Google Bard AI

မနေ့ညက Google IO မှာ ထုတ်ကြွားခဲ့တဲ့ Hardware , Software တွေ အများစုဟာ AI ကို အထူးပြုထားကြတာ တွေ့တယ်။ Computational Photography, Machine Learning စတာတွေအပြင် Google Bard ဆိုပြီး တကယ့် AI တစ်ခုပါ ထုတ်ပြခဲ့တယ်။ Google Bard AI က ဘာတွေလုပ်ပေးနိုင်လဲ ဆိုရင် ခင်ဗျားတို့ ChatGPT ကို သိတယ်မို့လား၊ အဲ့တာထက် ပိုပြီး နယ်ပယ်စုံလိမ့်မယ်ပေ့ါ။ နောက်ပိုပြီး သဘာဝကျကျ ပြောနိုင်လိမ့်မယ်။ ဉပမာ Google Bard ကို နေကောင်းလားလို့မေးရင် “ကောင်းပါတယ်ဗျာ၊​ ကျေးဇူးပါပဲ၊​ကျွန်တော်တော့ လူတွေကို ကူညီပြီး လောကကြီးအကြောင်းသင်ယူဖို့ စိတ်လှုပ်ရှားနေပါတယ်။​ခင်ဗျားရော နေကောင်းရဲ့လား? “ ဒါမျိုး ပြန်ဖြေတယ်။ Chat GPT ကို “နေကောင်းလား” လို့ မေးရင်တော့ သူက “ AI Language Model တစ်ခုဖြစ်တာမို့ ငါ့မှာ ခံစားချက်တွေမရှိပါဘူး။” ဒါမျိုး ပြန်ဖြေမယ်။ ဒါက သူတို့ သုံးထားတဲ့ Language Model တွေ မတူကြလို့။ Chat GPT က LLM (Large Language Model ) သုံးထားပြီး Google Bard ကတော့ LaMDA (Language Model for Dialogue Applications) ကို သုံးထားပါတယ်။ စိတ်မကောင်းစရာတစ်ခုက လက်ရှိ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း (၁၉၅)​ နိုင်ငံ ရှိပြီး Google Bard ကို နိုင်ပေါင်း(၁၈၀) မှာ အသုံးပြုခွင့်ပေးထားပါတယ်။ (၁၅)​နိုင်ငံကတော့ သုံးလို့မရသေးပါဘူး။ i know what u think. မှန်ပါတယ် မြန်မာနိုင်ငံက ကံထူးတဲ့ (၁၅)​နိုင်ငံထဲမှာ ပါပါတယ်။ များစွာသော အကြောင်းပြချက်တွေနဲ့ အခုထိ နောက်ကျကျန်နေတုန်းပါပဲ။ ဒီတော့ ChatGPT နဲ့ပဲ​ဆက်ပြီး ပျော်မွေ့နေကြပေါ့။

Written on May 11, 2023