။ များသောအားဖြင့် လှုပ်ခက်သော စိတ် မငြိမ်သက်သော စိတ် နဲ့ အမြဲနေဖြစ်တာများတယ်။

လူတွေဟာ စားဝတ်နေရေးအတွက် ရှင်သန်ရပ်တည်ရေးအတွက်တော့ တစ်နည်းနည်းနဲ့ ကြိုးစားရုန်းကန်နေကြရတာပဲ မို့လား။ ခရီးသွားတဲ့အခါ လူတန်းစား အမျိုးမျိုးကို တွေ့ရတယ်။

dead line အကပ်မခံပဲ လိုတာတွေ အကုန် အတက်နိုင်ဆုံး ကြိုရှင်း။

Written on December 27, 2022