← All writing

howto

ဆော့ဝဲရောင်းတာလား ဆော့ဝဲရေးတာလား?

· Aung Ko Man

Laptop displaying software code
Illustrative photo by AltumCode on Unsplash.

ကိုယ့်လုပ်ငန်းမှာ ဆော့ဝဲတစ်ခု လိုတဲ့အခါ ရွေးချယ်စရာ (၂)​ မျိုးရှိတယ်။

၁။​ ကိုယ့်လုပ်ငန်းအတွက် ကိုက်ညီတဲ့ ဆော့ဝဲတစ်ခု ဝယ်သုံးမယ်။ ၂။ စျေးကွက်မှာ ကိုယ့်လုပ်ငန်းအတွက် ကိုက်ညီတဲ့ ဆော့ဝဲမရှိရင် ဆော့ဝဲရေးပြီး သုံးမယ်။

ရွေးချယ်မှုတိုင်းမှာ အကျိုးအပြစ်တွေကတော့ ဒွန်တွဲနေတာ များတော့


ဆော့ဝဲ ဝယ်မလား အပ်မလား? ဝယ်မယ်။ ဝယ်တဲ့ အပိုင်းကတော့ ရှင်းပါတယ်။ ကိုယ့်လုပ်ငန်းအတွက် လိုအပ်တဲ့ ဆော့ဝဲကို ဈေးကွက်ထဲမှာ လိုက်ရှာပြီး သင့်တင့်တဲ့ဟာကို ဝယ်ရုံပဲ။ ရောင်းတန်းဝင် ဆော့ဝဲတွေ ( စာမှာတော့ Off the shelf ဆော့ဝဲ လို့ သုံးတယ် ) က

  • ဈေးသက်သာတယ်။
  • ချက်ခြင်း သုံးနိုင်မယ်။
  • အများပြည်သူသုံးဖို့အတွက် အများကြီး ထုတ်ထားကြတယ်။ ဉပမာ Microsoft Office Suite , Adobe Creative Suite ရောင်းတန်းဝင် ဆော့ဝဲတွေမှာ အားသာချက်တွေ အများကြီး ရှိသလို အားနည်းချက်အချို့လည်း ရှိတယ်။
  • အများသုံးထုတ်ထားတော့ ကိုယ့်လုပ်ငန်းအတွက် မကိုက်ညီတာများတယ်
  • ဆော့ဝဲကို ပြင်လို့မရတော့ ကိုယ့်လုပ်ငန်း Flow ကို ပြန်လိုက်ပြင်ရတယ် အပ်မယ်။ ဈေးကွက်ထဲမှာရှိတဲ့ ဆော့ဝဲတွေက ကိုယ့်လုပ်ငန်းမှာ သုံးဖို့ မအိုကေဘူးဆိုရင် ကိုက်ညီအောင် ပြင်ရင်ပြင်၊ မပြင်နိုင်ရင် အစကအဆုံး အသစ်တစ်ခုရေးရတော့မယ်။ tailor-made လို့ ခေါ်တဲ့ ကိုယ့်လုပ်ငန်းနဲ့ ကိုက်အောင် ရေးထားတဲ့ ဆော့ဝဲ တွေကတော့
  • ဈေးကြီးမယ်။
  • ချက်ခြင်းသုံးလို့မရပဲ ဆော့ဝဲရေးတဲ့အချိန်၊ စမ်းသုံးတဲ့ အချိန် နဲ့ ပြင်တဲ့ အချိန်တွေ စောင့်ရမယ်။ ကောင်းတာကတော့
  • ကိုယ့်လုပ်ငန်းအတွက် သီးသန့်ရေးပေးထားတာ ဖြစ်လို့ လုပ်ငန်း Flow ကို ပြင်စရာ မလို။
  • ဈေးကွက်မှာ ကိုယ်နဲ့ တူတဲ့ ‌ဆော့ဝဲ မရှိလို့ stand out ဖြစ်မယ်။ ဒီတော့ ကိုယ့်လုပ်ငန်းမှာ ဆော့ဝဲ သုံးဖို့ လိုလာတဲ့အခါ ဝယ်ရမလား အပ်ရမလား ဆုံးဖြတ်တဲ့အခါ ကောင်းကျိုး ဆိုးကျိုးတွေကို ထည့်သွင်း စဉ်းစားနိုင်အောင် တင်ပြလိုက်ရပါတယ် ခင်ဗျား။ ကျွန်တော်တို့ ဆော့ဝဲ ၁၀၀ မှာတော့ အသေးစား နဲ့ အလက်စား လုပ်ငန်းရှင်တွေ အတွက် လိုအပ်တဲ့ ဆော့ဝဲ တွေကို မြန်မာနည်း မြန်မာ့ဟန်နဲ့ tailor-made ရေးသားပေးနေပါတယ်။ ကျွန်တော်တို့ရဲ့ Client တွေထဲမှာ ဆန်စက် ပိုင်ရှင် တောင်သူ လယ်သမား ဦးကြီးတွေက စပြီး Wifi Provider Company တွေ အလယ် လုံခြုံရေးဝန်ဆောင်မှု ပေးနေတဲ့ ကုမ္မဏီ အဆုံး လုပ်ငန်းမျိုးစုံ ရှိပါတယ်ခင်ဗျ။ လုပ်ငန်း တစ်ခုစီရဲ့ unique ဖြစ်တဲ့ လိုလားချက်တွေကို ပြေလည်အောင် နည်းပညာပိုင်း ဆိုင်ရာ ဝန်ဆောင်မှု ပေးနေတာ မို့လို့ လူကြီးမင်းတို့ရဲ့ လုပ်ငန်းမှာ နည်းပညာပိုင်းဆိုင်ရာ အကူအညီ လိုရင် အချိန်မရွေး ဆက်သွယ်နိုင်ပါတယ် ... ✅✅✅ https://mmsoftware100.com