Why we need maintenance?

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က Launch လုပ်ခဲ့တဲ့ Mobile App တစ်ခု urgent ပြင်ပေးဖို့လိုလာတယ်။ ပြင်ရမှာက စာလေးနှစ်ကြောင်းဆိုပေမယ့်

လက်ရှိ စက်ထဲမှာ run မရတော့ဘူး။ Thank you, Flutter.

Flutter အစွမ်းအံ့မခန်းလို့ ပြောရမယ်။ အပြောင်းအလဲများပြီး mature မဖြစ်ေသးလို့လား မသိ။ နှစ်နှစ်ဆိုတဲ့ ကာလအတွင်း downgrade ပြန်လုပ်ပြီး run တာေတာင် မရှိတော့တဲ့ package တွေကမရှိေတာ့ပဲ အတော်လေး ဒုက္ခများသွားတယ်။

အလုပ်တွေက Time Sensitive ဖြစ်တယ်။ Stakeholder တွေရဲ့ အမြန်လိုတဲ့ လိုလားချက်ကို အချိန်မှီပြည့်အောင် ဖြစ်ရတာက နောက်ထပ် ဖိစီးမှု တစ်ခု။

ကိုယ်တွေကလည်း Maintenance မလုပ်တာပါပါတယ်။ သုံးလတစ်ခါလောက် up and running စမ်းပြီး လိုအပ်တာတွ လိုက်မြှင့်ပေးနေရမှာကို Fire and Fotget လုပ်ပြီး ဒီအတိုင်း ပစ်ထားလိုက်တာ အခုလို အရေးပေါ်အခြေအနေကြတော့ တော်တော် ရွာလည်ပြီ။

လက်ရှိ ဗားရှင်းနဲ့ ကိုက်အောင် လိုက်မြှင့်ဆိုလည်း တစ်ပတ်လောက်ကြာမယ်။ စက်ထဲမှာ အကုန် downgrade ဆင်းဆိုတော့လည်း အခုထိ အဆင်မပြေ သုံးလေးရက်။ Online CI/CD Platform တွေမှာ လိုက်စမ်းကြည့်ရေချေဉီးမယ် တစ်မုံ့။

နောက်များတော့ Maintenance Fee တစ်ခုခုနဲ့ ဆက်ပြီး ထိမ်းသိမ်းေစာင့်ေရှာက်သွားဖို့ Client တွေနဲ့ ဆွေးနွေးရမယ်။

Written on August 2, 2025