howto
I Need AirPods Max
· Aung Ko Man

AirPods Max နဲ့မှ အဆင်ပြေမယ့်သဘော
သီချင်းလည်း ကောင်းကောင်းနားထောင်ချင်တယ် အမျိုးသမီးက ကိုယ့်ကိုယ်ခေါ်တာတွေ ခိုင်းတာတွေကိုလည်း တစ်ခုမှ လွတ်မသွားချင်ဘူးဆိုရင်ပေါ့။
လက်ရှိသုံးနေတဲ့ JBL x AU Flash 2 က အားကစားလုပ်တဲ့သူတွေအတွက် အထူးပြု ထုတ်ထားတာဆိုတော့ ပြေးလွှားနေတဲ့အချိန်တွေတော့ မိုက်တယ်။ မြဲမြဲမြံမြံရှိတယ်။ ချွေးတွေဘာတွေ အစိုခံတယ်။ အသံအရည်အသွေးလည်း အဆင်ပြေတယ်။ Battery ကလည်း ခံတယ်။ နောက် အတူတူပြေးနေတဲ့သူနဲ့ စကားပြောမယ်ဆိုလည်း နားကြပ်ချွတ်စရာမလိုပဲ Ambient Aware ဆိုတဲ့ mode ကို ဖွင့်လိုက်ရုံပဲ။ ဒါဆို ဘေးပတ်ဝန်းကျင်က အသံပါ ကောင်းကောင်းကြားရမယ်။
မကောင်းတာကတော့ မီတင်တွေ စာသင်တွေလိုမျိုး အချိန်ကြာကြာနဲ့ အေးအေးဆေးဆေးလုပ်ရတဲ့အခါ နား နာလာတာပဲ။ အလုပ်လုပ်ရင်း သီချင်းနားထောင်မယ်ဆို ပိုဆိုး တစ်နာရီလောက် တပ်ပြီးရင် နားက အဆင်မပြေတော့ဘူး။
ဒီ JBL ရဲ့ အရင် Google Pixel Bud တုန်းကတော့ all round အကုန်မိုက်တယ်။ Control တွေ၊ ဖုန်းက notifcation တွေကို ဖတ်ပြတာတွေ၊ နားကြပ်ကနေပဲ Messenger နဲ့ SMS တွေကို reply ပြန်နိုင်တာတွေက အတော်လေး အသုံးဝင်တယ်။
Drafts
မှတ်မှတ်ရရ Client တစ်ယောက်ဆီက ငွေဝင်လာတဲ့ KBZ က Notification ကို ဖတ်ပြတာမျိုးဆို အရသာကို ရှိနေတာပဲ :D သူ့ရဲ့ passive noise cancelling ကြောင့် ဘာသံမှ မကြားရတာ ကောင်းပေမယ့် ေအာက်က မကောင်းတဲ့ အချက်တွေ စဖြစ်လာတယ်။