← All writing

howto

Love at First Sight - How I falling in love with Fira Code Font

· Aung Ko Man

Parents and children together outdoors at sunset
Illustrative photo by Mushvig Niftaliyev on Unsplash.

Love at First Sight - How I falling in love with Fira Code Font

Font တွေနဲ့ ပက်သက်ရင် သိပ်ပြီး ထွေထွေထူးထူး ခံစားရတာမျိုး မရှိဘူး။ သြ ဒီအတိုင်း ABCD ကို ပုံစံအမျိုးမျိုးပြောင်းပြတာပဲလို့ မှတ်ထားတာ။ ဒါပေမယ့် ပြီးခဲ့တဲ့လက ကုတ်နဲ့ ပက်သက်တဲ့ စာဖတ်ရင်းနဲ့ အဲ့မှာ ပြထားတဲ့ code snippet တွေကို ကြည့်ရတာ တစ်မျိုးပဲ ဆိုပြီး တွေးမိတယ်။ ဆိုရရင် Love at first sight ဆိုတာမျိုး။​ ဒီဖောင့် ကို စတွေ့တွေ့ချင်းမှာကိုပဲ သဘောတွေကျသွားတာ။ နာမည်လိုက်ရှာကြည့်တော့ Fira Code Font လို့ သိရတယ်။

VS Code မှာ Fira Code Font ထည့်ပြီးကတည်းက ကုတ်ရတဲ့ Experience က အတော်လေး ကောင်းလာတယ်။ လူ့ဉီးနှောက်က processing လုပ်ရတဲ့ ပမာဏကို လျော့ပေးနိုင်ဖို့ ရည်ရွယ်ပြီးရေးထားတာ ဆိုတော့ ကုတ်ရတာ သက်တောင့်သက်သာ ဖြစ်လာတယ်။

တစ်လလောက်သုံးပြီးတဲ့အချိန်မှာ စွဲလမ်းတဲ့စိတ်က အတော်ဆိုးလာတယ်။ Fira Code Font မပါတဲ့ စက်မှာ ကုတ်သွားရေးရင် ပိုပင်ပန်းတယ်လို့ပါ ခံစားလာရတယ်။ ဒါနဲ့ ရောက်တဲ့နေရာ သုံးရတဲ့ စက်တိုင်းမှာ Fira Code Font ကို လိုက်ထည့်ရတယ်။

https://github.com/tonsky/FiraCode?tab=readme-ov-file

Tutorial တစ်ခုဖတ်နေရင်းနဲ့ သူ ပြထားတဲ့ sample code က ချစ်စရာကောင်းနေတာကို တွေ့ရတယ်။ Love at First Sight ဆိုတာ တကယ်ရှိမှန်းသိ။ ဖောင့်ဟူသမျှ အပိုတွေပါကွာလို့ အမြဲတွေးနေရာကနေ ဒီ sample code မှာ သုံးထားတဲ့ ဖောင့်ကို တွေ့မှ မိုက်လှချည်လားဖြစ်သွားတယ်။

လိုက်ရှာ။ Fira Code လို့ သိရ။

VS Code မှာ ထည့်။ သဘောတွေကျ။ https://uselaradoc.com/ https://github.com/tonsky/FiraCode?tab=readme-ov-file