← All writing

howto

How to test our Restful API

· Aung Ko Man

Laptop displaying software code
Illustrative photo by AltumCode on Unsplash.

API ခေတ်ဖြစ်နေပြီ.

ပရောဂျက်တိုင်းမှာ API ပါတယ်။

အကုန်လုံးနီးပါးက Restful API ကိုပဲ​သုံးတယ်။ SOAP တို့ GraphQL တို့ဆိုတာ ကိုယ်နဲ့မဆိုင်သလိုပဲ။

ဘယ်လို Test လဲ?

Postman သုံးတယ်။ Postman ကိုမှ အစကတော့ Manual စစ်တယ်။ Manual ဆိုတာ လူကိုယ်တိုင် Request တွေ နှိပ်ကြည့်ပြီး ပြန်လာတဲ့ Response ကို မှန်၏ မှား၏ ဆုံးဖြတ်တာကို ပြောတ။ နောက်ပိုင်းတော့ Postman မှာ ပါတဲ့ Test Suite ကိုသုံးတယ်။ သူက Javascript နဲ့ပဲ ရေးရတာဆိုတော့ သိပ်ပြီးခက်ခက်ခဲခဲမရှိဘူး။ နောက်ပိုင်း Test Case တွေကို ကိုယ်တိုင်တောင်မရေးတော့ဘူး။ ChatGPT ကို Response JSON ပြပြီး လိုချင်တဲ့ Test Case တွေ ရေးခိုင်းလိုက်တာ အတော် အဆင်ပြေ။

ဘာတွေကောင်းလဲ?

API ကို ခေါ်သုံးနေတဲ့ Client တွေ ပြဿနာတက်ရင် Test တွေ ကောက် run ကြည့်ပြီး ငါတို့ API ကတော့ ပါဖက်ပဲလို့ ပြောလို့ရတယ် :D နောက်ပိုင်း ကြုံရတာက Backend ရဲ့ Tech Stack တစ်ခုလုံး ကောက်ပြောင်းသွားတာတောင် စိတ်ချ လက်ချ နေလို့ရတယ် ပြောရမယ်။ Client ဘက်တွေက သိတောင်မသိလိုက်ဘူး။ နောက်မှာ ကိုယ်တွေက LAMP Stack ကနေ MEAN Stack ကို ဖက်ကနဲ ပြောင်းလိုက်တာ။