Jack of all trades, master of none

ကိုယ်က Professional ဆန်တာကို သဘောကျတဲ့သူမျိုးဆိုတော့ Jack of All trades ပါလေရာ ငပိချက်တွေကို သိပ်သဘောမတွေ့လှဘူး။ ပြောရရင် Reliability ကို ပိုပြီး အလေးသာတယ်ပေါ့။


https://www.facebook.com/cstytu/posts/2836849199716944/ Jack of All Trades သင့်ဘဝမှာ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ သိတဲ့လူတွေမြင်ဖူးလား။ ဒါမှမဟုတ် သင်ကိုယ်တိုင်ရော တစ်ယောက်အပါအဝင်ဖြစ်ဖူးလား။ အဲ့လို လူမျိုးကို “Jack of all trades, master of none” ဆိုပြီးတော့ ရည်ညွှန်းလေ့ရှိပါတယ်။ မြန်မာလိုဆိုရင်တော့ ဟိုစပ်စပ် ဒီစပ်စပ်လို့ ပဲ သုံးမယ်ထင်ပါတယ်။ ဒီအကြောင်းလေးကို ရေးဖြစ်တာကတော့ ကျွန်တော်ကိုယ်တိုင် အပါအဝင် ကျွန်တော့်ပတ်ဝန်းကျင်က လူတွေထဲမှာပါ အဲ့လိုလူတွေများတာကြောင့်ပါ။ ကျွန်တော်မှာက အကျင့်တစ်ခုရှိတယ်။ အဲ့ဒါကဘာလဲဆိုတော့ ညဘက်ရောက်ရင် လျှောက်ပြီးစဥ်းစားတာ။ အဲ့လိုစဥ်းစားရင် ဘာကိုအများဆုံးတွေးမိလဲ ဆိုတော့ ငါဘယ်အရာမှာ တစ်ကယ်ကျွမ်းကျင်တာလဲပေါ့။ ဘာမှတော့ ခေါင်းထဲပေါ်မလာဘူး။ ဒါပေမယ့် ကျွန်တော်ကို မင်းဟိုဟာသိလားဆိုရင်လဲ သိတယ်။ ဒီဟာသိလားဆိုရင်လဲသိတယ်။ တော်တော်များများကိုတော့ ကျွန်တော်က တီးမိခေါက်မိ ရှိတယ်။ ဘယ်ဟာမှတော့ ထဲထဲဝင်ဝင်မသိဘူး။ ငယ်ငယ်ကတော့ စာနဲ့ လုံးပမ်းနေရတာဆိုတော့ ဘာမှတော့များများစားစား မလေ့လာဖြစ်ပါဘူး။ တက္ကသိုလ်စတက်တဲ့အချိန်ကစပြီးတော့ တော်တော်များများကို လိုက်လေ့လာဖြစ်တယ်။ Leadership၊ Management၊ Coding၊ Electronic Circuits၊ Language၊ Illustration၊ Content writing၊ Public Relations စသည်ဖြင့် အစုံပေါ့ဗျာ။ ဒါတောင် နယ်ပယ်တူရာ စုထားလို့။ တစ်ခုချင်းစီမှာမှ လျှောက်လေ့လာတာတွေရှိသေးတယ်။ ဒါပေမယ့် သေချာပြန်စဥ်းစားကြည့်ရင်တော့ ကျွန်တော်ဘာကိုမှ ထဲထဲဝင်ဝင်မသိဘူး။ အကုန်အပေါ်ယံတွေကြည့်ပဲ။ တစ်ခုတော့ကောင်းတယ်။ စကားပြောရင် နယ်ပယ်အစုံကလူတွေနဲ့ အတိုင်းအတာတစ်ခုထိပြောလို့ရတယ်။ တစ်ချို့လူတွေအမြင်မှာတော့ ဗဟုသုတများတယ်ပေါ့ဗျာ။ နောက်ပိုင်းသိလာတာက ပတ်ဝန်းကျင်မှာ ကျွန်တော့်လိုလူတွေများသားဗျ။ ကျွန်တော့် အကျင့်နောက်တစ်ခုက တွေ့ကရာလူနဲ့ စကားပြောတာပဲ။ လူတော်တော်များများနဲ့ စကားပြောဖြစ်ပြီး ဘာတွေ့လာလဲဆိုတော့ ဒီ “Jack of all trades, Master of None” ဆိုတဲ့ကိစ္စကြီးက ကောင်းတယ်လို့လဲ တထစ်ချပြောလို့မရဘူး။ ဆိုးတယ် ပြုပြင်ရမယ့် ကိစ္စဆိုပြီးတော့လဲပြောလို့မရပြန်ဘူး။ တစ်ချို့ကြတော့လဲ စိတ်ဓာတ်ကျကြတယ်။ ဘာမှသေချာမသိဘူး၊ အပေါ်ယံတွေကြည့်ပဲပေါ့။ တစ်ချို့ကျတော့လဲ အဲ့ “Jack of all trades” တွေကို အားကျကြပြန်ရော။ “ဟာသူကမိုက်တယ်၊ တော်လိုက်တာ၊ အကုန်ကို ကျွမ်းနေတော့တာပဲ၊ ငါကတော့ ဒါလေးတစ်ခုပဲတတ်တယ်” စသည်ဖြင့် အားကျကြတယ်။ Dan Lok ဆိုတဲ့ လူတစ်ယောက်ရှိတယ်။ သိကြလားတော့မသိဘူး။ Youtube မှာတော့နာမည်တစ်လုံး ရထားတဲ့လူပဲ။ သူကြတော့ “Jack of all trades”ကိုအားမပေးဘူး။ သူ့ ဗီဒီယို တစ်ခုမှာ ပြောထားတာက သူအရာမျိုးစုံကို လိုက်လေ့လာပြီး ဘာကိုမှ သေချာမသိခဲ့လို့ ၁၃ခါလောက် ကျရှုံးခဲ့ဖူးတယ်တဲ့။ နောက်ပိုင်းမှာ “Master of one” ဖြစ်အောင် တစ်ခုထဲကိုပဲတစ်စိုက်မက်မက် လေ့လာတော့မှ ပထမဆုံးအောင်မြင်မှုကို စတွေ့ခဲ့တာဆိုပြီးပြောခဲ့တယ်။ သူအကြံပေးတာကတော့ “Master of one” ဖြစ်အောင် အရင်လုပ်။ ပြီးမှ “Master of Some” ဖြစ်အောင်လုပ်ဆိုပြီးပြောတယ်။ ဥပမာ သူဆိုရင် ပထမဆုံးကျွမ်းကျင်အောင်လုပ်ခဲ့တာက Copywriting တဲ့။ ပြီးမှ Consulting၊ Public speaking၊ Investing စတဲ့ဟာတွေ ဆက်ပြီးလေ့လာခဲ့တယ်ဆိုပြီး ပြောထားတယ်။ နောက်ပြီး ခြေကန်ကွက်နည်းပေါင်း အခု ၁၀၀၀၀ လောက်သင်ထားတဲ့လူထက် ခြေကန်ကွက်တစ်ခုထဲကို အကြိမ် ၁၀၀၀၀ လေ့ကျင့်ထားတဲ့လူကိုပိုပြီး ကြောက်တယ် ဆိုပြီး ဘရုစ်စလီကပြောခဲ့ဖူးတယ်။ သဘောကတော့ “Master of one” က “Jack of all trades” ထက်ပိုပြီးသာလွန်တယ်ဆိုတဲ့ သဘောဆောင်ထားတယ်။ ဒါပေမယ့်စောစောက ကျွန်တော်အပေါ်မှာပြောခဲ့သလိုပဲ။ တထစ်ချကြီးတော့ယူလို့မရဘူး။ တစ်ခါတစ်လေကျတော့လဲ တစ်ခုထဲကို သေချာသိတဲ့လူထက် နယ်ပယ် ၃၊ ၄ ခုလောက်ကို အကြမ်းဖျင်းသိတဲ့လူက ပိုပြီးနေရာရတာမျိုးလဲ ရှိတာပဲ။ အဲ့ဒါကြောင့် “Jack of all trades,master of none oftertimes better than master of one” ဆိုပြီးလဲ ပြောကြတယ်။ “Jack of all trades” လူမျိုးတွေကို နောက်တစ်မျိူးသုံးမယ်ဆိုရင်တော့ Generalist ပေါ့။ Specialist မဟုတ်တဲ့လူတွေပေါ့။ အဲ့လိုလူတွေကဘယ်နေရာမျိုးမှာကောင်းလဲဆိုတော့ Product Manager တို့၊ အခုမှ စပြီးလုပ်တဲ့ အသေးစားကုမ္ပဏီတို့၊ Front-End desingerတို့၊ စတဲ့နေရာတွေမှာ အသုံးအရမ်းတည့်တယ်။ Product Manager ဆိုရင်လည်း အရာတော်တော်များများကို ခြုံငုံပြီးသိမှရတယ်။ ကုမ္ပဏီအသေးလေးတွေ ဒါမှမဟုတ် စွန့်ဦးတီထွင်ထားတဲ့ ကိုယ်ပိုင်စီးပွားရေးတို့မှာဆိုရင်လည်း Generalistတွေက အရေးပါပြန်ကော။ တာဝန်တစ်ခုချင်းဆီအတွက် လူတစ်ယောက်ချင်းဆီကို ငွေကုန်ကြေးကျခံပြီးမငှားနိုင်ဘူးလေ။ ပြောရမယ်ဆိုရင် တစ်ချို့အောင်မြင်တဲ့ CEO တွေက Generalist ပုံစံမျိုးတွေများတယ်။ Generalistတွေရဲ့ အားသာချက်ကတော့ အကုန်ခြုံသိတဲ့အတွက် အကွက်ကြိုမြင်တတ်ကြတာပါပဲ။ “Master of one” တွေကြတော့ လုံးဝ Speacialization လိုတဲ့နေရာမျိုးတွေမှာလိုအပ်ပါတယ်။ ဥပမာ NASA တို့ Google တို့ ဆေးရုံတို့ လိုနေရာမျိုးမှာကြတော့ ယောရောရှိ သွားလုပ်လို့ မရဘူးလေ။ တစ်ကယ်တတ်မှရတာကိုး။ သူ့နေရာနဲ့သူပေါ့။ အားလုံးကို ခြုံပြီးပြောရမယ်ဆိုရင်တော့ လောကမှာ ဘယ်လိုသွားမှ မှန်မှာ၊ ဘယ်လိုသွားရင်တော့မှားနေပြီ ဆိုပြီးမရှိပါဘူး။ လောကမှာ ဖော်မြူလာဆိုတာလဲမရှိပါဘူး။ ကိုယ် နှစ်သက်ရာ၊ အဆင်ပြေရာကိုပဲ ဦးစားပေးပြီးလုပ်ရတာပါပဲ။ သမ္မာအာဇီဝကျဖို့တော့ လိုတာပေါ့။ ကျွန်တော်ကတော့ “Jack of all trades,Master of Some” ဘဝကို ပိုခုံမင်တယ်။ ထမင်းမငတ်ဖို့ လူတန်းစေ့နေနိုင်ဖို့အတွက် နယ်ပယ်အချို့ကို သေချာလေ့လာမယ်။ ပြီးရင်တော့ လူဘဝမှာနေရတုန်း ကိုယ်စိတ်ဝင်စားတာတွေကို လိုက်လေ့လာမယ်။ လိုက်လုပ်မယ်။ နယ်ပယ်အသီးသီးက စိတ်တူကိုယ်တူသူငယ်ချင်းတွေနဲ့ ဘဝကိုဖြတ်သန်းမယ်။ မိတ်ဆွေတို့ရော ကျွန်တော့်လိုမျိုး ပဲလား။ ဒါမှမဟုတ် နယ်ပယ်တစ်ခုထဲကိုပဲလေ့လာပြီး “Master of One” ဖြစ်ချင်ကြတာလား စတဲ့ထင်မြင်ချက်တွေကို ဆွေးနွေးသွားလို့ရပါတယ်။ Kno #YTU_STEM_Article_Challenge_2020


https://www.linkedin.com/pulse/jack-all-trades-master-one-ryan-ye-min-thein/

ဘယ်လိုသူ ဖြစိတာပိုကောင်းလည်း ? Nobody cares .. ကိုယ်ဘယ်လိုလူ ဖြစ်ချင်လည်း ? အရင်ကဆို Jack of all trade ဆိုရင် အလကားသူလို မြင်ချင်ကြတယ်။

Technical Solution သမားတစ်ယောက်ဖြစ်ဖို့ဆိုရင် Jack of All Trades AND Master of One ဖြစ်ရမယ်။ Network, compute, storage တွေ Application တွေအလုပ်လုပ်ပုံကို နားလည်မှ (အနည်းဆုံး ရှင်းပြတာကို နားလည်မှ) technical solution ကောင်းတစ်ခုကို လုပ်နိုင်မှာ။ Security consideration တွေ compliance တွေသိရမယ်။ Technical မဟုတ်တဲ့ master of one တွေလည်း ရှိတယ်( ဥပမာ Cobit တို့ ITIL တို့လို Framework expert တွေ ) ။ Technical မကောင်းတဲ့ Pre-sales တစ်ယောက် ၊ Solution architect တစ်ယောက်က creditable ဖြစ်ဖို့ခက်တယ်။

Technical Manager တွေ Technical Project Manager တွေကတော့ Interpersonal skill ကောင်းတဲ့ Management နားလည်တဲ့ Jack of all trade တွေကနေ ဖြစ်လာတတ်ကြတယ်။ (လုပ်သက်ရင့်ပြီး ရာထူးတိုးလာတဲ့ သူတွေလည်း ရှိမှာပေါ့) ဒါပေမယ့် technical engineer တွေကို coordinate လုပ်ဖို့လိုတာ မျိုးဆို interpersonal skill ကောင်းတဲ့ jack of all trade တွေက အသုံးတဲ့တယ် .. တခါတလေ ဆရာလိုလို သမားလိုလိုနဲ့ ဆိုပြီး technical သမားတွေ annoy ဖြစ်ပေမယ့် သူတို့က အားလုံးနဲ့ communicate လုပ်နိုင်တယ်။

Technology တစ်ခုထဲကို ထူးချွန်တဲ့ Master of one စစ်စစ်ကြီး Project management တို့ end-to-end solution တို့လုပ်ရင် တော်တော် စိတ်ညစ်ရသလို Jack of All trade စစ်စစ်ကြီး လုပ်သက်ကြောင့် Senior အဖြစ် engineering ထဲရောက်လာရင်လည်း တော်တော် စိတ်ညစ်ရတယ်။

Junior ဘဝမှာတော့ ကိုယ့် Career ကိုယ်ရွေးရင် တကယ် Technology တွေကို ဘယ်လောက် passionate ဖြစ်လည်း စဉ်းစားပါ။ ကိုယ်တိုင်ရော interpersonal ဘယ်လိုနေလည်း ၊ သိနိုင်ရင် ပိုကောင်းပါလိမ့်မယ်။ တခါတလေ အစုံလုပ်ရတဲ့ အလုပ်မှာ ဝင်မိပြီး Jack of all trade ဖြစ်လာတယ်၊ တကယ်က network ပဲစိတ်ဝင်စားတာ ဆိုတာတွေ ခဏခဏတွေ့ရတယ်။ အဲလိုဆိုရင် လောက်လောက်လားလား jack of all trade ဖြစ်အောင် အရင်လုပ်ပါ။ ဒါတွေစိတ်မဝင်စားဖူး မလုပ်ပါနဲ့။ စိတ်ဝင်စားရာကို ထဲထဲဝင်ဝင်လေ့လာရင်း တခြား aspect တွေကို လုပ်ခွင့် သင်ယူခွင့်ရတုန်းမှာလည်း ရသလောက် လေ့လာပါ။ Technology သိပ်စိတ်မဝင်စားပဲ ဘာလို့ ဒီလောကထဲရောက်နေလည်း မသိဘူးဆိုရင်တော့ ITSM တို့ management တို့လေ့လာပါ။ Jack of all trades and Master of Management ဖြစ်လာမှာပေါ့။ Junior ဘဝမှာ ကိုယ့် career ကို တည်ဆောက်ပါ။ သူများပြောတိုင်းလည်း နားမယောင်ပါနဲ့။ လစာကောင်းချင်လို့ဆိုရင်လည်း အတိုင်းအတာတစ်ခုထားပြီး ၊ အဲ range ရောက်ရင် ကိုယ့်လမ်းကြောင်း ကိုယ်ပြန်တည့်ဖို့ ကြိုးစားပါ။ လစာကောင်းတာ ကောင်းပေမဲ့ ကိုယ်စိတ်ဝင်စားရာ လမ်းကြောင်းပေါ်မရောက်ရင် အောင်မြင်သင့်သလောက်မအောင်မြင်ပဲဖြစ်တတ်ပါတယ်။

ဒီနေ့ ICT လောကမှာ Jack of all trades ဆိုတာ လိုအပ်ချက်တစ်ခု baseline တစ်ခု ဖြစ်လာပါပြီ ။ အဲအပေါ်မှာ ဘယ်လိုထပ်ပြီး တည်ဆောက်မလည်း build-up လုပ်မလည်းဆိုတာကတော့ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပါပဲ။ ကိုယ်စိတ်ဝင်စားရာ တစ်ခုကို ထဲထဲဝင်ဝင် လေ့လာရင်း ၊ တခြားသောအရာတွေကိုလည်း အခွင့်ရရင် ရသလို သိဖို့ ကြိုးစားပါ။ တကယ်တော့ ITSM တို့ Project Management တို့ Security တို့ဆိုတာ jack of all trade တွေအတွက်ပဲမဟုတ်ပဲ ICT လောကထဲက လူတိုင်းလည်း အနည်းနဲ့အများ သိသင့်တဲ့ အရာတွေပါ။

Knowledge never go wasted ;)

Written on July 21, 2023