tips
အေအိုင်ကို ကိုယ့်လုပ်ငန်းအကြောင်း ဘယ်လိုပြောပြထားမလဲ?
· KM
အခုခေတ်က တစ်ခုခုလိုချင်တဲ့အခါ အရင်လို
- Google မှာ ရှာတာ
- Facebook မှာ ရှာတာ
- TikTok မှာ ရှာတာ
ဒါတွေထက် အေအိုင်ကိုပဲ သွားမေးကြတာ များတယ်။
ဒါဆို အေအိုင်ကို ကိုယ့်လုပ်ငန်းအကြောင်း ပြောထားရင် ဘယ်လိုဖြစ်မလဲ? အေအိုင်က သူ့ကိုလာမေးတဲ့သူတွေကို ကိုယ့်လုပ်ငန်းအကြောင်း ကောင်းကောင်းပြန်ညွှန်ပေးနိုင်မယ်ပေါ့။ ဒါက အကြမ်းဖျဉ်း စဉ်းစားကြည့်ရင် ဖြစ်နိုင်တဲ့ သဘောမှာ ရှိတယ်။
ဒါပေမယ့် ဒီအတိုင်း အေအိုင်ကို သွားပြောရင် သူက မှတ်ထားပေးမှာ မဟုတ်ဘူး။ Facebook Page , Tik Tok Page စတဲ့ social media page တွေ သွားပေးထားလည်း အဲ့ ပလက်ဖောင်းတွေက အေအိုင်ကို အဝင်မခံတော့ ကိုယ်ဘာလုပ်ငန်းလုပ်နေတယ်၊ ဘယ်ဝန်ဆောင်မှုတွေ ပေးနေတယ်၊ ဘာရောင်းနေတယ် ဆိုတာကို အေအိုင်က သိဖို့ ခက်သွားမယ်။
ဒါဆို ဘယ်လို ပြောပြကြမလဲ? ဒါကတော့ ခေတ်ဟောင်းနည်း ပြန်ရောက်သွားမယ်။ ဟုတ်ပါတယ် Website ပါ။
အရင်ခေတ်ကလည်း SEO ဟေ့ဆိုပြီး အော်ခဲ့ကြတာ အခုခေတ်တော့ AI Optimization လို့ ခေါ်ကြပြီ။ GEO ပေါ့ Generative Engine Optimization
Website တစ်ခုလည်း အခုခေတ်က လွယ်ပါတယ်။ ကိုယ့်လုပ်ငန်းအကြောင်းစီကာပက်ကုန်းရေးထားတဲ့ Prompt အရှည်ကြီး တစ်ပိုဒ် ထည့်ပေးလိုက်ရင် (၁၅) မိနစ်အတွင်း website တစ်ခုရတယ်။ ဆာဗာဖိုးဘာညာသာရကာကလည်း အကုန်အလကားပေးထားတာတွေ အများကြီး။ ကိုယ်ကုန်စရာဆိုလို့ လူရိုသေ ရှင်ရိုသေ ဒိုမိန်းလို့ ခေါ်တဲ့ www.လုပ်ငန်းနာမည်.com တစ်ခုဖိုးပဲ ရှိမယ်။ ဒါကလည်း ဆယ်ဒေါ်လာ ဆယ့်ငါးဒေါ်လာ လေးငါးသောင်းပေါ့။ အကုန်စုစုပေါင်း တစ်သိန်းလောက်ဆိုရင် ကိုယ်ပိုင် Website နဲ့ အေအိုင်ကို ကိုယ်လုပ်ငန်းအကြောင်း ကောင်းကောင်း ပြောပြလို့ရပြီ။
ဒီ Prompt နဲ့ Work Flow ကို cb မှာ အခမဲ့ လာယူလို့ ရပါတယ်။