Web Browser ဆိုတာဘာလဲ?

Web Browser ဆိုတာ ဆော့ဝဲတစ်ခု။ Media Player ဆိုတာကလည်း ဆော့ဝဲပဲ။ ဘာတွေပါလဲဆိုရင် VLC Player တို့၊​ Window Media Player တို့လိုမျိုး ဆော့ဝဲတွေက Media Player ဆော့ဝဲတွေ။ ဒီဆော့ဝဲတွေက Video File တွေ၊ Audio File တွေကို ဖွင့်ပေးနိုင်တယ်။

Web Browser လို့ဆိုလိုက်ရင် Chrome, Safari တို့ ပါမယ်။

၁။​ သူတို့ကတော့ HTML Document တွေကို ဖွင့်ပေးနိုင်တယ်။ HTML Document တစ်ခုမှာတော့ HTML , CSS နဲ့ JS code တွေပါတယ်။

ဆိုတော့ PHP တို့, ASPX တို့လိုမျိုး ဖိုင်တွေကို Web Browser တွေက ဖတ်မပေးနိုင်ဘူး။ တကယ်လို့ Browser နဲ့ ဖွင့်ကြည့်ရင်တောင် Plain Text ပဲ မြင်ရမယ်။

၂။ ကိုယ့်စက်ထဲမှာရှိတဲ့ HTML Document တင်မကပဲ အခြားစက် ထဲမှာရှိတဲ့ HTML Document တွေကိုလည်း လှမ်းယူပြီး ကိုယ့်စက်ထဲမှာ ကြည့်လို့ရအောင် လုပ်ပေးနိုင်တယ်။ အခြားစက်ထဲက HTML Document ကို HTTP Protocol သုံးပြီး လှမ်းယူတယ်။

HTTP ဆိုတာ ဘာလဲ? ဘယ်လို သုံးတာလဲ?

https://google.com လို့ ရိုက်ထည့်လိုက်ရင် Google ရဲ့ Html Document ရလာတယ်။ ဒါကို Browser က ပြပေးရင် ဒီလို Home Page ကို မြင်ရမယ်။ တကယ်ရလာတဲ့ Html Document မှာ ဒီလို ရေးထားတာ တွေ့ရမယ်။

HTTP ကို ရထားတစ်စင်းလို့ တွေးကြည့်လို့ရတယ်။

ကိုယ့်ကွန်ပျူတာက Browser က ဘူတာ တစ်ခု ဖြစ်ပြီး အင်တာနက်ပေါ်က ကွန်ပျူတာမှာရှိတဲ့ ဆာဗာက ဘူတာ တစ်ခုပေါ့။

Browser —————————- Server

ရထားကလည်း တစင်းပဲရှိတယ်။ အဲ့တာ ကလည်း Browser စီမှာ။

Written on October 24, 2023