← All writing

howto

ခြောက်လကြာတဲ့အခါ စထုတ်နိုင်တဲ့ ပရောဂျက်

· Aung Ko Man

Notebook and fountain pen for planning and reflection
Illustrative photo by Niko Nieminen on Unsplash.

အချိန် (၆) လကြာပြီးတဲ့နောက် ပထမဆုံး ဗားရှင်း(၁) စထုတ်နိုင်ခဲ့ပါပြီ။

Facebook မှာ ကိုယ်သဘောကျတဲ့ ဂရုတွေ တစ်ခုပြီးတစ်ခု Communitity Standard နဲ့ ညိပြီး ပိတ်သွားတဲ့အချိန်။ Reddit လိုမျိုး လွတ်လွတ်လပ်လပ်ပြောလို့ ဆိုလို့ရမယ့် တစ်နေရာတော့ လိုပြီလို့ တွေးမိတယ်။

ဒါနဲ့ပဲ အဖွဲ့နဲ့ တိုင်ပင်ပြီး Myandora(မြန်ဒိုရာ) ကို စလုပ်ဖြစ်ခဲ့တယ်။ အချိန်ခြောက်လ ကြာတဲ့အချိန်မှာတော့ Website နဲ့ iOS သမားများအတွက် Apple Appstore မှာ Version 1 စထုတ်နိုင်ခဲ့ပါပြီ။ Android အတွက်ကတော့ APK ဖိုင်ပဲ​ ဒေါင်းလုပ်လုပ်ပြီးပဲ အသုံးပြုနိုင်ဉီးမှာ ဖြစ်ပါတယ်။

စလုပ်လုပ်ချင်းကတော့ Facebook ရှိနေပြီးသားပဲ နောက်ထပ် Social Media တစ်ခု မလိုပါဘူးလို့ တွေးမိကြတယ်။ ဒါပေမယ့် Facebook ရဲ့ Community Standard ဆိုတာ လူက ကိုင်ထားသလား Machine Learning ကပဲ​ကိုင်ထားသလား မသိနိုင်လောက်အောင် တစ်ဘက်စောင်းနင်းနိုင်တာတွေ တွေ့နေရတော့ လူတိုင်းလူတိုင်း ကိုယ့်အမြင်ကိုယ် လွတ်လွတ်လပ်လပ်ထုတ်ပြောနိုင်မယ့် ပလက်ဖောင်းတစ်ခု ရှိသင့်တယ်လို့ ယုံကြည်တာနဲ့ ဆက်လုပ်ဖြစ်တာပါ။

Myandora ရဲ့ ဆောင်ပုဒ် Read, Write and Connect Anonymously ဆိုတဲ့အတိုင်းပဲ ကိုယ့်ရဲ့ Identity ကို မထိခိုက်စေပဲ ရေးသား ဖတ်ရှု ဆက်သွယ်နိုင်ဖို့ မျှော်လင့်ပါတယ်။

***​ မြန်ဒိုရာဆိုတာ Like Share Comment တွေရဖို့အတွက် ကိုယ့်ရဲ့ကောင်းတဲ့အပိုင်းလေးတွေကိုပဲ ဖြတ်ပြီးတင်ရတဲ့ ဖေ့ဘွတ်ယဉ်ကျေးမှုထက် ကိုယ်မကောင်းတဲ့အကြောင်းကို ပြောနိုင်မယ့် နေရာတစ်ခုပါ။ မကောင်းတဲ့အကြောင်းတွေ ပြောကြပါမယ်။ သူများမကောင်းတဲ့အကြောင်းတော့ မဟုတ်ပါဘူး ကိုယ်မကောင်းတဲ့အကြောင်းပါ။ Facebook မှာ ကိုယ်ကောင်းတဲ့အကြောင်းတွေ တင်ပါ။ Myandora မှာတော့ ကိုယ် "အ" ခဲ့ ၊ "န"​ ခဲ့ ၊ "မကောင်းခဲ့တဲ့" အကြောင်းတွေတင်ပါ။


🌐 Website : https://myandora.com

🍎 iOS App : https://bit.ly/myandoraios

📱 Android : https://bit.ly/myandoraDrive

MyanQuiz ပြီးရင် ကျွန်တော်တို့အဖွဲ့ရဲ့ ဒုတိယမြောက် ကြိုးစားမှုအနေနဲ့ Myandora

Facebook ရဲ့ Reddit