စည်း ကမ်း

Freedom is a state of mind

Freedom is a state of mind that we can choose to experience in any given circumstance. We always have a choice to “be” free. Never once in those moments of perceived despair did I point the finger out or feel like I didn’t have a choice.

လွတ်လပ်မှု ဆိုတာ စိတ်ရဲ့ အခြေအနေ တစ်ခု

ဒီလိုပြောရင် မိုတီဗေးရှင်း စပီကာ လေသံ ပေါက်မယ်။ တစ်ချိန်လုံး ယောက်ယက်ခက်နေတဲ့ စိတ်ကို

ခနရပ်ပြီး စိတ်အေးလက်အေး စဉ်းစားကြည့်တော့ လွတ်လပ်ဖို့ဆိုတာ ဝေလာဝေး

ကုန်လွန်ခဲ့တဲ့ အချိန်တိုင်းမှာ စိုးရိမ်သောက ဗျာပါဒ တွေနဲ့ပဲ နပန်းလုံးနေခဲ့ရတာ တွေ့ရတယ်။

ကျွန်တော် အိန္ဒိယ ကို ဒုတိယအခေါက် သွားတုန်းက လွတ်လပ်တယ် ဆိုတဲ့ ခံစားချက်ကို ရခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတာကို ခနခန ပြန်စဉ်းစားမိတယ်။ သိပ်ပြီး တိတိပပ အဖြေရှာလို့ မရခဲ့ဘူး။ external factor တွေကတော့ အများကြီးပေါ့ဗျာ။

နိုင်ငံရပ်ခြားမှာ နေရတယ်

ငွေရေးကြေးရေး အတန်အသင့် အဆင်ပြေတယ်

ကိုယ်တစ်သက်လုံး သဘောကျခဲ့တဲ့ Device တွေ ဝယ်နိုင်တယ်

အလုပ်အကိုင်တွေ အဆင်ပြေတယ်

ပညာရပ်ပိုင်း ဆိုင်ရာ တိုးတက်လာတယ်

ဒါပေမယ့် ဒီအချက်တွေကြောင့် ကျွန်တော် လွတ်လပ်တယ်လို့ ခံစားရတာလားဆိုရင် မဟုတ်ပြန်ဘူး။

အတူတူ ကျောင်းတက်ရတဲ့ နီပေါက ဆရာသမားတစ်ယောက် ဆိုရင် ထုတ်ပါပြောတယ်။

“Aung မင်းကို ကြည့်ရတာ တကယ်ကို စိတ်လက်ပေါ့ပေါ့ပါးပါး နဲ့ အတော်လေး စိတ်အေးချမ်းသာတဲ့ ပုံပေါက်တယ်။ မင်း ဒီ မဆလာတွေ များတဲ့ အစားအစာတွေ၊ ဇာက်နိမ့် ဇာက်မြင့် ကွဲပြားလွန်းတဲ့ စနစ် တွေ ကြားထဲမှာ ဘယ်လိုများ အဆင်ပြေပြေ နေနိုင်လဲ “

ကျွန်တော် ပြန်ဖြေဖြစ်တာက

“ကြုံရသမျှကို အတွေ့အကြုံ အနေနဲ့ပဲ မှတ်ပါတယ်။ ကောင်းခြင်း ဆိုးခြင်းတွေ ကျွန်တော် မဆုံးဖြတ်ပါ”

ဒီမှာ ကျွန်တော် တစ်ခု သဘောပေါက်သွားတယ်။ ကျွန်တော်တို့ ကိုယ်စိတ်နှစ်ပါး ဆင်းရဲပြီး ပူပန်သောက ရောက်နေကြတယ် ဆိုတာ “လိုချင်တာတွေ ရှိနေလို့” ဖြစ်မယ်။ မလိုချင်တဲ့သူဟာ သိပ်ပြီး စိတ်ဆင်းရဲစရာ အကြောင်း မရှိဘူး ဖြစ်မယ်။

ပုံမှန်ဆိုရင်တော့ စိတ်အဆင်မပြေရင် ကိုယ်မဟုတ်တဲ့ တစ်ခြားလူ၊ ကိုယ် control မလုပ်နိုင်တဲ့ အခြေအနေ နဲ့ ပတ်ဝန်းကျင် ကို လက်ညှိးထိုးတော့တာပဲ။ နောက်ပိုင်းတော့ ကိုယ် ဘာလို့ စိတ်ကျဉ်းကြပ်နေလို့၊ ဘာလို ပူလောင်နေလဲဆိုတာကို အတွင်းမှာပဲ လိုက်ရှာဖြစ်တယ်။ အမြဲတမ်းလည်း လိုအင်ဆန္ဒတွေကြောင့်ပဲ ပူလောင်ရတာ များတယ်။

ဒီတော့ စိတ်ရဲ့ လွတ်လပ်မှုကို ရချင်ရင် External မှာ မရှာပဲ internal မှာပဲ ရှာတာ ကောင်းမယ်။

Written on April 12, 2024