Why I love pixel

Auto Suggestions

ညနေ လေးနာရီတိုင်း ပြေးတယ်။ ပြေးတဲ့အချိန်တိုင်း Youtube ကနေ သီချင်းဖွင့်ထားတယ်။ တစ်ပတ်လောက်ပြေးပြီးတဲ့ နောက်မှာ ညနေ လေးနာရီဆိုတာနဲ့ Youtube App က Home Page မှာ ပြနေပြီ။

Always Listening

သီချင်းနာမည်တွေ။ အနားမှာ Ringtone မြည်လာရင်တောင် သီချင်းနာမည်ကို ပြောနိုင်တယ်။​ The point is it work in offline.

Ref; https://www.facebook.com/TechGadgetMM/posts/pfbid02cqzdPKHrbBWtRKUfTR5kBwtj2BcYotr5kDHx2ujqCaZbt4tX36PC2KYzeVpck7cbl

Pixel 3 Review

Google Pixel 3 : A Pixel from Google’s Bigger Picture.

Tech Gadget’s Imperfect In-Depth Reviews : Part - 11 @TechGadgetMM

Google Pixel - သို့မဟုတ် - Tech Gadget ဆိုတဲ့ Page တစ်ခုက Biased အဖြစ်ဆုံး စမတ်ဖုန်းတစ်ခု။ ဘာကြောင့် Biased ဖြစ်တယ်ဆိုတာတွေထက်၊ တခြား ယှဉ်ပြိုင်ဘက်ကောင်းတစ်ခုခုလို Page တစ်ခုခုက Compelling ဖြစ်လောက်စရာ Point Out ထောက်ပြနိုင်တဲ့ Review တစ်ခုမှမတွေ့ရသေးတဲ့ စမတ်ဖုန်းတစ်ခု… အဲ့တော့ ကျွန်တော်တို့ပဲ နောက်ထပ်တစ်ကြိမ် Google ရဲ့ တတိယမြောက် Pixel ဖုန်း - Google Pixel 3 ကို မသိတသိဉာဏ်တစ်ထွာနဲ့ Article ထပ်ရေးဖြစ်ပါတယ်။

အရင်ဆုံး စိတ်ထဲတွေးနေတဲ့အမေးတစ်ခုကို Article မစခင်အရင်ဖြေပါမယ် - Tech Gadget အနေနဲ့ Pixel 3 ကို အကောင်းပဲပြောမယ်ဆိုတဲ့ စိတ်နဲ့ စဖတ်မယ်၊ အခုအချိန်မှာ Article တက်နိုင်လောက်အောင် ရက်သတ္တပတ်များစွာ စမ်းသပ်ပြီး စာတစ်ကြောင်းချင်းစီကို ပေးချင်တဲ့ Emotion တစ်ခုချင်းစီရအောင် အပင်ပန်းခံထားတာကိုလည်း သေချာမဖတ်ပဲ အရင် Pixel Biased Page ဆိုပြီး အပြစ်ရှာဖို့ စိတ်ကူးနေပြီဆိုရင် အခုလှည့်ပြန်ပါ - Our Hard Work doesn’t DESERVE Your POOR SOUL.

Biased ဖြစ်တယ်ဆိုတာထက် သေချာပြောနိုင်တာတစ်ခုက ဒီ Pixel 3 Review က ကိုယ်တိုင်ဝယ်ပြီး Daily သုံးတဲ့ဖုန်းတစ်ခုဖြစ်သလို ပြောစရာတွေအများကြီးဖြစ်လာတဲ့ ဖုန်းတစ်ခုဖြစ်တဲ့အတွက် လက်ရှိရေးဖြစ်တဲ့ Article တွေထဲမှာ စိတ်အနှစ်ဖြစ်ဆုံး Article တစ်ခုဖြစ်လာပါတယ်။

So, shall we?

Article မစခင် ကြိုပြောရမှာ တစ်ခုရှိပါတယ် - ဒါကတော့ ပြီးခဲ့တဲ့ Review Article တွေကို ပြန်ကြည့်မယ်ဆိုရင် သတိထားမိကောင်းမိနိုင်ပေမယ့် In-Depth Review တွေကို ပုံစံပြောင်းပြီး ရေးဖြစ်နေပါတယ်။ ဒါက Tech Gadget ရဲ့ Style အသစ်ဖြစ်လာမှာဖြစ်သလို အခု Pixel 3 Review အတွက် အစမ်းသပ်ခံ Article Concept တွေလည်း ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအတွက် ဒီ Pixel 3 Article မှာ အရင်ဆုံး “As a Phone”, “As An Experience” နဲ့ သီးခြား Article တစ်ခုစီ ခွဲထုတ်လို့ရလာတဲ့ Separate Thoughts တွေ၊ နောက်ပြီး ကျွန်တော်တို့ရဲ့ အမြင်တွေ ဒါတွေအကုန်လုံးကို Arrangement တစ်ခုအတိုင်း ရေးသွားဖြစ်မှာပါ။ အတိုဆုံးပြောရရင် ရှည်မယ်၊ ရှုပ်မယ်၊ တချို့နေရာတွေမှာ It’s too much ဆိုပြီး နားချင်လာမယ်၊ ပြီးရင် စိတ်ထဲမှာ ဘာကိုဆိုလိုသလဲဆိုတာကို သိချင်လာတာတွေ၊ နောက်ဆုံး Frustrating ဖြစ်လာတဲ့အထိ ဖြစ်လာကောင်းဖြစ်လာနိုင်ပါတယ် - ပြောရရင် Tech Gadget က ရည်ရွယ်တဲ့ Audience တစ်ခုကိုပဲ Target ထားပြီး ရေးဖြစ်တဲ့ Article တစ်ခုဆိုတော့ Bear With Us - Feel free to leave your thoughts in comments.

Episode (1) ; Google Pixel 3 - As a Phone

Google Pixel 3 is Really Really A BAD PHONE - With No Excuses.

Google Pixel ဖုန်းတွေက စထွက်ထဲက ခေတ်နောက်ကျနေတဲ့ Design နဲ့ တခြားသော Android OEM တွေကနေ ခွဲထွက်နေကြပါ။ ဒါပေမယ့် အခုလိုမျိုး Android ဖုန်းတွေထဲမှာ အပြိုင်အဆိုင် အဖြစ်နိုင်ဆုံးနှစ်မှာ ဒီအချက်က တကယ်ကို ကြီးမားတဲ့အားနည်းချက်ဖြစ်လာပါတယ်။ Google Pixel 3 က ဖုန်းတစ်ခုအနေနဲ့ဆိုရင် မကောင်းတဲ့၊ မရွေးချယ်သင့်တဲ့ စမတ်ဖုန်းတစ်ခုပါ - ဒါပေမယ့် ဘာကြောင့်လဲ?

အရင်ဆုံး Display

Pixel 3 ရဲ့ Display Quality က အရင်တုန်းက Pixel 2 ၊ 2 XL ဖုန်းတွေနဲ့ တခြားစီဖြစ်သွားလောက်အောင် တိုးတက်လာတာပါ။ ဒါပေမယ့် 5.5” 18:9 Ratio Display ၊ Full HD+ Resolution ၊ Mediocre Brightness နဲ့ Bezels တွေက ဒီ Quality ပိုကောင်းလာတယ်ဆိုတာကို Cover လုပ်နိုင်လောက်အောင် အကြောင်းပြချက်ကောင်းမဟုတ်ပါဘူး။ ပိုပြီး ဆိုးသွားတာက Pixel 3 ရဲ့ Display Quality ကိုယ်တိုင်က Samsung Galaxy Note 9 နဲ့ iPhone XS Display တွေကို Naked Eyes နဲ့ ကြည့်ပြီး ပိုကောင်းတယ်မဟုတ်တောင် တူတူလောက်လို့ ပြောလို့မရတဲ့ တတိယနေရာမှာ ရှိနေတာပါ။

နောက်တစ်ခု Design

Google ရဲ့ Pixel Design Team က Front Panel နဲ့ Back Panel ကို တစ်ယောက်စီ Design ဆွဲသလိုဖြစ်နေပါတယ်။ ဒီတစ်ခါမှာ Pixel 3 ကို Just Black အစား Clearly White သုံးဖြစ်တယ်။ ဖုန်းကို ဘာမှမလုပ်ပဲ အနောက်ကနေ ကြည့်မယ်ဆိုရင် အခုလိုမျိုး ဖုန်းနောက်ဖက်မှာ Dual ၊ Triple ဒါမှမဟုတ် Quad Camera တွေနဲ့ Flash တွေ ရှုပ်ရှပ်ခတ်နေတာမျိုးမဟုတ်ပဲ သာမန် Single Camera နဲ့ Dual Tone White Design က ငေးနေချင်လောက်အောင်လှပါတယ်။ Back Design အရဆိုရင် ဒီ Pixel 3 က အလှဆုံးစမတ်ဖုန်းတစ်ခုထဲပါတယ်လို့တောင် ပြောရမှာပါ။

ဒါပေမယ့် Front Panel ကတော့ တခြားစီပါ - Apple က iPhone X ကို ၂၀၁၇ ထဲက ထုတ်ပြခဲ့ပေမယ့် Google က အခုထိ ၂၀၁၉ ထဲမှာပါ ယှဉ်ပြိုင်ရမယ့်ဖုန်းတစ်ခုကို Q1 2017 Design တစ်ခုလို လုပ်ခဲ့ပါတယ်။ 5.5” 18:9 Display ကို အပေါ်အောက်တော်တော်လေးကြီးတဲ့ ဘောင်တွေနဲ့ လုပ်ထားပြီးတော့ အခုလို ဘောင်တွေကြီးနေတာကိုလည်း Front Facing Dual Stereo Speaker နဲ့ Dual Front Camera ကြောင့် လက်ခံစေချင်တဲ့ပုံစံပါ - ဒါပေမယ့် No ပါ။ iPhone XS မှာလည်း Stereo Speaker နဲ့ Dual Front Camera (kinda) ပါ ပါတယ် - ဒါပေမယ့် Design ၂ ခုက Decade Different ဖြစ်နေပါပြီ။

ကျန်တာ Performance

Pixel 3 မှာ Qualcomm Snapdragon 845 Processor နဲ့ RAM 4GB ကို သုံးပေးထားတယ်။ အရင်ဆုံး လူတိုင်းအပြစ်ရှာမယ့် RAM 4GB ကိစ္စမပြောခင် Processor မှာလည်း Pixel 3 ရဲ့ Processor က ပုံမှန် Snapdragon 845 ရဲ့ Max Clock Speed ဖြစ်တဲ့ 2.8GHz နဲ့ Run တာမဟုတ်ပဲ Underclock လုပ်ထားတဲ့ 2.5GHz Speed နဲ့ပဲ Run တာပါ။ အဲ့တော့ နဂိုကမှ SD 835 ထက် 20% လောက်ပဲ ပိုသာတဲ့ SD 845 ကို Clock Speed 0.3GHz (300MHz) လောက် နုတ်ခံထားရတဲ့ Pixel 3 ရဲ့ RAW Performance က၂၀၁၇ က SD 835 ဖုန်းတွေထက် သိသိသာသာပိုမြန်တယ်လို့ကို မခံစားရတော့တာပါ - Benchmark တွေမှာလည်း သိပ်တောင်မကွာ။

နောက်ပြီး Elephant in a Room ဖြစ်နေတဲ့ RAM 4GB… အခု အချိန်အထိ သုံးနေဖြစ်သမျှ ကိစ္စတွေမှာ December Patch Update နောက်ပိုင်း RAM Issue မရှိတော့တာမှန်ပါတယ်။ ဒါပေမယ့် အရိုးသားဆုံးဖြေရရင် Underclock လုပ်ထားတဲ့၊ SD 835 ထက် သိသိသာသာမမြန်တဲ့ Processor နဲ့ RAM 4GB ပဲ ပါတဲ့ဖုန်းတစ်ခုကို နောက်ထပ် ၂ နှစ်၊ ၃ နှစ်အထိ ဆက်ပြီး မြန်မြန်ဆန်ဆန်သုံးနိုင်ပါ့မလားဆိုတဲ့ မေးခွန်းကို “Maybe NO” ဆိုပြီး ဖြေရုံကလွဲပြီး မရှိတော့သလိုဖြစ်နေပါတယ်။ တနည်း “သင်ဆိုရင်ရော Snapdragon 821 ဖုန်းတစ်ခုကို ၂၀၁၉ မှာ သုံးဖို့စိတ်ကူးဖြစ်ဦးမလားပေါ့… “

ဘာကြောင့်ဆိုတာတွေထဲက နောက်ဆုံးတစ်ခု… Battery

Google Pixel 3 မှာ 2915mAh Battery ပါတယ်၊ မနှစ်က Pixel 2 ရဲ့ 2700mAh Battery ထက် များလာတယ်ဆိုပေမယ့် ပုံမှန် 4/5 Hours OST Battery life ဆိုတာက ဒီနှစ် Galaxy Note 9 ရဲ့ 6/7 Hours OST ၊ Huawei Mate 20 Pro ရဲ့ 7/8 Hours OST တွေနဲ့ ယှဉ်မယ်ဆိုရင် ထက်ဝက်ညံ့နေတာပါ။ ဘယ်လိုပဲ Charging စနစ်ကို လက်ရှိမှာ Versatile အဖြစ်ဆုံး USB-PD 18W Charging ကို သုံးတယ်ဆိုပေမယ့် 2915mAh Battery ကို အားသွင်းချိန်က Huawei Mate 20 Pro ရဲ့ 4200mAh Battery ကို အားသွင်းတာထက် ကြာနေတယ်ဆိုတာက ဈေးနှုန်းတူဖုန်း ၂ ခုဖြစ်နေတဲ့အတွက် အားနည်းချက်ဖြစ်လာပြန်ပါတယ်။

မှန်တယ် - Pixel ဖုန်းဖြစ်နေတဲ့အတွက် Camera ကောင်းတယ် - တော်တော်ကိုကောင်းတယ်။ ဒါပေမယ့် Camera ဆိုတဲ့ အချက်တစ်ခုထဲက အခုပြောသွားတဲ့ သာမန်ဖုန်းတစ်ခုအတွက် အရေးအကြီးဆုံး Basic Elements တွေမှာ အားနည်းချက်ကို Cover up လုပ်နိုင်လောက်အားမကြီးပါဘူး။

အဲ့တော့ Google Pixel 3 ဟာ “As a Phone” “ဖုန်းတစ်လုံးအနေနဲ့” စာရွက်ပေါ်မှာရော၊ ဒီ Basic Factor တွေကိုပဲ ကြည့်ပြီး Review လုပ်… ဆုံးဖြတ်တတ်တဲ့ လိုက်ရှာစရာမလိုလောက်အောင် ပေါသောနေတဲ့ Article တွေ၊ Video တွေမှာ မကောင်းတဲ့၊ Recommend ပေးလို့မရတဲ့ စမတ်ဖုန်းတစ်ခုအဖြစ် ရပ်ပါတယ်။ ဒီ Conclusion နဲ့အတူ Tech Gadget ရဲ့ Basic Standpoint တစ်ခုကနေ ဘယ်တော့မှဆုံးဖြတ်လေ့မရှိတဲ့ Nonsense Specs-based Point-of-View Article တစ်ခု ရပ်ပါမယ်။

Why?

ကျွန်တော်တို့ အမြင်မှာ Google Pixel အပါအဝင် စမတ်ဖုန်းတိုင်းဟာ Specs-based ပြောသွားပြီး လူအထင်ကြီးနိုင်တဲ့ Numbers တွေ၊ Technology တွေပြောသွားတာအပြင် Experience ဆိုတဲ့ ဖုန်းကိုသုံးတဲ့အတွေ့အကြုံ၊ ခံစားမှုဆိုတာတွေကိုပါ ထည့်ပြီးပြောဖို့လိုတယ် - No, we just don’t mean Software Experience alone.

အထူးသဖြင့် Software Company ဖြစ်နေတဲ့ Google က ထုတ်တဲ့ဖုန်းဖြစ်နေတဲ့အတွက် Pixel 3 မှာ ဒီလာမယ့် “As an Experience” Section က ပိုအရေးကြီးလာပါတယ်။

Tech Gadget အနေနဲ့ ကြို Spoil ရရင် ဒီ Article Caption ကို “It’s NOT A PHONE” လို့ တပ်ချင်လောက်အောင် ဒီ Experience တွေက ဖြစ်စေခဲ့ပါတယ်။

Yes, Google Pixel 3 is Definitely NOT A PHONE for us.

Separate Thoughts #1 ; Pixel USB-C Earbuds

Google ကနေ Pixel 2 မှာ Headphone Jack ဖြုတ်ပြီး Pixel 3 မှာ USB-C Earbuds တစ်ခုကိုပါ ထည့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ပုံမှန် Earbuds လို့ခေါ်မယ့်အစား Pixel USB-C Earbuds ဆိုပြီး Pixel ဆိုတဲ့နာမည်ကို သီးသန့်ပေးခဲ့ပါတယ်။ ပြောချင်တာက ဒီ Bundled Earbuds ကိုယ်တိုင်က သီးခြား Pixel Product တစ်ခုပါ။

Pixel Product ဆိုတာက ဘာကိုပြောချင်တာလဲ?

အရင်ဆုံး လက်ရှိထုတ်ထားတဲ့ ဘယ်ဖုန်းပဲဖြစ်ဖြစ် Bundled Earphones တွေ၊ 3.5mm Earphones တွေက ဘာအတွက်သုံးနိုင်မလဲ? အဖြေက သီချင်းနားထောင်ဖို့၊ နောက်ပြီး တကယ်လို့ Mic Input ပါခဲ့ရင် ဖုန်းပြောဖို့ပါ။ ကျန်တာဆိုလို့ Middle Button ကို ဖိထားပြီး Voice Assistant ခေါ်နိုင်ကောင်း ခေါ်နိုင်မယ်။

ဒါပေမယ့် Pixel USB-C Earbuds က ကျွန်တော်တို့ အခုအချိန်အထိ နားထောင်ဖူးသမျှ Bundled Earbuds တွေရဲ့ Experience ကို ပြောင်းပြန်လှန်ပစ်လိုက်ပါတယ်။ No - Audio Quality မှာ ဒီ Earbuds တွေက Samsung ရဲ့ Bundled AKG Earphones နဲ့ မယှဉ်နိုင်ပါဘူး - Apple Earpods ထက် နည်းနည်းပိုကောင်းတယ်ဆိုတဲ့အဆင့်မှာပဲရှိပါတယ်။

It’s just so SMART!

Bundled Earbuds တစ်ခုက သုံးနေတဲ့အချိန်မှာ ခလုတ် ၁ချက်နှိပ်တာနဲ့ Notifications တွေဖတ်ပြမယ်၊ သီချင်းနားထောင်နေပြီး ဘယ်အချိန်လည်း သိဖို့ဖုန်းထုတ်စရာမလိုပဲ ခလုတ် ၁ ချက်နဲ့ သိနိုင်မယ်၊ Messages တွေဝင်နေရင် အသိပေးမယ်၊ Messenger လို Third-party Messaging Apps တွေက Messages ဝင်လာရင်တောင် ဖုန်းကို အိပ်ကပ်ထဲက ထုတ်စရာမလိုပဲ Reply ပြန်လို့ရမယ်၊ ရောက်နေတဲ့နေရာမှာ Traffic ဘယ်လောက်ရှိနေသလဲဆိုတာ ဖုန်းထုတ်စရာမလို၊ ရှိနေတဲ့နေရာပြောစရာမလိုပဲ မေးလို့ရမယ်၊ Apple Music လို Third-party Music Apps တွေက ကိုယ်ဖွင့်ချင်တဲ့ Album ဒါမှမဟုတ် Artist တစ်ခုကို ဖုန်းထုတ်စရာမလိုပဲ ဖွင့်ခိုင်းလို့ရတယ်၊ ကိုယ်သွားချင်တဲ့နေရာကို ရောက်ဖို့ ဘယ်လောက်ကြာမလဲဆိုတာကို တကယ့် Assistant တစ်ယောက်ကို မေးနေရသလို မေးလို့ရမယ်… ကျန်တဲ့ ကိုယ်စိတ်ကူးထဲရှိသမျှ၊ ဦးနှောက်ကတွေးနိုင်သမျှမေးခွန်းတွေကို ဖြေခိုင်းလို့ရမယ်။ နောက်ပြီး ဒါတွေအကုန်လုံးကို ဖုန်းကို အိပ်ထဲထည့်ထားတာမဟုတ်ပဲ ဖုန်းသုံးနေတုန်းခိုင်းမယ်ဆိုရင်တောင် ဖုန်း Display မှာ ဘာတစ်ခုမှ Interference ရှိမှာမဟုတ်၊ Noti တစ်ခုမှ ပေါ်မှာမဟုတ်ပါဘူး။

ပြောတာတွေများသွားတော့ Real Life တစ်ခုအနေနဲ့ ပြောကြည့်တာပေါ့။

ပုံမှန် Earphone တစ်ခုနဲ့ သီချင်းနားထောင်မယ်ဆိုရင် အရင်ဆုံးလုပ်မှာက Earphone ကို 3.5mm Port မှာ ထိုးမယ်၊ ပြီးရင် Music Player ကို ဖုန်းမှာဖွင့်ပြီး ကိုယ်ကြိုက်တဲ့ Playlist တစ်ခုနားထောင်မယ်။

Pixel USB-C Earbuds နဲ့သုံးမယ်ဆိုရင် ဘောင်းဘီအိပ်ထဲကတောင် Pixel 3 ကိုထုတ်စရာမလိုပဲ USB-C Port မှာ ထိုး၊ ပြီးတာနဲ့ Middle Button ကို ဖိထားပြီး “Play some music on Apple Music” လို Command ပြောလိုက်တာနဲ့ Apple Music က သီချင်းဖွင့်ပါပြီ။ ကိုယ်ပြောတဲ့ပေါ်မှုတည်ပြီး Artist ကို ရွေးတာ၊ Shuffle လုပ်ခိုင်း.. Repeat လုပ်ခိုင်းတာနဲ့ လုပ်နိုင်သမျှ Music Control တွေကို စကားပြောတာတစ်ခုထဲနဲ့ လုပ်ခိုင်းလို့ရပါတယ်။ ဒါက ထင်ထားတာထက်ပိုပြီး Effortless Experience တစ်ခုဖြစ်လာပါတယ်။

နောက် Scenario တစ်ခု။

ဒါက အမြဲဖြစ်နေကြတစ်ခုပါ - ဖုန်းနဲ့ သီချင်းနားထောင်နေတုန်း တစ်ယောက်ယောက်က Messenger ကနေ Message ပို့တယ်ဆိုရင် ဖုန်းတိုင်းလိုလိုမှာ Vibrate ဖြစ်တာမဟုတ်ရင် Noti သံ ကြားရတာကလွဲပြီး တခြားဘာမှမဖြစ်ပါဘူး။ အဲ့တော့ ဘာ Message လဲ၊ ဘယ်သူ့ဆီကလဲ သိချင်တယ်ဆိုရင် သီချင်းနားထောင်တဲ့ Experience အပျက်ခံပြီး ဖုန်းကိုထုတ်ကြည့်မှပဲရမှာပါ။

ဒါပေမယ့် Pixel USB-C Earbuds မှာ Noti ဝင်တယ်ဆိုရင် ၂ မျိုးပြောပါတယ် - Facebook ၊ Twitter နဲ့ တခြား App တွေက Noti ဆိုရင် သီချင်းသံတိုးသွားပြီး Noti သံကြားရမယ်၊ တကယ်လို့ Message ဝင်တာဆိုရင်တော့ ဥပမာ “Aung Chan Myae sent you a message from Messenger” ဆိုပြီး Assistant က ပြောပါတယ်။ ဒါတင်မရပ်သေးပါဘူး။ အဲ့လိုပြောတဲ့အချိန်မှာ Upper Button (Vol Up) ကို နှိပ်လိုက်တာနဲ့ ပို့လိုက်တဲ့ Message အကုန်လုံးကို ဖတ်ပြပါတယ်၊ ပြီးရင် Reply လုပ်ချင်တယ်ဆိုရင် Upper Button ကို ထပ်နှိပ်ဖို့ Confirm တောင်းပါတယ် - အဲ့မှာ Reply လုပ်ချင်လို့ Upper Button ကို နှိပ်လိုက်တာနဲ့ Mic Record စဝင်ပြီးတော့ ကိုယ် Reply လုပ်ချင်တာပြောလိုက်ရုံပါပဲ။ ဒီနေရာမှာ ပုံမှန်ဆိုရင် ကိုယ်ပြောတဲ့စကားကို Assistant က အကုန်မှန်အောင်ဖမ်းနိုင်လားဆိုတာက စိတ်ပူစရာပါ - ဒါပေမယ့် Assistant က ပြောတဲ့စကားဆုံးသွားတာနဲ့ ကိုယ်ပြောလိုက်တဲ့ Reply ကို အစအဆုံး ပြန် Repeat လုပ်ပြီး Confirm ထပ်တောင်းတယ်၊ မှန်တယ်ဆိုရင် Upper Button ကို တစ်ချက်နှိပ်လိုက်တာနဲ့ Reply ပြန်ပေးမယ်။

အခုပြောသွားတာ ရှုပ်ကောင်းရှုပ်မယ်၊ ဒါပေမယ့် ဒါက လုံးဝ Hands-free Experience ဖြစ်ပြီးတော့ တကယ်လက်တွေ့မှာ ဖုန်းထုတ်ပြီး စာရိုက်နေတာထက် ပိုမြန်ပါတယ်။ ဒါက တကယ် Smart ဖြစ်တဲ့ Feature ပေမယ့် မြန်မာလို၊ Myanglish လိုပဲ ပို့တတ်တဲ့သူတွေအတွက်တော့ အသုံးဝင်မှာမဟုတ်ပါဘူး… ဒါပေမယ့် များသောအားဖြင့် English လိုပဲ အမြန်ရိုက်ပြီး Contact လုပ်တတ်တဲ့သူတွေအတွက်ကတော့ ဒီတစ်ချက်ထဲနဲ့တင် Wow ဖြစ်စေမှာပါ - Maybe Google ကိုယ်တိုင်ကလည်း Pixel USB-C Earbuds ကို ဒီလိုလူတွေအတွက်ပဲ ထည့်ပေးတာဖြစ်မှာပါ။

ပုံမှန်အတိုင်းဆိုရင်တော့ Upper Button ကို ဖိလိုက်တာက လက်ရှိအချိန်နဲ့ Noti တွေကို ဖတ်ပြတယ်၊ Middle Button ကို ဖိပြီး ကြိုက်တဲ့ Command ပြောခိုင်းလို့ရတယ်။ မတရား Smart ဖြစ်တဲ့ Bundled USB-C Earbuds ဆိုတာကလွဲပြီး တခြားပြောစရာမရှိလောက်အောင်ကို ကောင်းလွန်းနေတာပါ။

Smart ဖြစ်တာမဟုတ်ပဲ တခြားကိစ္စမှာတော့ Pixel USB-C Earbuds ရဲ့ နားထဲပိုပြီးမြဲအောင် ရည်ရွယ်တဲ့ Loop Cable တွေက Love or Hate Experience ဖြစ်လာတယ်၊ Sound Quality က Rich ဖြစ်တယ်ဆိုတာထက် မတရား Smooth ဖြစ်တယ်၊ ပြီးတော့ IEM Level လို့ပြောလို့ရလောက်အောင် အသံက အရမ်း Clean ဖြစ်ပါတယ် - ဘယ်လို Volume မှာပဲဖြစ်ဖြစ် Distortion ဆိုတာ မကြားရသလောက်ကိုပါ။

အဆုံးသတ်ရရင် Google ဟာ Pixel 3 မှာ Pixel USB-C Earbuds ကို တမင်ထည့်ပေးလိုက်ပြီးတော့ USB-C Audio နဲ့ Google Assistant ပေါင်းစပ်တာက User Experience ကို ဘယ်လောက်ထိ မြှင့်တင်ပေးနိုင်တယ်ဆိုတာကို ထုတ်ကြွားလိုက်တာပါ။ ဒီလို Experience ဆိုတာက အနည်းဆုံး ကျွန်တော်တို့အတွက် Pixel 3 ကို ဝယ်လိုက်တာ နောင်တမရလောက်အောင်အထိဖြစ်စေခဲ့ပြီးတော့ တဖက်ကလည်း ကိုယ်တိုင်က $50-$100 တန်း IEM တွေကို ခုံမင်တဲ့ Wannabe Audiophile တစ်ယောက်ပေမယ့်လည်း Daily Commute မှာ ပုံမှန် 3.5mm IEM ထက် ပိုပြီး အသုံးဝင်နေတဲ့အချိန်မှာ အခုထိ Audio Dongle ကိုထိုးပြီး AKG Earphone မသုံးဖြစ်လောက်အောင်အထိဖြစ်သွားစေခဲ့ပါတယ်။ ဒါက ပထမဆုံးအနေနဲ့ Extra Smartness Feature တွေကို Audio Quality နဲ့ နောင်တရခြင်းမရှိပဲ လဲလှယ်လိုက်တာပါ။ နောက်ပြီး ဒီ Pixel USB-C Earbuds က ထပ်ပြီး ပိုက်ဆံပေးစရာမလိုတဲ့ Bundled Earbuds တွေပါ.. Huawei Mate 20 Pro ၊ Galaxy Note 9 ၊ iPhone XS ဒါမှမဟုတ် ထွက်ထားသမျှ ဖုန်းတွေမှာ ဒီလိုမျိုး Smart ဖြစ်တယ်လို့ ပြောနိုင်တဲ့ Bundled Earbuds မရှိနိုင်တော့ This is Why it’s Google’s Pixel လို့ ပြောလို့ရတဲ့ ပထမဆုံးအချက်တစ်ခုဖြစ်လာပါတယ်။

Back to Phone, I mean Back to Experience.

Episode (2) ; Google Pixel 3 - As an Experience.

Already too long? We are just starting from this point. Take a Breathe, and let’s move on.

#Design

Google Pixel 3 ကို လက်ထဲကိုင်လိုက်တာနဲ့ ခံစားချက်တစ်ခုက တန်းဝင်လာမှာပါ - အရမ်းသေးနေတယ် ဆိုတာပါ။ Pixel 3 က မနှစ်က Pixel 2 ထက် Horizontal Width အရ ပိုသေးပါတယ် - ဒီအချက်က ကိုင်လိုက်တာနဲ့ ဘယ်လောက်သေးတဲ့လက်ပဲဖြစ်ဖြစ် လက်ဖဝါးထဲမှာ မြုပ်သွားတယ်လို့ ခံစားရလောက်အောင် သေးနေတာပါ။ ဒီ Feeling တစ်ခုနဲ့ တော်တော်ကို ပါးပြီး တော်တော်ကို ပေါ့တဲ့ အလေးချိန်နဲ့ ပေါင်းလိုက်တဲ့အချိန်မှာ Pixel 3 က More Than Perfect One-handed Phone တစ်ခုဖြစ်လာပါတယ်။ ဒီဖုန်းထက် လက်တဖက်ထဲ သုံးကောင်းတဲ့ Flagship ဖုန်းမရှိနိုင်ဘူးလို့ တွေးမိတဲ့အထိပါ။

ဒါပေမယ့် အဲ့ဒီအတွေးမှာ မကောင်းတဲ့အချက်ပါလာပါတယ်။ ဒါကတော့ Edge-to-Edge မဖြစ်တဲ့ Display ပါ (ပြီးမှ ဆက်ပြောတာပေါ့)

Hand-feeling တစ်ခုထဲကို ကြည့်မယ်ဆိုရင် It feels like iPhone 8, but Better ဆိုတာ အကောင်းဆုံးဝေဖန်ချက်တစ်ခုပါ။

အနောက်က Soft Touch Glass Back က လက်ရှိ စမတ်ဖုန်းတိုင်းရဲ့ Back Cover တိုင်းထက် ပိုပြီး Feeling ပိုကောင်းပါတယ်၊ Mate 20 Pro ရဲ့ Back Cover က လက်သည်းနဲ့ခြစ်လို့ အရသာအရှိဆုံးဖုန်းဆိုရင် Pixel 3 က လက်နဲ့ပဲဖြစ်ဖြစ်၊ ပါးနဲ့ပဲဖြစ်ဖြစ် ပွတ်နေလို့ အရသာအရှိဆုံးဖုန်းပါ။ ပြစ်ချက်ဆိုရင် Button တွေက Pixel 2 ထက် ပို Stiff ဖြစ်လာပြီးတော့ အသားကျဖို့ အချိန်ယူရတာနဲ့ Back Glass က ပုံမှန်ထက်ပိုပြီး Slippery ဖြစ်တာပါ။

Pixel 2 နဲ့ 2 XL တုန်းက မြင်ရုံ၊ ကိုင်ကြည့်ရုံနဲ့ ပေးရတဲ့ဈေးနဲ့ တန်တယ်ဆိုတဲ့ Feeling ကို ဘယ်လိုမှမရခဲ့ပါဘူး။ ဒါပေမယ့် Pixel 3 မှာတော့ ကိုင်လိုက်တာနဲ့ ပေးရတဲ့ ၁၃ သိန်းကျော်တန်ဖိုး ပြန်ရတယ်ဆိုတဲ့ Build Quality ရှိပါတယ် - ဒါက အကောင်းဆုံး ချီးကျူးမှုတစ်ခုပါ။

နောက်တစ်ခုဆိုရင်တော့ ပထမဆုံး အဖြူရောင်ပါ - Just Black မဟုတ်တဲ့ Clearly White Color က အရမ်းကိုလှပါတယ်၊ Minimal လည်း ပိုဖြစ်ပြီးတော့ အကြိုက်ဆုံးအရာက Camera နဲ့ Flash ကြားက Laser Focus နဲ့ Circuit ပြားကို Naked မြင်နေရတာပါ - ဒီတချက်ထဲနဲ့တင် Neon Colored Button ထက် ပိုပြီး Clearly White ကို ပိုပြီး သဘောကျစရာဖြစ်လာပါတယ်။

#Display

Google Pixel 3 ရဲ့ Display က သာမန်အဆင့်ဆိုတာထက် ပြောရခက်ပြန်ပါတယ်။ Color Accuracy On Point ဖြစ်ပြီးတော့ Color Quality လည်း A အဆင့်ရှိနေပေမယ့် ပေးရတဲ့ဈေးနဲ့ ပြန်တွက်ရင် ဒီ Quality က အားသာချက်မဟုတ်၊ အားနည်းချက်မဟုတ်တဲ့ နေရာမှာရှိပါတယ်။ Brightness ကတော့ နေရောင်မှာ သုံးလို့အဆင်ပြေတယ်ပြောလို့ရပေမယ့် Game ဆော့ဖို့၊ ရုပ်ရှင်ကြည့်နိုင်လောက်တဲ့အထိတော့ မကောင်းသေးပါဘူး။

#Performance

အပေါ်မှာ ပြောသွားတဲ့အတိုင်း Pixel 3 ကို RAW Performance အရ နောက်ထပ် ၂ နှစ်၊ ၃ နှစ်လောက် သုံးနိုင်ဖို့ ကျွန်တော်တို့ကိုယ်တိုင် မယုံပါဘူး။ ဒါပေမယ့် မနှစ်က Pixel 2 ကိုလည်း ဒီအတိုင်းပြောခဲ့ပြီးတော့ အခုထိလည်း အဆင်ပြေနေတော့ တကယ် Software တစ်ခုထဲနဲ့ Mediocre Hardware ကို နှစ်နဲ့ချီတောင် မြန်အောင်လုပ်နိုင်မလားဆိုတာကို သံသဃဖြစ်လာပါတယ်။

အခု Pixel 3 ကို သုံးနေဖြစ်တာ အချိန်အရဆိုရင် ၁ လကျော်သွားပါပြီ - December Update အပြီးမှာ RAM မလောက်လို့ Apps တွေ ပြန် Reload ဖြစ်တာ၊ Twitter, Facebook နဲ့ Instagram လို Apps တွေ Newsfeed အစပြန်ရောက်တာ၊ သီချင်းနားထောင်တုန်း ကင်မရာသုံးလို့ သီချင်းပိတ်သွားတာ တစ်ခါမှကို မကြုံခဲ့ပါဘူး။ နောက်ပြီး PUBG နဲ့ တခြားပုံမှန် Daily Apps တွေ Run နေတဲ့အချိန်မှာတင် RAM သုံးတဲ့နှုန်းက 65% ကို ကျော်တာမရှိသလောက်ဖြစ်နေပါတယ်။ နောက်ပြီး Pixel 2 ထက် RAW Performance မကွာပေမယ့် Pixel 3 က မတရားပိုမြန်လာတယ်ဆိုတာ သိသာပါတယ် - Yes, it feels faster than Mate 20 Pro or iPhone XS (which it shouldn’t be)

ဒါပေမယ့် Pixel 3 မှာ Issue တစ်ခုရှိတယ်လို့ ခံစားရပါတယ် - ဒါက Heat Issue ပါ။ များသောအားဖြင့် Camera အရမ်းသုံးတဲ့အချိန်၊ အားသွင်းတုန်း ဂိမ်းဆော့တဲ့အချိန်တွေမှာ Pixel 2 ထက် နည်းနည်း Heat ပိုတက်ပါတယ်။ အဲ့ဒါနဲ့ Charging လုပ်ပြီး PUBG ဆော့ပြီး စမ်းတဲ့အချိန်မှာ Play Time ၂ နာရီခွဲကျော် ဆက်တိုက်ဆော့ပြီးတော့ Heat Warning တက်လာပါတယ် - So, still not that bad.

Specs အရ၊ RAW Performance အရ မဟုတ်တဲ့ Daily Experience မှာ Pixel 3 က လက်ရှိမှာ အမြန်ဆုံးဖုန်းတစ်ခုလို့ ခံစားရပြီးတော့ Software က အရင် Pixel 2 တုန်းကထက် ပိုပြီး Optimized လုပ်ထားတယ်လို့ ခံစားရပါတယ်။ တကယ်ကို Pixel 3 ရဲ့ Specs ကိုသာမသိထားရင် ဒီဖုန်းက Underclock လုပ်ထားပြီး RAM 10 12GB ဖုန်းတွေကြားမှာ RAM 4GB ပဲပါတယ်ဆိုတာ ဘယ်လိုမှမသိနိုင်တဲ့ဖုန်းတစ်ခုပါ - We Can Guarantee it.

#Haptics

Pixel 2 ကနေ Pixel 3 ကို အပြောင်းမှာ အတိုးတက်လာဆုံးအရာဆိုရင် Haptics တွေက ထိပ်ဆုံးကပါပါတယ်။ iPhone XS အပြီး လက်ရှိ ထွက်ထားသမျှ Android ဖုန်းတွေထဲမှာ Haptics Feedback အကောင်းဆုံးဖုန်းကို ပြောပါဆိုရင် ဒါ Pixel 3 လို့ ပြိုင်ဘက်မရှိပြောလို့ရလောက်အောင် ကောင်းပါတယ်။

အမှန်အတိုင်းပြောရရင် iPhone XS ထက်တောင် ကောင်းတယ်လို့ တချို့နေရာမှာပြောနိုင်ပြီးတော့ ဒါက Google ရဲ့ Haptics Implantation ကြောင့်ပါ။ Keyboard ကို နှိပ်တာတင်မဟုတ်ပဲနဲ့ Home Key နှိပ်ရုံ၊ Multitasking Bar ကို ဘယ်၊ ညာ ဆွဲနေရုံနဲ့တင် ဒီ Haptics Feedback က ချစ်မိစေတဲ့အထိကို ကောင်းနေတာပါ။ ဘယ်မှာ သိသာသလဲဆိုရင် ညဘက်အသံလည်း တိတ်နေတဲ့အချိန်မှာ စာရိုက်ဖြစ်တယ်ဆိုရင် Key တစ်ခုချင်းစီရဲ့ တထောက်ထောက်နဲ့ Feedback ပြန်ခံစားရတာက ဖုန်းမှာ စာရိုက်များတဲ့သူတွေအတွက် လုံးဝကို A+ Experience တစ်ခုပါ။

#Audio Quality

Google က တကယ်ကို Front Firing Stereo Speaker Setup ကို ယုံကြည်နေပြီးတော့ ဒါက ဘယ်ကမှ အားနည်းချက်လို့မပြောနိုင်ပြန်ပါဘူး။ Pixel 3 ရဲ့ Stereo Speaker Quality က Galaxy Note 9 ထက်ကောင်းပြီးတော့ iPhone XS Level ရှိတယ်ဆိုပေမယ့် iPhone XS ထက် ပိုသာတယ်လို့ ပြောလို့ရလာတဲ့အချက်က Front Firing ဖြစ်နေတာကြောင့်ပါ။ ဘယ်လိုမှ Speaker ကိုလက်က မပိတ်ထားမိတဲ့အပြင် ကိုယ့်မျက်နှာကို တကယ့် Clarity ကောင်းကောင်း နဲ့ Max Volume ဖွင့်ထားတဲ့ Stereo Experience က လောလောဆယ်မှာ Pixel 3 ကို Audio Quality အကောင်းဆုံး Flagship ဖုန်းတစ်ခုလို့ သတ်မှတ်ရင်လည်း မမှားပါဘူး။

Earphone Quality ကတော့ အပေါ်မှာ Article တစ်ခုစာ ပြောပြီးတော့ ကျော်ပါမယ်။

ကဲ… စာလုံးရေ ၂,၀၀၀ ကျော်ရေးပြီးတဲ့အချိန်မှာ Pixel 3 ရဲ့ အဓိကအကျဆုံး Topic ဘက်လှည့်တာပေါ့။

Separate Thoughts #2 ; Computational Photography.

Pixel 3 is not a PHONE. It is PHOTOS CAPTURING MACHINE.

Google က Pixel 3 ကို Pixel 2 အတိုင်းပဲ f1.8 12.2MP Single Camera ပဲထည့်ပေးပြီး ထုတ်လိုက်တယ်။ Google ရဲ့ ပြောစကားအရ Sensor ကို Upgrade လုပ်ခဲ့တယ်ဆိုပေမယ့် စာရွက်ပေါ်မှာ Pixel 3 ရဲ့ ကင်မရာက အထင်ကြီးစရာကို မရှိတာပါ။

ဒါပေမယ့် It’s Hands Down BEST CAMERA PHONE, period.

ဒီမှာ ငြင်းစရာတစ်ခုရှိလာပါတယ်။ Old School Techniques နဲ့ Next Gen Software ပါ။

ဒီနေရာမှာ ဓါတ်ပုံရိုက်တယ်ဆိုတာကို လူတွေဘယ်လိုခံယူထားသလဲဆိုတာက အရေးအကြီးဆုံးအပိုင်းဖြစ်လာပါတယ်။ DSLR Camera လိုမျိုး Professional Camera တွေနဲ့ ရင်းနှီးနေတယ်ဆိုရင်တော့ ဓါတ်ပုံကောင်းတစ်ခုဆိုတာက ကိုယ်ရိုက်မယ့် Scenario တစ်ခုအပေါ်လိုက်ပြီး အကောင်းဆုံးဖြစ်မယ့် Camera Setting သတ်မှတ်ထားပြီး ရိုက်ကူးတဲ့ Camera Sensor ကလည်း အကောင်းဆုံး (Format အကြီးဆုံး)၊ သုံးတဲ့ Lens နဲ့ Filter လို Additional Equipment တွေကလည်း အလိုက်ဖက်ဆုံး ဖြစ်နေတယ် ဆိုရင် အဲ့ဒီ Shutter Click တစ်ချက်က ထွက်လာတဲ့ ဓါတ်ပုံက ဓါတ်ပုံကောင်းတစ်ခုဖြစ်မယ်ဆိုတာ ကျိန်းသေပြောလို့ရတဲ့အချက်ပါ။

ဒါပေမယ့် Google Pixel 3 က ဒီအခြေခံအချက်တွေ အကုန်လုံးကို ရိုက်ချိုး၊ ပြောင်းပြန်လှန်ခဲ့တဲ့ စမတ်ဖုန်းပါ။ အဲ့ဒါကလည်း Computational Photography ဆိုတဲ့ အသုံးအနှုန်းတစ်ခုထဲနဲ့ပါ။

Computational Photography ဆိုတာ ဘာလဲ?

Camera Hardware ထက် Software ကနေ ဓါတ်ပုံရိုက်တာ ဆိုရင် နားလည်အလွယ်ဆုံးဖြစ်မှာပါ။

Pixel 3 ဟာ HDR+ Tech ကို သုံးထားတဲ့အတွက် ရိုက်လိုက်တဲ့ Shutter Click တိုင်းမှာ ဓါတ်ပုံတစ်ပုံအစား ဓါတ်ပုံအနည်းဆုံး ၉ ပုံလောက်ကို မတူညီတဲ့ Exposure နဲ့ ရိုက်ပါတယ်၊ ပြီးတဲ့အချိန်မှာ အဲ့ဒီ ဓါတ်ပုံတွေအကုန်လုံးကို ပေါင်းလိုက်ပြီး Dynamic Range နဲ့ Details တွေကို တစ်ပုံထဲမှာထည့်ပေးလိုက်ပါတယ်။ ဒါက Basic အကျဆုံး HDR+ အလုပ်လုပ်တာပါ။ အဲ့တော့ အခုနာမည်ကြီးလာတဲ့ 48MP Sensor ကနေ 12MP ၄ ပုံရိုက်၊ ပြီးတော့ 48MP Image အနေနဲ့ Process လုပ်၊ ပြီးမှ End Result ကို 12MP ၄ ပုံပေါင်းထားတဲ့ Hardware Level Pixel-binning Tech ထက် ပိုပြီး ကောင်းသွားပါတယ်။ Pixel-binning သုံးနေတဲ့ Camera Setup က 12MP HDR+ သုံးထားတဲ့ Pixel 3 Camera ကို မှီနိုင်မလားဆိုရင် ဖြစ်နိုင်တာက 12MP ၈ ပုံလောက်ရိုက်နိုင်တဲ့ 96MP Sensor ပေါ်လာရင်တော့ Software Processing နိုင်ရင် ဖြစ်နိုင်လောက်တယ်လို့ ပြောရမယ့် အဆင့်ကိုရောက်သွားပါတယ်။ လောလောဆယ်မှာတော့ Pixel ဖုန်းတွေက HDR+ ကို အကောင်းဆုံးလုပ်နိုင်ပြီးတော့ iPhone XS မှာတော့ ပုံစံတူ Smart HDR စလုပ်ပြီး Computational Photography က ပိုအရေးကြီးတယ်ဆိုတာ လက်ခံလာကြပြီ… ဤကား စကားချပ်။

ဒါပေမယ့် Google က ဒီ HDR+ တစ်ခုထဲက Pixel 3 Camera ရဲ့ Winning Factor လို့ ယူဆထားတဲ့ပုံမပေါ်ပါဘူး။

Night Sight.

Huawei က Handheld Long Exposure Night Mode ကို အရင်ဆုံးလုပ်ခဲ့ပေမယ့် Pixel 3 ရဲ့ Night Sight က ပိုပြီး Smart ဖြစ်နေပြန်ပါတယ် - ဒါကလည်း ကောင်းတဲ့အချက်ဖြစ်မလို၊ မကောင်းတဲ့အချက်လည်း ဟုတ်နေပြန်ပါတယ်။

Night Sight က ဖုန်းကို ကိုင်ထားတဲ့ပုံစံပေါ်မှုတည်ပြီးတော့ Tripod လို ငြိမ်နေရင် 1 Second Exposure ၆ ပုံ ဒါမှမဟုတ် Handheld ဆိုရင် 15 Frames ရိုက်ပြီး ဒီပုံတွေကို ပြန်ပေါင်းပြီး ပိုပြီးလင်းတဲ့ Night Shot ကို ရအောင်လုပ်ပေးတာပါ။ ဒါပေမယ့် Google က Exposure Stacking ထက်ပိုတဲ့အလုပ်လုပ်ပါတယ်။ ဘယ်လိုလဲဆိုရင် Colors တွေကို တကယ်ရှိတဲ့ Color တွေကို ပိုပြီး Eyes Appealing ဖြစ်နေအောင် Enhanced လုပ်တယ်၊ ဒါတင်မဟုတ်သေးပဲ Frame တိုင်းကို ပေါင်းတဲ့နေရာမှာလည်း Motion Blur ဖြစ်တဲ့ Frame ကို Reject လုပ်ပြီး End Result မှာ အတတ်နိုင်ဆုံးအမှားမရှိအောင်လုပ်ပေးတယ်။

ဒီလိုမျိုး Variables တွေအရမ်းများတဲ့အတွက် Night Sight ရဲ့ End Result တွေက Huawei လိုမျိုး ခန့်မှန်းရတာမလွယ်တော့ပါဘူး။ ရိုက်တဲ့ပုံစံပေါ် မှုတည်ပြီးတော့ End Result ကလည်း ကွဲသွားတယ် - That’s why They are calling it MAGIC.

ဒါပေမယ့် Night Sight က ကျိန်းသေပေါက် Consistent ဖြစ်နေတဲ့အချက်က Failure Rate အရမ်းနည်းနေပြီး ထွက်လာတဲ့ ဓါတ်ပုံတွေက Night Photo တစ်ခုအနေနဲ့ အမြဲတမ်း Impressive ဖြစ်နေတာပါ။ Maybe Huawei Mate 20 Pro Night Mode က တချို့ ဓါတ်ပုံတွေမှာ ပိုကောင်းနေတတ်ပေမယ့် အမြဲတမ်းရိုက်နေပြီး Failure Rate ကို ပြန်တွက်ရင် Pixel 3 ရဲ့ Night Sight က ပိုပြီးသာနေပြန်ပါတယ်။

Night Sight ကို Daytime မှာ ရိုက်လို့ရပြီးတော့ HDR+ ထက် Details ပိုကောင်းတယ် - အချိန်ပိုစောင့်ရတာကလွဲရင်။

ကျန်တဲ့ Top Shot နဲ့ Motion Tracking ကလည်း တကယ်ရိုက်တဲ့အချိန်မှာ အသုံးဝင်လာတယ်၊ Top Shot ကတော့ Recommend Shots တွေပဲ HDR+ နဲ့ ထွက်တာဆိုပေမယ့် များသောအားဖြင့် 70% လောက် ပိုကောင်းတဲ့ ပုံကိုရွေးပေးတာများတယ်။ နောက်ပြီး Top Shot နဲ့ ရိုက်ဖို့ Motion ကို Auto ထားရမယ်၊ HDR+ Enhanced အစား ပုံမှန် HDR+ နဲ့ပဲ ပေးရိုက်သေးတယ်။

ဒါတွေအကုန်ပေါင်းလိုက်တဲ့အချိန်မှာ Google Pixel 3 ရဲ့ Camera က Human Error ဖြစ်ဖို့ အနည်းဆုံး Camera Experience တစ်ခုဖြစ်လာပါတယ်။ Google ရဲ့ Computational Photography က Pixel 3 ကို လက်ရှိ ဘယ် စမတ်ဖုန်း၊ Entry DSLR, Mirrorless, Point & Shoot Camera တွေရဲ့ Auto Mode ထက် Smart အဖြစ်ဆုံး၊ အမှားအနည်းဆုံး ဓါတ်ပုံတွေကို ရိုက်လို့ရလာစေတယ်ဆိုရင်လည်း မမှားပါဘူး။

ကဲ… Experience ဘက် ပြန်သွားတာပေါ့။

Pixel ဖုန်းတွေက ဓါတ်ပုံရိုက်ဖို့ သပ်သပ်ကို ဖြစ်လာပြီးတော့ Pixel 3 ကလည်း ခြွင်းချက်မရှိပါဘူး။ Pixel 3 စရတုန်းက မေမြို့ကို ၄ ရက် ခရီးသွားဖြစ်ပြီး အဲ့ဒီ ၄ ရက်ထဲမှာတင် ရိုက်ဖြစ်တဲ့ ဓါတ်ပုံပေါင်း ၂၀၀၀ နားကပ်ပါတယ် - ဒီမှာပြောရမှာက အဲ့ဒီ ပုံတွေရဲ့ 80% အထက်က ဘာမှ Edit လုပ်စရာမလိုပဲ ဓါတ်ပုံကောင်းလို့ ပြောလို့ရတဲ့ပုံတွေဖြစ်နေတာပါ။ အခု ၁ လလောက်အတွင်းမှာ ဓါတ်ပုံပေါင်း ၁ သောင်းကျော်ရိုက်ပြီးနေပြီဆိုတော့ ဘယ်သူပဲ Pixel 3 ဝယ်ဝယ် ကျိန်းသေပြောနိုင်တာက ဖုန်းတစ်ခုဆိုတာထက် Photos Taking Machine တစ်ခုဖြစ်လာပြီး ဒီဓါတ်ပုံတွေကလည်း ပုံကောင်းတွေပဲဖြစ်နေမှာပါ - Google Photos ရဲ့ Unlimited Original Photos Backup ကလည်း Storage ကို စိတ်ပူစရာမလိုတော့ Pixel 3 က ကင်မရာရှိနေရင်တောင် ကင်မရာထက် ပိုပြီး ဓါတ်ပုံရိုက်ဖြစ်မယ်ဆိုတာက အာမခံပြောလို့တောင်ရပါတယ်။

Quality အရကြည့်မယ်ဆိုရင် Pixel 3 ရဲ့ HDR+ Color Science က ကွဲထွက်နေပြီးတော့ တခါတလေ Sharp အရမ်းဖြစ်နေသလိုဖြစ်တာကလွဲရင် များသောအားဖြင့် တခြားဖုန်းတွေက ရိုက်နိုင်တာထက် ပိုတဲ့ Details ၊ Dynamic Range နဲ့ Portrait မှာလည်း On Point အဖြစ်ဆုံး Edge Detection တွေဆိုတော့ Point & Shoot မှာတော့ အကောင်းဆုံးဆိုတာကလွဲ ပြောစရာစကားမရှိပါဘူး။

ဒါပေမယ့် Pixel 3 က ပြောခဲ့သလို လူမဟုတ်တဲ့ Software က ဓါတ်ပုံရိုက်တဲ့ဖုန်းတစ်ခုဖြစ်တဲ့အတွက် လူကိုယ်တိုင် Setting ချိန်ပြီး Versatile ဖြစ်ဖို့ လိုနေသေးတယ်၊ အဲ့ဒါမှ Best Camera Phone ဆိုတဲ့သူတွေအတွက်ကတော့ Pixel 3 ကို ညွန်းဖို့ခက်ပါသေးတယ်။

Selfie မှာတော့ Wide Lens က အသုံးဝင်ပေမယ့် Quality နည်းနည်းမသိမသာလျော့တယ် - But still the BEST SELFIE CAMERA anyway. (With NO Effects :3)

Video မှာတော့ January Update အပြီးမှာ Mic ကတော်တော်လေးကိုကောင်းတယ်၊ Pixel 2 ထက်တောင် ပိုပြီး Sharp ဖြစ်လာတာသိသာတယ်။

ဆက်ပြီး ပြောစရာရှိတာတွေပြောကြတာပေါ့။

#Battery

Battery Life ကတော့ ပြောသွားသလို အားရစရာမကောင်းပါဘူး။ ဒါပေမယ့် 4/5 Hours OST က သာမန်အသုံးအတွက်တော့ အဆင်ပြေမှာပါ။

နောက်ဆုံး ပြောစရာရှိတာတစ်ခု ကျန်တယ်။

Separate Thoughts #3 ; Google Ecosystem - SOFTWARE

ဒီနေရာမှာတော့ Android Pie ရဲ့ Software တွေကို ကျော်ပါမယ်။ Pixel က ဘာလို့ Android ဖုန်းတစ်ခုထက် Google ရဲ့ ဖုန်းဖြစ်နေသလဲဆိုတာကိုပဲ အဓိကထားကြတာပေါ့။

Caption ကို မှတ်မိမယ်ဆိုရင် Pixel 3 က Google ရဲ့ ကြီးမားတဲ့ Display တစ်ခု၊ ပန်းချီကားတစ်ချပ်ထဲက Pixel တစ်ခု၊ အစက်တစ်စက်အနေနဲ့ပဲ ပါဝင်နေတာပါ - ဖုန်းတစ်ခုအနေနဲ့ မဟုတ်ပါဘူး။

ဘာကိုပြောချင်တာလဲ?

စထဲက ပြောလာခဲ့တဲ့ Pixel USB-C Earbuds တွေ၊ Computational Photography တွေ၊ Google Original Photos Backup တွေ… ဒါတွေအကုန်လုံးက Android ရဲ့ Feature ဆိုတာထက် Pixel 3 ရဲ့ Exclusive Feature တွေဆိုရင် ပိုမှန်ပါတယ်။ နောက်ထပ် Always Listening တွေ၊ Pixel Sounds ဆိုပြီး လုပ်လာတဲ့ Ringtones အသစ်တွေ၊ လက်ရှိမှာအကောင်းဆုံးလို့ပြောလို့ရတဲ့ Lockscreen နဲ့ Home Screen မှာပါ Interactive ဖြစ်တဲ့ Live Wallpaper တွေ၊ ဖုန်းကို မှောက်လိုက်တာနဲ့ DND Mode On လိုက်တဲ့ Flip to Shuuu Feature ၊ Squeeze for Assistant ၊ 24/7 Professional Live Chat Support… နောက်ဆုံး Pixel Exclusive Launcher ဒါတွေအကုန်လုံးပေါင်းလိုက်ပြီး Pixel 3 ကို သာမန် Android တစ်ခုလို့ မမြင်တော့ပဲ Google ရဲ့ Android သုံးထားတဲ့ဖုန်းတစ်ခုပုံစံဖြစ်လာစေပါတယ်။ Pixel Experience ကို အနီးစပ်ဆုံး Custom ROM ဒါမှမဟုတ် Android One ဖုန်းတွေ Stock Android ဖုန်းတွေရှိကောင်းရှိမယ်… ဒါပေမယ့် Overall Package တစ်ခုအနေနဲ့ Google က Pixel 3 အတွက် ပေးထားတဲ့ Feature တွေက တခြားဘယ် Android ဖုန်းကမှ လိုက်မလုပ်နိုင်သေးတဲ့ Software Experience တစ်ခုကို ဖြစ်လာစေသလိုပါ - အဲ့ဒါက ကျွန်တော်တို့ ပိတ်မိသွားပြီဖြစ်တဲ့ Google Ecosystem ဖြစ်လာပါတယ်။ အခုအချိန်မှာ Unlimited Original Photos Backup ဆိုတဲ့အကြောင်းပြချက်တစ်ခုထဲနဲ့တင် Pixel ဖုန်းတွေကလွဲ တခြားဖုန်းကို စဉ်းစားဖို့ ခက်သွားသလိုပါ။

ဥပမာထပ်ပေးကြည့်တာပေါ့။

Google Pixel 3 က အခုလိုမျိုးပြောနေပေမယ့် ဖုန်းတစ်ခုအနေနဲ့ကတော့ Recommend ပေးလို့မရတဲ့ဖုန်းတစ်ခုဆိုတာ မှန်ပါသေးတယ်။ ဘာကြောင့်လဲ?

Pixel 3 က Software ပိုင်းမှာ အားသာတဲ့ဖုန်းတစ်ခုဖြစ်နေတဲ့ အားနည်းချက်အကြီးကြီးကြောင့်ပါ။

ပထမဆုံး Pixel USB-C Earbuds ကို ခိုင်းလို့ရတာတွေပြောသွားတယ် - တကယ်လို့ နားကြပ်ကို သီချင်းနားထောင်၊ ဖုန်းပြောတာကလွဲမသုံးရင် ဒါကအလကားပဲ။

Unlimited Photos Backup ; Wi-Fi အလွယ်မရနိုင်ပဲ ဓါတ်ပုံတွေသိမ်းဖို့ကို Internal Storage ကိုပဲ မှီခိုနေရတယ်ဆိုရင်လည်း ဒါက သုံးစားမရပြန်ဘူး။ ထပ်တူပြောလို့ရလာတာတွေက Always Listening လို Feature တွေ၊ Squeeze for Assistant Feature တွေဆိုရင်လည်း Google Assistant ကို မသုံးတဲ့သူ၊ English Songs တွေကို အမြဲဖွင့်ထားတဲ့ Environment မှာ နေနေကြသူမဟုတ်တဲ့သူတွေဆိုရင်လည်း အပိုဖြစ်နေဦးမှာပဲ။

အဲ့တော့ကာ Pixel ဖုန်းတွေက OnePlus လို Xiaomi လို လူတိုင်းကို Recommend ပေးလို့မရတဲ့ဖုန်းတွေဖြစ်လာပြီး Tech Gadget အတွက်တော့ Hardware ပိုင်းမကောင်းတာထက် Pixel ရဲ့ Software ကိုပဲ အပြစ်တင်ရမှာပါ။ Calculator ၊ Currency Converter လိုမျိုး အများစုက မပါမဖြစ် Features တွေဆိုပြီး ဖြစ်နေကြတဲ့အချိန်မှာ Pixel 3 ကို ကိုင်ဖို့စဉ်းစားတယ်ဆိုရင် Google Assistant ကို တကယ့် Personal Assistant တစ်ယောက်လို မေးနေနိုင်မှ စိတ်ကူးတာကောင်းပါလိမ့်မယ်။

ဒီနေရာမှာ Zawgyi မရလို့ Pixel ကို မစဉ်းစားတာဆိုတဲ့ ခေတ်နောက်ပြန်ဆွဲနေတဲ့အမြင်ရှိနေတာတော့ မကောင်းဘူးပေါ့။

Thanks for reading.

#TG_InDepthReviews #TechGadgetMM

Android P Developer Preview 3 on Pixel 2 : Where Fakers Fail.

Tech Gadget’s Imperfect In-Depth Reviews : Part - 3 @TechGadgetMM

Pure Android… Stock Android. Google ကထုတ်တဲ့ Android… ဒီတိုင်းဘာမှမပါတဲ့ Android.

ဘယ်လိုခေါ်နေကြသလဲတော့မသိပေမယ့် အခု စမတ်ဖုန်းတစ်ခု၊ Product တစ်ခုမဟုတ်တဲ့ အကောင်အထည်ကိုင်လို့မရတဲ့ Software တစ်ခုကို In-Depth Review လုပ်ရတာ Tech Gadget အတွက် တော်တေ်ာအခက်တွေ့ပါတယ် :3 In-Depth Review ကို ပြီးစလွယ်အရင်တုန်းက ရေးနေသလို ရေးလေ့မရှိတာရယ်… စစခြင်း Software ကို Review လုပ်တဲ့အချိန်မှာ အမှားမရှိချင်တာရယ်နဲ့ ရေးလိုက်ဖျက်လိုက်… ရေးနေရင်း စိတ်တိုင်းမကျလိုက်နဲ့ အခု ကျွန်တော်တို့ရဲ့ Google Pixel 2 ဖုန်းပေါ်မှာ တင်ထားတဲ့ Android P Developer Preview 3 ကို In-Depth Review လုပ်ပေးလိုက်ပါတယ်။

Review လုပ်တယ်ဆိုတာ Product တစ်ခုရဲ့ Feature တွေပြောလိုက်၊ ကိုယ့်အမြင်ပြောလိုက်၊ ထူးထူးခြားခြား ကောင်းတာ၊ ဆိုးတာရှိရင် ပြောမယ်… နောက်ဆုံး Conclusion တစ်ခုနဲ့ ပိတ်မယ်၊ ဒါပေမယ့် Maybe we tried something completely new? Shall we find out?

စကြတာပေါ့… အရင်ဆုံးပြောချင်တာက စာရှည်ပါမယ်၊ ဘယ်လောက်ထိရှည်မလဲ မမေးပါနဲ့ - ဒီကြားထဲ နားမလည်တာ၊ ဖတ်ရင်းနဲ့ လည်ထွက်ရင်လည်း သည်းခံပေးကြပါ :3

Tech Gadget ကို အရင်တုန်းထဲက သိထားတဲ့သူတွေရှိမှာပါ - ကျွန်တော်တို့ အရင်တုန်းက Xiaomi ကို Recommend ပေးတယ် (ကိုယ်တိုင်လည်း Mi 5 သုံးဖြစ်တော့)၊ နောက်ပိုင်း OnePlus 5 ကို ပြောင်းဖြစ်တယ်… အဲ့ဒီမှာ စပြီး ပြောင်းလဲမှုတစ်ခုကို Push လုပ်ဖြစ်တယ်၊ ဒီလိုမျိုး Pure Android နီးပါးဖြစ်နေတဲ့ OS တစ်ခုကို ပြောင်းသုံးကြည့်ဖို့ကို ဘယ်သူမှ OnePlus ဖုန်းဆိုတာ ဘာမှန်းမသိတဲ့အချိန်မှာ တွန်းပေးခဲ့ဖူးတယ်… အခု အချိန်တစ်ခုကြာပြီး လူတိုင်းလည်း OnePlus သုံးနေကြပြီ၊ အနည်းဆုံး အတော်များများသိလာကြပြီ.. .အဲ့တော့ ကျွန်တော်တို့ End Game လို့ ပြောခဲ့ဖူးတဲ့ Pixel 2 ဘက်ပြောင်းခဲ့တယ်။ အခု Pixel 2 က ကျွန်တော်တို့ သုံးနေတာ ၅ လကျော်သွားပေမယ့်… ဒီကြားထဲ စမတ်ဖုန်းတွေမျိုးစုံ ထွက်ပေမယ့် တကယ်ကို အခုထိ ဒါက ကျွန်တော်တို့အတွက် End Game စမတ်ဖုန်းတစ်ခုဖြစ်နေဆဲပါ - Pixel 3 မထွက်ခင်အထိပေါ့။

ဘာကြောင့်လဲ? OPPO Find X လိုမျိုး Mi 8 EE လိုမျိုး ဖုန်းတွေက စိတ်လှုပ်ရှားစရာပါ - ဒါပေမယ့် ဒိတ်အောက်နေတဲ့ Hardware ၊ ၁၀ သိန်းဆိုတာ ကြည့်လိုက်ရင် ထင်စရာမရှိတဲ့ ဒီဇိုင်းတွေထက် Pixel 2 က အချက်တစ်ချက်ထဲနဲ့တင် တခြားဖုန်းတွေကို လဲချင်စိတ်မရှိအောင် လုပ်နိုင်နေတာပါ။ အဲ့ဒါက ကင်မရာ… အဲလေ Android P ပြောနေတာပဲ :3 ကင်မရာမဟုတ်တဲ့ Pure Android OS ပါ။ :P

အရင်က Android 8.1 Oreo က မကောင်းတာလားဆိုရင် မဟုတ်ပါဘူး။ ဒါပေမယ့် Android P က သိသိသာသာကို ပြောင်းလဲသွားတဲ့အချက်တွေရှိနေတဲ့အတွက် Android P ကိုပဲ အဓိက ပြောသွားပါမယ်။

အရင်ဆုံး Android P မှာ ပြောင်းလဲသွားတာက ထုံးတမ်းစဉ်လာတစ်ခုလိုဖြစ်နေတဲ့ Android OS ရဲ့ Navigation Buttons တွေကို ဖြုတ်ပြီး Gesture နဲ့ အစားထိုးလိုက်တာပါ။ ဒါက ဘယ်တော့မှ Android ဖုန်းတွေမှာ Hardware Based Capacitive Buttons တွေရှိမှာ မဟုတ်တော့ဘူးဆိုပြီး ပြောလိုက်တာပါ။

အခု Gesture အသစ်က ဘယ်လိုအလုပ်လုပ်သလဲဆိုရင် iPhone X လိုပဲ အလုပ်လုပ်တယ်ဆိုပြီးပဲ လူတိုင်းပြောကြမှာပါ - Multitasking အတွက်က Home Screen ကနေ အပေါ်ကို Swipe လုပ်လိုက်ရင်ရတယ်။ ဒါက လောလောဆယ် Full Screen Display တိုင်းလိုက်လုပ်နေတဲ့ Gesture စနစ်ပါ။

ဒါပေမယ့် Android P မှာက Multitasking View ကို သွားတဲ့ အပေါ်ဘက်ကို Swipe လုပ်တာတင် ၂ မျိုးအလုပ်လုပ်ပါတယ်။ အခုကစပြီး ဖတ်နေတဲ့စာက အကျယ်ချဲ့ထားတာတွေ၊ မသိစိတ်ကလုပ်နေသမျှ ကိစ္စတွေကို တစ်ခုချင်းရှင်းသွားတာတွေများပါမယ် - So, let’s dive into illusions and illustrations.

အရင်ဆုံး လူတိုင်းသုံးနေတဲ့ Facebook Newsfeed ပွတ်တဲ့ကိစ္စ၊ Scroll လုပ်တဲ့အချိန်မှာ များသောအားဖြင့် လက်မကိုပဲ သုံးပြီးတော့ Screen အလယ်ကနေ အပေါ်ကို အရှိန်တစ်ခုနဲ့ တွန်းလိုက်ကြတာများပါတယ် - Android P ရဲ့ Multitasking View ကို ဝင်တဲ့ပုံစံကလည်း ကျွန်တော်တို့ နေ့တိုင်းလုပ်နေတဲ့ Newsfeed ပွတ်တင်လိုက်သလိုပဲ Navigation Bar နေရာကနေ အပေါ်ကို ပွတ်တင်လိုက်တာနဲ့ ရပါပြီ။ ဒီနေရာမှာ တစ်ခုစိတ်ဝင်စားစရာက Google က သူရဲ့ Multitasking View Apps တွေနေရာမှာ Limit တစ်ခုကို Material Design မှာ ထည့်ထားပြီးတော့ ပုံမှန် Newsfeed ကို လက်မနဲ့ ပွတ်တင်တဲ့အရှိန်နဲ့ Multitasking ဝင်လိုက်ရင် အောက်က App Drawer က Multitasking View မှာ ထားထားတဲ့ Limit တစ်ခုကို မကျော်နိုင်ပဲ ကိုယ့်လက်မရဲ့ အရှိန်အတိုင်း Bounce ဖြစ်သွားတာကိုပါ တွေ့ရမှာပါ (Slow Motion Camera ရှိရင်တောင် ရိုက်ထားချင်သေးတယ် :3)

အဲ့တော့ အခုပြောသွားတဲ့အတိုင်းဆို App Drawer ကို သွားမယ်ဆိုရင် ၂ ခါ Swipe Up လုပ်ရမယ့်ပုံပါ - Multitasking View ကိုသွား၊ ပြီးမှ App Drawer ကို တစ်ခါ ထပ်ပြီး Swipe Up လုပ်

ဒါက Android P Developer Preview 2 မှာ ဖြစ်ခဲ့တဲ့ ပြဿနာပါ - ဒါပေမယ့် DP 3 မှာ Fix လုပ်သွားခဲ့ပါတယ်။ ကဲ… Let’s move on to second part.

ဖုန်းရဲ့ အပေါ်က Notifications Bar မှာ ရှိတဲ့ Quick Toggle တွေသုံးဖို့ Flash Light ဖွင့်ဖို့ လူတိုင်းဆွဲချဖူးကြမှာပါ - ဒီနေရာမှာ Notification Bar ကို Screen တဝက်လောက်ရောက်တဲ့အထိ မဆွဲချရင် Noti Bar က Priority Quick Toggles တွေပဲ ပြနေမှာဖြစ်ပြီးတော့ Quick Toggles အကုန်ပြမှာမဟုတ်ပါဘူး။ အခု Android P ရဲ့ App Drawer ကလည်း အခု Notification Bar ဆွဲချတာနဲ့ ပြောင်းပြန်လုပ်လိုက်တာပါ - အဓိပ္ပါယ်က အောက်ခြေမှာရှိတဲ့ Navigation Bar ကနေ Screen တဝက်ကျော်အောက် တင်လိုက်တာနဲ့ App Drawer ကို တန်းရောက်ပါပြီ။

ဒီ ၂ ခုက Multitasking View ဝင်တာနဲ့ App Drawer ဖွင့်တာပါ - အရင်က Recent Button ၊ App Drawer Button ကနေ Gesture အနေနဲ့ ဖြစ်လာတဲ့ Android P ရဲ့ Perfect အဖြစ်ဆုံး အပြောင်းအလဲတစ်ခုပါ - Why Perfect? ကျွန်တော်တို့ အခုနက ပြောခဲ့တာကို ပြန် Recall လုပ်ကြည့်ပါ - Google က Apple လို Gesture ပြောင်းမယ်ကွ ဆိုပြီး တခါမှ မသုံးဖူးတဲ့ Gesture တွေကို ဒီလိုသုံးဆိုပြီး How-to Video နဲ့ ပြသွားတာမဟုတ်ပါဘူး။ အဲ့ဒီအစား ကျွန်တော်တို့ အမြဲတမ်းသုံးနေတဲ့ အသားကျနေတဲ့ Gestures တွေကိုပဲ နည်းနည်းလေး မသိစိတ်ကနေ ချက်ချင်း Adapted လုပ်နိုင်သွားအောင် လုပ်သွားတာပါ။ Yes, that’s why Google is Google.

ဒါပေမယ့် Google အကုန်လုံးကို Gesture Based မလုပ်နိုင်သေးပါဘူး - မလုပ်နိုင်တာထက် မလုပ်ခဲ့တာပါ။ အဲ့ဒါကတော့ Back Button ပါ။ Apple ကတော့ All Out သွားပြီး Back ကို App အောက်ခြေကနေ အပေါ်ကို ဆွဲတင်ရုံနဲ့ ပြန်ထွက်လို့ရအောင် လုပ်ခဲ့တယ် - Google က Back Button ကို မဖြုတ်ခဲ့ဘူး။ အဲ့တော့ Gesture Based လုပ်ပစ်တာက ဘာထူးလဲလို့ မေးစရာရှိပါတယ် (Recent Key ကလွဲ Home နဲ့ Back က ကျန်နေသေးတော့လည်း :3)

မှန်တယ် - Back Button ကို Google က မဖြုတ်ခဲ့ဘူး။ ဒါပေမယ့် အဖြစ်နိုင်ဆုံးတစ်ခုက ဖြုတ်ဖို့ မဖြစ်နိုင်သေးတာကြောင့်ပါ။ ဘာလို့လည်းဆိုရင် Home Screen နေရာမှာ Back Button ပေါ်နေမှမဟုတ်ပါဘူး - မှန်တယ်လေ Home Screen ကနေ နောက်ကို Back ဆုတ်စရာ ကိစ္စမှမရှိတော့တာ။

ဒါပေမယ့် ကျန်တဲ့ App တွေ၊ Multitasking View တွေ Back ပြန်ဆုတ်လို့ရတဲ့ နေရာမှန်တာနဲ့ Back Key ပေါ်လာပါတယ်၊ ဒါကလည်း App တွေရဲ့ အပြစ်ပါ - Apple ရဲ့ iOS လိုမျိုး Home Key တစ်ခုထဲနဲ့ နေသားမကျခဲ့တဲ့ Applications တွေအများစုက Android ရဲ့ Back Button ကို လိုအပ်နေပါသေးတယ်၊ ယုတ်စွ Facebook မှာတောင် ဘယ်သူက Post တစ်ခုဝင်ကြည့်ပြီးရင် Back Button မဟတု်ပဲ Screen အပေါ်က Back မြှားကို နှိပ်ပြီး ထွက်လို့လဲ၊ Keyboard Hide လုပ်တာက အစ - Applications တွေက Back Button ကို လိုအပ်နေပါသေးတယ်။ Multitasking နဲ့ App Drawer ကို Gesture လုပ်တာက Experience ကို ပိုကောင်းသွားစေပေမယ့် Back ကို Gesture ဆိုရင်တော့ တော်တော်ကသိကအောက်နိုင်နေမှာပါ (Yes - Screen ဘက်ဘယ်အောက်ကနေ အပေါ်ကို ဆွဲတင်တာတို့၊ Screen ဘယ်ဘက်အစွန်းကနေ Swipe လုပ်တာတို့က မမှန်ကန်သေးဘူးလို့ Google က ယူဆပုံပါပဲ :3)

ကဲ… Home Screen ရဲ့ နောက်ဆုံးတစ်ခုကို သွားပြီး နောက်တခန်းဆက်တာပေါ့ - Home Key ပါ။

Android P မှာ Home Key က အဝိုင်းကနေ လေးထောင့်ဖြစ်သွားပါတယ်။ နောက်ပြီး ပထမဆုံးအနေနဲ့ Home Key က Home Key ကို သွားတာတင်မဟုတ်ပဲ ဒုတိယမြောက် Function ကိုလုပ်လာနိုင်ပါတယ် - Multitasking ပါ။

Home Key က အခုပုံမှန်အတိုင်းရှိနေတာကနေ ညာဘက်ကို Screen အဆုံးနားအထိ ဆွဲသွားလို့ရလာပါတယ်။ အဲ့ဒီလိုဆွဲလိုက်တာက အခုနက Multitasking View နဲ့မတူပဲ အောက်ခြေက Top 5 Apps Suggestions မပါတဲ့ Quick Multitasking View ပုံစံမျိုးကို ရောက်သွားပါတယ်။ အဲ့ဒါက ပုံမှန် Multitasking View မှာလိုမျိုး ကိုယ်သုံးချင်တဲ့ App ကို နှိပ်လိုက်ရတာမျိုးမဟုတ်ပဲ Home Key ကို လွှတ်လိုက်တာနဲ့ Multitasking View ရဲ့ အလယ်မှာရောက်နေတဲ့ App ကို ဝင်သွားမှာပါ။ ဒီနေရာမှာ Home Key ရဲ့ Revolution အသစ်ဆိုတာဖြစ်လာပါတယ်။

လူပိန်းစမ်းနည်းလို့ပြောတာတော့မဟုတ်ပေမယ့် ဖုန်းတစ်လုံးသွက်လား မသွက်လားဆိုတာကို ဖုန်းဆိုင်မှာ ဖုန်းသစ်စမ်းတာပဲဖြစ်ဖြစ်၊ အသိတယောက်ဖုန်းကို စမ်းတာပဲဖြစ်ဖြစ် - စမ်းသုံးစရာ App မရှိတဲ့အခါ၊ Benchmark တွေကို စမ်းလို့မရတဲ့အခါမှာ Home Screen ကို ပွတ်တာပဲဖြစ်ဖြစ် App Drawer ကို အပေါ်အောက် အမြန်ပွတ်ပြီးတော့ ကိုယ့်လက်ရဲ့ အရှိန်နှုန်းကို လိုက်မှီလား Lag ဖြစ်လားဆိုတာ စမ်းဖူးကြမှာပါ - အခု Home Key Quick Multitasking ကလည်း အဲ့ဒီအတိုင်းပါပဲ။

အဲ့ဒီအတိုင်းဆိုတာထက်တောင် ပိုနိုင်ပါသေးတယ် - ဘာဖြစ်လို့လဲဆိုရင် အခု Home Key ကနေ ညာဘက်ကို ဆွဲတာက ကိုယ့်လက်မရဲ့ အရှိန်နှုန်းအပေါ်မှုတည်ပါတယ်၊ ပုံမှန်အတိုင်း တစ်ချက်ထဲ ဆက်ကနဲ့ ဆွဲလိုက်ရင် ပုံမှန် Recent Key ကို Double Tap နှိပ်ပြီး နောက်ဆုံး အသုံးပြုနေတဲ့ App ၂ ခုကို ကူးတာနဲ့ တူသွားပါတယ်၊ ဒါပေမယ့် ညာဘက်အစွန်းထိ ဆွဲပြီး ရပ်ထားရင် နောက်ဆုံး App ရောက်တဲ့အထိ အိပဲ့အိပဲ့နဲ့ သွားနေပါလိမ့်မယ် - Haptic Feedback လည်းပါတော့ စောင့်ရတာပျင်းစရာပါ။ အဲ့ဒီမှာ ကျွန်တော်တို့ အကြိုက်ဆုံး Feature တစ်ခုဖြစ်တဲ့ အရှိန်နဲ့ Home Key ကို ဘယ်ညာဆွဲပြီး နောက်ဆုံး အသုံးပြုနေတဲ့ App ၄ ခု ၅ ခုလောက်ကို အရှိန်နဲ့ ကျော်လို့ရသွားပါတယ် - Animation က မတရား Smooth ဖြစ်နေပြီးတော့ Haptic Feedback ကလည်း အရှိန်အတိုင်း မြန်လာတော့ ဒါက Android P မှာ ပျင်းနေတိုင်း ဆော့ဖြစ်နေလောက်အောင် အကြိုက်တွေ့စရာ Feature ဖြစ်လာပါတယ်။ ဘယ်သူထင်မလဲ - Home Key က တကယ်ကို Multitasking မှာ အသုံးဝင်လာမယ်ဆိုတာက :3

ကဲ.. နောက်တစ်ခန်းကိုတော့ အခုနက Home Screen တွေ၊ Multitasking တွေနဲ့ နီးစပ်တဲ့ App တွေနဲ့ စတာပေါ့။

ခုနက ပြောသွားတဲ့ထဲမှာ တစ်ခုပါသွားတာကို သတိထားမိမှာပါ - Top 5 Apps Suggestion ဆိုတာပါ - ဒါက လောလောဆယ်ဖုန်းတွေတော်တေ်ာများများမှာလည်း ပါနေပြီးတော့ များသောအားဖြင့် ကိုယ် လတ်တလော အသုံးပြုတာအများဆုံး Apps တွေကို ဖော်ပြသွားတာပါ။ ဒါပေမယ့် Android P မှာက ကိုယ် ဘယ်အချိန်မှာ သုံးနိုင်လောက်မယ့် App ကိုပဲ ရွေးပြီးဖော်ပြသွားတာပါ - ရှင်းမယ်မထင်တော့ ဥပမာပြောရရင် တညလုံး ဂိမ်းဆော့၊ Facebook ၊ Instagram သုံးပြီးသွားပေမယ့် မနက်ရုံးမသွားခင် Multitasking View ကို Swipe Up လုပ်လိုက်တာနဲ့တင် လတ်တလော လုံးဝမသုံးထားတဲ့ Grab ကို ပြနေသလိုမျိုးပါ - ဘယ်အချိန်မှာ ဘာလုပ်တတ်ပြီး ဘယ် App သုံးတယ်ဆိုတာနဲ့ တွက်ပြီးပြတာပဲပြောရမှာပါ။ (တကယ်က ရုံးနောက်ကျလို့ Grab နဲ့ ပြေးနေရတာကို ကြွားသွားတာ :3)

Okay - Top 5 Apps Suggestion က Multitasking မှာ ပေါ်နေတာက ဘာမှမဟုတ်ဘူးပဲထား။ App Drawer ကို ဖွင့်လိုက်ရင် ပိုပြီး Google က အားတိုင်းပြောနေတဲ့ AI ဆိုတာက ရှိနေပြန်ပါတယ်။ App Drawer ရဲ့ အပေါ်ဆုံးက Top 5 Apps Suggestions ရှိမယ် - သူရဲ့ အောက်မှာ အမြဲတမ်းမဟုတ်ပေမယ့် တခါတလေမှာ Buttons ၂ ခုပေါ်နေတတ်ပြီး အဲ့ဒါက App Shortcut မျိုးမဟုတ်ပဲ တကယ်ကို AI ကြောင့်ဆိုတာလို့ ပြောရတဲ့ Functions တွေပါ။

ဘာလို့ Functions လို့ နာမည်တပ်ရသလဲ? - ကိုယ်က ရုံးကို ကားစီးပြီး သွားနေတဲ့အချိန်မှာ Play Book က စာအုပ်ဖတ်လေ့ရှိတယ်၊ အမြဲလိုလို အဲ့ဒီအချိန် ဖုန်းခေါ်ဖြစ်တဲ့သူရှိနေတယ်ဆိုရင် အဲ့ဒီ Button ၂ ခုက အမြဲဖုန်းခေါ်နေကြသူကို ချက်ချင်းဖုန်းခေါ်ပေးမယ့် ခလုတ်နဲ့ နောက်ဆုံးဖတ်နေတဲ့စာအုပ်ဖြစ်နေတယ်။ ဒါမှမဟုတ် နေ့လည်စာစားချိန် YouTube ကြည့်တတ်တယ်၊ ဖုန်းခေါ်တာထက် Message ပို့ဖြစ်တာများတယ်ဆိုရင် အဲ့ဒီ Button ၂ ခုက ကိုယ်အကြည့်အများဆုံး YouTube Playlist ဖြစ်နေပြီး Message ပို့နေကြသူအတွက် Shortcut ဖြစ်သွားတာပါ။ အမှန်အတိုင်းပြောရရင် အဲ့ဒီ Functions ၂ ခုက ဘယ်လိုအလုပ်လုပ်သလဲ ကျွန်တေ်ာတို့ သေချာမသိပါဘူး၊ ဒါပေမယ့် အလုပ်လုပ်တဲ့အချိန်တိုင်း It just worked magically လို့ ပြောတာအမှန်ဆုံးပါ။

*DP 3 တင်ပြီး အခုနောက်ပိုင်းမှာ အခု Feature က အရင် DP 2 လောက်တော့ အမြဲမပေါ်နေတော့တာ သတိထားမိတယ် :3

နောက်ထပ်တစ်ခုပြောပြီးရင် Home Screen ကနေ Setting ထဲသွားတာပေါ့။ အဲ့ဒါ Home Screen က Pixel Launcher မှာပါတဲ့ Google Search Bar ပါ - ဘာမှတော့မဟုတ်ပေမယ့် ရှာချင်တာရှာလို့ရတယ်။ နောက်ပြီး Top 5 Apps Suggestion က ဒီမှာလည်း ပေါ်နေမှာပါ - အဲ့တော့ Top 5 Apps Suggestion တွေက Total ၃ နေရာမှာ ရှိနေတာပါ (Google က ဘယ်လောက်အားစိုက်ထားလဲဆိုတာ :3)

ကဲ.. Home Screen နဲ့ App Drawer အကြောင်း ပြီးပြီပြောချင်ပေမယ့် မပြီးသေး၊ ဒါပေမယ့် ခဏရပ်ပြီး နောက်တစ်ခုဆက်ပါမယ် - Settings ပါ။

Settings ထဲမှာ ပြောင်းလဲမှုကြီးကြီးမားမားလိုက်ရှာမယ်ဆိုရင် Setting Icon တွေအရောင်စုံဖြစ်သွားတာကလွဲပြီး တကယ်လည်း အများကြီးမပြောင်းပါဘူး - မြင်ရတဲ့အပိုင်းကနေ ကြည့်ရင်ပါ။

Pure Android ဆိုတာ တခြား Settings နိုင်မှ ဖုန်းကို ကောင်းကောင်းသုံးနိုင်မယ်ဆိုတဲ့ထဲမပါပါဘူး။ Setting အကုန်လုံးကြည့်ဖို့က ပါတဲ့ Section ၁၂ ခုကို ၂ မိနစ်နဲ့ အကုန်ကြည့်သွားလို့ရပါတယ် - အဲ့ဒါကလည်း Setting က ရိုးရှင်းတယ်ဆိုတဲ့ အမြင်ရဖို့ တစ်ခုထဲအတွက်ပါ။ Settings မှာတင် လည်နေတာကို Google က User Experience ကောင်းတယ်လို့ မမြင်တဲ့ပုံပါပဲ :P

မြင်ရတဲ့အပိုင်းဆိုပြီး သုံးသွားပြီးပြီဆိုတော့ သေချာကြည့်ဖြစ်မှာမဟုတ်တဲ့ Settings တွေကို သွားပါမယ်။ စစခြင်း မြင်ရတဲ့ Wi-Fi ပါ - Android P မှာ ပုံမှန်အတိုင်းဆိုရင် Wi-Fi က ခဏခဏပွင့်နေတာကို ကြုံရမှာပါ။ No, အဲ့ဒါကို Software ကြောင်နေတယ်ဆိုပြီး Service ပြစရာလည်း မလိုပါဘူး။

ဘာဖြစ်လို့လဲဆိုရင် Google က ကိုယ်အမြဲတမ်း သုံးပြီး ချိတ်နေဖြစ်တဲ့ အိမ်က Wi-Fi ၊ ရုံးက Wi-Fi ရှိနေတဲ့နေရာတွေကို မှတ်ထားပါတယ် - မှန်ပါတယ် Location Based ပါ :3

တကယ်လို့ အိမ်ကနေ ရုံးသွားတယ်၊ Wi-Fi ပိတ်ထားပေမယ့်လည်း ရုံးကိုရောက်ခါနီးတာနဲ့ Google က အလိုအလျောက်ကို Wi-Fi ဖွင့်ပြီး ရုံး Wi-Fi ကို ချိတ်ပြီးပြီ၊ အိမ်ပြန်တော့လည်း အဲ့လိုပဲ လမ်းမှာ ဘယ်လောက်ပဲ Wi-Fi ပိတ်ပြီး Mobile Data နဲ့ သုံးလာလာ အိမ်ရောက်တာနဲ့ Wi-Fi က ဖွင့်ပြီး ချိတ်ပြီးဖြစ်နေတာပါ။ ပိတ်ထားလို့ရသလားဆိုရင် ရပါတယ် - ဒါပေမယ့် ဒီလောက်တောင် Convenient ဖြစ်နေပြီးတော့ ရုံး Wi-Fi မချိတ်မိပဲ ကိုယ့် Mobile Data နဲ့ မှားသုံးတာမျိုး မဖြစ်တော့တာကို ယုတ္တိမရှိတဲ့ Battery ပိုစားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်ထားတာက တော်တေ်ာရူးနှမ်းတာပါ (More on that later)

Battery… Pixel 2 က ကျွန်တေ်ာတို့ Review လုပ်တုန်းက Battery တော်တော်လေးကို မခံတဲ့ဖုန်းတစ်ခုပါ - အထူးသဖြင့် ပြောင်းလာခဲ့တဲ့ OnePlus 5T နဲ့ ယှဉ်ရင် သိသာပါတယ်။ ဒါပေမယ့် Google က Android P မှာ Adaptive Battery ဆိုတဲ့ Feature တစ်ခုကို မိတ်ဆက်လာပါတယ်။ အဲ့ဒါက လက်ရှိ Android ဖုန်းတွေအကုန်အော်နေကြသလို Application အသုံးပြုမှုပေါ်လိုက်ပြီး Background Apps ကို ပိတ်ပြီး Battery စားသက်သာအောင် လုပ်တာပါပဲ။

ဒါပေမယ့် ဘာကြောင့်မှန်းမသိ ပိုသဘောကျမိတာတွေရှိတယ်၊ Battery Life နာရီဝက်ကနေ ၁ နာရီလောက် ပိုထွက်လာတယ်၊ ပုံမှန်ဖုန်းတွေမှာ မြင်ရတဲ့ Battery Graph ကို Menu ကနေ Battery Usage ကို သွားကြည့်မှမြင်ရပြီးတော့ Battery Section မှာ လက်ရှိ Battery Percentage ၊ ဘယ်အချိန်အထိ သုံးလို့ရမလဲဆိုတဲ့ နာရီနဲ့ ပြတဲ့ Estimated Time ၊ နောက်ဆုံး 100% ကနေ အားပြန်သွင်းတဲ့အချိန်အထိ On Battery ဖြစ်နေခဲ့တဲ့ ကြာချိန်၊ Screen-on Time… ဒါတွေပဲ လိုတာမဟုတ်ဘူးလားလို့တောင် တွေးမိတဲ့အထိကို ရိုးရှင်းတယ်၊ ပြည့်စုံတယ် :3

နောက်တစ်ချက်ကတော့ ကြိုက်လို့ ထည့်ပြောတာပါ။ ပုံမှန် Battery 15% အောက်ရောက်သွားရင် Battery Saver On ဖို့ Warning ပေးတာအပြင် အခု Facebook ဒါမှမဟုတ် ဂိမ်းလိုမျိုး Battery စားတဲ့ App တွေသုံးနေပြီး Battery အရမ်းကုန်တာမြန်နေတာနဲ့ 70% လောက်ကျန်နေရင်တောင် အခု Battery သုံးတာများနေပြီးတော့ ဒီအတိုင်း ဆက်သုံးရင် ဘယ်အချိန်မှာ Battery ကုန်လိမ့်မယ်ဆိုတာကို Noti တက်လာတာပါ။ I mean if this is not AI, What is? :3

*Battery Saver On လိုက်ရင်လည်း Navigation Bar နဲ့ Notification Bar လိမ္မော်ရောင်ဖြစ်နေတာ အခု Android P မှာ မရှိတော့ပါဘူး။

နောက် Display ၊ Android P မှာ Auto Brightness အစား Adaptive Brightness ဖြစ်သွားပါပြီ။ ဘာကွာသွားမလဲဆိုရင် Auto Brightness လိုမျိုး Ambient Sensor တစ်ခုထဲနဲ့ Brightness ကို ထိန်းချူပ်တာထက် ကိုယ်ဖုန်းကို သုံးနေတာလား၊ ချထားတာလား ဒါမှမဟုတ် မနက်ဘက်လား ညဘက်လားဆိုတာတွေကိုပါ တွက်ပြီး Brightness ကို ထိန်းသွားတာပါ - ဒါက သိသာလားဆိုရင် သိသာပါတယ်၊ Screen Off မှာလည်း အလုပ်လုပ်တော့ Always-On Display ပါ Brightness ချိန်ပေးတယ်၊ ညဘက်မှာ မီးချောင်းအောက်မှာဆိုရင်တောင် တခြားဖုန်းတွေလိုမျိုး Brightness အဆုံးထိမတက်ပဲ ကြည့်လို့ အဆင်ပြေသလောက်မှာပဲ ထားတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ Google က AI တွေကို Android P မှာ ထည့်ထည့်ပါ - Auto Brightness မသုံးတဲ့သူတွေအများကြီးဆိုတော့ ဒီ Adaptive Brightness က ဒီမှာတော့ Wasted ဖြစ်ဦးမှာပါ။

နောက်ပြီး Sound နေရာမှာ Shortcut to Prevent Ringing ဆိုတာပါလာတယ် - Power + Vol Up တွဲနှိပ်ပြီး Mute လုပ်မှာလား၊ Vibrate လုပ်မှာလား ဆိုတာကို ရွေးလို့ရလာတယ်။

ကျန်တဲ့ Settings ကတော့ ဘာမှ အထွေအထူးပြောစရာမရှိပါဘူး - Android P က Android Version 9 ဆိုတာ သေချာသွားတာကလွဲရင်ပေါ့။

Home Screen နဲ့ Setting ပြောပြီးတော့ ဒါအကုန်ပဲဖြစ်မယ်လို့ယူဆမိမှာပါ - Bloatware တွေနဲ့ Device Control Center လို App တွေမရှိတော့ :3

But No. There are still tons of Features.

ကြိုပြောရမှာက ဒီအပိုင်းက Google က Android P မှာ ပြောင်းလဲခဲ့တဲ့ Features အသစ်တွေဆိုတာထက် ကျွန်တော်တို့ ဘာကြောင့် Pure Android ကို ကြိုက်သလဲဆိုတာကို ပြောနေတာမျိုးဆိုပိုမှန်နိုင်ပါတယ်။ So, mostly good things.

အရင်ဆုံး Volume Leveler က Volume Keys ရဲ့ ဘေးမှာပဲ အပေါ်က Vertical အလျော့အတင်းလုပ်လို့ရလာတယ် - အရင် Notification Bar နားမှာရှိနေတာထက် ပိုပြီး လွယ်သွားတယ်။ နောက်ပြီး အကောင်းဆုံးအချက်က နှိပ်လိုက်တာနဲ့ Ringtone မဟုတ်ပဲ Media Volume ကိုပဲ Primary ထိန်းပေးတယ်။

ဒုတိယတစ်ခု - ဒါကတော့ ကျွန်တော်တို့ အကြိုက်ဆုံး Feature ဆိုရင်လည်း မမှားပါဘူး။ ဘာလို့ဆို ကျွန်တော်တို့က Screen ကို Auto Rotate လုပ်ပြီး မသုံးဖြစ်ဘူး၊ အဲ့တော့ Landscape ကြည့်ချင်တဲ့ Video တွေရှိရင် Notification Bar ကို ဆွဲချပြီး Auto Rotate ပြန် On နေရတယ်။ အခု Android P မှာ Screen ကို Portrait ကနေ Landscape ၊ Landscape ကနေ Portrait ပြောင်းလိုက်တာနဲ့ အောက်က Navigation Bar ရဲ့ ညာဘက်ထောင့်မှာ Rotate လုပ်လို့ရတဲ့ Icon ပေါ်လာပြီးတော့ နှိပ်လိုက်တာနဲ့ Rotate လုပ်ပေးတယ် - ဒါက Feature သေးသေးလေးတစ်ခုပါ။ ဒါပေမယ့် တကယ့် Real Life မှာ မတရားအသုံးဝင်သွားပါတယ်။

တတိယတစ်ခု - ဒါလည်း အသုံးဝင်တဲ့ Feature ပါ၊ အခုနက ပြောခဲ့တဲ့ Multitasking View မှာ ကိုယ်ကြိုက်တဲ့ စာသားတွေကို Select မှတ်ပြီး Copy ကူးလို့ရပါတယ်၊ စာပိုဒ်မှ မဟုတ်ပဲ ဘယ်စာမဆို၊ Settings ထဲမှာ ရေးထားတဲ့စာတွေတောင် Copy ကူးပြီး ကိုယ်လိုချင်တဲ့နေရာမှာ Paste လုပ်လို့ရပါတယ်။ ဒီ Feature ရပြီး Gmail က ဝင်လာတဲ့ Verification Code တွေ Copy လုပ်တဲ့နေရာမှာ အရမ်းကို မြန်ဆန်လာတာကလည်း ငြင်းလို့မရပါဘူး။

ကျန်တာတွေကတော့ Text တွေကို Cursor ရောက်နေတဲ့နေရာကနေ ဆွဲကြည့်ရင် Zoom လုပ်ပေးတယ်၊ Power Button မှာ Shut Down ၊ Restart အပြင် Screenshot ပါလာတယ်၊ မကောင်းတဲ့အချက်က Quick Toggle တွေမှာ Drop Down Shortcuts တွေမပါတော့ပါဘူး။

ဒါပဲလား? Android P ရဲ့ Feature အသစ်တွေကတော့ ပြီးသွားပါပြီ။ ဒါပေမယ့် ဒီ Feature တွေပါလာလို့ ကျွန်တော်တို့ Pure Android ကို သဘောကျနေတာလားဆိုရင် မဟုတ်ပါဘူး။ အခုပြောသွားတာတွေက နောက် Android P Stable မှာ ပါလာမယ့် Dashboard ၊ Wind Down လို Features တွေတောင်မပါသေးတဲ့ Developer Preview 3 ပါ။ Android P အကြောင်း Stable ရလို့ ဆက်ပြောရင်တောင် အများကြီး ကျန်ဦးမှာပါ။

ခေါင်းစဉ်မှာ ရေးထားသလိုပဲ Android P Developer Preview 3 ကို Pixel 2 ဖုန်းမှာ စမ်းထားတာပါ။ အဲ့ဒီအတွက် အခုပြောသွားတဲ့ Features တွေအပြင် Pixel 2 ရဲ့ သီးသန့် Software Features တွေနဲ့ ပေါင်းလိုက်တဲ့အချိန်မှာ တကယ်ကို တခြားဖုန်းတစ်ခုကို ပြောင်းဖို့က မဖြစ်နိုင်လောက်တဲ့အထိ ဖြစ်သွားပါတယ်။

Pixel 2 Review မှာလည်း ရေးပြီးဖြစ်ပေမယ့် နည်းနည်း တကျော့ပြန်တာပေါ့ - ဘယ်လောက်ရိုက်ရိုက် Full Resolution ပုံတွေက Google Photos မှာ Unlimited သိမ်းပေးမယ်၊ တနေရာရာကို ဖုန်းဆက်ချင်လို့ Facebook မှာ ဖုန်းနံပါတ်ရှာပြီး ဆက်နေစရာမလိုပဲ Dialer မှာတင် ဥပမာ - Technoland ဆိုရင် Technoland လို့ရိုက်ရှာလိုက်တာနဲ့ Contact မှာ မမှတ်ထားလည်း ဆက်လို့ရတာတွေ၊ ရုံးကို သွားရမယ့် လမ်းကြောင်း၊ ကြာမယ့်အချိန်နဲ့ ကားပိတ်တာတွေ၊ နောက်ပြီး Calendar မှာ ထည့်ထားတဲ့ Meeting တွေကို Home Screen - နာရီအောက်မှာ မြင်နေရတာ၊ ဘယ်သီချင်းဖွင့်နေလဲဆိုတာ သိနိုင်တဲ့ Always Listening Feature တွေ၊ Lock Screen ပဲဖြစ်ဖြစ် Notification Bar ကပဲဖြစ်ဖြစ် Message Reply ပြန်လို့ရတာတွေ… စတဲ့ စတဲ့ Pixel 2 မှာ ပါတဲ့ Feature တွေနဲ့ ပေါင်းလိုက်တော့… Yeah, we can’t change.

Pure Android ကို ဘာလို့ပိုကြိုက်သလဲ? ဘာလို့ Pure Android ကို မမှီတာလဲ? ဘာလို့ Heavily Skinned UI တွေကို အားမပေးတော့တာလဲ?

ကျွန်တော်တို့ Xiaomi ၊ Samsung ၊ Huawei ၊ OPPO ၊ Vivo ဖုန်းတွေ အခုအချိန်အထိ စမ်းသုံးဖြစ်ပါတယ်။ ဒါပေမယ့် Settings ပိုင်းက ရုပ်ထွေးလာတယ်၊ နောက်ပြီး တချို့ Features တွေက ရှိနေသင့်တဲ့ Section အောက်မှာ မရှိနေဘူး၊ Google ကိုယ်တိုင်က OS ပေါ်မှာ ဝင်ပါတာ မရှိသလောက်ကို နည်းတယ် - Maps တောင် ံကံကောင်းလို့ ဖုန်းတိုင်း Traffic ကို သတိပေးနိုင်တာ။ နောက်ဆုံး Pure Android ရဲ့ Smooth ဖြစ်တာကို မမှီကြသေးတာကတော့ တော်တော်ဆိုးတယ်။

အခု Android P ထွက်လာတော့မယ်၊ အခု မြင်ရတဲ့အတိုင်း သုံးနေဖြစ်တဲ့အတိုင်းဆိုရင် Android P က လက်ရှိ Android တွေထဲမှာ ပြောင်းလဲမှုအရှိဆုံးနဲ့ AI ပိုင်းကို သေချာကို သုံးလာမယ့် OS တစ်ခုဖြစ်နေတယ်၊ အရင်တုန်းကတော့ Android ကိုယ်တိုင်က ဘာမှမပါ ဘာ Features မှမရှိလို့ UI တွေ ခေတ်စားလာတယ် - ဒါပေမယ့် အခုကြတော့ Android P ကိုပဲ ဒီအတိုင်းသုံးရင်တောင် ကျိန်းသေတာက Smooth ဖြစ်မယ်၊ သုံးရတာ မတရားရှင်းလင်းနေပြီး မြန်တယ်။

နောက်ဆုံးတစ်ခုက Android P ရဲ့ Features တွေအကုန်လုံးက အပိုထည့်ပေးထားတယ်လို့ မထင်ရတာပါ။ ဒါက အရေးကြီးပါတယ် - Features တွေအများကြီးပါပြီးတော့ ကိုယ်တကယ်လို့ လိုခဲ့ရင်ဆိုတာထက် ဖုန်းကို သုံးဖို့ ကိုင်လိုက်တာနဲ့ အရေးပါနေတာက မတူပါဘူး။ ဒီနေရာမှာ Android P ကို ပိုပြီး သဘောကျလာစေတယ်ဆိုတာက ငြင်းလို့မရတဲ့အချက်ပါ။

အဆုံးသတ်သင့်ပါပြီ.. ဒါပေမယ့် ဒီ Review မှာ ကျွန်တော်တို့ Android P ရဲ့ Features နဲ့ ကောင်းတာတွေပြောသွားတယ်၊ ဘာလို့ မကောင်းတဲ့ အားနည်းချက်တွေ မပြောသွားတာလဲ?

အားနည်းချက် မရှိတာလားဆိုရင် မဟုတ်ပါဘူး။ မကြိုက်တဲ့အချက်ကို ထောက်ပြပါဆိုရင် Quick Toggles တွေမှာ Drop Down Sub Menu မပါတော့တာကလွဲပြီး ကျန်တာကို ထောက်ပြဖို့က ခက်ပါတယ်။ အဲ့ဒါကလည်း အခုပြောသွားတဲ့ Features တွေက လွဲရင် ကျန်တဲ့ Basic တွေအကုန်လုံးက Android ဆိုတာဖြစ်နေတုန်း၊ ကျွန်တော်တို့ အမြဲသုံးနေကြ Android OS ဆိုတာက ပြောင်းလဲသွားတာမဟုတ်ပါဘူး။ အဲ့တော့ကာ အကျွမ်းတဝင်ဖြစ်နေတဲ့ အရာကို ဘာမပါလို့၊ ဘာဖြစ်လို့ဆိုပြီး ထောက်လို့မရတာဆိုပိုမှန်ပါတယ်။ နောက်တစ်ခုက Developer Preview ဖြစ်နေတဲ့အတွက်ပါ။

Xiaomi ပဲဖြစ်ဖြစ်၊ OnePlus ပဲဖြစ်ဖြစ် တခြားဘယ်ဖုန်းပဲဖြစ်ဖြစ်ပါ - Android OS မှာ အစစ်မှန်ဆုံး Experience က Pixel ဖုန်းတွေမှာပဲရရှိနေဦးမယ်၊ ဒါမှမဟုတ် Selected Devices တွေရှိနေတယ်ဆိုရင်လည်း စမ်းသုံးကြည့်ပါ။ တစ်ခုရှိတာက Simple ဖြစ်ပြီး ရိုးရှင်းတယ်ဆိုတာရဲ့အောက်မှာ Google က အသေးစိတ်လုပ်ထားတဲ့ AI ပိုင်း Optimizations တွေ၊ Design ပိုင်းတွေက သုံးလေလေ ပိုသဘောကျမိလာတာပါ။

အခု Android P ကို Pixel 2 ပေါ်မှာ သုံးနေဖြစ်တာ တစ်လကျော်လောက်ရှိသွားခဲ့ပြီးတော့ တစ်ခုအတွေးထဲအမြဲရောက်လာပါတယ်။ ဖုန်းသုံးတယ်ဆိုတာက ကိုယ်က Features တွေတစ်ခုချင်းကို လိုက်ရှာပြီး သုံးနေရတာမျိုးလား? ဒါမှမဟုတ် ပုံမှန် Apps တွေသုံးတဲ့အချိန်မှာ Android OS က ဘာမှမပါသလို Simple ဖြစ်နေပြီး လိုတဲ့အချိန်တွေ၊ Multitask လုပ်တဲ့အချိန်ရောက်မှ ပိုမြန်အောင်၊ Swipe လုပ်နေရတာနဲ့ စိတ်ကျေနပ်မှုကို ပေးနိုင်တယ်ဆိုရင်ရော?

တစ်ခုကတော့ သေချာပါတယ်၊ အခုနောက်ပိုင်း စမတ်ဖုန်းတွေက AI ပိုင်းလိုက်လုပ်နေပြီး UI ကို အဆင့်မြှင့်တင်နေတယ်ဆိုပေမယ့် ဖုန်းသုံးတဲ့ User Experience ဆိုတာက Features တွေ ဘယ်နှစ်ခုပါတယ်ဆိုပြီး လိုက်တွက်ပြီး ဒါတွေက User Experience ကောင်းတယ်ဆိုတာထက် ကိုယ်လိုချင်တဲ့ App ကို အလိုအလျောက် Suggestion ပေးလာတဲ့အချိန်၊ Multitasking လုပ်ရင်တောင် အမြဲတမ်း Smooth ဖြစ်နေတာ၊ ကိုယ်လုပ်ချင်တာကို ခိုင်းနေစရာမလိုပဲ အလိုအလျောက်ဖြစ်လာတာမျိုးတွေက Pure Android ရဲ့ User Experience လို့ပဲပြောရမှာပါ - So, That is it.

P.S: အခု Pixel 2 မှာ တင်ထားတဲ့ Developer Preview 3 က ပြီးခဲ့တဲ့ June 1st week ကထွက်ထားတာပါ။ Schedule အရ June လကုန်မှာ DP 4 ထွက်ရမှာဖြစ်ပေမယ့် လောလောဆယ်အထိ မထွက်သေးပါဘူး။ နောက်ပိုင်း Google Dashboard တို့ Wind Down တို့နောက် Update တွေမှာပါလာတယ်ဆိုရင် Update လုပ်ဖြစ်ပါမယ်။

Thanks for Reading.

#TechGadgetMM #TG_InDepthReviews

The Reasons Why : We Dropped the Google Pixel 2 (Part - 3) @TechGadgetMM

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ 8 ရက်နေ့… Tech Gadget ကနေ အမြဲတမ်းနှိုင်းယှဉ်နေပြီး Camera Comparison တွေတိုင်းမှာ မပါမဖြစ် Google Pixel 2 ကို Primary Daily Driver အနေနဲ့ကနေ ပြောင်းလိုက်ပါပြီ။ Yes, we are Serious.

အဲ့တော့… ပထမဆုံးမေးခွန်းက ဘာကြောင့်လဲ? ဘယ်ဖုန်းက Google Pixel 2 လိုဖုန်းမျိုးကို လွှတ်ချစေခဲ့သလဲ? ဘာဖြစ်လို့ Pixel 2 လို End Game Device တစ်ခုကို မသုံးဖြစ်တော့တာလဲ?

So, we will be talking The Reasons Why we dropped Pixel 2.

ကဲ… စကြတာပေါ့။

ဘာကြောင့် Pixel 2 ကနေ ပြောင်းဖြစ်သလဲ? Galaxy Note 9 ကြောင့်ပါ။

But No. We are not moving to Galaxy Note 9. :3

Galaxy Note 9 က လောလောဆယ် ကျွန်တော်တို့ လက်ထဲမှာ ၂ ပတ်လောက်ရှိနေပြီးတော့ အခုလောလောဆယ် Secondary သုံးနေဖြစ်တဲ့ဖုန်းတစ်ခုပါ။ Review လည်း ရေးသာမရေးဖြစ်တာ၊ စမ်းတာတွေလည်း စုံသလောက်ကို ဖြစ်နေပါပြီ။ အခု Pixel 2 ကို Drop လိုက်တာကလည်း GN9 ကြောင့်ပါ။

ဘာဖြစ်သလဲဆိုရင် Pixel 2 ကို အပေါ်ကနေ အောက်ကို လွှင့်ပစ်တာကို GN9 ရဲ့ 960fps Slow Motion Video စမ်းရင်းနဲ့ Pixel 2 ရဲ့ ကင်မရာဘေး အပေါ်ဘက်ကမှန်ကို ထိပြီး ကွဲသွားပါတယ်။ အဲ့ဒါကြောင့် Caption ကို “We Dropped the Google Pixel 2” လို့ပေးထားတာပါ။

Okay, အဲ့တော့… မှန်လည်းကွဲသွားတယ်၊ သိတဲ့အတိုင်း Camera ကလည်း အစင်းရာတွေဖြစ်နေတာရယ်… နောက်ပြီး အကြောင်းတစ်ချို့ကြောင့် Pixel 2 ကို မကိုင်ချင်တော့တဲ့အတွက် Pixel 2 ကို ဈေးတော်တော်နည်းတဲ့ဈေးနဲ့… (ပြောရရင် Mi 8SE ဈေးတောင်မရှိတဲ့ ဈေး) တခြားသူတစ်ယောက်ကို ပေးလိုက်ပါပြီ။ So, yeah. We actually dropped Pixel 2.

Google Pixel 2 ကို အခုလိုရောင်းလိုက်တာက ဒီရက်ပိုင်း Tech Gadget ကို အာရုံမစိုက်နိုင်လောက်အောင် အလုပ်တွေရှုပ်နေခဲ့တယ်၊ ပြီးတော့ အလုပ်တွေတော်တေ်ာလည်း ဆုံးရှုံးပြီး စိတ်ဓါတ်ကျတာတွေ… Financial Crisis တွေကြောင့်ဆိုတာက ပိုပြီးမှန်မှာပါ… ဖုန်းကြောင့်ဆိုတာထက်

ဘာဖြစ်လို့လဲဆိုရင် OnePlus 5T ကနေ Pixel 2 ကိုပြောင်းတုန်းက ကျွန်တော်တို့မှာ မကျေနပ်ချက်တွေ The Reasons Why တွေအများကြီးရှိခဲ့တယ်။ ဒါပေမယ့် အခု Pixel 2 မှာက မရှိသလောက်ပါ။ လက်ရှိသက်တမ်းတလျှောက်ကိုင်ခဲ့တဲ့ဖုန်းတွေထဲမှာ Pixel 2 ကို မှီတဲ့ Software Experience ပေးနိုင်တဲ့ဖုန်းဆိုတာ မရှိသလောက်ကိုရှားပါတယ်။ This is literally the best user experience.

Android P Update ရပြီးနောက်ပိုင်းမှာ Pixel 2 က လုံးဝကို Software ပိုင်း အပြစ်ရှာလို့မရအောင်ဖြစ်သွားပါတယ်။ Battery က 2700mAh ပေမယ့် Optimization သိသိသာသာကိုကောင်းလာပြီးတော့ တခါတလေ Galaxy Note 9 ထက်တောင် ပိုကောင်းနေတာပါ။ အဲ့တော့ ကျိန်းသေ Pixel 2 ကို လွှတ်ချရတာ Software Experience ကြောင့်မဟုတ်ပါဘူး။

အဲ့ဒါဆိုရင်… နောက်တစ်ခု။ Hardware ပိုင်းပါ။

No, 5” 16:9 Ratio Display ကို လက်ခံလို့ရပါတယ်။ အဲ့ဒီအပြင် Body Design ပိုင်းကလည်း ကျွန်တော်တို့ ကိုယ်တိုင်ကြိုက်လို့ သုံးနေဖြစ်တာပါ။

ဒါပေမယ့် ၁ နှစ်ကြာသွားပြီးတဲ့ဖုန်းတစ်ခုက အဆင်မပြေတာတွေက Flagship Hardware မှာတောင် သိသာလာပါတယ်။

အရင်ဆုံး RAM 4GB - Fortnite မထွက်မချင်းကို Pixel 2 ရဲ့ RAM 4GB ကို Optimize ကောင်းကောင်းလုပ်နိုင်တယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမယ့် Pixel 2 က ဘယ် App မှ မဖွင့်ထားရင်တောင် Fortnite ကို ကောင်းကောင်းဆော့လို့မရပါဘူး။ ဒါက ထူးဆန်းတယ်ဆိုပေမယ့် အခုအချိန်အထိ Pixel 2 မှာ Fortnite ဆော့လို့မရနေတာကတော့ လက်ရှိ တခြား SD 845 Flagship တွေနဲ့ ယှဉ်ရင် တော်တော်ဆိုးပါတယ်။

ဒါပေမယ့် ကျန်တဲ့နေရာမှာရော? Nope - Pixel 2 ပေါ်မှာ Application သုံးရတာကတော့ တခြားဖုန်းတွေကို ပြန်မသွားချင်တဲ့အချက်တစ်ခုပါ။ ဒါပေမယ့် လွှတ်ချပြီးတဲ့အရာတစ်ခုကို မျှော်လင့်လို့မရတော့လည်း….

နောက်တစ်ခု… Camera ပါ။ အရင်က Mi 8 နဲ့ ယှဉ်တုန်းက ပြောသလိုပဲ Pixel 2 ရဲ့ Camera Lens Cover က အစင်းရာတွေအများကြီးနဲ့ပါ။ အခုအချိန်အထိကို Quality ကျသလားဆိုရင်လည်း မကျသေးပါဘူး။ အခုအချိန်အထိကို Pixel 2 ထက် Point & Shoot မှာ၊ Details မှာ၊ Dynamic Range မှာ၊ Portrait မှာ ပိုကောင်းတဲ့ Flagship ဖုန်းကို မရှိသေးတာပါ။ မနှစ်က Pixel 2 ကိုတောင် ဒီနှစ်ထွက်တဲ့ ဘယ် Flagship ဖုန်းမှ မမှီတာကတော့ မမျှော်လင့်ထားသလို တော်တေ်ာလည်း ရှက်ဖို့ကောင်းတယ်တောင် ထင်မိပါတယ်။

ဒါပေမယ့် အဲ့ဒီအစင်းရာတွေက ညဘက်မီးရောင်မှာ စပြီး Lens Flare တွေပေါ်လာပါတယ်။ ဒါက တစ်ခုထဲသော Pixel 2 Camera အပေါ် မကျေနပ်ချက်ပါ။ Sapphire ဖြစ်သွားရင် ဒါက ပြောစရာမလိုပေမယ့် အခုက မဟုတ်ခဲ့ပါဘူး။

ကျန်တဲ့ပြောစရာက တစ်ခုပဲကျန်ပါတယ်။ Stereo Speaker ပါ။ Pixel 2 မှာ ဒီနှစ်စတုန်းကအထိ Speaker တော်တေ်ာကောင်းတဲ့ဖုန်းတစ်ခုလို့ပြောလို့ရခဲ့ပါတယ်။

ဒါပေမယ့် အချိန်တွေကြာလာပြီး S9 ၊ P20 Pro နဲ့ Note 9 လိုဖုန်းတွေလည်း ထွက်လာရော အခု Note 9 နဲ့ဆိုရင် ကွာခြားချက်က ၂ ဆ မကကို ကွာသွားပါပြီ။ ပြောရရင် Asus Zenfone 5 ကတောင် Pixel 2 ထက် Speaker ပိုကောင်းလာတယ်လို့ ပြောလို့ရနေတာပါ။

ဒါပဲလား?

အမှန်အတိုင်းပြောရရင် အခုရေးနေတဲ့အချိန်မှာတောင် နှမြောတသသဖြစ်နေပြီး ဆက်ရေးချင်စိတ်လည်းမရှိ၊ ကျန်တဲ့အပြစ်ရှာဖို့ကလည်း မရှိတော့သလိုတောင် ဖြစ်နေပါပြီ။ Google Pixel 2 XL မဟုတ်တဲ့ သာမန် Pixel 2 ကို အခုအချိန်မှာ ဘယ်သူမှ ဒီဈေးပေးပြီး ဝယ်ဖို့ စိတ်ကူးမှာမဟုတ်တဲ့အချိန်မှာ ကျွန်တော်တို့ ဝယ်ခဲ့တယ်၊ ဖုန်းတစ်ခုဆိုတာထက် ကိုလုပ်ချင်တာ အကုန်လုံးကို ကောင်းကောင်းသုံးနိုင်နေအောင် လိုက်ပြီး Adjust လုပ်ပေးနေတဲ့ အသိညဏ်ရှိတဲ့ Device တစ်ခုလို့တောင် ပြောလို့ရတယ်။ Review တုန်းကပြောခဲ့သလိုပဲ ဒီ Pixel 2 က ကျွန်တော်တို့ကို အားနည်းချက်တွေလို့ ပုံမှန် Reviewer တစ်ယောက်က၊ Specs ပဲကြည့်တတ်တဲ့သူတစ်ယောက်က မြင်မယ့်အချက်တွေကိုတောင် ချစ်လာစေတဲ့ ဖုန်းဆိုတာ ပိုမှန်ပါတယ်။

အခု ကျွန်တော်တို့ ရိုက်မယ့် ဓါတ်ပုံတွေကို ဘယ်ဖုန်းနဲ့ရိုက်မှ Pixel 2 က ရိုက်သလို Quality နဲ့ Details ရမလဲဆိုတာက စပြီးစဉ်းစားရတော့မယ်၊ နောက်ပြီး Pixel 2 ကို Software Experience မှီမယ့်ဖုန်းဆိုထဲက တော်တော်လေးကို ခေါင်းခြောက်တော့မယ့်ကိန်းပါ။ ဒါတောင် Original Quality နဲ့ Unlimited သိမ်းနိုင်မယ်ဆိုတာ မပါသေးဘူး။

ဘယ်ဖုန်းပြောင်းဖြစ်မလဲ?

ကျိန်းသေတာကတော့ Pixel 3 ပါ၊ အောက်တိုဘာလ ၉ ရက်နေ့မှာ Pixel 3 ကြေညာပြီးတာနဲ့ စရောင်းတဲ့နေ့မှာတင် Pixel 3 ကို ဝယ်ဖြစ်မယ်ဆိုတာက အခုဆိုရင် 99% လောက်ကို သေချာသွားပါပြီ။ Pixel Experience ဆိုတာက Ecosystem တစ်ခုလိုမျိုး စွဲမက်စေတဲ့ One-of-a-kind User Experience ပါ။ ဒါကိုလည်း Price-to-Performance Ratio လို၊ စာရွက်ပေါ်က Specs တွေကိုပဲ ကြည့်ပြီးဆုံးဖြတ်တဲ့သူတွေအတွက် လုံးဝနားမလည်နိုင်စရာကိစ္စတစ်ခုဖြစ်ချင်ဖြစ်မယ်

ဒါပေမယ့် ကျွန်တော်တို့ကတော့ Pixel 3 ကလွဲပြီး ပြောင်းဖို့ ဖုန်းရှိတော့မယ်မထင်ပါဘူး။ Mate 20 နဲ့ OnePlus 6T အပါအဝင်ပါ။ ဒါကလည်း Pixel 3 မှာ Hardware ဘယ်လိုဖြစ်ဖြစ်၊ Design ဘယ်လောက်ဆိုးဆိုး User Experience နဲ့ Camera မှာ Pixel 2 ထက် ပိုကောင်းမယ်ဆိုတာကြောင့်ပါ။

ဒါပေမယ့် ဒီကြားထဲမှာရော?

ဖုန်းအသစ်ဝယ်ဖို့ အစီအစဉ်မရှိသေးတော့ ဖြစ်ဖို့အများဆုံးက Asus ကို ပြန်မပေးရမချင်းတော့ Zenfone 5 က ကျွန်တော်တို့ရဲ့ Primary ဖုန်းဖြစ်လာမှာပါ။ Audio မှာ Pixel 2 ကိုမှီတယ်၊ လောလောဆယ် Note 9 အပြင် လက်ထဲရှိနေတဲ့ Nova 3 ၊ 3i ၊ Honor 9 Lite ၊ 7S နဲ့ Zenfone Max Pro တွေထက် Display ကောင်းတယ်၊ Battery Life လက်ခံနိုင်တယ်… အားသွင်းတာမတရားကြာပေမယ့်။ ဒါပေမယ့် ကင်မရာကတော့ စိတ်ပျက်စရာ :3

ဒါမှမဟုတ် ကံဆိုးပြီး Review Unit ဖုန်းတွေလည်း မရှိတော့ဘူး၊ Pixel 3 လည်း မရသေးရင်တော့ သေချာတာက User Experience ကြောင့်ပဲ iPhone 7 Second ဒါမှမဟုတ် Android ဆိုရင်တော့ OnePlus 6 ပဲ ခဏ Pixel 3 မတိုင်ခင်ကိုင်ဖြစ်မယ်၊ Xiaomi တွေက ဈေးပေါပြီး ပြန်ရောင်းရလွယ်ပေမယ့် Google ကိုအဓိကသုံးရတော့ မရွေးဖြစ်လောက်ဘူး :3

So, this is it. ဒီကြားထဲမှာ တော်တေ်ာလေးကို စိတ်ပင်ပန်းတာတွေရော အလုပ်ပိုင်းတွေရော စုံပြီး မရေးဖြစ်တာတွေနည်းတာမဟုတ်လိုက်ဘူး။ အဲ့တော့ ဘာလာမလဲကြိုမပြောတော့တဲ့ Surprise Review တွေ တက်လာမှာကိုပဲ စောင့်ပါ… (*Hint ကတော့ လူအိပ်ချိန်ပဲဖြစ်ပါမယ် :3)

Thanks for Reading. #TechGadgetMM #TG_TheReasonsWhy

Written on July 7, 2023