← All writing

howto

Assistance and Us

· Aung Ko Man

Notebook and fountain pen for planning and reflection
Illustrative photo by Niko Nieminen on Unsplash.

မနေ့ညက ဘုရားရှိခိုးနေတုန်း မီးပြတ်သွားတယ်။

အကုန်လုံး မဲမှောင်သွားပြီး ကိုယ့်လက်ကိုတောင် မမြင်ရတဲ့ အနေအထားမျိုး။ ဒါနဲ့ ဘုရားခန်းထဲက အသာထ၊ ဧည့်ခန်းဘက် လှည့်ပြီး "Hey Siri!" လို့ အော်ရတယ်။

ဖုန်းက ထမင်းစား စားပွဲမှာ တင်ထားခဲ့တာ။

"Humm"

Siri အသံက လူရဲ့ Response နဲ့ အတော်လေးတူလာပြီ။ အရင်လို I'm here တွေဘာတွေ မလုပ်တော့ပဲ "ဟမ် ဘာလုပ်မလို့လဲ" ဒါမျိုးတွေ ဖြေတက်လာပြီ။ အခုလည်း "ဟမ် "​ဆိုပြီး ဖုန်း screen လင်းလာတယ်။

"Turn on flash light" ကိုယ့်ရဲ့ ငပိသံ အင်္ဂလိပ်ကိုလည်း နားလည်တယ်။ ... "Done!"

ဖုန်း Flash Light ပွင့်လာပြီး အခန်းလည်း လင်းလင်းချင်းချင်း ပြန်ဖြစ်လာတယ်။ အံမယ် ဘယ်ဆိုးလို့တုန်းပေါ့။ မီးပြတ်တဲ့အချိန် ဖုန်းမီးလေး ဘာလေးဖွင့်ခိုင်းလို့ရတာနဲ့တင် တန်ပါတယ်လေလို့ စိတ်ဖြေရတယ် :D

နံဘေးကနေ အမျိုးသမီးက ပြောတယ်။​

"​Siri က ကိုမန်းစကားပဲ နားထောင်တယ်၊ ကိုယ့်စကား နားမထောင်ဘူး"

ဟုတ်လို့လား ၊ ခေါ်ကြည့်ပါဉီး

"Hey Siri"

ဖုန်းက တုတ်တုတ်မှ မလှုပ်။

Google ရော ခေါ်ကြည့်ပါဉီး။

"Hey Google"

Google ကတော့ သူ့သခင်မ အသံကို ကျတ်မိတယ် ထင်ရဲ့ "What can i do for you" ဆိုပြီး တက်လာတယ်။ ဒါဆို Siri က တစ်ယောက်စကားကိုပဲ နားထောင်တာလား မသိ။ Siri ကို on / off လုပ်ပြီး သခင်ပြောင်းလိုက်ရတယ်။ ဒီတော့မှ Siri က အမျိုးသမီးစကားနားထောင်ပြီး ကျွန်တော့ စကားနားမထောင်တော့။ သူလည်း သခင်တစ်ယောက်ပဲ မှတ်နိုင်တယ် ထင်ပါရဲ့။ တော်သေးတာပေါ့ Face Unlock ကို နှစ်ယောက်မှတ်ထားပေးလို့။