← All writing

learning

Dr. Token for Specialist

· Cisco Ramon

🏥 ဆေးခန်း အများကြီးမှာ ထိုင်ရပြီး Booking တွေ အမြဲပြည့်နေတဲ့ အထူးကုဆရာဝန်ကြီးများအတွက်…

အထူးကု ဆရာဝန်ကြီးတွေဆိုတာ လူနာ အတော်များပြီး ထိုင်သမျှ ဆေးရုံ၊ ဆေးခန်းတိုင်းမှာ Booking တွေ အမြဲပြည့်နေတတ်ပါတယ်။ ဆရာဝန်ကြီးတွေအနေနဲ့ လူနာတွေကို စိတ်အေးချမ်းသာစွာနဲ့ ကုသမှုပေးချင်ပေမယ့်၊ လက်တွေ့မှာတော့ Booking ယူထားရင်တောင် လူနာတွေဟာ ၂ နာရီမက အကြာကြီး စောင့်ရတတ်ပါတယ်။

တကယ်တော့ လူနာတွေအတွက် စောင့်ရတဲ့အချိန်ထက် “ဘယ်တော့ ကိုယ့်အလှည့်ရောက်မလဲ” မသိရတာက ပိုပြီး မသက်မသာ ဖြစ်စေပါတယ်။

ကိုယ့်နောက်မှ ရောက်လာသူတွေ အရင်ဝင်သွားတာကို မြင်ရတဲ့အခါ ပွင့်လင်းမြင်သာမှု မရှိတဲ့ တိုကင်စနစ်ဟောင်းတွေကြောင့် အလှည့်ကျော်တယ်လို့ ထင်သွားတတ်ပြီး လူနာနဲ့ ဝန်ထမ်းတွေကြား မလိုအပ်ဘဲ ပွတ်တိုက်မှုတွေ ရှိလာနိုင်ပါတယ်။ လူနာတွေကို သက်သာစေချင်တဲ့ ဆရာဝန်ကြီးတွေရဲ့ စေတနာတွေလည်း အချည်းနှီး ဖြစ်ရတတ်ပါတယ်။

ဒီလို စောင့်ဆိုင်းရမှု ပြဿနာတွေကို ဖြေရှင်းဖို့နဲ့ လူနာတွေရဲ့ ယုံကြည်မှုကို အပြည့်အဝရရှိဖို့ “ဒေါက်တာတိုကင် (Dr. Token)” စနစ်က ကူညီပေးနိုင်ပါပြီ။

✨ ဒေါက်တာတိုကင် က ဘာတွေ ကူညီပေးနိုင်မလဲ?

  • လူနာတွေအနေနဲ့ သီးခြား App တွေ ဒေါင်းလုဒ်ဆွဲ ထည့်ထားစရာမလိုဘဲ ဆေးခန်းစာအုပ်မှာပါတဲ့ QR Code ကို ဖုန်းနဲ့ Scan ဖတ်ရုံနဲ့ ဆရာဝန် ကြည့်ပေးနေတဲ့ ဘိုကင်နံပါတ်ကို မည်သည့်နေရာမှမဆို လွယ်ကူစွာ တိုက်ရိုက် ကြည့်နိုင်ပါတယ်။

  • ဆေးခန်း Waiting Area က တီဗီမှာလည်း ဆရာဝန် ကြည့်ပေးနေတဲ့ ဘိုကင်နံပါတ်ကို ရှင်းလင်းစွာ ပြပေးထားနိုင်တဲ့အတွက် ပွင့်လင်းမြင်သာမှု အပြည့်အဝရှိပြီး ဝန်ထမ်းနဲ့ လူနာကြား ညည်းညူမှုတွေကို အနည်းဆုံးဖြစ်စေပါတယ်။

  • ဆေးခန်းမှာ တပ်ဆင်ဖို့ အချိန် (၁၅) မိနစ်ပဲ လိုအပ်ပြီး ဆေးခန်းမှာရှိပြီးသား ဖုန်း၊ ကွန်ပျူတာ၊ TV တွေနဲ့ပဲ အလွယ်တကူ စတင်အသုံးပြုနိုင်ပါတယ်။

ဝန်ထမ်းတွေအတွက် အသုံးပြုရ ခက်ခဲမလား၊ လူနာတွေ စိတ်မဝင်စားရင် ဘယ်လိုလုပ်မလဲ ဆိုပြီး စိတ်ပူစရာ မလိုပါဘူး။ ပထမ (၁) လ ကို စမ်းသပ်အသုံးပြုကြည့်လို့ရပြီး အဆင်မပြေမှုတွေရှိခဲ့ရင် ငွေပေးသွင်းစရာ မလိုပါဘူး။

ဆရာဝန်ကြီးများရဲ့ အဖိုးတန်လှတဲ့ အချိန်တွေနဲ့ စေတနာတွေကို အထိရောက်ဆုံး အသုံးချနိုင်ဖို့ လူကြီးမင်းတို့ရဲ့ ဆေးခန်းကို အခုပဲ ခေတ်မီစနစ်နဲ့ အဆင့်မြှင့်တင်လိုက်ပါ။

အသေးစိတ်ကို သိရှိလိုပါက Messenger (သို့မဟုတ်) အောက်ပါ ဖုန်းနံပါတ်များမှ တစ်ဆင့် ယခုပဲ ဆက်သွယ် စုံစမ်းနိုင်ပါပြီ။ 📞 ဖုန်း - 09 693-555-050 💬 Viber - 09 9631 70 133 🌐 Website - www.drtoken.live 🌐 Address - တိုက်အမှတ် B23, သပြေကုန်းမြို့မစျေး၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။