howto
All time HIGH
· Aung Ko Man

Jon Bellion က All Time Low ဆိုပြီး သီချင်းတစ်ပုဒ် ဆိုထားတာရှိတယ်။ ကျွန်တော်တို့ကတော့ All Time High လို့ ဆိုရမယ် ထင်တယ်။
ဘာတွေ High နေတာလဲ? မကျေနပ်တာတွေ ကြောက်နေတာတွေ ဒါတွေ High နေတာ။
ဘဝရဲ့ အချိုးအကွေ့တိုင်းကို ပြန်ကြည့်လိုက်တိုင်း အလိုဆန္ဒမပြည့်ဝတာတွေ လိုချင်ရချင်နေတာတွေ ကိုယ်မကြိုက်တာတဲ့ အချိန်၊ နေရာ၊ လူ နဲ့ အဖြစ်အပျက်တွေ ပူပန်သောကတွေ မကျေနပ်တဲ့ ဒေါသတွေ
ဒါဟာ မငြိမ်းသောမီး ထင်ပါရဲ့ ဒီတော့ သတိကပ်မိတဲ့အချိန်တိုင်း အသက်ကို ဖြည်းဖြည်းနဲ့ တဝရှုသွင်း ရှုထုတ်လုပ်ပြီး တည်ငြိမ်အောင် လုပ်ရတယ်။ Baby calm down, calm down ဆိုပြီး ကိုယ့်ကိုယ်ပြန် သတိပေးရတယ်။
မက်စီ ရဲ့ documentry တစ်ခုမှာ သဘောကျတဲ့ Dialog တစ်ခု ပါလာတယ်။ မာရာဒိုနာ သေသွားလည်း ကမ္ဘာကြီးက လည်ပတ်နေဉီးမှာပဲ။ အခု သူ (မက်စီ) ဘောလုံးလောက အနားယူတာပဲဖြစ်ဖြစ် သေသွားတာပဲ ဖြစ်ဖြစ် ကမ္ဘာကြီးက ဆက်လည်နေဉီးမှာပဲ။ ဒီတော့ ဘာကိုဂရုစိုက်ပြီး real you ကို မလုပ်တာလဲ?
what's the purpose? စားဝတ်နေရေးအတွက် ပူစရာမလိုတဲ့အခါ ဒီလို ကြောင်တောင်တောင်တွေ တွေးကြတာပဲလားမသိ။