ညသန်းခေါင်မှ ပြီးတဲ့ UI

ဘယ်ဘက်က နိုင်ငံတကာမှ ပညာရှင်တွေ ရေးထားတဲ့ Website ဖြစ်ပြီး ညာဘက်ကတော့ မြန်မာနိုင်ငံမှ ဝါသနာရှင် ကျွန်တော် စုတုပြုခေါင်းစဉ်နဲ့ ဒဲ့ကူးထားတဲ့ Website ပါ။

UI/UX နဲ့ ပက်သက်လာရင် ဗဟုသုတ ဇီးရိုးရှိတဲ့ ကျွန်တော့ အနေနဲ့ ပထမဆုံးအကြိမ် Frontend Code တွေကို အစအဆုံး ရေးကြည့်ခြင်းပါပဲ။ ChatGPT ကိုတော့ စစ်ကူခေါ်ရတာပေါ့။

ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်ခြင်း

UI / UX နဲ့ ပက်သက်လာရင် Background Theory တွေလည်း မသိသလို Frontend အတွက်ရေးရမယ့် HTML, CSS လည်း မသိပါဘူး။ ဒီတော့ အခုလို စု တု ပြု ပြီး ChatGPT တစ်ပိုင်း ကိုယ်တစ်ပိုင်း ခွဲရေးရတာပေါ့။

ဘယ်ဘက်က Professional တွေရေးထားတဲ့ Website တစ်ခုဖြစ်ပြီး ညာဘက်ကတော့ အခုမှ UI/UX ကို စာ စဖတ်နေတဲ့ ကျွန်တော် ရေးထားတာပါ။

UI/UX နဲ့ ပက်သက်လာရင် ဘာတစ်ခုမှကို မသိပါဘူး။ ကွန်ပျူတာပရိုဂရမ်းမင်းနဲ့ ပက်သက်လာရင် ဘော်ဒါတွေနဲ့ အာဘောင်အာရင်းသန်သန်ပြောသလောက် UI/UX နဲ့ ပက်သက်လာရင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိလို့ နှုတ်ဆိတ်နေရတာ ကြာပါပြီ။ (အခုတော့ စာအရှည်ကြီးတွေ ရေးပါတော့မယ် )

UI/UX ဆိုရာမှာ အခြေခံ Color Theory တွေ၊​ Shape / Line နဲ့ Spacing တွေက စပြီး တကယ်ကုတ်ရေးရတဲ့ Frontend အပိုင်းက HTML, CSS လည်း သေချာမသိပါဘူး။

https://oddmenu.com/p/astro-brew-house ဒီ Link က ပုံကို လိုက်ဆွဲတာ။

Component တစ်ခုကို ဆယ်မိနစ်နှုန်းနဲ့ (၆) ခု တစ်နာရီ ဆွဲလိုက်ရတယ်။

Frontend နဲ့ ပက်သက်လာရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု လုံးဝမရှိတာကနေ ဒီလိုပဲ တည်ဆောက်ရမှာပေါ့။

​UI/UX ဆိုတာ ကိုယ့်အတွက် အခက်အခဲတစ်ခုမဟုတ်ပဲ အားဖြစ်စေမယ့် ဘာသာရပ်ဖြစ်အောင် လုပ်မှပဲ ။

image info

Written on October 24, 2023