မြန်မာနိုင်ငံမှာ Software အပ်မယ်ဆိုရင် သိထားသင့်တဲ့ အချက် (၁၀)​ ချက်

မြန်မာနိုင်ငံမှာ Software အပ်မယ်ဆိုရင် သိထားသင့်တဲ့ အချက် (၁၀)​ ချက်

နံပါတ်(၁)​ CTO ရှာပါ။

Organization တစ်ခုအတွက် ရေးနေတဲ့ Software တစ်နှစ်လောက် အကြာမှာ ပြီးသွားတယ်။ ဒီ Software ရေးတဲ့သူတွေနဲ့ စကားပြောဖြစ်တဲ့အခါမှာ ဘာလို့ ဒီလောက်ကြာတာလဲ မေးဖြစ်တယ်။ သိတဲ့အတိုင်း Developer တွေကို မေးရင်တော့ Client ကို အပြစ်ပုံချကြတာပါပဲ။ အဓိကကတော့ Domain Knowledge လို့ခေါ်တဲ့ လုပ်ငန်းသဘော နားမလည်တာ နဲ့ Client တွေကိုယ်တိုင်က ဘာလိုချင်တယ်ဆိုတာကို တိတိကျကျ ပြောမပြနိုင်တာ။

လက်ရှိ စာရွက်စာတမ်းတွေနဲ့ run နေရတဲ့ စနစ်တစ်ခုကို Computerized ပြောင်းချင်တယ်။ ဒါမျိုးပဲ ပြောနိုင်တာ။ တကယ်လဲ သာမန်လူတစ်ယောက် / ကွန်ပျူတာ နယ်ပယ်က မဟုတ်တဲ့သူတစ်ယောက်အနေနဲ့ Developer တွေနဲ့ ကောင်းကောင်းမွန်မွန် Communicate လုပ်ဖို့ ခက်ပါတယ်။ Developer တွေ အနေနဲ့လည်း Client တွေရဲ့ လုပ်ငန်းနယ်ပယ်က အသုံးအနှုန်းတွေ အထာတွေကို သိဖို့ မလွယ်ပါဘူး။ ဒီမှာ effective communication မရှိတော့ပဲ​ ပရောဂျက်က ရှေ့မရောက်ဖြစ်လာတယ်။

စကားဝိုင်းကို ဆက်ရရင် အခုချိန်သာ စောနက ပရောဂျက်ကို ပြန်ရေးရမယ်ဆိုရင် (၃) လလောက်နဲ့ အပြီးရေးနိုင်မယ်ပေါ့။ ဆိုလိုတာက လုပ်ငန်းအကြောင်းလည်း ကောင်းကောင်းနားလည်ပြီး နည်းပညာအကြောင်းလည်း သိတဲ့သူတစ်ယောက်က ဉီးေဆာင်ပြီး လုပ်မယ်ဆိုရင် အကျိုးသက်ရောက်မှု ကောင်းကောင်းရမယ်ေပါ့။ ဒီလို ဉီးဆောင်တဲ့သူမျိုးကို CTO (Chief Technology Officer) လို့ ခေါ်ကြတယ်။ ဆိုတော့ Software တစ်ခု အပ်တော့မယ်ဆိုရင် ရေးမယ့် အဖွဲ့ နဲ့ ကိုယ့်လုပ်ငန်းအကြားမှာ CTO တစ်ယောက်တော့ လိုမယ်။ မဟုတ်ရင် အဲ့ ပရောဂျက်ဟာ Fail ရင် Fail, မ Fail ရင် ပြီးသာပြီးသွားမယ် ဘယ်သူမှ မသုံးတဲ့ ပရောဂျက် / လုပ်ငန်းခွင်မှာ အသုံးမဝင်တဲ့ အမှိုက်တစ်ခုသာသာ ဖြစ်သွားပါလိမ့်မယ်။

နံပါတ်(၂)​ Software Company / Software House ရှာပါ။

များသောအားဖြင့်တော့ Facebook Page တွေ Facebook Group တွေမှာ ရှာတာအဆင်ပြေပါတယ်။ Google မှာရှာလည်း ရတယ်။ ကိုယ့်နဲ့ လုပ်ငန်းတူတဲ့သူတွေ ညွှန်းတဲ့ Software Company / Software House ဆိုရင်တော့ ပိုအဆင်ပြေတာပေါ့။ တစ်ခုသတိထားရမှာက စာရင်းအရှည်ကြီးလုပ်ထားဖို့ပါ။ Software Company တစ်ခုတည်းကိုပဲ​ မေးပြီး အဲ့မှာပဲ​ အပ်လိုက်တာမျိုးက စွန့်စားရာ ကျပါတယ်။ အနည်းဆုံး (၁၀)​ ခုနဲ့ အထက်မေးထားတာ အဆင်ပြေပါတယ်။

Software Company တွေကို ပေးထားတဲ့ Review တွေ၊ အဲ့ ကုမ္မဏီရဲ့ အရွယ်အစား နဲ့ ဖွဲ့စည်းပုံ။ တစ်ချို့ ရှိတယ် One Man Show အဖွဲ့တွေပေါ့။ CEO လည်း ကိုယ်ပဲ​ CTO လည်း ကိုယ်ပဲ ကုတ်ရေးလည်းကိုယ် သန့်ရှင်းရေးလုပ်လည်းကိုယ် UI / UX လည်း ကိုယ်။​ဒါမျိုးဆိုရင်တော့ ရေရှည်အဆင်ပြေမယ် မထင်ဘူး။ နောက် ကုမ္မဏီ က အရင်ရေးခဲ့တဲ့ ပရောဂျက်တွေ ကြည့်ကြည့်။ တစ်ချို့ ကုမ္မဏီတွေက Ecommerce တစ်ခုတည်းကို ေဇာက်ချပြီးရေးတယ်။​ တစ်ချို့က POS, နောက် ERP လည်း ရှိမယ်။​ တစ်ချို့ကြတော့လည်း အစုံသုတ်။ ကြံုတာရေးတယ်။​ ဒါမျိုးလည်း ရှိနိုင်တယ်။​ ဖြစ်နိုင်ရင်တော့ ကိုယ်နဲ့ လုပ်ငန်းတူတဲ့ နယ်ပယ်တူတဲ့ ပရောဂျက်ကို ရေးခဲ့ဘူးတဲ့ ကုမ္မဏီကို ရွေးသင့်တယ်။ ဘာလို့လည်းဆိုရင် သူတို့တွေက ကိုယ့်လုပ်ငန်းနယ်ပယ်အကြောင်းကို သိထားပြီးသား ဖြစ်နေတော့ အမှားနည်းတာပေါ့။ တစ်ခုပဲ​ အရမ်းကြီးတဲ့ Software Compnay တွေက Management အပိုင်းတအားစကားပြောရတော့ အချိန်ကြာတယ်။ ခပ်သေးသေးလေးတွေကတော့ ရိုးရိုးရှင်းရှင်း မြန်မြန်ဆန်ဆန် ပြောလို့ရတာေပါ့။

နံပါတ်(၃)​ ကိုယ်ရဲ့ လုပ်ငန်း ပါတနာ ဖြစ်နိုင်လား ကြည့်ပါ။

ဒီအဖွဲ့ကတော့ ကုတ်ရေးတက်တယ်။​ ကျွမ်းတယ်ဆိုရုံလောက်နဲ့ Software Company တွေကို မရွေးချယ်ပါနဲ့။ ကုတ်ရေးတယ်။ နောက်ဆုံးပေါ်နည်းပညာတွေကို လိုက်မီတယ်ဆိုတာမျိုးက သူတို့ရဲ့ Professional အလုပ်ပါ။ ကိုယ်ပြောတဲ့ ကိုယ့်လုပ်ငန်းက လိုအပ်ချက်ကို လိုက်ရေးနိုင်ရုံနဲ့ အဆင်မပြေသေးပါဘူး။ ရေးနေတဲ့အချိန်မှာလည်း ကိုယ့်လုပ်ငန်းနဲ့ inline ဖြစ်နိုင်မှ​ရမှာပါ။ ဆိုရရင် ကိုယ့်လုပ်ငန်းအကြောင်း စိတ်ပါဝင်စားပြီး ကိုယ်နဲ့ စကားဝိုင်းမှာ ဒီလုပ်ငန်းအကြောင်းထိုင်ပြောနိုင်တဲ့ အဖွဲ့မှ ရေရှည်မှာ အဆင်ပြေပါလိမ့်မယ်။

ကိုယ့်လုပ်ငန်းအကြောင်း တစ်ခုမှ စိတ်မဝင်စားဘူး။​ကိုယ်ပြောတဲ့ လိုလားချက်လောက်ပဲ​လုပ်ပြီး ကျူပ်တို့အလုပ် ကျူပ်တို့ပြီးပြီ ပေးစရာရှိတာပေးဆိုတဲ့ အဖွဲ့နဲ့ဆိုရင် စိတ်ညစ်ရပါလိမ့်မယ်။ ဆိုတော့ကာ ဒီအဖွဲ့က ကိုယ့်လုပ်ငန်းနဲ့ တကယ်အံဝင်ခွင်ကျရှိပါ့မလား စျေးဆိုင်မှာ စျေးဝယ်သလိုမျိုး မဟုတ်ပဲ​ ကုန်သည် နဲ့ စျေးသည် လို ရေရှည်ဆက်ဆံနိုင်ပါ့မလားဆိုတာလည်း ကြည့်ပါ။

နံပါတ်(၄) သူတို့ သုံးတဲ့ နည်းပညာ နဲ့ ကိုယ်လိုတဲ့ Software လိုက်ဘက်လား ကြည့်ပါ။

Web နဲ့ပတ်သက်တဲ့ နည်းပညာတွေကို အထူးပြုပြီးရေးနေတဲ့ အဖွဲ့ကို Desktop မှာ သုံးမယ့် Software သွားအပ်လို့မရပါဘူး။ Web မှာလည်း PHP ကို အားပြုပြီး ရေးနေတဲ့ အဖွဲ့ကို Node.js နဲ့မှ ရှင်းလို့ရမယ့် Realtime စနစ်တွေ သွားအပ်လည်း တိုင်ပတ်မှာပါ။

နံပါတ်(၅)​ ဆက်ဆံရေး အရေးပေး။

Software ရေးတယ်ဆိုတာ အင်မတန်ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ် တစ်ခုပါ။ အချင်းချင်း ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံမှု မရှိရင် ထင်သလောက် ခရီးပေါက်မှာ မဟုတ်ပါဘူး။ စစချင်း Requirement ဆွေးနွေးတာက စလို့ ရေးနေရင်းတန်းလန်း လိုအပ်တဲ့ Business Logic အပြောင်းအလဲတွေ ဆွေးနွေးတာအလယ် ပရောဂျက် အပ်တာအဆုံး သေချာလေး communicate လုပ်နိုင်ဖို့လိုပါတယ်။

ဒီတော့ ပထဆုံးအကြိမ် Software Company ဘက်က လူတွေနဲ့ ဖုန်းပြောတာ၊​မီတင်လုပ်တာ၊​ ဗီဒီယို ကွန်ဖရန်းဇင်းလုပ်တဲ့ အချိန်မှာ ဂရုစိုက်ပြီး သူတို့ ဘယ်လို Tone မျိုးနဲ့ commnicate လုပ်လဲ နားထောင်ကြည့်ပါ။ ပရော်ဖက်ရှင်နယ်ပုံစံပေါက်လား၊ ဖောရှောကောင်တွေလား၊ ဂျင်းထည့်မယ့် အရိပ်အယောင်သန်းနေသလား သိနိုင်ပါလိမ့်မယ်။ ကောင်းတာကတော့ ကိုယ့်ပင်မှ ပရောဂျက်ကြီး မအပ်ခင်မှာ ပရောဂျက် ခပ်သေးသေးတစ်ခုအရင်အပ်ကြည့်လိုက်ပါ။​ဒါဆိုရင် ဒီအဖွဲ့ရဲ့ commnication ပုံစံက ကိုယ်နဲ့ ကိုက်မကိုက် သိရပါလိမ့်မယ်။​ အဆင်ပြေမှ တကယ့်ပရောဂျက်အကြောင်း ဆက်ဆွေးနွေးပေါ့။

နံပါတ်(၆)​ ပရောဂျက် ဘယ်လိုရေးနေကြလဲ​ မေးကြည့်ပါ။

စာထဲပေထဲမှာတော့ Software Development Lifecycle နဲ့ ပတ်သက်ပြီး Waterfall Model, Agile , Scrum စတာတွေက နံမည်ကြီးပါပဲ။ ဒီထဲမှာ သူတို့ ဘယ်လို Development Methodology တွေသုံးပြီး ရေးနေကြလဲ​မေးကြည့်ပါ။ လုပ်ငန်းတော်တော်များများအတွက်ကတော့ Agile နဲ့ Scrum က သင့်တော်ပါတယ်။ အကြမ်းဖျဉ်းပြောပြရရင်

  • ၁။ ပလန်ရေး
  • ၂။ ပလန်အတိုင်းရေးထားတာကို Client ဆီ မြန်မြန်ပြ
  • ၃။ Client က Feedback ပေးတာကို ပလန်ထဲမှာ ပြန်ပြင်ရေး

ဒီလို ပလန်အတိုင်းသွားနေတာကိုလည်း ကိုယ့်ကို အသိပေး၊ ထွက်လာတဲ့ နမူနာ ပုံစံတွေကိုလည်း စမ်းသုံးခိုင်းပြီး Feedback တောင်း။ ဒါဆို ရပြီ။ ဆိုတော့ မေးစရာ ရှိတာက သူတို့ရဲ့ Development Process အတွင်းမှာ ကိုယ့်ကို ဒါမှမဟုတ် ကိုယ့်လုပ်ငန်းထဲက လူတွေကို ထည့်ထား / အသိပေးထားမှာလား ဆိုတာပဲ။​ ဒီနေ့ခေတ် Project Management Tools တွေမှာတော့ Stackholder / Project Owner ကို Project Management စနစ်ထဲမှာ နေရာတစ်နေရာ ပေးထားပြီး ကိုယ်တိုင်ပါဝင်လို့ရအောင် လုပ်ထားပေးပါတယ်။ အသုံးများတာကတော့

  • Trello
  • ClickUp
  • Jira

ကိုယ်က လုံးဝကို အမှားမခံတဲ့ နယ်ပယ် ဉပမာ ကျန်းမာရေး နဲ့ ဆေးကုသရေးလိုမျိုး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လုပ်ထုံးလုပ်နည်း တွေ ရှိပြီးသား၊ အစိုးရ လုပ်ငန်းတွေလိုမျိုး အတိအကျ လုပ်ရတဲ့ အလုပ်မျိုးဆိုရင်တော့ Waterfall Model ကို သုံးကြတာ များမယ်။

နံပါတ်(၇) လုံခြုံရေး ဉီးစားပေး

Software ရေးတဲ့ ကုမ္မဏီနဲ့ ပါတနာဖွဲ့ အလုပ်လုပ်ပြီဟေ့ဆိုတာနဲ့ တစ်ပြိုင်နက် ကိုယ့်လုပ်ငန်းရဲ့ အရေးကြီးတဲ့ အချက်အလက်တွေကိုပါ သူတို့ကို ထိတွေ့ခွင့်ပေးရပါတယ်။ ဒီမှာ Software ကုမ္မဏီဘက်ကနေ ဒီ data တွေကို ဘယ်လို လုံလုံခြုံခြုံ ကိုင်တွယ်လဲ​ဆိုတာ သိဖို့ အရေးကြီးပါတယ်။​ ကိုယ့်ကုမ္မဏီရဲ့ အသက်သွေးကြောဖြစ်တဲ့ ဒီ အချက်အလက်တွေ မပေါက်ကြားစေဖို့ NDA စာချူပ် လက်မှတ်ထိုးတာ အပြင် နည်းပညာပိုင်းအရလည်း ဘယ်လို Security Practices တွေလုပ်ထားလဲ​မေးထားသင့်ပါတယ်။

နံပါတ်(၈) ဘယ်လို တာဝန်ခွဲထားပြီး အဖွဲ့ဖွဲ့ထားလဲ?​​

Software Development Team ကို သေချာဖွဲ့မထားတဲ့ ကုမ္မဏီနဲ့တော့ အလုပ်မလုပ်တာ ကောင်းပါတယ်။​ အခြေခံအားဖြင့် Software Development Team တစ်ခုမှာ

  • Project Manager
  • UI/UX Designers
  • Developers

ဒီလိုမျိုး တာဝန်အတိအကျ ခွဲထားတဲ့ အဖွဲ့တစ်ဖွဲ့ ရှိရမှာ ဖြစ်ပါတယ်။​ မေးကြည့်လိုက်လို့ အစုံသုတ်ကောင်တွေ များနေပြီး ဘယ်သူက ဘာတာဝန်ယူထားတယ်ဆိုတာ သတ်သတ်မှတ်မှတ်မရှိတဲ့ အဖွဲ့ဆိုရင် ဝေးဝေးကသာ ရှောင်ပါလေ့။

နံပါတ်(၉)​ Testing နဲ့ Maintenance အပိုင်း

စာချူပ်မှာ လက်မှတ်မထိုးခင် စဉ်းစာရမှာ တစ်ခုက Testing နဲ့ Maintenance အပိုင်းပါ။ စမ်းဖို့အတွက် အချိန်ဘယ်လောက်ပေးမှာလဲ? စမ်းလို့ ပြီးသွားလို့ ပရောဂျက်လက်ခံလိုက်တဲ့ အချိန်ကစပြီး Maintenance အပိုင်းကို ဘယ်လိုတာဝန်ယူပေးမှာလဲ? ဒါက သေချာမေးဖို့ လိုပါတယ်။ နောက် Backup ကရော ဘယ်လိုလုပ်ထားပေးမှာလဲ? ဒါတွေ ကြိုသိထားဖို့ လိုပါတယ်။​ အဓိက သိရမှာတော့ Maintenance အတွက် အချိန်အတိုင်းအတာ နဲ့ ကုန်ကျစရိတ်ပါ။ စျေးထဲမှာ ကန်စွန်းရွက်ဝယ်သလို စျေးသယ်စီက ဝယ်လိုက်တာနဲ့ ပြီးသွားတဲ့ ကိစ္စမျိုး မဟုတ်ပဲ ကိုယ်စသုံးတဲ့အချိန်မှာ လိုအပ်ချက်တွေ ၊​ပြင်ချင်ဆင်ချင်တာထွေက တွေ့လာဉီးမှာပါ။ ဒီတော့ ဘယ်အတိုင်းအတာအထိ ပြင်ဆင်ပေးမလဲ ဘယ်အတိုင်းအတာဆိုရင် အပိုဆောင်းကုန်ကျစရိတ် ကုန်မလဲဆိုတာ ကြိုတင်ဆွေးနွေးထားဖို့ သင့်ပါတယ်။

နံပါတ်(၁၀)​ စျေးနှုန်း

စျေးနှုန်း သက်သာတာ တစ်ခုတည်းကို ကြည့်ပြီး Software Company ကို မရွေးလိုက်ပါနဲ့။ Software အပ်တယ်ဆိုတာ ရေရှည်အလုပ်တစ်ခုဖြစ်ပြီး များသောအားဖြင့် IT နဲ့ ပတ်သက်တဲ့ အပိုင်းတွေအတွက် ကိုယ့်အမြတ်ရဲ့ 10% လောက်ကို သုံးရလေ့ ရှိပါတယ်။ ဒီတော့ အပေါ်က အချက်တွေ နဲ့ ချိန်ထိုးစဉ်းစားပြီး စျေးနှုန်းကို သင့် / မသင့် တွက်နိုင်ပါတယ်။

နိဂုံး

Software Company တွေဟာ တစ်ခုနဲ့တစ်ခု မတူကြတဲ့အတွက် ကိုယ်နဲ့ကိုက်ညီမယ့် Software Compnay တွေကို quotation လိုက်ယူပြီး ချိန်ထိုးစဉ်းစားပြီးမှ အသင့်တော်ဆုံးကို ရွေးချယ်အပ်နှံနိုင်ပါတယ်။ တစ်ခြား သိထားဖို့ လိုအပ်တဲ့ အချက်တွေရှိရင်လည်း Comment မှာ ရေးခဲ့ကြပါဉီး။

လုပ်ငန်းအတွက် လိုအပ်တဲ့ Software တစ်ခု အပ်တဲ့အခါ အချိန်ရော ငွေရောကုန်ပါတယ်။​ အကျိုးအမြတ်ကြီးသလောက် အရင်းအနှီးလည်းများတဲ့ ဒီ Software တစ်ခုကို ပြီးစလွယ် အဆင်ပြေတဲ့နေရာမှာ အပ်လိုက်လို့ မသင့်ပါဘူး။

နံပါတ်(၁၀) ကိုယ်ဘာလို့ ဒီ Software ကို လိုတာလဲ တိတိကျကျ သိအောင်လုပ်ပါ။

Software House တွေဆီကို မဆက်သွယ်ခင်မှာ ကိုယ့်လုပ်ငန်းက ဘာကြောင့် Software တစ်ခု လိုသလဲ ပြန်စဉ်းစားပါ။ လက်ရှိ အပြင်မှာ ဆိုင်ဖွင့်ထားတာအပြင် အွန်လိုင်းမှာပါ Website လေးနဲ့ Online Shopping ဖွင့်ထားဖို့လား? လက်ရှိသုံးနေတဲ့ နိုင်ငံခြားက ဆော့ဝဲက မြန်မာမှုနဲ့ မကိုက်လို့လား? စာအုပ်ထဲမှာ စာရင်းဇယား မှတ်ရတာ၊ Excel မှာ စာရင်းမှတ်ရတာက အချိန်ကုန်ပြီး သိချင်တဲ့ အရှံးအမြတ် လက်ကျန်ရှင်းတမ်းတွေကို အတိအကျ တွက်မရလို့လား။

ကိုယ်ဘာဖြစ်လို့ Customize Software တစ်ခု လိုသလဲဆိုတာ ရှင်းရှင်းလင်းလင်းပြန်စဉ်းစားပါ။

များသောအားဖြင့် Software အပ်မယ်ဆိုရင် ဒီလိုလာတယ်။

  • Online Shop လုပ်ချင်လို့ဗျာ။​ Website နဲ့ Mobile App လေး လုပ်ပေးပါဉီး။ နမူနာ အနေနဲ့ Amazon တို့ ထိုင်းဘက်က နံမည်ကြီးတဲ့ eCommerce Website တွေ Local မှာဆိုရင် shop.com.mm လိုမျိုးပေါ့။​ဒါမျိုး တစ်ခွန်းပဲ ပြောကြတယ်။

Resources

https://www.freecodecamp.org/news/freelance-web-developer-guide/

#Softwareတခုဘယ်လိုရေးကြလဲ? အပိုင်း ၁

လူတော်တော်များများကတော့ software ရေးတယ်ဆိုတာ ရုပ်ရှင်တွေထဲကလို computer ရှေ့ထိုင်ပြီး keyboard ကိုတဖြောင်းဖြောင်းရိုက်ပြီး code ရေးကြတယ်ထင်ကြတယ်။တကယ်တန်းတော့တချိန်လုံး code ပဲထိုင်မရေးရပါဘူး။ coding က project တခုလုံးရဲ့ software process တွေထဲက အဆင့်တဆင့်ပါပဲ။ အဲ့တော့ software process ဆိုတာဘာလဲ? software process ဆိုတာက Software တစ်ခုစရေးမယ်လို့ဆုံးဖြတ်တဲ့အချိန်ကနေစပြီး ဈေးကွက်ထဲရောက်တဲ့အထိကြားထဲမှာ လုပ်ရတဲ့ လုပ်ဆောင်ချက်အဆင့်ဆင့်ကို ပြောတာပါ။ software process တွေကအများကြီးထဲက အခြေခံအကျဆုံးအချက်တချို့ကို ပြောပြပေးပါမယ်။

ပထမဆုံးလုပ်ရတာက Software specification လို့ခေါ်တယ်။ ဒီ software မှာ ဘယ်လိုလုပ်ဆောင်ချက်တွေထည့်မယ်….ပြဿနာတွေကဘာတွေရှိလဲ…ဘတ်ဂျက်ဘယ်လောက်သုံးမလဲ version 1 မှာဘာရေးမယ် version 2 မှာဘာတွေထပ်လုပ်မယ် စသဖြင့်ပေါ့။အဲ့ကနေဘာထွက်လာမလဲဆိုတော့ ဒီ software မှာဘာတွေပါမလဲ ဘာလုပ်ရမလဲ သိလာလိမ့်မယ်။ဒီအဆင့်ကတော်တော်အရေးကြီးပါတယ်။ specification သေချာမလုပ်ခဲ့ရင် client (software အပ်တဲ့သူ) ဖြစ်ချင်တာတခြား ထွက်လာတဲ့ software ကတခြား စသဖြင့်ပြဿနာပေါင်းစုံကြုံတွေ့ရနိုင်ပါတယ်။

နောက်တဆင့်က design & implementation ။ software developement လို့လည်းခေါ်ကြတယ်။ software ကို တကယ်ရေးရမယ့်အပိုင်းတွေပေါ့။ design ဆိုတဲ့နေရာမှာ UI/UX design လေးပဲမဟုတ်ဘူး။ frontend မှာ ဘာ languange သုံးမယ် backend က ဘာသုံးမယ် mobile မှာရော android သီးသန့် ios သီးသန့် ရေးမှာလား corss-platform တွေသုံးရေးမှာလား … server architecture ကရော user တွေသန်းချီသုံးလာရင်အလွယ်တကူချဲ့လို့ရမှာလား…အဲ့ဒါတွေကအစ ပြင်ဆင်ရတယ်။design ပြီးရင် project တဝက် ပြီးပြီလို့တောင်တင်စားရလောက်အောင်သူကအရေးပါ ပါတယ်။design ကောင်းရင် ရေးမယ့် developer တွေ ကော်ဖီလေးသောက်လိုက် တော်ကီဖုတ်လိုက်နဲ့ သာသာယာယာ ရေးရုံပါပဲ : ) ။ UI design prototype တွေ client ကိုပြီး သူလိုချင်တာဟုတ်မဟုတ်ချိန်ကိုက်လို့လည်းရတယ်။ client နဲ့ကိုယ်နဲ့နားလည်မှုလွဲတဲ့ ပြဿနာတွေကိုဒီအဆင့်မှာပြန်ပြင်လို့ရတယ်။ implementation ကတော့ design အတိုင်းထွက်လာအောင် တည်ဆောက်ရတာတွေပေါ့။ အဲ့မှာဘာတွေပါမလဲဆိုတော့ အဖွဲ့လိုက်ရေးရတာဆိုတော့ တယောက်နဲ့တယောက် code ပေါင်းတာတွေအတွက် version control system တွေ တယောက်နဲ့တယောက် task assign ချတာတွေ တက်လာတဲ့ error တွေကိုလည်း စနစ်တကျ database ဆောက်ပြီးမှတ်ထားဖို့ error management တွေ mobile team နဲ့ချိတ်ဆက်ဖို့ api documentation တွေလုပ်ရတာတွေ စသဖြင့်အများကြီးရှိပါတယ်။ (နောက်ပိုင်း တခုချင်းစီ အသေးစိတ်ဆက်ရေးပေးပါမယ်)

အခုအဆင့်နှစ်ဆင့်ပြီးတဲ့အချိန်မှာ software က ရေးပြီးတဲ့အနေအထားရောက်သွားပြီ။အဲ့တော့ ပြီးပြီဟေ့ဆိုပြီး တခါတည်းတန်းသုံးလို့မရဘူး။ testing လုပ်ရတယ် device မျိုးစုံ လူမျိုးစုံနဲ့ testing လုပ်ရတယ်။ တချို့ company တွေဆို testing team သီးသန့်ရှိတယ်။ developer ကိုယ်တိုင် testing လုပ်လို့မရဘူး။ ဘာလို့လဲဆိုတော့ သူရေးထားတာဆိုတော့ သူ့မသိစိတ်မှာကိုက error မတက်အောင် ကျော်ခွပြီး စမ်းမိသွားတတ်တယ် : ) software ကဘာ error မှမရှိတော့ဘူးဆိုရင် client လိုချင်တဲ့အတိုင်းဟုတ်မဟုတ် ပြန်စီစစ်ပေးရတယ်။ ဘာလို့လဲဆိုတော့ လိုချင်တာတခြား နားလည်မှုလွဲပြီး လုပ်လိုက်တာတခြား ဖြစ်နေတတ်တယ်။client ကိုယ်တိုင်ကလည်း အစကတည်းက သူ့ဟာသူဘာလိုချင်မှန်းရေရေရာရာပြောနိုင်တဲ့သူကခပ်ရှားရှားရယ် : ) ဒီအဆင့်ကို Software validation လုပ်တယ်လို့ခေါ်တယ်။

Client ကလည်း အိုကေပြီဆိုရင် production ကိုသွားလို့ရပြီ။အဲ့ခါမှဇာတ်လမ်းစတာပဲ ကျောင်းတွေမှာ project လုပ်ရင် project ပြီးလို့ presentation ပြီးတာနဲ့ ရင်ထဲအလုံးကြီးကျ အေးချမ်းသွားတာ ဘာမှလုပ်စရာမလိုတော့ဘူးလေ။ အခု real world မှာတော့ production စပြီဆိုမှ project စတယ်လို့ပြောရမယ် user မျိုးစုံသုံးတဲ့အခါ error မျိုးစုံတက်လာလိမ့်မယ်။software bug တွေပေါ့။ အဲ့ error တွေထိုင်ရှင်းရမယ်။ ပြီးရင် user လိုအပ်ချက်တွေလိုက်ရေး လိုက်ပြင် ပေးရမယ်။ ဟုတ်တယ် ဒီအချိန်မှာ ငါရေးတာအမှန်လုပ်လို့မရဘူး… user အဆင်မပြေရင် မပြေဘူးမှတ်ပြီး လိုက်ပြင်တော့ပဲ။အဲ့ဒါကြောင့်ပဲ software တခုက version 1,2,3 တွေထွက်လာတာ။ facebook ဆို ခဏခဏ version အသစ်ထွက်တယ်။ ဒီ အဆင့်ကိုက software evolution လို့ခေါ်တယ်။ နောက် article မှာ software process model တွေအကြောင်းရှင်းပြပါမယ်။

HR Software တွေကိုရွေးချယ်ရတာက နည်းနည်းတော့ လန့်စရာကောင်းပါတယ်။ Software တွေမှာတော့ လုပ်ငန်းအတွက် အသုံးတည့်မည့် လုပ်ဆောင်ချက်တွေ အများကြီးပါဝင်နေမှာ ဖြစ်ပါတယ်။ ဒီလိုရွေးချယ်စရာများတဲ့ထဲကနေ ရွေးရလွယ်ကူစေမယ့် အချက်အလက်တွေကို မြင်သာအောင်ဖော်ပြပေးလိုက်ပါတယ်။

(၁) ကိုယ်လုပ်နေတဲ့လုပ်ငန်းက ဘာလိုအပ်နေတာလဲ?

HR Software တွေရဲ့ ရည်ရွယ်ချက်ကတော့ ဝန်ထမ်းတွေအတွက်အသုံးပြုတဲ့ အသုံးစရိတ်နဲ့ ကြီးကြပ်အုပ်ချုပ်ရတဲ့အပိုင်းတွေကို လျှော့ချဖို့ဖြစ်ပါတယ်။ ဒီလိုလုပ်တာတွေက ဝန်ထမ်းအသစ်ခန့်အပ်တာတွေ ပြင်ပနဲ့လဲ အဆက်အသွယ်မပြတ်ရှိစေပြီးတော့ လုပ်ငန်းကိုအရင်ထက် ပိုပြီးခိုင်ခိုင်မာမာ လည်ပတ်လာစေပါတယ်။

Software တွေကိုနှိုင်းယှဉ်လိုက်တဲ့အခါမှာတော့ လုပ်ဆောင်ချက်တွေက သိသိသာသာ ကောင်းနေတာကို တွေ့ရမှာပါ။ ကိုယ်ရဲ့လုပ်ငန်းကပဲ ကြီးသလားး (ဒါမှမဟုတ်) လုပ်ငန်းအတွက် များပြားလှတဲ့ Software Package တွေကို အသုံးပြုဖို့လောက်အထိကော ကြီးမားနေသလားဆိုတာကို စဉ်းစားသင့်ပါတယ်။

Software ကောင်းကောင်းတစ်ခုနဲ့ အလိုအလျောက်ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ကိစ္စတွေကို လုပ်ဖို့အတွက် ဝန်ထမ်းသီးသန့်မခန့်ပါနဲ့တော့။

ကိုယ်အသုံးပြုမယ့်ငွေပမာဏနဲ့ ကိုယ်ဘာပြန်ရချင်တာလဲဆိုတာကို သေချာအောင်လုပ်ထားတာကောင်းပါတယ်။ ရွေးချယ်လိုက်မယ့် Package ဟာ တစ်ကယ်တန်းကုန်ကျမယ့်စရိတ်ထက် ငွေကြေးအကုန်အကျ သက်သာသင့်ပါတယ်။

(၂) ဘယ်လိုလုပ်ဆောင်မှုတွေက အရေးပါနေတာလဲ?

လုပ်ဆောင်မှုလိုအပ်ချက်တွေများပြားနေတာက ကြီးကြပ်အုပ်ချုပ်ရေးနဲ့ပက်သက်ပြီး စိတ်ပျက်စရာကောင်းတဲ့ အကြီးမားဆုံးပြဿနာတွေ ဖြစ်ပါတယ်။ လုပ်ငန်းရဲ့ HR ပိုင်းတွေမှာ မသပ်မရပ်နဲ့လိုအပ်ချက်ရှိနေတာတွေကို ဖြေရှင်းဖို့အတွက် Software Package တစ်ခုလိုပါတယ်။ ဝန်ထမ်းတွေနဲ့တိုင်ပင်ပြီးတော့ ဘယ်လိုလုပ်ဆောင်ချက်ပါတာတွေက လုပ်ငန်းအတွက် အကျိုးရှိမယ်ဆိုတာကို ဆုံးဖြတ်သင့်ပါတယ်။

ဝန်ထမ်းအသစ်စုဆောင်းတာနဲ့ သူလုပ်ရမယ့်အလုပ်တွေကိုသင်ပြပေးရတာတွေက ပုံမှန်လုပ်ရတာတွေ ဖြစ်ပေမယ့် လုပ်ခလစာပေးတဲ့ လုပ်ဆောင်ချက်အတွက်ကိုတော့ ထည့်စဉ်းစားသင့်ပါတယ်။ ပုံမှန်လုပ်ဆောင်မှုတွေပဲလား အဆင့်မြင့်ထားတဲ့လုပ်ဆောင်ချက်တွေလား? လုပ်ငန်းဌာနတွေတစ်ခုတစ်စည်းထဲ လုပ်ကိုင်နိုင်တာက HR Software တွေရဲ့ အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။

စီစဉ်စစ်ဆေးမှုတွေ ဘယ်လောက်အထိလုပ်ချင်တာလဲ? Software Platform တော်တော်များမျာဟာ ဝန်ထမ်းတစ်ယောက်ရဲ့ တစ်ဘဝလုံးဖြတ်သန်းခဲ့တာတွေကို စုံစမ်းပေးနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ကလုပ်ငန်းအသေးစားလုပ်ကိုင်နေတဲ့သူ ဆိုရင်တော့ ဒီလိုလုပ်ဆောင်ချက်ကို လိုအပ်မှာ မဟုတ်ပါဘူး။

တစ်ချို့ Package တွေမှာတော့ Customer Service Agent တွေနဲ့ နည်းပညာရှင်တွေရဲ့ အထောက်အပံ့တွေလဲ ပါပါသေးတယ်။ လုပ်ငန်းကြီးကြီးမားမားလုပ်နေတဲ့သူ ဆိုရင်တော့ အတော်လေးအသုံးဝင်တယ်လို့ ပြောလို့ရပါတယ်။

(၃) စတင်အသုံးပြုနိုင်ဖို့အတွက် အချိန်ဘယ်လောက်ကြာမလဲ?

တစ်ချို့ Software လုပ်ဆောင်မှုပုံစံတွေဟာ ဝန်ထမ်းတွေကောင်းကောင်းအသုံးချနိုင်ဖို့အတွက် လတော်တော်ကြာအောင် အချိန်ပေးရပါတယ်။ တစ်ချို့ကျတော့လည်း ရက်သတ္တပတ် နည်းနည်းပဲအချိန်ပေးရပါတယ်။

ဒီလိုကြန့်ကြာမှုတွေကို လုပ်ဆောင်နိုင်မလားဆိုတာကိုလည်း စဉ်းစားမိဖို့လိုအပ်ပါတယ်။ ပေးရမယ့်အချိန်ကအရမ်းကြာနေမယ်ဆိုရင်တော့ Basic Package လောက်ကို အရင်သုံးတာကောင်းပါတယ်။ ဝန်ထမ်းတွေမြန်မြန်တတ်လွယ်မယ့် Package မျိုး အချိန်မရွေးအဆင့်မြင့်လို့ရမယ့် Package မျိုးကို စသုံးသင့်ပါတယ်။

ကိုယ်ရွေးချယ်လိုက်တဲ့ Software ကိုဝန်ထမ်းတွေဘက်ကလဲ အသုံးပြုဖို့အဆင်သင့်ဖြစ် မဖြစ် စဉ်းစားပါ။ လုပ်ဆောင်ချက်တွေနဲ့ ဌာနတွေပေါင်းပြီး အလုပ်လုပ်ရတာ အကျိုးသက်ရောက်မှုတွေကော ရှိရဲ့လား? အလိုအလျောက်အလုပ်လုပ်တဲ့စနစ်တွေနဲ့ အလုပ်လုပ်ဖို့ ဒီနယ်ပယ်ကကော အဆင်သင့်ဖြစ်ပြီလား? အကယ်၍ဒီလိုတွေ မဖြစ်သေးဘူးဆိုရင်တော့ Software Package တွေရဲ့ အကျိုးရလာဒ်တွေကို ပြည့်ပြည့်ဝဝ ခံစား သိနိုင်ဦးမှာ မဟုတ်ပါဘူး။

(၄) ဘယ်သူက ပြင်ဆင်ထိန်းချုပ်ပိုင်ခွင့်ရှိမလဲ?

ဝန်ထမ်းတွေကိုပဲ အချက်အလက်တွေ ကိုယ်တိုင်ထည့်ခိုင်းမလား ဒါမှမဟုတ် ဌာနချုပ်ကပဲ ကိုင်တွယ်ပြီး လုပ်ပေးမလားဆိုတာကို ဆုံးဖြတ်ဖို့ လိုပါတယ်။ နည်းလမ်းနှစ်မျိုးလုံးမှာတော့ ကောင်းကျိုး ဆိုးကျိုး ရှိပြီးသားပါ။

ဝန်ထမ်းတွေက သူတို့ရဲ့အချက်အလက်တွေကို ကိုယ်တိုင်ထည့်ရမယ်ဆိုရင်တော့ အုပ်ချုပ်ရတဲ့အပိုင်းမှာတော့ အလုပ်တွေလျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝန်ထမ်းတစ်ယောက်ချင်းစီအတွက်တော့ လေ့ကျင့်ပေးဖို့လိုမှာ ဖြစ်ပါတယ်။ ဒီအတွက် အချက်အလက်တွေမှန်ကန်ရဲ့လားဆိုတာကို စစ်ဆေးဖို့စနစ်တစ်ခုကလဲ ထပ်ပြီးလိုအပ်လာမှာ ဖြစ်ပါတယ်။

ဌာနချုပ်ကပဲ ဒီအချက်အလက်တွေကိုကိုင်တွယ်ဖြေရှင်းပေးမယ်ဆိုရင်တော့ သူတို့ကပိုပြီးတော့ ကျွမ်းကျင်လာကြမှာ ဖြစ်ပါတယ်။ HR လုပ်ငန်းစဉ်တွေကိုလည်း အရှိန်မြှင့်ပြီးလုပ်ဆောင်နိုင်မှာပါ။ ဒါပေမယ့် Operation ပိုင်းမှာတော့ အားနည်းချက်တွေ ဖြစ်ပေါ်လာနိုင်မှာပဲ ဖြစ်ပါတယ်။

(၅) အနာဂတ်ကာလမှာ လုပ်ငန်းအတွက် အထောက်အကူပြုပေးနိုင်မလား?

HR Software က လုပ်ငန်းတွေမှာအသုံးပြုတဲ့ နည်းပညာစံနှုန်းနဲ့ကိုက်ညီပြီး စုံလင်နေရပါမယ်။ Standard Package မှာဘာတွေပါဝင်မယ်ဆိုတာကို လေ့လာကြည့်ပြီးတော့ ဘယ်လိုလုပ်ဆောင်ချက်တွေကို ထပ်ထည့်လို့ရတယ်ဆိုတာကို သိသားသင့်ပါတယ်။

လုပ်ငန်းရဲ့ တိုးတက်လာတာတွေပေါ်မူတည်ပြီးတော့ လိုအပ်ချက်တွေကလဲ အမျိုးမျိုးရှိလာမှာ ဖြစ်ပါတယ်။ အသေးစားလုပ်ငန်းက လုပ်ဆောင်ချက်နည်းနည်းပဲ လိုအပ်မှာ ဖြစ်ပြီးတော့ လုပ်ငန်းကိုချဲ့ထွင်ဖို့အထိ စိတ်ကူးထားရင်တော့ လုပ်ငန်းနဲ့အတူ ရေရှည်ထိတိုးတက်ပြောင်းလဲပေးနိုင်တဲ့ Software Package တစ်ခု လိုအပ်မှာ ဖြစ်ပါတယ်။

လုပ်ငန်းကြီးကြီးမားမားတွေအတွက်တော့ ပိုခေတ်မှီကောင်းမွန်တဲ့ Software Package ကိုလိုအပ်မှာ ဖြစ်ပါတယ်။ အနာဂတ်ကာလမှာ အလုပ်ဆောင်ချက်အသစ်တွေကို လိုအပ်လို့ထည့်သွင်းတဲ့အခါ အချိန်ကြန့်ကြာမှုတွေကို မဖြစ်ချင်တာတော့ သေချာပါတယ်။

ဥပဒေနဲ့ပက်သက်ပြီးတော့လည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါသေးတယ်။ စည်းမျဉ်းစည်းကမ်းတွေပြောင်းလဲသွားတာနဲ့ စောင့်ကြည့်စစ်ဆေးဖို့ ဒါမှမဟုတ် ဒဏ်ကြေးတွေအတွက် လုပ်ဆောင်နိုင်ဖို့လည်း လိုအပ်ပါသေးတးယ်။ Software ကဥပဒေနဲ့ညိစွန်းတဲ့အကြောင်းအရာတွေကနေလည်း ရှောင်ရှားနိုင်ဖို့အတွက် ပြည့်စုံနေရပါမယ်။

(၆) ဒီ Software က လုံခြုံစိတ်ချမှုကော ရှိလား?

အချက်အလက်ခိုးယူခြင်းက လက်ရှိကာလမှာ အဓိကပြဿနာတစ်ခု ဖြစ်ပါတယ်။ ဘယ် Software ကိုပဲရွေးရွေး ဝန်ထမ်းတွေနဲ့ ကုမ္ပဏီရဲ့ အချက်အလက်တွေကို ကာကွယ်နိုင်ဖို့ လိုအပ်ပါတယ်။

လိုအပ်တဲ့ လုံခြံရေးလုပ်ဆောင်ချက်တွေက ကိုအသုံးပြုနေတဲ့ Platform အမျိုးအစားပေါ်မှာမူတည်ပါတယ်။ Clous-based Software တွေကိုအသုံးပြုမလား Local Installation ပြုလုပ်တဲ့ စနစ်ကိုပဲသုံးမလားဆိုပြီး ရွေးချယ်စရာ ရှိပါတယ်။

Cloud-based Software တွေကတော့ အမြဲတမ်း up to date ဖြစ်နေမှာမှန်ပေမယ့် အချက်အလက်ခိုးယူဖို့အတွက် ဖြစ်နိုင်ချေအများဆုံးပဲ ဖြစ်ပါတယ်။ Local Installation အမျိုးအစားကတော့ အသုံးပြုနိုင်မယ့်သူကို ကန့်သတ်ထားနိုင်ပေမယ့် ကိုယ်တိုင် Update တင်ပေးနေဖို့တော့ လိုအပ်ပါတယ်။

ဒီလိုအချိန်မှာတော့ အသုံးပြုသူတွေအတွက် အဆင်ပြေစေပြီးတော့ လုံခြုံစိတ်ချရတဲ့ HR Cloud Software တစ်ခုဖြစ်တဲ့ JustLogin ကို အသုံးပြုကြည့်ဖို့ ပြောချင်ပါတယ်။

သင့် Company မှာ CRM သုံးဖို့ လိုအပ်နေတဲ့ အချက် ၇ ချက် Updated: Sep 29, 2021

သင့် Company မှာ CRM သုံးဖို့ လိုအပ်နေတဲ့ အချက် ၇ ချက်

သင့်ရဲ့ Company မှာ CRM Software တွေ ဘာလို့လိုအပ်လဲ?ကိုပြောင်းလဲခြင်းက အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်အထူးသဖြင့် အဲ့လိုပြောင်းလဲဖို့ ငွေကြေးနဲ့ပက်သက်ပြီး ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တဲ့အခါမျိုးတွေမှာပေါ့။

ဒါဆို CRM Software တွေကိုကော သင့်ရဲ့ လုပ်ငန်းတွေ အတွက်အသုံးပြုဖို့ စဥ်းစားမိဖူးလား? CRM Software တစ်ခုမှာ ရင်းနှီးမြှုပ်နှံလိုက်ခြင်းဖြင့် သင့်ရဲ့ sales, marketing နဲ့ workflow တွေ အပေါ်ဘယ်လိုသက်ရောက်မှုတွေရှိလာမလဲ? ရလာဒ်တွေကို မြင်ရဖို့ ဘယ်လောက်ကြာနိုင်မလဲ? စတဲ့ အရာတွေကို တွေးနေမိပြီလား?

ဘယ်လိုအချိန်တွေမှာ ကိုယ့်လုပ်ငန်းအတွက် CRM Software တွေကိုသုံးဖို့လိုအပ်နေပြီဆိုတာကိုတော့ အောက်ကအချက်တွေကပြောပြပေးနိုင်ပါတယ်။

၁။ သင့်လုပ်ငန်းရဲ့ Efficiency ကျနေခြင်း Manual Process တွေဖြစ်တဲ့ Excel sheet တွေ စာရွက်တွေနဲ့လုပ်ခြင်းက အချိန်ကို ပိုကုန်စေပြီး အလုပ်မတွင်စေပါဘူး။ CRM ကို အစားထိုးလိုက်ခြင်းဖြင့် Data Entry အပါအ၀င် တခြား ထပ်ခါထပ်ခါ လုပ်နေရတဲ့အလုပ်တွေ Internal Team အတွက် communication တွေနဲ့ ကိုယ်ရဲ့ customer တွေရယ်ကြားက communication တွေကို တစ်နေရာထဲမှာ Automatic လုပ်ပေးတာ ဖြစ်တာကြောင့် အချိန်ကုန်သက်သာပြီး အလုပ်လုပ်ရလွယ်ကူစေပါတယ်။ ဒါတင်မကပဲ Sales နဲ့ပက်သက်ရင် Sales Person တစ်ယောက်ကို 41% higher Revenue ထိရစေပါတယ်

၂။ မတူညီတဲ့ Department တွေက ပူးပေါင်းလုပ်ဆောင်မှု လျော့နည်းနေခြင်း

တစ်ခါတစ်လေ ကိုယ့် business မှာရှိတဲ့ Department အသီးသီးက အလုပ်တွေများတာကြောင့် နေ့စဥ် အလုပ်ထဲမှာပဲနစ်ပြီး Department တစ်ခုနဲ့တစ်ခု ဆက်သွယ်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဒီလို internal communication မရှိခြင်းဟာလည်း ကိုယ့် ရဲ့ customer သို့မဟုတ် Client တွေနဲ့ ပြန်လည် ဆက်သွယ်တာအခါမှာ ဘာလုပ်ရမှန်းမသိတာတွေ miscommunication တွေဖြစ်လေ့ရှိကြပါတယ်။

ဒါပေမယ့် CRM ကိုသုံးခြင်းအားဖြင့် Client တွေ customer တွေရဲ့ လိုအပ်ချက်တွေ Status တွေကို Department အကုန်လုံးက မြင်တွေ့နေရတာကြောင့် communication မရှိလို့ ဖြစ်ရတဲ့ပြဿနာတွေကို လျော့ချပေးနိုင်ပါတယ်။

၃။ ကိုယ့်လုပ်ငန်းအတွင်းမှာ ကိစ္စတစ်ခု ဖြစ်လာလျှင် တာ၀န်ခံမှု လျော့နည်းနေခြင်း

တချို့နေရာတွေမှာ Salesperson တွေကပဲဖြစ်ဖြစ် ကိုယ့် customer နဲ့ ပက်သက်လာရင် customer complain တွေ အဆင်မပြေတာတွေက တခြား Department ဒါမှမဟုတ် customer service ရဲ့ တာ၀န်ဆိုပြီး ရှောင်ပြောတာမျိုး ဘယ်သူကလုပ်ခဲ့လို့ ဘယ်သူ့ကိုတာ၀န်ယူပြီး ဖြေရှင်းခိုင်းရမလဲ မသိတာမျိုးတွေရှိတတ်ပါတယ်။

ဒီလို အချိန်မှာ CRM software က customer တွေနဲ့ပက်သက်လို့ Centralized database လိုမျိုး data တွေအကုန်ရှိနေတာကြောင့် ဘယ်သူက ဘယ်အချိန်မှာ ဘယ် customer နဲ့ဆက်သွယ်ရမယ်ဆိုပြီး Data နဲ့အတိအကျ ရုပ်လုံးတစ်ခုကိုပေးနိုင်မှာဖြစ်ပါတယ်။

၄။ Data Analysis မလုပ်နိုင်ခြင်း

ကိုယ့်ရဲ့ customer ကို ကောင်းကောင်း service ပေးချင်ရင် ကိုယ့် customer အကြောင်းကို သေချာသိထားဖို့လိုအပ်ပါတယ်။ အဲ့ဒီ့အချိန်မှာ အလိုအပ်ဆုံးက Data ပါပဲ ။ Data များများရှိလေလေ customer ကို care လုပ်ရတာပိုလိုလေပါပဲ။

CRM က data Reporting တွေ Analysis တွေလုပ်ဖို့ ကူညီပေးရုံမက customer တွေရဲ့ အကြိုက်တွေ အပြုအမူတွေ ဘယ်လို communication လုပ်ရမလဲဆိုတာတွေကိုပါ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ဒီ data တွေနဲ့ ကိုယ့်ရဲ့ customer တွေကို Retargeting တွေ marketing ပြန်လုပ်တာတွေ စတာတွေအတွက်လည်း CRM နဲ့လုပ်နိုင်ပါတယ်။

၅။ Customer Satisfaction လျော့နည်းနေခြင်း

Customer complain များလာတာ customer တွေမပျော်ရွှင်တာစတာတွေဟာ လုပ်ငန်းအတွက် အကြီးမားဆုံး ဆုံးရှံးမှုဖြစ်သလို solution ရှာရမယ့် အရာတစ်ခုပါပဲ။

ဒီဟာကိို ဖြေရှင်းဖို့ဆိုရင် CRM နဲ့ customer relationship management ကိုပြုလုပ်နိုင်ပါတယ်။ ဥပမာ အားဖြင့် ဘယ် customer က ဘယ်လို channel နဲ့ communicate သွားလုပ်ရင် အလုပ်တွေမြန်မြန်ပြီးပြီး ပိုအဆင်ပြေနိုင်မလဲ ဘယ် customer က ဘယ်နေရာမှာ မကြိုက်တဲ့အချက်တွေများနေတာလဲ စတာတွေကို CRM တွေက ပိုမို ကူညီပေးနိုင်ပါတယ်။ Customer တွေရဲ့ Pain point တွေ အဆင်မပြေတာတွေကို သိပြီဆိုတာနဲ့ ကိုယ့် customer ကို upsell လုပ်သင့်လား ဘယ်လို service တွေ ပိုပေးသင့်လဲစသဖြင့် ပြန်ပြီး CRM နဲ့ ပိုင်းခြားလို့ရပါတယ်။

၆။ Sales ရဖို့ အခွင့်အလမ်းတွေ မကြာခဏလက်လွှတ်လိုက်ရတာ

Sales Lead တွေကို manual အတိုင်းလိုက်နေမယ်ဆိုရင် တိတိကျကျ သေချာတဲ့ data တွေမရှိပဲ ကြားထဲမှာ လွတ်သွားတတ်ပါတယ်။ ဒီလိုအချိန်မှာ CRM software က sales တွေမလွတ်သွားအောင် သတိပေးနိုင်တဲ့အပြင် potential customer တွေကို Care လုပ်ပြီး Relationship တည်ဆောက်ဖို့ပါ အထောက်အကူပေးနိုင်ပါတယ်။

ဒါ့အပြင် ကိုယ့်ရဲ့ မတူညီတဲ့ client ပုံစံတွေအလိုက် Audience တွေလည်းခွဲနိုင်ပါတယ်။ ဥပမာ ဒီ lead ကတော့ follow up လိုက်ရမယ့်သူတွေ။ ဒီ lead ကတော့ Company profile ပို့ရမယ်/ webinar info ပို့ရမယ် စသဖြင့် Audience တွေအလိုက် tag တွေခွဲနိုင်တာကြောင့် sales လွတ်သွားမှာလည်းစိတ်ပူစရာမလိုတော့ပါဘူး။

၇။ ကိုယ့်လုပ်ငန်းက တိုးတက်နှုန်းမြန်လာခြင်း

လုပ်ငန်းသေးတွေလည်း တဖြေးဖြေးချင်း business size ကို ချဲ့ချင်တဲ့အခါ CRM ကို သုံးဖို့လိုအပ်ပါတယ်။ CRM software tool တွေက အရမ်းများတာကြောင့် ဘယ် tool ကို သုံးရမလဲဆိုတာကတော့ ကိုယ့်မှာရှိတဲ ၀န်ထမ်းအရေအတွက် နဲ့ client အရေအတွက်ပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။ CRM မှာလည်း Pricing model တွေရှိတာကြောင့် ကိုယ့်လုပ်ငန်း growth ဖြစ်ရင်ဖြစ်သလို CRM ကိုလည်း ပို Growth လုပ်ပြီးသုံးနိုင်ပါတယ်။ CRM သုံးခြင်းဖြင့်. Manual လုပ်နေရတဲ့ အလုပ်တွေကို လျော့ချနိုင်ပြီး Internal communication, client communication တွေကို ပိုပြီး ကောင်းမွန်စေပါတယ်။ ကိုယ့်မှာရှိတဲ့ CRM ထဲက Data တွေအလိုက် ကိုယ့်ရဲ့ customer တွေက ဘယ်လိုလူမျိုးတွေများလဲ? သူတို့ကို ဘယ်လို marketing တွေ sales tatic တွေသုံးသင့်လဲ ဘယ်လို campaign တွေနဲ့ ဆွဲဆောင်မလဲ ဆိုတဲ့ Actionable Plan အဖြစ်ပြန်လည်အသုံးပြုနိုင်အောင် CRM က ကုညီပေးပါလိမ့်မယ်။

CRM နဲ့ပက်သက်ပြီး အကြံဉာဏ်ရယူလိုပါက Idea Planet Message box ကနေဆက်သွယ်နိုင်ပါပြီ။

Written on June 21, 2023