Sorry

နွားကျောင်းသားလည်း ဆောရီး၊ ကားမောင်းသမားလည်း ဆောရီး

စနေနေ့မှာ မနက်စောစောထပြီးရုံးတက်ရကတည်းက စိတ်ကသိပ်မကြည်။ ရုံးလာတဲ့ လမ်းမှာ နွားကျောင်းသား တစ်ယောက်က သူ့နွားလေးကောင်နဲ့ ရှေ့မကြည့် နောက်မကြည့် လမ်းဖြတ်ကူးတယ်။ အရှိန်နဲ့ ဆိုင်ကယ်မောင်းလာတဲ့ ကျွန်တော် စိတ်ချက်ခြင်းတိုသွားတယ်။ နွားရှေ့ကပဲ​ ဖြတ်မောင်းရမလား၊ နွားတွေကြားထဲပဲ ဖြတ်မောင်းရမလား၊ ဘရိတ်အုပ် အရှိန်နှေးပြီး နွားတွေအကုန်ဖြတ်ပြီးသွားမှ ဆက်မောင်းရမလား ဝေခွဲရခက်သွားတယ်။ စိတ်လည်း တိုလာတယ်။​ ဒီလောက် လူလာနေတာမြင်တဲ့ ကိစ္စကို ဘယ့်နှဲ့ကြောင့်များ နွားတွေဖြတ်မောင်းရသလားပေ့ါ။ အနားရောက်မှ နွားကျောင်းသားက လက်ကလေးထောင်ပြီး ခေါင်းငြိမ့်ပြတယ် ဆောရီးပါပေါ့။ ဒီအပြုအမူကို မြင်ရတာနဲ့ စောနက ထွက်စပြုနေတဲ့ ဒေါသပြေသွားတယ်။

သိပ်မကြာဘူး အဝိုင်းပတ် တစ်ခုကို ရောက်တော့ နောက်တစ်မျိုး ထပ်ကြုံရတယ်။ ကိုယ့်အရှိန်နဲ့ကိုယ် အဝိုင်းကို ပတ်နေတုန်း ကားတစ်စီးက အရှေ့ကို တန်းတန်းဖြတ်ဝင်လာတယ်။ ဟ အဝိုင်းပတ်ယာဉ်ကို ဉီးစားပေးရမယ်ဆိုတာမသိဘူးလား ဆိုတဲ့ အပြစ်တင်တဲ့စိတ်နဲ့ ဒေါသစထွက်လာတယ်။ နောက် ဆိုင်ကယ်ကို ဘရိတ်အုပ် အရှိန်လျော့ရတယ်။ ကားကတော့ အရာရှိကြီးတွေစီးတဲ့ကားပဲ။​ အရာရှိကြီးတွေက ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ နောက်ထပ် မကျေမနပ်ဖြစ်တာတွေပါ တန်းစီပြီး စတွေးဖြစ်တယ်။ အဲ့အချိန် ကားမောင်းနေတဲ့ ဆရာသမားက လက်ကလေးထောင်ပြီး ခေါင်းငြိမ့်ပြတယ်။ ဆောရီးပါပေါ့။ ဒါကို မြင်လိုက်တော့ စောနက ထွက်နေတဲ့ ဒေါသတွေ ချက်ခြင်းပြန်ပျောက်သွားတယ်။

ဒီဖြစ်အပျက် နှစ်ခုက စာနဲ့ရေးနေလို့သာ ရှည်နေတာ တကယ်က တစ်မိနစ်တောင်မပြည့်တဲ့အချိန်အတွင်းမှာ အစအဆုံးဖြစ်ပျက်သွားတာ။ တဆက်တည်းတွေးမိသွားတာက “ဆောရီး” က တကယ်အလုပ်ဖြစ်ပါလားပေ့ါ။ ကျွန်တော်နဲ့ ဒီမနက်တွေ့ခဲ့တဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအရ အမှားလုပ်ခဲ့တဲ့ နှစ်ယောက်လုံးက သူတို့လည်း သူတို့အကြောင်းနဲ့ သူတို့ ရှိမှာပဲ။ နွားနဲ့တွဲ အလုပ်လုပ်နေရတဲ့ နွားကျောင်းသားကလည်း နွားကိုထိမ်းချူပ်ဖို့ ခက်လို့ လမ်းဖြတ်ကူးမိတာလည်း ဖြစ်ကောင်းဖြစ်မယ်။ အဝိုင်းပတ်ကို ဖြတ်မောင်းတဲ့ ဆရာသမားကလည်း အရေးကြီးကိစ္စ ရှိလို့ ဒရိုက်ဘာကိုတောင် မခေါ်နိုင်ပဲ မနက်စောစော ကိုယ်တိုင် အလောတကြီး မောင်းလာတာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါတွေက ကျွန်တော််တို့ မသိနိုင်တဲ့ ကိစ္စတွေ။​ သူတို့ နှစ်ယောက်လုံးမှာက တစ်ခုတူတာက သူတို့ မှားမှန်းသိသလို ချက်ခြင်းလည်း တောင်းပန်ကြောင်း ပြတာပဲ။ အဲ့လို ပြခဲ့တော့ တစ်ဘက်လူစိတ်ထဲမှာ သိပ်ပြီး ဒေါမနဿ မပွားဖြစ်တော့ဘူးပေ့ါ။

ဘဝမှာ ကျွန်တော်လည်း မသိလိုက် မသိဘာသာနဲ့ တစ်ဘက်လူအပေါ်မှားခဲ့တာတွေ ရှိမယ်။ ကိုယ်လွန်တာကို ကိုယ်သိတဲ့အခါ ရှိသလို မသိတဲ့အခါလည်း ရှိမယ်။ ဒါပေမယ့် တောင်းပန်တာတွေ ဘာတွေ သိပ်မလုပ်ဖြစ်ခဲ့ဘူး။ နောက်များတော့ တစ်ခုခု လွန်တာရှိရင် ချက်ခြင်းတောင်းပန်ရမယ်လို့ တွေးဖြစ်တယ်။ “ဆောရီး” တစ်ခွန်းရဲ့ အကျိုးသက်ရောက်မှု ဘယ်လောက်ရှိလဲ? ကျွန်တော်တို့မှ မသိနိုင်တာပဲ။

ကျွန်တော်တို့ အားလုံးချစ်ကြည််ရေးရမလား ဘယ်သူပြောနိုင်မလဲ?

က လူတစ်ယောက်ရဲ့ လူတွေအပေါ်မှာ ထားတဲ့ မကြည်မလင်ဖြစ်နေတဲ့စိတ်ကို ရှင်းကောင်းရှင်းပေးနိုင်မှာပေ့ါ။

သြ သူလည်း တိရိစ္ဆာန်တွေနဲ့ ထိန်းရသိမ်းရခက်မှာပေါ့လို့ပဲ ဖြည့်တွေး

Written on August 26, 2023