Variable

Variable ဆိုတာ စွန်လား သေတ္တာလား?

ကွန်ပျူတာ ပရိုဂရမ်းမင်းကို လေ့လာတဲ့အခါ ပထမဆုံး သင်ရတဲ့ concept က variable ပါ။

int age = 30;

များသောအားဖြင့်တော့ Variable ကို သေတ္တာလိုမျိုး မြင်လို့ရတယ်။

ဒီအပေါ်က ကုတ်ကို စိတ်ထဲမှာ ဘာသာပြန်မယ်ဆိုရင်

သေတ္တာတစ်လုံးရှိတယ်။ သေတ္တာရဲ့ Label က age သေတ္တာထဲမှာ သိမ်းထားတဲ့ Value က 30

int age = 30;
print(age); // output -> 30 

သေတ္တာထဲမှာ သိမ်းထားတာကို ထုတ်ကြည့်ရင် 30 ကို မြင်ရမယ့်ပေါ့။

int age = 30;
print(age); // output -> 30 
age++; // သေတ္တာထဲက တန်ဖိုးကို တစ်တိုး 
print(age); // output -> 31

int age2 = age; // ပထမသေတ္တာထဲက တန်ဖိုးကို ဒုတိယ သေတ္တာထဲထည့်။
print(age2); // output -> 31;
age2--; // သေတ္တာထဲက တန်ဖိုးကို တစ်လျော့
print(age2); // output -> 30
print(age); // output -> 31

ဒီလောက်အထိက သေတ္တာ Concept နဲ့ အဆင်ပြေတယ်။ နောက်တစ်ပိုင်းမှာတော့ သေတ္တာလို့ တွေးလို့မရပဲ စွန်လို့ တွေးမှ နားလည်မယ့် ကုတ်တွေ အကြောင်း ဆက်လက်တင်ပြပါဉီးမယ်။

ကွန်ပျူတာ မှာလည်း လူတွေလိုပဲ ဘာသာစကားမျိုးစုံရှိတယ်။

Python Java Script C++

စသည်ဖြင့် ဘာသာစကားပေါင်း (၉,၀၀၀) လောက်ရှိတယ်။

Written on March 26, 2024