What is Internet?

အားလုံးပဲ မင်္ဂလာပါ။

Brain Wave Channel ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီနေ့မှာတော့ အခြေခံ အင်တာနက် အသုံးပြုနည်း ကိုဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။ အင်တာနက်ကို ဒီနေ့ခတ်မှာ လူတိုင်းသုံးနေကြပေမယ့် အင်တာနက်ဆိုတာဘာလဲ အင်တာနက်သုံးဖို့ ဘာတွလိုလဲ အင်တာနက်မှာ ဘာတွေ လုပ်လို့ရလဲလို့ မေးလိုက်ရင်

Facebook နဲ့ Youtube လောက်ကိုပဲ အင်တာနက်လို့ ပြောကြတာတွေ့ရမှာပါ။ နောက် Google မှာ ရှာတာဖွေတာလောက်ပေါ့။

အမှန်ကတော့ Facebook , Youtube နဲ့ Google တို့ဟာ အင်တာနက်ဆိုတဲ့ တောကြီးထဲက အပင်လေး တစ်ပင်ပဲ ဖြစ်ပါတယ်။ ဆိုတော့ကာ တောထဲမှာ ဒီအပင် သုံးလေးငါးပင်နဲ့ ပျော်မွေ့မနေပဲ ဒီ အင်တာနက်ဆိုတဲ့ တောကြီးအကြောင်းကို အခြေခံကျကျသိထားနိုင်ဖို့ ဒီ စီးရီးကို စီစဉ်လိုက်တာ ဖြစ်ပါတယ်။

What is Internet?

အင်တာနက် ဆိုတာ ကွန်ပျူတာတွေ အပြန်အလှန်ချိတ်ဆက်ထားတဲ့ ကွန်ယက်ကြီး ဖြစ်ပါတယ်။

ပင့်ကူအိမ်လို့ မျက်လုံးထဲမှာ မြင်ကြည့်လိုက်ပါ။

အခုခေတ်မှာတော့ ကွန်ပျူတာအပြင် မိုဘိုင်းဖုန်းတွေ နာရီတွေ ပါ ဒီကွန်ယက်ကို ချိတ်ဆက်လာကြပါပြီ။

The Internet is a global network of billions of computers and other electronic devices. With the Internet, it’s possible to access almost any information, communicate with anyone else in the world, and do much more. You can do all of this by connecting a computer to the Internet, which is also called going online.

https://edu.gcfglobal.org/en/internetbasics/what-can-you-do-online/1/

အင်တာနက်ဆိုတာ

အင်တာနက်ဆိုတာ တစ်ကမ္ဘာလုံးက ဘီလီယံနဲ့ချီတဲ့ ကွန်ပျူတာတွေ, မိုဘိုင်းဖုန်းတွေ နဲ့ အခြား အီလက်ထရွန်းနစ် ပစ္စည်းတွေ အပြန်အလှန်ချိတ်ဆက်ထားတဲ့ ကွန်ယက်ကြီးတစ်ခုပဲ​ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ မိုဘိုင်းဖုန်း ဒါမှမဟုတ် ကွန်ပျူတာကို ဒီကွန်ယက်နဲ့ ချိတ်ဆက်လိုက်တာကို အင်တာနက်ချိတ်တယ်လို့ အကြမ်းဖျဉ်းပြောလို့ရတယ်။

အင်တာနက်ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ ကွန်ယက်ကြီးကို ဘယ်လိုချိတ်ဆက်မလဲ?

ဖုန်းမှာဆိုရင်တော့ မိုဘိုင်းဒေတာကို ဖွင့်လိုက်တာ၊ ဒါမှမဟုတ် ဝိုင်ဖိုင်တစ်ခုကို ချိတ်လိုက်တာဟာ ချိတ်ဆက်တာပါပဲ။ ကွန်ပျူတာမှာဆိုရင်လည်း LAN ကြိုးတပ်လိုက်တာ ဒါမှမဟုတ် ဝိုင်ဖိုင် ချိတ်လိုက်တာမျိုးပေါ့။

ချိတ်ဆက်လိုက်တာတော့ ဟုတ်ပါပြီ၊ ချိတ်ဆက်ပြီး ဘာလုပ်လို့ရလဲ?

လူအချင်းချင်း ဆက်သွယ်ပြောဆိုလို့ရမယ်။ လိုချင်တဲ့ အချက်အလက်အကြောင်းအရာတွေ ရှာလို့ရမယ်။ မိုးလေဝသ အခြေအနေကစပြီး လက်တလော သတင်းတွေ၊ သမိုင်းကြောင်းတွေ အစုံအလင် သိနိုင်မယ်။ စျေးဝယ်ဉီးမလား ရမယ်။ နောက် ဖျော်ဖြေရေးအတွက် ရုပ်ရှင်၊​သီချင်း၊ဗီဒီယို။ စာအုပ်။ ပညာရေးအတွက် သုတေသနစာတမ်းတွေ။ ပြောရင်ရင် ဒီနေ့ခေတ်မှာ အကုန်လုံးလိုလို အင်တာနက်ပေါ်ရောက်ကုန်လို့ အလွယ်တကူ ရယူနိုင်ပါပြီ။

ဒါတွေလုပ်ဖို့ ဘာတွေလိုမလဲ?

ဒီ (၂)​ ခုပဲ​ လိုပါမယ်။

  • Website လိပ်စာ
  • Browser

Website လိပ်စာ

အင်တာနက်ကို စာကြည့်တိုက်လို့မြင်ကြည့်မယ် ဆိုရင် Website ဆိုတာ စာအုပ်တစ်အုပ်ပါပဲ။ Website လိပ်စာဆိုတာကတော့ စာအုပ်နာမည်ပဲ​ဆိုပါတော့။ အင်တာနက်မှာ Website ပေါင်း (၁.၁၃)​ ဘီလီယံ ရှိပါတယ်။ စာအုပ်က ဖတ်လို့ပဲ ရပါတယ်။ Website ဆိုတာကတော့ အပေါ်က ပြောခဲ့တဲ့ အလုပ်တွေ အကုန်လုပ်လို့ရပါတယ်။

အိုကေ ဒါဆိုရင် မိုးလေဝသ သတင်းကြည့်ချင်တယ်ဆိုပါစို့ သွားကြည့်လို့ရမယ့် Website လိပ်စာက www.accuweather.com

စျေးဝယ်လို့ရမယ့် Website လိပ်စာက www.shop.com.mm

နောက်ရုပ်ရှင်တွ ကြည့်ချင်တယ်ဆိုရင် www.channelmyanmar.org

ထားပါတော့ ဒီလို Website တွေဟာ ဘီလီယံနဲ့ ချီပြီးရှိပါတယ်။

လိပ်စာတော့ သိပါပြီ၊ အဲ့လိပ်စာကို ဘယ်မှာ ရိုက်ထည့်ပြီး သွားလည်ရမလဲ? ဒီမှာ Broswer ဆိုတာ ဝင်လာပါတယ်။

Broswer

Browser ဆိုတာ အင်တာနက်ပေါ်က Website တွေကို ဝင်ကြည့်လို့ရတဲ့ Software ဖြစ်ပါတယ်။ အခုခေတ် မိုဘိုင်းဖုန်းတိုင်း၊​ ကွန်ပျူတာတိုင်း မှာ မပါမဖြစ် ပါတဲ့ Software တစ်ခုပါ။ ကုမ္မဏီအမျိုးမျိုးက နာမည်အမျိုးမျိုးနဲ့ Browser တွေကို ထုတ်ပေးကြပါတယ်။​ ဒီအထဲမှာ နာမည်ကြီးတဲ့ Browser တွေကတော့ Google Chrome Mozilla Firefox Microsoft Edge Apple Safari တို့ ဖြစ်ပါတယ်။​

ဒါ့အပြင် မိုဘိုင်းဖုန်းတွေမှာလည်း ဖုန်းဝယ်ကတည်းက ပါလာတဲ့ Broswer တွေလည်း ရှိပါသေးတယ်။​ Software နာမည်ကို Internet ဒါမှမဟုတ် Broswer လို့ ပေးထားတက်ပါတယ်။ ဆိုတော့ကာ အင်တာနက် သုံးတော့မယ်ဆိုရင် အထက်မှာ ပြောခဲ့တဲ့ နာမည်ကြီး Broswer တွေထဲက တစ်ခုခုရှီရင်ဖြစ်ဖြစ် ၊ ဒါမှမဟုတ် ဖုန်းမှာ နဂိုပါလာတဲ့ Intetnet / Broswer နဲ့ပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ ကွန်ပျူတာမှာဆိုရင် Window ကွန်ပျူတာတွမှာ Internet Explorer / Microsoft Edge က နဂီုကတည်းကပါလာတာမဖြစ်ပြီး Mac ကွန်ပျူတာတွေမှာတော့ Apple Safari ထည့်ပေးထားတာ တွေ့ရမှာပါ။

Broswer မှာ Website ကြည့်မယ်

Website လိပ်စာလည်း သိပြီ ကိုယ့်စက်ထဲမှာ Broswer တစ်ခုခုလည်း ရှိပြီဆိုရင် အင်တာနက် စသုံးလို့ရပါပြီ။ အင်တာနက် စသုံးဖို့အတွက်

  • Broswer ကို ဖွင့်ပါ
  • Browser တိုင်းရဲ့ ထိပ်ဆုံးမှာ Website လိပ်စာရိုက်ထည့်လို့ရမယ့် Address Bar ပါပါတယ်။ အဲ့ Address Bar မှာ ကိုယ်ကြည့်ချင်တဲ့ Website လိပ်စာ ရိုက်ထည့်ပြီး Enter / Go ကို နှိပ်ပါ။
  • အဝိုင်းလည်နေတာကို ခနစောင့်လိုက်ရင် ကိုယ်ကြည့်ချင်တဲ့ Website ကို စတင်အသုံးပြုလို့ရပါပြီ။

ကြည့်ချင်စရာ Website တွေ အများကြီးရှိတဲ့အထဲကမှ မြန်မာနိုင်ငံမှာ အသုံးတဲ့မယ့် Website အချို့ကို ထုတ်နှုတ်ဖော်ပြရမယ်ဆိုရင်

ကျန်းမာရေးနဲ့ ပက်သက်သမျှ ဖတ်ရှုလေ့လာလို့ရမယ့် www.hellosayawon.com မြန်မာစာတမ်းထိုးနိုင်ငံခြားရုပ်ရှင်တွေကြည့်လို့ရမယ့် www.channelmyanmar.com စျေးဝယ်ချင်တယ်ဆိုရင် www.shop.com.mm နိုင်ငံကျော် အနုပညာရှင်များရဲံ သတင်းအစုံအလင်ကို ဖတ်ချင်ရင် www.myanmarcelebrity.com မြန်မာ့စွယ်စုံကျမ်း ဖတ်ချင်ရင် my.wikipedia.org သတင်း https://news-eleven.com/ မြန်မာနိုင်ငံက လည်စရာပတ်စရာနေရာတွေအကြာင်း https://www.winnetmyanmar.com/

တစိမ်းတွေနဲ့ စကားပြောဖို့ https://www.omegle.com/ https://www.pannsattlann.com/ ဘဏ်စာရင်းကြည့် https://ibanking.kbzbank.com https://www.ayaibanking.com/

Business Card https://www.bizcardmaker.com/#/?theme=theme-half–blue

Basic Navigation

** စံ ဝင်ကြည့်ဖို့အတွက် မြန်မာ Website တစ်ခု ရှိရမယ် **

https://news-eleven.com/

ဒါကတော့ Home Page ပါ။

စာအုပ်တွေ မှာ ဆိုရင် မာတိကာနဲ့ ဆင်ပါတယ်။ ​ဂျာနယ်တွေ၊​မဂ္ဂဇင်းတွေမှာ ဆိုရင်တော့ မျက်နှာဖုံးလိုမျိုးပေါ့။ စာအုပ်တွေမှာဆိုရင် ကိုယ်ဖတ်ချင်တဲ့ ခေါင်းစဉ်ရှိတဲ့ စာမျက်နှာကို လက်နဲ့လှန်ပြီး သွားဖတ်ရတယ်။ ဒီ Website တွေရဲ့ Home Page မှာတော့ ကြည့်ချင် / ဖတ်ချင်တဲ့ အကြောင်းအရာခေါင်းစဉ်ကို ကလစ်နှိပ် / tap လုပ်ပြီး ဖတ်နိုင်ပါတယ်။

Mouse -> pointer / cusor

Loading Stop Back Forward Scroll Bar Close

ဒါဆိုရင်တော့ Broswer အသုံးပြုနည်း အခြေခံရပါပြီ။

အခုထိကတော့ အင်တာနက် Website လိပ်စာ သိမှပဲ​အင်တာနက် သုံးရမလို ဖြစ်နေပါတယ်။ နောက်တစ်ပိုင်းမှာတော့ အင်တာနက် Website လိပ်စာတွေ ရှာလို့ရမယ့် Google လိုမျိုး Search Engine Website တွေအကြောင်း ဆွေးနွေးသွားပါမယ်။

Search Engine

အင်တာနက်ပေါ်မှာ website တွေ ဘီလီယံနဲ့ချီပြီးရှိနေတာကို အရှေ့အပိုင်းမှာ ပြောခဲ့ပြီးပါပြီ။ အင်တာနက်တော့ သုံးချင်တယ်။​ကိုယ်သိချင် ကြည့်ချင်တဲ့ အကြောင်းအရာတွေလည်း ရှိတယ်။​ ဒါပေမယ့် ဘယ် website မှာ တင်ထားလဲဆိုတာ မသိဘူး။​ ဆိုတော့ ဝင်ကြည့်ရမယ့် website လိပ်စာ မသိတော့ အင်တာနက် သုံးမရတော့ဘူးပေါ့၊​

ဒီပြဿနာကို ပြေလည်ဖို့အတွက် Search Engine လို့ ခေါ်တဲ့ website တွေ ရှိပါတယ်။ ဉပမာ google.com ပေါ့။​သူက ဘာလုပ်ပေးလဲဆိုရင် ကိုယ်သိချင်တဲ့အကြောင်းအရာကို ရိုက်ထည့်လိုက်ရင် အဲ့အကြောင်းအရာအကြောင်းတင်ထားတဲ့ website စာရင်းပြန်ထုတ်ပေးတယ်။

ဆိုပါစို့ ကျွန်တော်တို့ စိတ်ကျရောဂါ (Depression) အကြောင်းသိချင်တယ် ဆိုကြပါစို့။

Browser မှာ google.com လို့ ရိုက်ထည့်မယ်။ google website ပွင့်လာတဲ့အခါ သူ့မှာ ရှာချင်တာရိုက်ထည့်လို့ရမယ့် Text Box ရှိတယ်။​အဲ့မှာ စိတ်ကျရောဂါ လို့ ရိုက်ထည့်ပြီး Enter / Search လို့ နှိပ်မယ်။

Loading ပြည့်သွားတဲ့အခါ အင်တာနက်မှာ စိတ်ကျရောဂါ (Depression) အကြောင်းရေးထားတဲ့ website စာရင်းကို မြင်ရမှာ ဖြစ်ပါတယ်။

  • website နာမည် / ခေါင်းစဉ်
  • အကြောင်းအရာ အနှစ်ချူပ်
  • website လိပ်စာ

ဒါတွေ ပြပေးမှာ ဖြစ်ပါတယ်။

ဖတ်ချင်တယ်ဆိုရင် click နှိပ်ပြီး ဖတ်နိုင်ပါတယ်။

ကိုယ်က စာတွေ မဟုတ်ဘူး ဓာတ်ပုံတွေ ရှာချင်တယ်ဆိုရင်

images.google.com မှာ ရှာနိုင်ပါတယ်။

ဉပမာ တောတောင် ပုံတွေရှာချင်တယ် ဆိုကြပါစို့ မိုးမျှော်တိုက်များ

ဗီဒီယိုဆိုရင်လည်း ထိုနည်းလည်းကောင်း

Taylor Swift အကြောင်း

စိုင်းစိုင်းခမ်းလှိုင် အကြောင်း

**​ search result pagination **

google.com အပြင် အခြား နာမည်ကြီး search engine တွေလည်း အများကြီးရှိပါသေးတယ်။ ဒီအထဲက အချို့ကို ပြောပြရမယ်ဆိုရင်

bing.com duckduckgo.com yahoo.com

new tab close

ဒါဆိုရင်တော့ အင်တာနက်မှာ ကိုယ်သိချင်တဲ့ အကြောင်းအရာကို search engine website တစ်ခုဖြစ်တဲ့ google.com ကို သုံးပြီး ရှာနိုင်မယ်လို့မျော်လင့်ပါတယ်။

နောက်တစ်ပိုင်းမှာတော့ ကိုယ်ရှာလို့ တွေ့လာတဲ့ Website က ပုံတွေ ၊ စာတွေကို ကိုယ့်စက်ထဲမှာ ဘယ်လို သိမ်းထားပြီး အင်တာနက်မရှိချိန်မှာ ပြန်ကြည့်နိုင်လဲဆိုတာကို ဆွေးနွေးသွားပါမယ်။

နောက်တစ်ပိုင်းမှာတော့ Email နဲ့ Account တွေအကြောင်းကို ဆက်လက်ဆွေးနွေးသွားပါမယ်။

Download

Right Click နှိပ် Save Download

Image Pdf

Email

စာတိုက်ပုံး ခင်ဗျားတို့ အိမ်မှာ လိပ်စာရှိတယ်မို့လား။ စာတိုက်က စာပို့ရင် ဒီလိပ်စာကို လိပ်မူပြီးပို့ကြတာ ပါစယ်ပို့ရင်လည်း အတူတူပဲ​ အိမ်လိပ်စာပေါ့။

အခု Email ဆိုတာကလည်း ခင်ဗျားရဲ့ အင်တာနက်ပေါ်က အိမ်လိပ်စာ၊​ ဒါမှမဟုတ် စာတိုက်ပုံးလို့ ဆိုကြပါစို့။

အင်တာနက်ပေါ်မှာ လူတစ်ဉီးတစ်ယောက် / အဖွဲ့အစည်း တစ်ခုခုကို ဆက်သွယ်ချင်တယ်ဆိုရင် Email သုံးပြီးဆက်သွယ်ကြပါတယ်။

ဆိုတာ့ကာ ကျွန်တော်တို့ အင်တာနက်ပေါ်မှာ ကိုယ်ပိုင် စာတိုက်ပုံးတစ်ခု ဖန်တီးလိုက်ကြရေအာင်။

gmail.com ကို သွားပါ။

  • Account Registration
  • Login
  • Inbox
  • Compose Email (to , title , body )
  • Sent

###

https://www.accuweather.com/en/mm/yangon/246562/weather-forecast/246562

Website လိပ်စာ ဆိုတာကတော့ ကိုယ်ကြည့်ချင်တဲ့ အချက်အလက်တွေရဲ့ တည်နေရာလို့ အကြမ်းဖျဉ်းပြောလို့ရပါတယ်။ ဉပမာ အင်တာနက်ကို စာကြည့်တိုက်လို့မြင်ကြည့်မယ် ဆိုရင် Website ဆိုတာ စာအုပ်တစ်အုပ်ပါပဲ။

1.13 billion websites https://www.forbes.com/advisor/business/software/website-statistics Website ဆိုတာဘာလဲ? စောစောက ပြောခဲ့တယ်၊​အင်တာနက်ဆိုတာ တစ်မ္ဘာလုံးက ကွန်ပျူတာတွေ ချိတ်ဆက်ထားတဲ့ ကွန်ယက်အကြီးကြီးလို့။ ကွန်ပျူတာ တစ်လုံးစီမှာ ဒါကတော့ စောနက ကွန်ယက်ထဲက ဘယ်န

အင်တာနက် ကွန်နက်ရှင်

ဒါကတော့ ရှင်းပါတယ်။​ ဖုန်းဆိုရင်လည်း မိုဘိုင်းဒေတာ ရှိရမယ်၊ ဖွင့်ရမယ်။ ဒါမှမဟုတ် ဝိုင်ဖိုင်ပေါ့။ ကွန်ပျူတာဆိုရင်လည်း LAN / Wifi တစ်ခုခုပေါ့။ ဒါဆိုရင်တော့ အင်တာနက် ကွန်နက်ရှင်တော့ ရပြီ။ ဆိုရရင် ဘာလိုလိုရနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကွန်ယက်ကြီးနဲ့ ချိတ်ဆက်လိုက်ပြီဆိုပါ့တော့။

Course Title: Internet Surfing Essentials

Course Outline:

Module 1: Introduction to Internet Surfing

Understanding the internet and its significance in daily life Benefits and risks of internet surfing Developing responsible online behavior

Module 2: Navigating Web Browsers

Introduction to web browsers and their features Browser settings and customization Managing bookmarks and favorites

Module 3: Search Engine Mastery

Effective use of search engines Advanced search techniques Evaluating search results for reliability and relevance

Module 4: Website Evaluation and Credibility

Identifying credible sources online Evaluating website credibility Fact-checking and avoiding misinformation

Module 5: Online Privacy and Security

Understanding online threats and risks Creating strong and secure passwords Protecting personal information online Recognizing and avoiding phishing scams

Module 6: Social Media and Online Communities

Introduction to popular social media platforms Managing privacy settings on social media Interacting responsibly in online communities

Module 7: Multimedia Content on the Web

Exploring and sharing images, videos, and audio online Copyright considerations and fair use policies

Module 8: Online Shopping and Financial Transactions

Safe online shopping practices Protecting financial information during transactions Recognizing and avoiding online scams

Module 9: Digital Citizenship and Netiquette

Understanding digital citizenship and online ethics Practicing good netiquette in online interactions Respecting copyright and intellectual property rights

Module 10: Internet Research and Information Literacy

Effective online research techniques Citing sources and avoiding plagiarism Critical evaluation of online information

Note: This course outline provides a general structure for a course on internet surfing essentials. The duration and specific content within each module can be customized based on the target audience and the level of depth desired for each topic.

Written on May 23, 2023