← All writing

howto

Up and Running Project - Laravel

· Aung Ko Man

Colleagues discussing work around a meeting table
Illustrative photo by Vitaly Gariev on Unsplash.

လွန်ခဲ့တဲ့ (၆)​လ က Project တစ်ခုကို အစအဆုံး ပြန်တင်ပေးဖို့လိုလာတယ်။

Frontend ရေးထားတာက အဆင်ပြေတယ်။ Backend ရေးထားတဲ့ Laravel ကို ပြန်ကြည့်တဲ့အခါမှာ Documentation မလုပ်ခဲ့တာ အတော်ဆိုးမှန်း သင်ခန်းစာရတယ်။

ဒီ Project ကို နားလည်ဖို့ Setup လုပ်ဖို့ ဘာစာတစ်ကြောင်းမှကို ရေးမထားမိခဲ့တာပဲ။

Database Seeder မရှိတာက တိုင်ပတ်တာ

အခု API ကို ပြန်စစ်ကြည့်တော့လည်း
login call မှာ credential invalid ဖြစ်တယ်။

အမှန်ထည့်ရင် Cloudflare က 502 နဲ့ Gateway Error တက်တယ်။ ငါတိုင်ပတ်။