Myanmar Developer Survey

မြန်မာနိုင်ငံ မှာ Developer အနေနဲ့ ဘယ်လိုရပ်တည်နေကြသလဲ?

ဒီမေးခွန်း ကို သိရဖို့အတွက် မြန်မာနိုင်ငံက Developer (၁၈၀)​ဉီးကို​ စစ်တမ်းတစ်ခု ကောက်ခဲ့ပါတယ်။

လစာ

တစ်လဝင်ငွေ (၁၀) သိန်း နဲ့ (၁၅)​ သိန်း အထက် ရတဲ့သူတွေက သုံးပုံတစ်ပုံလောက်ရှိပါတယ်။ မြန်မာနိုင်ငံအနေအထားနဲ့ဆိုရင် ကိုယ်မှန်းထားတာထက် အတော်များတဲ့ ပမာဏလို့ ပြောလို့ရပါတယ်။ ပုံမှန်ကတော့ (၃) သိန်း နဲ့ (၁၀)​သိန်းကြားပဲ များပါတယ်။

အလုပ်အမျိုးအစား

Fullstack Web Developer အများစုတွေ့ရပါတယ်။ ဆိုချင်တာက All in One အကုန်လုပ်ရမယ့်သဘောပါပဲ။ သူ့နောက်မှာ Mobile Developer နဲ့ Backend , Frontend Developer တွေ တွေ့ရတော့ အစုံမသုတ်ချင်ရင်လည်း တစ်ခုခုကို ဇောက်ချရွေးချယ်လို့ ရမယ့်ထင်ပါတယ်။

ခလစား အများဆုံး

ဒီတစ်ခုကလည်း အံ့သြစရာ ဆိုရမလား။ လာဖြေတဲ့သူတွေရဲ့ (၈၃) ရာခိုင်နှုန်းက လခစားတွေဖြစ်နေတာပါ။ ဒီတော့ ငွေရေးကြေးရေးအခြေအနေ တည်ငြိမ်ဖို့ဆိုရင် လခစား ဝင်လုပ်ရမယ့်သဘောပါပဲ။ ဒုတိယ နဲ့ တတိယက တော့ အချိန်ပိုင်း / အချိန်ပြည့် အလွတ်တန်း လုပ်ကြတာပါ။

ပညာအရည်အချင်း

အများစုကို ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ဘွဲ့ ဒီဂရီတွေ ရှိမယ်လို့ မှန်းထားပေမယ့် သုံးပုံ တစ်ပုံကပဲ​ ကွန်ပျူတာနဲ့ ဘွဲ့ / မဟာ တစ်ခုခု ရထားတဲ့သူတွေ ဖြစ်နေတာပါ။ ဆယ်တန်း နဲ့ တက္ကသိုယ်ပညာရေး တစ်ခုခု သင်နေတဲ့သူ က တစ်ဝက်ကျော်ကျော် ရှိပြီး တစ်ခြား ဘွဲ့ရထားတဲ့သူက (၁၅) ရာခိုင်နှုန်းပဲ​ရှိပါတယ်။ ဆိုတော့ Computer Professional ဖြစ်ဖို့အတွက် Computer Science ကို ဘယ်လို အချိန်ပေးပြီး လေ့လာကြမလဲ မေးခွန်းထုတ်စရာရှိလာပါတယ်။

ရှေ့ဆက် ဘာနဲ့ ရပ်တည်ကြမလဲ?

အများစုကတော့ လခစား ဆက်လုပ်ဖို့ပဲ​ အကြံပြုထားတာ တွေ့ရပါတယ်။​ (၁၀) ရာခိုင်နှုန်းလောက်ကပဲ Startup ထောင်ပြီး ခွေးဖြစ်ဖို့ မှားလို့, innovative ဖြစ်တဲ့ solution တွေရေးဖို့ အကြံပြုကြပါတယ်။

ပရိုဂရမ်းမင်းနဲ့ စားနိုင်သောက်နိုင်ဖို့အတွက် အကြံပေးချက်

နိုင်ငံခြားထွက်ပါ

ဒါကတော့ Local မှာပဲ နေမယ့်သူတွေအတွက် အဆင်မပြေ။

Network and Skill ကောင်းအောင်လုပ်

လက်ရှိ မြန်မာပြည်ရဲ့ အခြေအနေနဲ့ Startup တွေ Freelance လုပ်ဖို့ အရင်လောက်အဆင်မပြေတော့ဘူး ဆိုတာတော့ ခါးသီးစွာလက်ခံရပါမယ်။ ဒီတော့ ဒီနိုင်ငံအခြေအနေနဲ့ Software ရေးပြီး ရှင်သန်ချင်တယ်ဆို လခစားအလုပ်က အသင့်တော်ဆုံး ဖြစ်နေပါတယ်။ လခစားအလုပ်မှာ သင့်တင့်တဲ့ ဝင်ငွေရရှိဖို့ အရေးအကြီးဆုံး အချက် ၂ ချက်လိုပါတယ်။ Network နဲ့ Skill ပါ။ Network ဆိုလို့ Computer Network မထင်ပါနဲ့ ပေါင်းသင်းဆက်ဆံရေး network ကိုပြောတာပါ။ ကောင်းမွန်တဲ့ အသိမိတ်ဆွေ ပတ်ဝန်းကျင်ရှိတာက ကောင်းမွန်တဲ့ လခနဲ့ အလုပ်ရဖို့အတွက် အရေးအကြီးဆုံးပါပဲ။ နောက်တခုက Skill ပါ ကိုယ် ရွေးချယ်ထားတဲ့ လမ်းကြောင်းပေါ်မှာ Professional Skill ရှိနေဖို့လိုပါတယ်။ Junior Skill နဲ့ Senior လစာ မျှော်မှန်းလို့မရသလို Developer Skill နဲ့ Architect လစာ မျှော်မှန်းလို့မရပါဘူး။ ကိုယ့်မှာ skill ရှိရက်နဲ့ သင့်တင့်လျောက်ပတ်တဲ့ ဝင်ငွေပေးနိုင်တဲ့ အလုပ်မျိုးမှာ ရှိမနေဘူးဆိုရင်တော့ အလုပ်ပြောင်းပါ။ အက်သည်အတွက် ကူညီနိုင်မဲ့ အသိမိတ်ဆွေ ပတ်ဝန်းကျင်ကောင်းရှိနေအောင် ကြိုးစားထားသင့်ပါတယ်။ ကိုယ့် skill က ဘယ်အဆင့်မှာ ရပ်တည်နေသလဲ သိဖို့ကလည်း ကောင်းမွန်တဲ့ နည်းပေးလမ်းပြ အသိမိတ်ဆွေ ဆရာကောင်း Senior ကောင်းတွေ လိုအပ်ပါတယ်ဆိုတဲ့ အကြောင်း အကြံပေးလိုပါတယ်။ Programming နဲ့ ဆက်လက်ရပ်တည် အဆင်ပြေနိုင်ပါစေခင်ဗျာ

လက်ရှိလုပ်နေတဲ့သူတွေ စျေးမပေါနဲ့

Developer တွေ က လည်း အားနာတ ကို လျှော့ရမယ် အာ့တာ မှ အဆင်ပြေလိမ့်မယ် Developer တွေ ကိုစျေးပေါအောင်လုပ်တာလည်း ကိုယ်တိုင်နဲ့လဲ ဆိုင်တယ် လို့မြင်တယ် ဉပမာ Client တစ်ယောက်က ၃ သိန်းနဲ့ app တခုကို ထုတ်လို့ရနေတယ် လို့မြင်တာ လည်း Developer တွေ ကိုယ်တိုင် အာ့တာကိုလက်ခံပြီး လုပ်နေတယ် ဆိုရင် အာ့လိုလူမျိုးတွေ များလာလေလေ ပိုပြီးစျေးပေါပေါလေလေဘဲ Quality တခုထိထိန်းချင်ရင်တော့ Conmunity တခုလုံး လူပ်ရှားရလိမ့်မယ် အာ့တာမှ ရပ်တည်ဖို့နဲ့ စုမိဆောင်းမိဖြစ်လာမှာဘဲ တခြားဟာတွေ တော့အများကြီးဘဲ ပြောရရင်တော့မကုန်ဘူး

ဆယ်နှစ်လုပ်ပြီး အိမ်နဲ့ကားရလာတယ်

junior developer ဘဝကနေ manager level ထိရောက်အောင် ၁၀နှစ် လုပ်လာတာ အဆင်ပြေပါတယ် senior ဘဝလောက်ထဲက part time ကော full time ကောလုပ်တယ် manager level မှာ အချိန်ပိုင်းအလုပ်တွေလဲ လုပ်လာနိုင်တယ် အိမ်တလုံး ကားတစီး ဒီအလုပ်လုပ်ပြီး စုဝယ်လာတာပဲ လုပ်တတ်မယ်ဆိုအဆင်ပြေပါတယ် လေ့လာတာတော့ လျော့မရဘူး အမြဲ လေ့လာနေရတုန်းပါ

အိမ်ရှေ့ထိ အလုပ်က လာခေါ်

Developer တစ်ယောက်ဖြစ်ဖို့ code ချည်းဘဲတတ်လို့မရဘူး လုပ်ငန်းပိုင်းဆိုင်ရာတိုင်းမှာ အလုပ်လုပ်တာ 30% နဲ့ communication skills အသုံးချမှုက 70% ရှိတယ် လူ၀င်ဆံ့အောင်နေ အလုပ်မရှားဘူး အိမ်ရှေ့ထိပါ လာခေါ်ပါလိမ့်မယ် *လက်ရှိကျနော့်အခြေအနေပါ

ငမွဲ dev များမမြင်ဖူးပါ

ငမွဲ dev များမမြင်ဖူးပါ 2 digit အထက်တွချည်းပါဘဲ အပြန်အလှန်အနေနဲ့ ထုံအနေလို့မရပါ၊ အမြင်ရှိရပါမယ်၊ innovative ဖြစ်ရပါမယ်။ ကိုယ်ဘာလုပ်နေလဲ ဘယ်သွားနေလဲ သိရပါမယ်။

စစ်တမ်းရဲ့ အစက ဒီလိုပါ။

ဒီနယ်ပယ်ထဲကို ဝင်လာတာ သုံးနှစ်ပြည့်ပါပြီ။ အလွတ်တန်းလည်းလုပ်၊​ လခစားလည်း လုပ်ပါသော်လည်း စားဖို့သောက်ဖို့တောင် အနိုင်နိုင်ဖြစ်လာတဲ့အခါ တစ်ခြားသူတွေ ဘယ်လိုတွေလုပ်ပြီး အဆင်ပြေနေကြလဲဆိုတာ အံ့သြမိပါတယ်။
ဒီတော့ အချိန်တစ်မိနစ်လောက်ရရင် မြန်မာနိုင်ငံမှာ Developer အနေနဲ့ ရပ်တည်ဖို့ ဘာတွေလိုတယ် ၊ ဘာလုပ်ရမယ်ဆိုတာ အောက်က Survey Form လေး ဖြည့်ပြီး အကြံပေးခဲ့ကြပါဉီးခင်ဗျ။

https://forms.gle/PSPqrebvVzajqEMZ6

ဒီစစ်တမ်းမှာ မြန်မာ Developer ပေါင်း ၁၈၀ ဉီး ဝင်ရောက်ဖြေဆိုခဲ့ပြီး စစ်တမ်းအပြည့်အစုံကို ေအာက်မှာ ကြည့်နိုင်ပါတယ်။

Report

Report အပြည့်အစုံကြည့်ရန်။

https://docs.google.com/forms/d/1eUus_dZvSxfikKh7OoTFxyRtbD-rgXnfw35P_kAR1aU/viewanalytics?fbclid=IwAR3fsZL0qEd-LcnmI2tiTwSz8K_gpdLg_Ox5tkeBbB8Pc67ABCLVlBFyEVs

Sheets

တစ်ဉီးချင်းစီရဲ့ အဖြေ အပြည့်အစုံကြည့်ရန်။

https://docs.google.com/spreadsheets/d/1ByJtpq2PAEjnVlZJLVlEh27dr39PqBCdLow3sLCG9X0/edit?usp=sharing

Survey ဖြေရန်။

https://forms.gle/PSPqrebvVzajqEMZ6

Written on June 5, 2023