← All writing

howto

ကိုယ့်ချစ်သူရဲ့ ဖေ့ဘုတ် အကောင့်ကို ဘယ်လို ဟက်ကြမလဲ?

· Aung Ko Man

Colleagues discussing work around a meeting table
Illustrative photo by Vitaly Gariev on Unsplash.

ကိုယ့်ချစ်သူရဲ့ ဖေ့ဘုတ် အကောင့်ကို ဘယ်လို ဟက်ကြမလဲ?

ဒီ ဆောင်းပါး မှာတော့ ကိုယ့်ချစ်သူ ကောင်မလေး / ကောင်လေး ရဲ့ ဖေ့ဘုတ်, အင်စတာဂရမ် စတဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေကို ဘယ်လို ဟက်ရတယ်ဆိုတာကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ကုတ်တွေရေးပြီး ကွန်ပျူတာနဲ့ ပတ်သက်တဲ့အလုပ်တွေ လုပ်တဲ့အခါ ချက်ဘောက်မှာ အများစုက ဒါမျိုး လာမေးကြတယ်။ "ဆရာ! ကျွန်တော့ ကောင်မလေး အကောင့်ကို ဟက်ပေးနိုင်မလား" "သူက ဖောက်ပြန်နေတာလား မသိဘူးရှင့်၊ သမီး ကောင်လေး မက်ဆင်ဂျာ ကို ဟက်ပေးလို့ ရမလား " ဒီလို စာပို့လာရင် တော်တော်များများကို လစ်လျူရှုလိုက်တာ များပါတယ်။ ဖေ့ဘုတ်ကို ဟက်ဖို့ဆိုတာ အင်မတိ အင်မတန်ခက်တဲ့အပြင် ထောင်တွေတန်းတွေနဲ့လည်း နီးတာကိုး။

ထားပါတော့၊ တစ်ယောက်ချင်းစီကို စာပြန်နေဖို့ အဆင်မပြေတော့ ကိုယ့် ကောင်မလေး / ကောင်လေး ရဲ့ ဖေ့ဘုတ်အကောင့်ကို ဘယ်လို ဟက်ရမယ်ဆိုတာကို ကျွန်တော် ဒီကနေပဲ ဖြေပေးလိုက်ပါမယ်။

ဖေ့ဘုတ် အကောင့်ကို ဟက်မယ့် ပထမ အဆင့်ကတော့ "မ ဟက် ပါ နဲ့ "

ဒီအကြောင်းကို စဉ်းတောင် မစဉ်းစားပါနဲ့။ တစ်ဘက်လူက ခွင့်မပြုရင် ဝင်ကြည့်ဖို့ စိတ်မကူးပါနဲ့။ ကိုယ့်လူကိုယ် မယုံဘူးဆိုရင် ၊ ကိုယ့်မှာ trust issue ရှိနေမယ်ဆိုရင် မျက်နှာချင်းဆိုင်တွေ့ပြီး စကားပြောပါ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ကိုယ့်ပြဿနာကို တိုင်ပင်ပါ၊ ဒါမှမဟုတ် စိတ်ပညာအထူးပြု ဆရာဝန်တစ်ယောက်နဲ့ တွေ့ပါ။ ကိုယ့်လူကို ကိုယ်မယုံပဲ အကောင့်ကို ခိုးကြောင်ခိုးဝှက်ဝင်ကြည့်ပြီး ကိုယ့်အနားမှာ နေအောင် ထိန်းချူပ်ထားတာမျိုးက မလုပ်ကောင်းတဲ့ အရာထဲမှာ ပါတယ်။ အဲ့လိုလုပ်လို့ရရင်တောင် ကြာရင် ပြတ်မှာပဲ။

ပြတ်လည်း အရေးမစိုက်ဘူးဆိုရင်တောင် နောက်ဆက်တွဲ တွေရှိသေးတယ်။ ဒီလို တစ်ခြားလူတစ်ယောက်ရဲ့ confidential information တွေကို ခိုးယူတာဟာ ရာဇဝတ်မှု မြောက်တဲ့အတွက် အချိန်ကုန် ငွေပမ်းပြီး ထောင်ကျတာတွေ ဘာတွေ ဖြစ်နိုင်သေးတယ်။ ဘာလို့ confidential information တွေကို ခိုးယူတဲ့အကြောင်းတွေ ပြောနေရလဲ ရတာလဲ? ဖေ့ဘုတ် အကောင့်တွေရဲ့ လုံခြုံရေး စနစ်ဟာ ကိုယ်ထင်ထားတာထက် ပိုပြီး လုံခြုံပါတယ်။ လုံခြုံလွန်းလို့ ကိုယ့်အကောင့်ကိုတောင် ဝင်မရပဲ တိုင်ပတ်နေတဲ့သူတွေလည်း အများကြီး။ ပြောချင်တာက တကယ်ဟက်နိုင်ရင် ဖေ့ဘုတ်ကိုသာ သတင်းပို့လိုက်ပါ။ ယူအက်စ် ဒေါ်လာ ဂဏန်း ငါးလုံး နဲ့ ခြောက်လုံးကြား ဆုချပါလိမ့်မယ်။

အခု ဟက်ခံလိုက်ရတယ်ဆိုတဲ့ ဖေ့ဘုတ်အကောင့် အများစုဟာ Phishing လို့ခေါ်တဲ့ အတုအယောင် login page တွေမှာ ကိုယ့် username နဲ့ password ကို အမှတ်မထင် ထည့်လိုက်မိလို့ ပါသွားတာ များပါတယ်။ မပါချင်ရင် တရားဝင် app နဲ့ website တွေပဲ သုံးပါ။

ဘာလို့ ဒီ စာကို ရေးတာလဲ? ဒီနေရာအထိ စာဆက်ဖတ်နေသေးတယ်ဆို တွေးနေမှာပါ၊ ဒီလို ပေါက်ကရ စာကို ဒီလူ ဘာလို့ အချိန်ကုန်ခံ ရေးနေလဲလို့။ အများစုက ဟက်ကာ ဆိုတာ ရုပ်ရှင်ထဲကလိုပဲ ကွန်ပျူတာရှေ့မှာ တတောက်တောက် ရိုက်ရင် အကုန်ဖြစ်တယ်ပဲ ထင်နေကြတာ ဆိုတော့ သူတို့ တောင်းဆိုနေတာဟာ ကျင့်ဝတ်နဲ့ မညီဘူး၊ ဉပဒေကို ချိုးဖောက်ရာ ရောက်တယ်ဆိုတဲ့ အကြောင်း ရှင်းပြဖို့ တာဝန်ရှိတယ်ထင်လို့ ဒီစာကို ရေးဖြစ်တာပါ။ *** Octavian Mihail Romanescu ရဲ့ How to hack your girlfriend’s Facebook or Instagram ကို သင့်တော်သလို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။ ***