← All writing

products

အရက်ဝိုင်း ရဲ့ နိင်ငံတော်သီချင်း

· Aung Ko Man

Musician playing an acoustic guitar
Illustrative photo by John Hult on Unsplash.

မင်းကောင်းတယ် ငါကောင်းတယ် ဟိုကောင်ကတော့ ငပဲ့၊ ငရွဲ့။

ဒါဟာ အရက်ဝိုင်းရဲ့ နိုင်ငံတော် သီချင်းပဲ။ ကိုယ့်ရဲ့ အပြစ်တွေကို ဖုံးကွယ်ဖို့ အခြားသူရဲ့ အပြစ်တွေကို ဖော်ဖို့ တာဝန်ရှိသလား။ ဒါတော့ ကျွန်တော် မသိ။ မူးတဲ့အခါ Heart to heart ပြောကြသတဲ့ ကျွန်တော်တို့ နှလုံးသားထဲမှာ ဒီလိုမျိူး ဆိုးညစ်မှုတွေပဲ ရှိနေသလား။ ဒါလည်း ကျွန်တော် မသိ။ ကျွန်တော်သိတာကတော့ ဒီတစ်ခေါက် မြို့ပေါ်ရောက်ရင် Bacardi Limón တစ်လုံးလောက် သောက်ချင်တာပါပဲ။