← All writing

howto

ဆော့ဝဲ တစ်ခုရေးချင်လို့ ဘယ်လောက်ကျလဲ?

· Aung Ko Man

Laptop displaying software code
Illustrative photo by AltumCode on Unsplash.

ဆော့ဝဲ တစ်ခုရေးချင်လို့ ဘယ်လောက်ကျလဲ? ပေ့ကို စာတစ်စောင် ဝင်လာလို့ ဖတ်ကြည့်ပါတယ်။ စစချင်း ပြုံးမိသွားတယ်။ Android App ဆိုရင် ငါးသိန်း iOS App က ခုနှစ်သိန်း နှစ်မျိုးပေါင်း ယူရင် ဆယ်သိန်းပါ Website ကတော့ တစ်မျက်နှာ တစ်သိန်း ပါ ခင်ဗျ။ ဒါမျိုး ချက်ခြင်းအဖြေရဖို့ မျှော်လင့်နေရင် မှားသွားပါလိမ့်မယ်။ ဆော့ဝဲ ပရောဂျက် တစ်ခု စဖို့ ဆိုရင် ငွေကြေးကိုအရင်ဆုံးဖြတ်တာထက် ကိုယ့်ရဲ့ လိုလားချက်ကို အရင်ဆုံးဖြတ်တာ ပိုအဆင်ပြေပါတယ်။ ဉပမာ အနေနဲ့ client တစ်ယောက်ရဲ့ ဇာက်လမ်းကို ကြည့်ရအောင်။ Client မှာ ဆန်စက် တစ်ခုရှိပြီး အဲ့ဆန်စက်မှာ နေ့စဉ် လာကြိတ်တဲ့ ဆန်ပမာဏ နဲ့ ရတဲ့ ပိုက်ဆံကို နေ့တိုင်း လယ်ဂျာစာအုပ်ထဲမှာ ဆန်စက်စာရေးက ဖြည့်ပေးတယ် ဆိုပါစို့။ နောက်တော့ အဆင့်မြင့်လာပြီး ကွန်ပျူတာ တစ်လုံးပေးထားပြီး excel file နဲ့ ဖြည့်တယ်ပေါ့ဗျာ။ တဖြည်းဖြည်းနဲ့ လုပ်ငန်းက အောင်မြင်လာပြီး ဆန်စက်က တစ်စက်ကနေ သုံးလေးစက် တိုးချဲ့နိုင်လာတယ်။ ဒါပေမယ့် အဝင်အထွက်စာရင်းကတော့ ပိုပိုပြီး ရှုပ်လာတယ်။ နောက်ပြီး တစ်ပတ်နေမှ တစ်ခါ ပိုင်ရှင်စီကို သက်ဆိုင်ရာ ဆန်စက်စာရေးတွေက ဝင်ငွေ ထွက်ငွေ လာရှင်းရတာ တစ်ရက်သက်သက် အချိန်ကုန်နေတယ်။ ဒီတော့ ပိုင်ရှင်အနေနဲ့ ဆော့ဝဲ တစ်ခု သုံးရင်တော့ အချိန် လူ နဲ့ ငွေ သက်သာမယ်လို့ ယူဆတယ်။ ဒါနဲ့ပဲ ဆော့ဝဲ-၁၀၀ ကို ရောက်လာပြီး အထက်က မေးခွန်းကို မေးတယ်။ ဒီမှာ ချက်ခြင်း အဖြေမပေးနိုင်သေးပဲ သူ့ရဲ့ လိုလားချက်ကို နားလည်အောင် မေးမြန်းစူးစမ်းရတယ်။ ဆန်စက် နဲ့ပက်သက်တဲ့ လုပ်ငန်းတွေက ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်လည်း မဟုတ်တော့ သုံးလေးရက်လောက် စကားပြောပြီးမှ လိုလားချက်ကို အကြမ်းဖျဉ်း သိရတယ်။ နောက် လိုချင်နေတဲ့ solution က မိုဘိုင်းဖုန်း ပေါ်မှာတင် စာရင်းထည့် စားရင်းတွက် စာရင်းကြည့် ဒါမျိုး။ ဒီတော့မှ သုံးရမယ့် developer အင်အားစာရင်း နဲ့ ကုန်ကျစရိတ် တွက်ပြီး quotation ပြန်ပို့ပေးရတယ်။ စစချင်း များတယ် ထင်ပေမယ့် ကိုယ်ကပဲ client ကိုယ်စား ROI (Return on Investment) ၃ နှစ်စာ တွက်ပြပြီး ဒီဆော့ဝဲကို သုံးတာ ငွေရေးကြေးရေးအရလည်း အမြတ်အစွန်းရှိကြောင်း ရှင်းပြခဲ့ရသေးတယ်။ ဒီတော့မှ ကိုယ်ရွှေ client လည်း သဘောတွေကျပြီး ပရောဂျက် အပ်ဖြစ်သွားတယ်။ ဒီတော့ ကိုယ့်လက်ရှိ manual လုပ်နေတဲ့ အလုပ်တွေကနေ မိုဘိုင်းဖုန်းလေးနဲ့ ပြောင်းလုပ်ချင်လို့ ဆော့ဝဲရေးချင်တယ် ဆိုရင် ဘယ်လောက်ကျလဲ အရင်မမေးပဲ ကိုယ်လိုချင်တာကိုသာ အရင်ပြောပေးပါခင်ဗျ။