စလေဦးပုည၏ ထီပေါက် မပေါက် တွက်နည်းဖြစ်ပါတယ်။
ထီပေါက်ချင်လျှင် စာရေးတံမဲလှူပါ။
ရှေးပညာရှိများ၏ ထီပေါက် မပေါက် တွက်နည်းဖြစ်ပါတယ်။
ယခုနည်းမှာမူ အလွန်ရှေးကျသော ရှေးပညာရှိများ ရေးသားပြုစုခဲ့သောနည်းဖြစ်သည်။
ဆရာ ဝေဒမောင်မောင်၏ ထီထိုးနည်း ဖြစ်ပါတယ်။
ယခုတွက်နည်းမှာ အထက်က ဖော်ပြခဲ့သော ထီတွက်နည်း(၂)နည်းထဲမှ နည်း(၁)နည်းဖြင့် တွက်၍ ထီပေါက်ကံ ရှိမှသာ ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
(၁၅)ရက်အတွင်း ကံကောင်းစေသော ဂဏာန်း
ယခုတွက်နည်းမှာ အကြားအမြင် ဆရာမကြီး ဒေါ်ကြည်ကြည်စိန်၏ ဟောစာတမ်း ဖြစ်သည်။ ။
"မင်္ဂလာပါ"
လောကတွင် လူတိုင်း တကြိမ်တခါ ကံကောင်းတတ်ပါသည်။ ထိုတစ်ကြိမ်တခါ ကံကောင်းတတ်သော အချိန်အခါအား မသိလိုက်၍ ကံကောင်းသော အချိန်အခါနှင့် လွဲချောမသွားအောင် ထီပေါက် မပေါက် app မှ ထီပေါက်နိုင်ချေ ရှိ မရှိအား တွက်ချက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ထီပေါက်နိုင်ချေရှိလျှင်လည်း ထိုးသင့်သော ဂဏန်းများကိုပါ ဖော်ပြထားပါတယ်။ ထီပေါက်နိုင်ချေရှိပြီး မထိုးလိုက်ရ၍ ထီမပေါက်ဘဲ ဝမ်းနည်းနေရမယ့် သူများမဖြစ်အောင် ရည်သန်၍ ဖန်တီးခဲ့ခြင်းဖြစ်ပါသည်။ လာရောက်အသုံးပြုသူများ အဆင်ပြေမှု ရှိစေရန် အကောင်းဆုံးကြိုးစားထားပါသည်။ အဆင်ပြေကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။ လိုအပ်ချက်များရှိပါက မိမိတို့ Facebook page တွင် လာရောက်အကြံပေးနိုင်ပါသည်။ ယခုထက် ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများပေးနိုင်ရန် ထပ်မံကြိုးစားသွားပါဦးမည်။ကျေးဇူးတင်ပါသည်။
စလေဦးပုည၏ ထီပေါက် မပေါက် တွက်နည်းဖြစ်ပါတယ်။
၁။ မိမိရဲ့ မြန်မာ မွေးခုနှစ်ကို တည် မိမိရဲ့ ဂြိုဟ်သက်နှင့် ပေါင်းပါ။
ဂြိုဟ်သက်များ
တနင်္ဂနွေ= ၆
တနင်္လာ= ၁၅
အင်္ဂါ= ၈
ဗုဒ္ဓဟူး= ၁၇
ကြာသပတေး= ၁၉
သောကြာ= ၂၁
စနေ= ၁၀
ရာဟု= ၁၂ ဟု သတ်မှတ်ထားပါသည်။ (ယခု app တွင် ရာဟုသားသမီးများအတွက် မရရှိသေးပါ)
၂။ ပေါင်းပြီး ၄၃နဲ့ (÷)ပါ။
၃။ ရရှိတဲ့ အကြွင်းနဲ့ မိမိရဲ့ အသက်နဲ့ ထပ်ပေါင်းပါ။ မိမိအသက်ဆိုတာ ၂၉ ပြည့်ပြီးလျှင် ၃ဝလို့ ယူရပါမယ်။
၄။ ပေါင်းပြီးလျှင် ၇နဲ့ ထပ် (÷)စားပါ။ ရလာတဲ့ အကြွင်းက ဝကြွင်း၊ ၅ကြွင်းဆို ထီဆုကြီးပေါက်မည်။ ၁ကြွင်း၊ ၆ကြွင်းဆို ထီဆုသေး ဖြစ်မည်။
ထိုသို့ ပေါက်ဖို့အခွင့်ရှိလာလျှင် မိမိ၏ မြန်မာမွေးခုနှစ်ကို တည် ၇ဖြင့် ထပ် (÷)စားပါ။
၁ကြွင်း = ၇အစ ၅အဆုံး၊ ၆အစ ၅အဆုံး ထိုးပေးပါ
၂ကြွင်း= ၁အစ ၆အဆုံး၊ ၆အစ ၇အဆုံး ထိုးပေးပါ
၃ကြွင်း= ၂အစ ၇အဆုံး၊ ၅အစ ၇အဆုံး ထိုးပေးပါ
၄ကြွင်း= ၃အစ ၁အဆုံး၊ ၂အစ ၁အဆုံး ထိုးပေးပါ
၅ကြွင်း= ၄အစ ၂အဆုံး၊ ၃အစ ၂အဆုံး ထိုးပေးပါ
၆ကြွင်း= ၅အစ ၃အဆုံး၊ ၃အစ ၄အဆုံး ထိုးပေးပါ
၀ကြွင်း= ၆အစ ၄အဆုံး၊ ၅အစ ၄အဆုံး ထိုးပေးပါ
စလေဦးပုည၏ ထီပေါက် မပေါက် တွက်နည်းမူရင်း ဖော်ပြပေးသူအား Credit ပေးပါသည်။ ကျေးဇူးတင်ပါသည်။
"မင်္ဂလာပါ"
ထီပေါက်ကိန်းတွက်နည်း တေးထပ် ဖြစ်ပါတယ်။
****************************************************************************************
( လွန်ခဲ့သော နှစ်ပေါင်း ၅၀ )ငယ်စဉ် ၄ တန်းကျောင်းသား အရွယ်တွင် အဖွားဗေဒင်ဆရာမက သင်ပေးခဲ့ရာ ယခုအချိန်ထိ အလွတ်ရနေပါသည်။
ငယ်စဉ်က တေးထပ်မှန်းလည်း မသိခဲ့ပါ။
ယခုမှ တေးထပ် တစ်ပုဒ်မှန်းသိရပြီး ရေးသူမှာ အမည်မသိ ရှေးစာဆိုဟု သိရပါသည်။
စိတ်ဝင်စားသူများ နည်းယူနိုင်ရန် အတွက်မေတ္တာဖြင့် တေးထပ်နှင့်တစ်ကွ တွက်နည်းကိုပါ ဖေါ်ပြလိုက်ပါသည်။
ထီပေါက်ကိန်းတွက်နည်း တေးထပ်
ဖွားကောဇာ တည်ထောင်လှစ်
နှစ်ဆယ့်တစ် နှောပါ
လေးဆယ့်သုံး စားခြေခါငယ်
ကြွင်းသေသာ တည်တော့။
ရောက်သက်နှင့် နှောက်စွက်ပြန်လျှင်
နောက်ဆက်ရန် စားသတ္တနော့။
ကြွင်းသုည ကြုံသည့်အခါ
ဂုဏ်ရှိမှာ မှန်ပေါ့။
နုံချိစွာ ဥာဏ်မလျှော့လေနှင့်
မြန်အသော့ စပ်လေ။
ချစ်မိတ်ဆွေ သူငယ်ချင်းရယ်နှင့်
ဖယ်မယွင်း ထိုးသင့်လှပေ။
ငါးပဉ္စ ကြွင်းခါနေလျှင်
ယွင်းမှာလေ ဟုတ်ဘူးမို့
တစ်ဦးတည်း ကိုယ့်ချည်းသာ
ထိုးလိုက်ဖို့ရာ။
ရွှေငွေမိုး စည်းစိမ်မဟာကို
အပြီးမမှိန်စရာ ရကိန်းမို့လေး။
( အမည်မသိ ရှေးစာဆို )
****************************************************************************************
ရှင်းလင်းချက်
၁။ မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်ပြီး ၂၁ ဖြင့် ပေါင်းပါ။
၂။ ပေါင်း၍ရသော ပေါင်းလာဒ်ကို ၄၃ ဖြင့်စားပါ။
၃။ စား၍ ကျန်သောအကြွင်းကို ယခု လက်ရှိ အသက်နှင့် ထပ်ပေါင်းပါ။
၄။ ပေါင်းလဒ်ကို ၇ ဖြင့် ထပ်မံ၍ စားပါ။
၅။ သုည(၀)ကြွင်းလျှင်အခြားတစ်ဦးနှင့်စပ်ထိုးပါ။
၆။ ငါး( ၅ ) ကြွင်းလျှင် မိမိတစ်ဦးတည်းထိုးပါ။ ထီဆုကြီးများ ပေါက်နိုင်ပါသည်။
၇။ ( ၅ / ၀ ) မကြွင်းလျှင်မူ ထီမပေါက်နိုင်၊မထိုး ပါနှင့်ဟုတော့ မဆိုလိုပါ။ ဆုကြီးပေါက်နိုင်ခြေနည်းပြီး ဆုငယ်များလောက်သာ ရရှိနိုင်မည်ဟု ဆိုလိုပါသည်။
ဥပမာ ပုံစံ
---------------
သင်သည်……
( ၁၃၃၀ ခုနှစ်မွေးဖွားသည်ဆိုပါစို့)
ယခုမြန်မာသက္ကရာဇ်သည် ၁၃၈၀ ပြည့်နှစ်ဆိုပါစို့။
ထိုလူ၏ အသက်သည် ၅၀နှစ်ဖြစ်သည်။
မွေးသက္ကရာဇ်ကို ( ၂ ၁ ) ဖြင့်ပေါင်းပါ။
၁၃ ၃၀
+ ၂၁
--------------
၁၃ ၅၁
၄ ၃ ဖြင့် စားပါ။
၄၃ ) ၁၃၅၁ ( ၃၁
၁၂၉
---------------
_ ၆၁
၄၃
--------------------
၁ ၈ ( အကြွင်း )
အကြွင်းကို ယခုအသက်ဖြင့်ပေါင်းပါ…
+ ၁ ၈
ယခု အသက် ၅ ၀
----------------
၆ ၈
၇ ဖြင့် ထပ်မံစားပါ။
၇ ) ၆ ၈ ( ၉
_ ၆ ၃
-----------------------
၅ ကြွင်း
( ၅ ) ကြွင်းသဖြင့် မိမိ တစ်ဦးတည်း တစ်နှစ်ပတ်လုံးထိုးပါ။ ၎င်း နှစ်အတွင်း ဆုကြီးများပေါက် နိုင်သည်ဟု ဆိုလိုပါသည်။
( 0 ) ကြွင်းခဲ့သော် အခြားတဦးနှင့် တစ်နှစ်ပတ်လုံးစပ်ထိုးရန်ဖြစ်ပါသည်။
၅ / ၀ မကြွင်းသောနှစ်များတွင်မူ ဆုကြီးများ ပေါက်ရန် ခဲယဉ်းသည်ဟုဆိုလိုပါသည်။ဆုငယ် များလောက်တော့ ပေါက်နိုင်ပါသည်။
ယခုနည်းမှာမူ အလွန်ရှေးကျသော ရှေးပညာရှိများ ရေးသားပြုစုခဲ့သောနည်းဖြစ်သ ဖြင့် စိတ်ဝင်စားသူများ အသုံးပြုနိုင်ကြစေရန် ရည်ရွယ်၍ မေတ္တာဖြင့် တင်ပြအပ်ပါသည်။
တွက်နည်းမူရင်း ဖော်ပြပေးသူအား Credit ပေးပါသည်။
ကျေးဇူးတင်ပါသည်။
"မင်္ဂလာပါ"
ဆရာ ဝေဒမောင်မောင်ရဲ့ ထီပေါက်စေတဲ့ ထီထိုးနည်း ဖြစ်ပါတယ်။
******************************************
ထီပေါက်စေတဲ့နည်းဆိုတဲ့ အကြောင်းလေးကိုတင် ပေးလိုက်ပေမယ့် ကြံကြံဖန်ဖန် မေးတတ်တဲ့သူတွေက နည်းသိမှတော့ ခင်ဗျားဘာသာ ဘာလို့မထိုးလဲလို့ မေးကြဦးမယ်ထင်ပါတယ် ။
အဖြေကရှင်းရှင်း လေးပါဗျာ ... ကံမပါရင်မပေါက်ဘူး၊ ကံပါရင်ပေါက်မယ် ...
ဒါပဲလေ ... ခင် ဗျားမှာကံပါရင်တော့ ဒီနည်း လေးအသုံပြုပြီးထိုးကြည့်ပေါ့ ... ပေါက်မှာ သေချာပါတယ် ...
ရိုးရိုးထိုးတာထက် ထူးပါတယ် ... ကျနော်ကတော့ဒီနှစ်ထဲကံမပါသေးဘူးဗျို့ ... ကံပါမပါဘယ်လိုသိနိုင် မလဲ ...
ဟုတ်လား ... ဒါကတော့ကျနော့်ကိုယုံရင် ကျနော့်ဆီမှာတွက် ကြည့်ပေါ့ ....
မဟုတ်လည်းခင်ဗျားတို့ယုံကြည်ရာ ဗေဒပညာရှင် တစ်ဦးဦးနဲ့တိုင်ပင် လိုက်ပေါ့ ...
ကဲ ... နည်းလမ်းလေးစ,လိုက်ရအောင် ...
မွေးရက် ကို တစ် လုံးထဲဂဏန် းဖြစ် အောင် လုပ် ပါ။
ဥပမာ ... 26 ရက် မွေးရင် ... 2+6 = 8 ရမယ် ... အဲဒီဂဏန် းအရ ...
1 = 1,5,7 ( 3,6,9 )//၁,၁၀,၁၉,၂၈,
5 = 1,5,7 ( 2,4,8 )//၅,၁၄,၂၃,
7 = 1,5,7 ( 3,6,9 )//၇,၁၆,၂၅,
2 = 2,4,8 ( 1,5,7 )//၂,၁၁,၂၀,၂၉,
4 = 2,4,8 ( 3,6,9 )//၄,၁၃,၂၂,၃၁,
8 = 2,4,8 ( 1,5,7 )//၈,၁၇,၂၆,
3 = 3,6,9 ( 1,5,7 )//၃,၁၂,၂၁,၃၀,
6 = 3,6,9 ( 2,4,8 )//၆,၁၅,၂၄,
9 = 3,6,9 ( 2,4,8 )//၉,၁၈,၂၇
( ... ) ထဲက ဂဏန် း တွေက ရှောင် ရမှာပါ။
ခုဥပမာအရ 8 ရသူဟာ 2,4,8 ကိုများများပါအောင် ရှာထိုးရမှာဖြစ်ပြီး 1,5,7 ကိုတော့ မပါအောင် သတိပြုရပါမယ် ...
ဥပမာ ...ဏ 2248282 ထိုးပါ။
ဏ 2247484 ထိုးပါ။ 7 ပါ ပေမယ့်ရပါတယ် ။
ဏ 1772851 မထိုးရပါ။ ဏ 7159217 မထိုးရပါ။
ကျန် တာဉာဏ် ချဲ ့သုံး ပေါ့ ...
နောက် တစ်ခုကထိုးရမယ့်ရက် ရွေးတာပဲ ...
8 ရသူဟာ 2,4,8 နဲ့တိုက်ဆိုင်တဲ့ ရက် တွေဖြစ်တဲ့ ... 2,4,8,11,13,17,20,22,26,29,31 ရက် တွေမှာထိုးပါ။ အဲဒီရက်က တနင်္လာ၊ တနင်္ဂနွေ၊ စ နေ နဲ့တိုက် ဆိုင် ရင် ပို ကောင် းပါတယ် ... ၂ ရသူဟာ ၂,၄,၈ နဲ့တိုက်ဆိုင်တဲ့ ရက် တွေဖြစ်တဲ့ ...၂,၄,၈,၁၁,၁၃,၁၇,၂၀,၂၂,၂၆,၂၉,၃၁ ရက် တွေမှာထိုးပါ။ ၄ ရသူဟာ ၂,၄,၈ နဲ့တိုက်ဆိုင်တဲ့ ရက် တွေဖြစ်တဲ့ ...၂,၄,၈,၁၁,၁၃,၁၇,၂၀,၂၂,၂၆,၂၉,၃၁ ရက် တွေမှာထိုးပါ။ ၇ ရသူဟာ ၁,၅,၇ နဲ့တိုက်ဆိုင်တဲ့ ရက် တွေဖြစ်တဲ့ ... ၁,၅,၇,၁၀,၁၄,၁၆,၂၃,၂၅,၂၈ ရက် တွေမှာထိုးပါ။ ၅ ရသူဟာ ၁,၅,၇ နဲ့တိုက်ဆိုင်တဲ့ ရက် တွေဖြစ်တဲ့ ...၁,၅,၇,၁၀,၁၄,၁၉,၂၃,၂၈ ရက် တွေမှာထိုးပါ။ ၁ ရသူဟာ ၁,၅,၇ နဲ့တိုက်ဆိုင်တဲ့ ရက် တွေဖြစ်တဲ့ ...၁,၅,၇,၁၀,၁၄,၁၉,၂၃,၂၈ ရက် တွေမှာထိုးပါ။ ၆ ရသူဟာ ၃,၆,၉ နဲ့တိုက်ဆိုင်တဲ့ ရက် တွေဖြစ်တဲ့ ...၃,၆,၉,၁၂,၁၅,၁၈,၂၁,၂၄,၂၇,၃၀ ရက် တွေမှာထိုးပါ။ ၃ ရသူဟာ ၃,၆,၉ နဲ့တိုက်ဆိုင်တဲ့ ရက် တွေဖြစ်တဲ့ ...၃,၆,၉,၁၂,၁၅,၁၈,၂၁,၂၄,၂၇,၃၀ ရက် တွေမှာထိုးပါ။ ၉ ရသူဟာ ၃,၆,၉ နဲ့တိုက်ဆိုင်တဲ့ ရက် တွေဖြစ်တဲ့ ...၃,၆,၉,၁၂,၁၅,၁၈,၂၁,၂၄,၂၇,၃၀ ရက် တွေမှာထိုးပါ။ ဒီနေရာမှာ နေ့ယူပုံတင် ပြရမယ် ... ကိုယ့်မွေးရက် ဂဏန် းအရ .... 1 = တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ တနင်္လာ 2 = တနင်္လာ၊ တနင်္ဂနွေ၊ စနေ 3 = အင်္ဂါ သောကြာ၊ ကြာသပတေး 4 = တနင်္လာ၊ တနင်္ဂနွေ၊ စနေ 5 = တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ တနင်္လာ 6 = အင်္ဂါ သောကြာ၊ ကြာသပတေး 7 = တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ တနင်္လာ 8 = တနင်္လာ၊ တနင်္ဂနွေ၊ စနေ 9 = အင်္ဂါ သောကြာ၊ ကြာသပတေး အဆောင် အနေနဲ့ကတော့ ဘယ်သူမဆို ထီသွားထိုးကာနီးသွားမယ့်အရပ်ကို မျက် နှာမူကာ " တာဗနိုး " ဆိုတဲ့အသံကို အခေါက် (၃၀) ရွတ် သွားပါ။
ဒီလောက်ဆို လုံလောက်ပါတယ် ...
ကျန်တာတွေက ဉာဏ်ယှဉ်သုံးပေါ့ ... ထီအကြိမ်ဟာ ကိုယ်နဲ့အကျိုးပေးဂဏန်းဖြစ်ရင် ပိုကောင်းပါတယ် ၊
နောက်ပြီး ထီဂဏန်းအားလုံး ပေါင်းရဟာ မိမိအကျိုး ပေးဂဏန် းဖြစ် နေရင်လည်း ကောင်းပါတယ် ။
အက္ခရာအကျိုးပေးက တော့ ဒီနည်းမှာ မလိုအပ်လို့ချန်ခဲ့ပါတယ် ... ဒီလောက်ဆို လုံလောက်ပါတယ် ...
ထပ်ပြောပါရ စေ ... ဒီလိုထိုးရင် ပေါက်မယ်လို့အာမခံတာမဟုတ်ဘူးနော် ...
ကိုယ့်မှာထီ ပေါက်ကံရှိမှ ပေါက်မှာပါ ... ကံရှိသူတွေ ကံစမ်းကြပါလေ ...
မှတ်ချက်။ ။ သင်ထီပေါက်ကံ ရှိမှ အောက်ဖော်ပြပါ အကြောင်းအရာများကို ပြုလုပ်ပါ....
(၇)ရက် သားသမီးအပေါင်း ကိုယ်စိတ်နှဖြာ ရွှင်လန်းချမ်းမြေ့ပါစေ....
တွက်နည်းမူရင်း ဖော်ပြပေးသူအား Credit ပေးပါသည်။
ကျေးဇူးတင်ပါသည်။
ထီထိုးမိပြီ ဆိုလျှင်တော့ဖြင့် ယခုကဲ့သို့ အစီရင်လေးလုပ်လျှင် ပိုကောင်းပါသည်။
အစီအရင် (၁)
ထီထိုးသောနေ့မှာ ထိုးပြီးထီလက်မှတ်များပေါ်သို့ ပေါက်စီပုဂံကို တင်ပြီး၊ ပေါက်စီ ဘုရားဆွမ်းတော်ကပ်ပါ။
အစီအရင် (၂)
ထိုးပြီးသား ထီလက်မှတ်များကို သေတ္တာဖာလေးနှင့်ဖြစ်စေ ဖန်ပုလင်းဗူးတခုခုနဲ့ဖြစ်စေ ထည့်သိမ်းထားပြီး ထီလက်မှတ်များပေါ်သို့ ဆန်ပေါက်ပေါက်များအုပ်ထားပါ။
မူရင်း ဖော်ပြပေးသူအား Credit ပေးပါသည်။
ကျေးဇူးတင်ပါသည်။
ပညာရှင် ဆရာဟိန်း ပြောတဲ့ ဝင်ငွေမပြတ်စေရန် ပိုက်ဆံ အိတ်ထဲကို အမြဲတမ်း ထည့်ထားသင့်တဲ့ အရာတစ်ခု
တနင်္ဂနွေသားသမီးများအတွက်
🔷အပြာရောင်ပိုက်ဆံအိပ်ကို အသုံးပြုပါ…။ပိုက်ဆံအိပ်ထဲ ဖာလာစေ့ ၁စေ့ အမြဲတစေထားထားပါ…။
တနလာင်္သားသမီးများအတွက်
⚫ အနက်ရောင်ပိုက်ဆံအိပ်ကို အသုံးပြုပါ…။ပိုက်ဆံအိပ်ထဲ ဖာလာစေ့၁စေ့ အမြဲတစေထားထားပါ…။အင်္ဂါသားသမီးများအတွက်
🔺အညိုရောင် (သို့) နီညိုရောင်ပိုက်ဆံအိပ်ကို အသုံးပြုပါ…။ပိုက်ဆံအိပ်ထဲ ဖာလာစေ့၁စေ့ အမြဲတစေ ထားထားပါ…။ဗုဒ္ဓဟူးသားသမီးများအတွက်
⬜အဖြူ ရောင်(သို့)နို့နှစ်ရောင် (သို့)အဖြူ ရောင်များများပါသောအရောင်ပိုက်ဆံအိပ်ကို အသုံးပြုပါ…။ပိုက်ဆံအိပ်ထဲ ဖာလာစေ့၁စေ့ အမြဲတစေထားထားပါ…။ကြာသပတေးသားသမီးများအတွက်
🎈အနီရောင်ပိုက်ဆံအိပ်ကို အသုံးပြုပေးပါ…။ပိုက်ဆံအိပ်ထဲ ဖာလာစေ့၁စေ့ အမြဲတစေ ထားထားပါ…။သောကြာသားသမီးများအတွက်
🍀အစိမ်းရောင်ပိုက်ဆံအိပ်ကို အသုံးပြုပေးပါ…။ပိုက်ဆံအိပ်ထဲ ဖာလာစေ့၁စေ့ အမြဲတစေထားထားပါ…။
စနေသားသမီးများအတွက်
🌟အဝါရောင်ဖျော့ဖျော့ ပိုက်ဆံအိပ်ကို အသုံးပြု ပေးပါ…။ပိုက်ဆံအိပ်ထဲ ဖာလာစေ့၁စေ့ အမြဲတစေထားထားပါ…။မှတ်ချက်>>>ဖာလာစေ့ ကျိုးပဲ့ပျက်စီးလာပါက အသစ်လဲပေးရပါ့မယ်…။
မူရင်း ဖော်ပြပေးသူအား Credit ပေးပါသည်။
ကျေးဇူးတင်ပါသည်။
🙏🏻အဖိုးထိုက်တန်သော ထီပေါက်ဂါထာ🙏🏻
မည်သူမဆို ထီပေါက်စေတဲ့ ကံကြမ္မာ ကံအကြောင်းတရားဟာ ဆိုရင်ဖြင့် တစ်နှစ်မှာသုံးကြိမ် ကံဇာတာတက်နိုင် ကံကောင်းစေနိုင်ပါတယ်။
ထို့ကြောင့် ထီပေါက်လို ထီကံကောင်းလိုပါက ယခုတင်ပြမည့်အစီအရင်လေးအား ဆောင်ရွက်ကြည့်ကြပါကုန်။
မိမိတဦးတယောက်တည်း နေ့စဉ်သောက်သုံးမည့် ရေအိုး အသေးစားတလုံးကို ဘုရားစင်အမြင့်တနေရာတွင် ရေအ့ပြည့်ထည့်သောက်ရန် ခွက်အဖုံးတို့ဖြင့် ရှေးဦးစွာပြင်ဆင်ပါ။
ထိုသို့ပြင်ဆင်ပြီးသောအခါ မိ့မိ့မွေးနေ့ နဝင်းချိန်တွင် ယခုဖော်ပြထားသော ’အဖိုးထိုက်တန်သောထီပေါက်ဂါထာ’ အား နှစ်သက်ရာ ၁၀၈ လုံးပုတီးဖြင့်အသံနေအသံထားမှန်ကန်စွာဖြင့် တပတ်ကို၁ရက် တထိုင်တည်းစိတ်ပေးရမှာပါမယ် ။
ထိုသို့ ပုတီးပတ်စိတ်လှူပြီးတာနဲ့ ရေအိုးထဲမှ ရေတစ်ခွက်အပြည့်ကို သောက်ရပါမယ် မိမိ သောက်သုံးစဉ် အာရုံပြုထားရမည့်အရာမှာ” ငါသည်ထီကံကောင်းတော့မယ့် လူတယောက်ဖြစ်တယ် ။
ထိုအတူထီဆုကြီးဆွတ်ခူးတော့မယ့်သူတယောက်ဖြစ်တယ်”ဟုစိတ်တွင်မှတ်ယူ၍သောက်သုံးပေးရမယ်” တစ်ပတ်မှာ၁ရက် ၉ပတ်ပြည့်အောင်အဓိဌာန်ပုတီးစိတ်ပေးရမယ် ။
👦တနင်္ဂနွေသားသမီးများ👧
တနင်္ဂနွေနံနက်၉နာရီ၄၅မိနစ်အချိန်တွင်အဓိဌာန်စတင်ရမည်။
🧑တနင်္လာသားသမီးများ👩
တနင်္လာနံနက်၉နာရီ၄၅မိနစ်အချိန်တွင်အဓိဌာန်စတင်ရမည်။
👱♂️အင်္ဂါသားသမီးများ👱♀️
အင်္ဂါနံနက်၉နာရီ၄၅မိနစ်အချိန်တွင်အဓိဌာန်စတင်ရမည်။
👨🦰ဗုဒ္ဓဟူးသားသမီးများ👩🦰
ဗုဒ္ဓဟူးနံနက်၉နာရီ၄၅မိနစ်တွင်အဓိဌာန်စတင်ရမည်။
👨🦱ကြာသပတေးသားသမီးများ👩🦱
ကြသပတေးနံနက်၉နာရီ၄၅မိနစ်တွင်အဓိဌာန်စတင်ရမည်။
👨🦲သောကြာသားသမီးများ👩🦲
သောကြာနံနက်၉နာရီ၄၅မိနစ်တွင်စတင်ရမည်။
👳♀️စနေသားသမီးများ👩🦳
စနေနံနက်၉နာရီ၄၅မိနစ်တွင်စတင်ရမည်။
အဓိဌာန် စတင်သည့်နေ့မှ စတင်၍ အဓိဌာန်ပြီးမြောက်သည့်အချိန် အဓိဌာန်ပြီးမြောက်အောင်မြင်သည့်နေ့အတွင်း မိမိတတ်နိုင်သလောက်ပံသကူဒါနငွေလှူပါ။
ခုနှစ်ရက် သားသမီးအပေါင်း ကံ ဉာဏ် ဝီရိယ သုံးပါးလုံး အားကောင်းအောင် ဆောင်ရွက်နိုင်၍ ကျန်းမာထီပေါက်နိဗ္ဗာန်ရောက်နိုင်ကြပါစေ။
မူရင်း ဖော်ပြပေးသူအား Credit ပေးပါသည်။
ကျေးဇူးတင်ပါသည်။
🙏🏻ထီပေါက်စေနိုင်သော နည်းလမ်းများ🙏🏻
***********************************************************
** ဗုဒ္ဓဂုဏ်တော်စိတ်ဝယ်ထုံ “ဗုဒ္ဓေါ” ဂုဏ်ပွား ကောင်းကျိုးများ **
(၁) သင့်တင့်လျောက်ပတ်သော ရေအိုးတစ်လုံးအား (မိမိနေအိမ် ဘုရားကျောင်းဆောင်တွင်ထားရှိရန်သင့်တော်မည့်အရွယ်) ရေအပြည့်ဖြည့်ကာ….
(က) အင်္ဂါနေ့ နံနက်/ည ၆-နရီ ၁၀-မိနစ် မှရ-နာရီ ၂၀-မိနစ် အတွင်းဖြစ်စေ
(ခ) စနေနေ့ နံနက်/ည ၉-နရီ ၁၀-မိနစ် မှ ၁၀-နာရီ ၂၀-မိနစ် အတွင်း
တို့အနက် သင့်တင့်ရာ အချိန်၌ မိမိတို့နေထိုင်ရာ အိမ်ဂေဟာ၏ မြတ်စွာဘုရားကျောင်းတော်ကြီးမှာ….
မြတ်စွာဘုရား ရဟန္တာပုဂ္ဂိုလ်အပေါင်းတို့အား ရည်စူး၍ ” ရေအိုး ” ဟု အမည်ပေးလှူပါ။
” ရေစင် ” ဟုဆိုလျက် ပြန်စွန့် သောက်သုံးပေးပါ။
၇-ရက် တစ်ခါဖြစ်စေ….ရေကုန်လျှင်ဖြစ် ပြန်လှူပေးပါ။
( “ထီ” ဓာတ်ဖွင့်သော အစီအရင်ဖြစ်ပါ၏။)
မိသားစုဝင်များ ဓမ္မမိတ်ဆွေများကိုလည်း အထက်ပါ
” ရေအိုး” မှ “ရေစင်” သောက်သုံးခွင့်ပြုပါဟု ခွင့်တောင်းလျှက် သောက်သုံးနိုင်ပါသည်။
(၂) ၁၀၈-လုံး (ပိတောက်သား) ပုတီးနှင့် ဘုရားဂုဏ်တော် (၉)ပါးအနက်
ကြာသပတေးနေ့ နံနက်(၅)နာရီ (ကျီးမနိုးမီ)
ဗုဒ္ဓေါ ဂုဏ်တော်….ပုတီး(၁)လုံးချ….(၁၉)ပတ်
မပျက်မကွက် ဆက်တိုက် (၂၉)ရက် အဓိဋ္ဌာန်ဝင် ပုတီးစိပ် ပူဇော်ရပါမည်။
*(၁၀၈-လုံး ပိတောက်သားပုတီးကုံးဖြစ်ရမည်)
(၃) ထီပေါက်စေနိုင်သော ပါဠိတော်အား စွမ်းနိုင်သမျှ ရွတ်ဖတ်ပူဇော် သရဇ္ဈာယ်ပေးပါ။
ထီပေါက်စေနိုင်သော ပါဠိတော်
*****************************************
🙏🏻ဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝကာနံ ဘိက္ခူနံ ၊🙏🏻
🙏🏻ပထမံ သလာကံ ဂဏှန်တာနံ ယဒိတံ ကုဏ်ဍဓာနော ၊🙏🏻
🙏🏻ဧတေနသစ္စဝဇ္ဇေန တထာ မေ ဟောတု သဗ္ဗဒါ ။🙏🏻
အနက်
ရဟန်းတို့ ….ငါဘုရား၏ တပည့်သာဝကာဖြစ်ကုန်သော ပထမတန်း စာရေးတံကို ယူကုန်သော(ပေါက်ကုန်သော) ရဟန်းတို့တွင် အကြင် ကုဏ္ဍဓာန ရဟန်းသည်ရှိ၏။
ထိုရဟန်းတော်မြတ်သည် ငါဘုရား၏ တပည့်သားသာဝက ဖြစ်ကုန်သော ၊ ပထမတန်းစာရေးတံကို ယူကုန်သော ရဟန်းတို့ထက် အမြတ်ဆုံးရဟန်းတည်း။
ဤသစ္စာစကားကြောင့် ထို့အတူ ငါ့အား အခါခပ်သိမ်း ဖြစ်ပါစေသတည်း။
(အနက်ကို အာရုံပြုထားရန်သာဖြစ်သည်။)
*(ဤကျင့်စဉ်ကိုမျှဝေခဲ့သူသည် ထီကံထူးခဲ့သည့်အပြင်အမေရိကန် ဒီဗွီကံစမ်းမဲပေါက်ကာ ယခုအမေရိကန်ပြည်ထောင်စုတွင်အခြေချနေထိုင်လျှက်ရှိနေပါသည်။)
(အောင်မြင်စိုး)
(လူမှုထူးချွန်ဂုဏ်ထူးဆောင်)
မဂ္ဂဇင်းဆောင်းပါး
{အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ}
မူရင်း ဖော်ပြပေးသူအား Credit ပေးပါသည်။
ကျေးဇူးတင်ပါသည်။
အဘမင်းသိင်္ခ ၏ ဓာတ်တူနံတူငွေကိုယူ
ဤအစီအရင်ပုံကို တနင်္လာနေ့နံနက် ၉:၄၅ နာရီတွင်ပရင့်ထုတ်ယူကာ ပလပ်စတစ်လောင်း၍လည်းကောင်း၊
ဗီနိုင်းထုတ်၍လည်းကောင်း မိမိအိမ် ဘုရားခန်း၊ စျေးဆိုင် ၊ ကုမ္ပဏီရုံးခန်း စသည်တို့တွင် ရိုသေ ယုံကြည် သက်ဝင်စွာ ဆောင်ထားပါက
လာဘ်လာဘ ရွှင်လန်းခြင်း၊ အောင်မြင်ခြင်း၊ တိုးတက်ခြင်း စသော အကျိုးတရားများကို ရရှိစေပါလိမ့်မယ်။
မူရင်း ဖော်ပြပေးသူအား Credit ပေးပါသည်။
ကျေးဇူးတင်ပါသည်။
ငွေဝင်ထီပေါက်ကိန်းကြုံသူများ
မြန်မာဆန်းကျမ်းဗေဒင်ပညာအရ ယခု (၁၃၇၈) ခုနှစ်အတွင်း ငွေဝင်ထီပေါက်ကံကောင်းသူများ
မြန်မာ့ဆန်းကျမ်းဗေဒင်ပညာရပ်၏ ငွေဝင်ထီပေါက်ကိန်းများထဲမှ ဆန်းဗေဒင်ဆရာကြီး ရန်ကုန်ကျော်ရင်၏ငွေဝင်ခြင်း ထီပေါက်ခြင်းနည်းကိုတွက်ချက်ဖော်ပြပေးပါမည်။
ငွေတည်းဟူသောတနင်္လာကိုသက်ရောက်တိုင်၏မည်သည့်နေရာမဆို ကောဇာဇေယျကပ်ပါက ငွေများများဝင်ခြင်း ထီပေါက်နိုင်ခြင်းရှိမည်ဟုဆိုပါသည်။
ထိုငွေဝင်ထီပေါက်ကံရှိသူများကို မြန်မာနှစ်(၁၃၇၈)ခုနှစ်အတွက် အသေးစိတ် တွက်ချက်ပေးလိုက်ပါ၏။
#တနင်္လာသားသမီးများ အသက် ( ၁၅ ၂၃ ၃၁ ၃၉ ၄၇ ၅၅ ၆၃ ၇၁ ၇၉ )နှစ်တွင် ငွေနံ တနင်္လာတန်းကပ်တွင်ရပ်တည်၍ ကောဇာနာမက္ခရတိုင်မှဇေယျဂြိုလ်ကြာသပတေးကပ်သဖြင့် ငွေနှင့်ပက်သက်၍ ကံကောင်းသူများဖြစ်ပါသည်။
မိမိအိမ်နှင့် အနီးဆုံး ထီဆိုင်တွင် ထီထိုးပါ။
ထီပေါက်လိုပါက ဝက်သား အမဲသားရှောင်၊ အသုဘမပို့ရ၊ ထီပေါက်ပါက အလှူဒါနကြီးကြီးကျယ်ကျယ်လုပ်ပါမည်ဟု သစ္စာပြုပါ။
အကျိုးပေးဂဏန်းမှာ ( ၃ နှင့် ၅ ) ဖြစ်သည်။
#အင်္ဂါသားသမီးများ အသက်( ၁၅ ၂၃ ၃၁ ၃၉ ၄၇ ၅၅ ၆၃ ၇၁ ၇၉ ၈၀ )နှစ်များတွင် ငွေနံမှာသက်ရောက်ဆန်းတိုင်နိစ်လေးတွင်တည်ရှိ၍ကောဇာဇေယျတိုင် ကြာသပတေး ကပ်သဖြင့်မထင်မှတ်ဘဲ ငွေဝင်ထီပေါက်နိုင်သောကာလဖြစ်၏။
ထီကို ကိုယ်တိုင်မထိုးရ၊ ကြုံရာဆိုင်တွင်ထိုးရမည်။
(၁)ရွက်ကျန်ထိုးရုံနှင့်တစ်သက်စံနိုင်သူများဖြစ်၏။
အကျိုးပေးဂဏန်းမှာ ( ၄ , ၈ , ၆ )တို့ဖြစ်သည်။
#ဗုဒ္ဓဟူးသားသမီးများ အသက်( ၁၆ ၁၇ ၂၄ ၂၅ ၃၂ ၃၃ ၄၀ ၄၁ ၄၈ ၄၉ ၅၆ ၅၇ ၆၄ ၆၅ ၇၂ ၇၃ )နှစ်များတွင် တနင်္လာမှာ နိစ်ကြီးတွင်ရပ်တည်၍ ကောဇာတိုင်မှဇေယျဂြိုလ်ကပ်ပါသဖြင့် ထူးထူးခြားခြားငွေဝင်နိုင်သလို ထီပေါက်နိုင်တဲ့ ကံဇာတာပါသူများဖြစ်ပါ၏။
ထီကို ကိုယ်တိုင်တွက်ချက်၍ အခြားသူအား နွားနို့နှင့်ပေါင်မုန့်ကျွေး၍ ထိုးရမည်။
အကျိုးပေးဂဏန်းမှာ ( ၅ , ၇ , ၀ ) ဖြစ်ပါသည်။
#ကြာသပတေးသားသမီးများ အသက်၁၆ ၂၄ ၃၂ ၄၀ ၄၈ ၅၆ ၇၂ ၈၀ နှစ်တွင် ငွေနံတိုင်ခြေတွင်ရှိ၍ ဇေယျကပ်သဖြင့်ငွေနံကောင်းသူများဖြစ်ပါ၏။
မိမိနေထိုင်ရာမှဝေးသောဆိုင် စက်ဘီး လက်တွန်းလှည်းဖြင့် တွန်းသောဆိုင်များတွင် ထိုးပါ။
အကျိုးပေးဂဏန်းမှာ ( ၁ နှင့် ၆ ) ဖြစ်သည်။
#သောကြာသားသမီးများ အသက် ( ၁၉ ၂၇ ၃၅ ၄၃ ၅၁ ၅၉ ၆၇ ၇၅ )နှစ်များတွင် ငွေနံတိုင်ထိပ်တွင်ရပ်တည်ပြီး ကောဇာနာမက္ခရတိုင်မှဇေယျ ဂြိုလ်ကပ်ပါသဖြင့်လွန်စွာငွေဝင်နိုင်သော ကာလဖြစ်သည်။
ထီမထိုးဘဲ ထီပေါက်သလို ငွေဝင်နိုင်သောကာလဖြစ်၏။ ထီထိုးပါကကိုယ်တိုင်တွက်ချက်၍ထိုးပါ။ အခြားသူမထိုးခိုင်းရ။
အကျိုးပေးဂဏန်းရ ( ၂ , ၉ ) ဖြစ်၏။ ငွေနံအထူးကောင်းသူများဖြစ်၏။
ငွေဝင်ထီပေါက်နိုင်သော်လည်း အရက်သောက်သူများအတွက် ဤကိန်းက တာဝန်မယူပါ။
အရက်သောက်သူများဖြစ်ပါက စီးပွားပျက် အမှုဖြစ်၍ထောင်ကျနိုင်ပါသည်။
#စနေသားသမီးများ အသက် ( ၁၈ ၂၆ ၃၄ ၄၂ ၅၀ ၅၈ ၆၆ ၇၄ ၈၂ )နှစ်များတွင် ငွေနံပြတွင်ရပ်တည်၍ ကောဇာဇေယျကပ်သဖြင့် ထီကံအလွန်အကျိုးပေးသူများဖြစ်ပြီး ထီထိုးသောအခါတွက်ချက်ထိုးစရာမလို။
ကြုံရာဆိုင်တွင်ထိုးရပါမည်။ အကျိုးပေးဂဏန်းမှာ ( ၁ နှင့် ၃ )တို့ဖြစ်ပါသည်။
#တနင်္ဂနွေသားသမီးများ အသက် ( ၁၅ ၂၃ ၃၁ ၃၉ ၄၇ ၅၅ ၆၃ ၇၁ ၇၉ )နှစ်များတွင် ငွေနံတန်းစီးတွင်ကောဇာဇေယျ ကပ်သဖြသင့်ထီပေါက်ခြင်း ငွေဝင်ခြင်းများဤနှစ်တွင်ကြုံရမည်။
ထီထိုးသောအခါကိုယ်တိုင်ထိုးရမည်။ (၂၄)ပစ္စည်းရွတ်ခြင်း ခေါင်းလောင်းထိုး၍ ဆုတောင်းခြင်းပြုရမည်။
အကျိုးပေးဂဏန်းမှာ( ၂ , ၄ , ၈ , ၉ )တို့ဖြစ်ပါသည်။
***အထက်ပါငွေဝင်ထီပေါက်စေသော ဟောကွက်များတွင် တနင်္လာကို ဤနှစ်၏ အကောင်းဆုံးသောဇေယျကြာသပတေး ကပ်၍ ဟောခြင်းဖြစ်၏။
တနလ်ာနံငွေဖြစ်သော်လည်း ကိုယ်ပိုင်ငွေမဟုတ်ဘဲ အခြားသူ၏ ငွေများဝင်ခြင်း ခေတ္တသိမ်းထားခြင်း တနလ်ာသားသမီးများအကူအညီများစွာပေးခြင်း တနလ်ာနံများဝင်လာခြင်းသည် ကိုယ်ပိုင်ငွေဖြစ်သော ထီပေါက်ခြင်းကို ပျက်ပြယ်တတ်သည်ကို သတိပြုရပါမည်။
*ကိုးကား-ဆန်းကျမ်းဗေဒင်ပညာအရထီကံငွေကံကောင်းသူများ(ဆရာဒလမင်းခေါင်)
မူရင်း ဖော်ပြပေးသူအား Credit ပေးပါသည်။
ကျေးဇူးတင်ပါသည်။
ဆက်သွယ်ရန် လိပ်စာ
ဤ App နှင့်ပါတ်သက်၍ အဆင်မပြေမှုများ၊ အခက်အခဲများ ၊ အကြံပေးလိုသည်များ ရှိပါက အောက်ဖော်ပြပါ လိပ်စာများသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ပါသည်။
ကျေးဇူးတင်ပါသည်။
Email : teamcs16.mm@gmail.com
Facebook : www.facebook.com/mmsoftware100
Google Play : https://play.google.com/teamcs