စကားတို့၏ အစွမ်း
ဒီကနေ့ သာသနာတော်နှစ် ၂၅၅၅ ခု၊ ကောဇာသက္ကရာဇ် ၁၃၇၃ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်နေ့ည ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် စောရန်ပိုင် တောင်ရပ်ကွက်၊ ပိတောလမ်း ဇောတနာရာမ ပရိယတ္တိ စာသင်တိုက်ကြီးရဲ့အတွင်းမှာ ဆင်ယင်ကျင်းပကြတဲ့ ဓမ္မဒါန တရားပွဲသဘင်ကြီးမှာ တရားပွဲမတည်အလှူရှင်များဖြစ်ကြတဲ့ ဒကာကြီး ဦးအမ်းကူး၊ ဒကာမကြီး ဒေါ်သန္တာ နံ့ပြားဘော် စံဆိုင်မိသားစုတို့ရဲ့ ဓမ္မဒါနကောင်းမှုကို အကြောင်းပြုပြီးတော့ ဒီကနေ့ ပရိသတ်အပေါင်းသူတော်ကောင်းတို့ မြတ်စွာဘုရားရဲ့ တရားဒေသနာတော်များကို နာယူကြည်ညိုခွင့်ရကြတယ်။ ဦးဇင်းတို့လည်းပဲ မြတ်စွာဘုရားရဲ့တရားဒေသနာတော်များကို ဟောကြားခွင့်ရပါတယ်။ အဲတော့ ဒီကနေ့ည ပရိတ်သတ်အပေါင်းသူတော်ကောင်းတို့ကို ဦးဇင်းတို့ ဘာတရားဟောမှာလဲ ဆိုလို့ရှိရင် ခေတ္တက နိကယ် ဓမ္မပဒပါဠိတော်မှာ လာရှိတဲ့ သဟဿဝဂ်ထဲမှာ လာရှိတဲ့ ကုန်တလကေသီထေရီမကို အကြောင်းပြုပြီးတော့ မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ တရားနှစ်ဂါထာရှိပါတယ်။ အဲ့ဒီတရားနှစ်ဂါထာထဲကနေပြီးတော့ ဒီကနေ့ တစ်ဂါထာကို အခြေခံပြီးတော့ ဗမာလိုခေါင်းစဉ်လေးတပ်ပြီး ပရိတ်သတ်အပေါင်းသူတော်ကောင်းတို့ကို ဦးဇင်းတို့ ဒီကနေ့ည ပြောသွားဖို့ စီစဉ်ထားပါတယ်။ တရားခေါင်းစီးက စကားတို့၏အစွမ်းတဲ့။ ပရိတ်သတ်ကြီး ပြောကြည့်ပါဦးဗျာ။ စကားတို့၏အစွမ်းပါဘုရား။ စကားတွေမှာ အစွမ်းရှိတယ်တဲ့။ ရှိတာမှ နည်းနည်းနောနောရှိတာ မဟုတ်ဘူး အများကြီးရှိတာ။ မိမိပါးစပ်ကထွက်နေတဲ့စကားတွေမှာလည်း အစွမ်းရှိတယ်။ မိမိရဲ့နားထဲကို ဝင်ရောက်လာတဲ့စကားသံတွေမှာလည်းပဲ အစွမ်းရှိတယ်။ အစွမ်းရှိတာမှ အများကြီးရှိတယ်၊ ပြောမပြနိုင်လောက်အောင်ရှိတယ်။ ဆိုးတဲ့ဘက်မှာလည်းပဲ အစွမ်းသတ္တိတွေ အကြီးအကျယ်ရှိတယ်။ ကောင်းတဲ့ဘက်မှာလည်းပဲ အစွမ်းသတ္တိတွေ အကြီးအကျယ်ရှိတယ်။ ဆိုးတဲ့ဘက်မှာလည်းပဲ ကိုယ်ပြောလိုက်မိလို့ ပြောမိမှားလေခြင်းလို့ နောင်တတွေနဲ့တွေးပြီးတော့ ပူခဲ့ရတာလည်းပဲ အကြိမ်ကြိမ်ရှိခဲ့ပြီ။ ဟုတ်လား။ မိမိပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် လောကီအကျိုးစီးပွားတွေ ဆုတ်ယုတ်သွားတာတွေလည်း ကြုံဖူးကြလိမ့်မယ်။ တချို့ဆိုလို့ရှိရင် အသက်ဆုံးသည်အထိ စကားတစ်ခွန်းအတွက်နဲ့ ပေးဆပ်လိုက်ရတာမျိုးတောင်ရှိတယ်။ မှန်ပါ့ဘုရား။ ဟုတ်လား။ စကားတစ်ခွန်းမှားသွားတာနဲ့ ဗမာစကားပုံလည်းရှိတယ်လေ။ အသွားမတော်တစ်လှမ်း၊ အစားမတော်တစ်လုပ်၊ အပြောမတော်တော့ တစ်ခွန်းတည်းနဲ့ဒုက္ခရောက်တတ်တယ်။ မှန်ပါ့ဘုရား။ ဟုတ်ရဲ့လား။ မှန်ပါ့ဘုရား။ အေး ကိုယ်ပြောလိုက်တဲ့စကားက တကယ်ကိုယ်ပဲအကြီးအကျယ် မှားယွင်းမှုတွေနဲ့ပြည့်နေပြီဆိုလို့ရှိရင် သံသရာတစ်လျှောက်လုံးလည်း လိုက်ပြီးတော့ ဒုက္ခပေးတတ်တယ်။ ဆိုးတဲ့ဘက်မှာ စကားတွေဟာ ပြောမပြနိုင်လောက်အောင် အစွမ်းသတ္တိတွေရှိနေသလို ကောင်းတဲ့ဘက်မှာလည်းပဲ အစွမ်းသတ္တိတွေရှိတာပဲ။ မေတ္တာလေးနဲ့ပြောလိုက်တယ်၊ နူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့ပြောတယ်၊ အဓိပ္ပာယ်ရှိတာတွေ အကျိုးရှိတာတွေကိုရွေးချယ်ပြီးတော့ပြောတယ်၊ ပြောသင့်မပြောသင့် အချိန်အခါကိုကြည့်ပြီးတော့ တကယ့်ကို ဉာဏ်ပညာလေးနဲ့ စဉ်းစားချင့်ချိန်ပြီးတော့ပြောတဲ့စကားမျိုးဆိုရင် ပြောတဲ့သူမှာလည်းပဲ စကားကောင်းလေးအတွက်နဲ့ ပီတိဖြစ်ရတယ်။ ကြားတဲ့လူမှာလည်းပဲ နှလုံးစိတ်ဝမ်းအေးချမ်းရတယ်။ စကားကောင်းပြောတတ်လို့ရှိရင် ဦးဇင်းတို့ပြောလိုက်ချင်သေးတယ်ဗျာ။ ပြောတတ်လို့ရှိရင် တစ်လောကလုံးရဲ့မျက်နှာမှုတ်ကိုရမယ်။ မပြောတတ်လို့ရှိရင် တစ်လောကလုံးရဲ့မုန်းတီးမှုကိုရမယ်။ ဟုတ်လား။ မှန်ပါ့ဘုရား။ ရုပ်ချောနှင့် သဘောကောင်း၊ အပြောကောင်းတွင် အပြောကောင်းကို ပိုချစ်ကြသည်ဆိုတဲ့စကားလေး ကြားဖူးတယ်မလား။ ကြားဖူးပါတယ်ဘုရား။ အေး အပြောကောင်းဆိုတာ နားထောင်ကောင်းအောင် လျှောက်လှည့်ပတ်ပြီးတော့ပြောတာမျိုးကို ဆိုလိုတာမဟုတ်ဘူး။ မိမိသူတစ်ပါးနှစ်ဦးသား အကျိုးတရားတွေကိုမထိခိုက်စေပဲနဲ့ မှန်ကန်ပြီးတော့ အကျိုးရှိတဲ့စကားကို အချိန်အခါကြည့်ပြီးတော့ မေတ္တာတရားနဲ့ နူးညံ့သိမ်မွေ့စွာပြောဆိုတတ်ခြင်းကို အပြောကောင်းလို့ဆိုတာ။ မှန်ပါ့ဘုရား။ ဟုတ်ရဲ့လား။ မှန်ပါ့ဘုရား။ ဒါ ဦးဇင်းတို့ မြတ်စွာဘုရားရဲ့အလိုတော်ကျပါပဲ။ မှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားကို အချိန်အခါကြည့်ပြီးတော့ မေတ္တာတရားနဲ့ နူးညံ့သိမ်မွေ့စွာပြောတတ်တာကို အပြောကောင်းလို့ဆိုတာ။ ကိုယ်ပြောလိုက်တဲ့စကားကြောင့် ကိုယ်နောင်တရရတဲ့စကားမျိုး၊ ကိုယ်ပြောလိုက်တဲ့စကားကြောင့် ကြားရတဲ့လူတွေ စိတ်ဆင်းရဲသွားစေတဲ့စကားမျိုးဆိုရင် ဘယ်မှာအပြောကောင်းလို့ပြောလို့ရပါ့မလဲ။ လောကမှာ အပြောအကောင်းဆုံးပုဂ္ဂိုလ်ဟာ ဘယ်သူလဲလို့မေးရင် မြတ်စွာဘုရား။ ဂုဏ်တော်ကိုးပါးထဲမှာ သုဂတဆိုတဲ့ဂုဏ်တော်ရှိတယ်လေ။ မှန်ပါ့ဘုရား။ အဲ့ဒီသုဂတဆိုတဲ့ဂုဏ်တော်က အဓိပ္ပာယ်အမျိုးမျိုးထွက်တယ်။ ရှေးဘုရားတို့နည်းတူ လာခြင်းကောင်းတော်မူသောလို့လည်း အဓိပ္ပာယ်ရတယ်။ ဘုရားဆုပန်ကတည်းကစပြီးတော့ လမ်းကြောင်းကိုမတိမ်းစောင်းနေပဲနဲ့ တည့်တည့်မတ်မတ်မှန်မှန်ကန်ကန်လျှောက်လှမ်းလာတယ်လို့ဒီလိုအဓိပ္ပာယ်လည်းရတယ်။ ပြီးတော့ စကားကောင်းကိုပြောတတ်တာ။ မှန်ပါ့ဘုရား။ နော် စကားကောင်းကိုပြောတတ်တာ။ အဲ့ဒါ သုဂတဂုဏ်ရဲ့အဓိပ္ပာယ်ပဲ။ ဒီတော့ ပရိတ်သတ်အပေါင်းသူတော်ကောင်းတို့ကို ဦးဇင်းတို့ ဒီကနေ့ည ဆိုးတဲ့ဘက်မှာလည်းပဲ အစွမ်းသတ္တိတွေ ကြီးကြီးမားမားရှိနေတဲ့ ကောင်းတဲ့ဘက်မှာလည်းပဲ အစွမ်းသတ
အစွမ်းသတ္တိတွေ ကြီးကြီးမားမားရှိနေတဲ့ ဒီစကားနဲ့ပတ်သက်ပြီးတော့ တို့ဘယ်လိုပြောကြမလဲ။ နံပါတ်တစ်။ ဒီစကားနဲ့ပတ်သက်ပြီးတော့ တို့ဘယ်လိုနားထောင်ကြမလဲ။ နှစ်ချက်ဗျာ။ နော် ဒကာကြီး ဒကာမကြီးများ။ မှန်ပါ့ဘုရား။ အရေးကြီးတယ်နော်။ စကားကမပြောတဲ့နေ့လို့ရှိလား။ မရှိပါဘူးဘုရား။ မပြောပဲကောနေလို့ရလား။ မရပါဘူးဘုရား။ မပြောမဖြစ်ပြောကြရမယ့်လူတွေအတွက် ဘယ်လိုပြောမလဲ။ ဘယ်လိုစကားကို ဘယ်လိုပြောမလဲ။ ပြည့်ပြည့်စုံစုံဆိုရင် ဟုတ်လား။ ပြီးတော့ ကိုယ့်ရဲ့နားထဲကို စကားသံတွေကလည်း အမြဲတမ်းရောက်နေတာပဲမလား။ မှန်ပါ့ဘုရား။ သူတစ်ပါးရဲ့နှုတ်ကနေတစ်ဆင့်၊ ဟောဒီ TV ကနေတစ်ဆင့်၊ ရေဒီယိုကနေတစ်ဆင့် ဟုတ်လား။ တစ်ခါတလေဆိုလို့ရှိရင် စာရွက်ပေါ်ကနေ စကားလုံးပုံသဏ္ဍာန်နဲ့အသံတွေထွက်လာတာလည်း ကြုံဖူးလား။ ဖတ်ပါများတော့ စကားလုံးတွေက ဘာတွေဖြစ်သွားတုန်း။ စိတ်ထဲမှာအသံတွေဖြစ်သွားတယ်။ အဲ့ဒါလည်း စကားတစ်မျိုးပဲလို့တောင်ထင်တယ်။ ဟုတ်လား။
အဲ့သလို ကိုယ့်ရဲ့နားထဲ မျက်စိထဲကိုရောက်လာတဲ့စကားသံတွေ မျက်စိထဲရောက်တယ်ဆိုတာ တင်စားပြောတာနော်။ ကိုယ့်နားထဲကို စကားသံတွေရောက်မလာအောင်ကော ဒကာကြီး ဒကာမကြီးများ တားနိုင်ပါ့မလား။ မတားနိုင်ပါဘူးဘုရား။ နားမထောင်လို့မဖြစ်ဘူးပေါ့။ မှန်ပါ့ဘုရား။ နားမထောင်လို့မဖြစ်တဲ့ဒီစကားကို ပေါ့ပေါ့လေးမစဉ်းစားပဲနဲ့ ဘယ်လိုစကားကို ဘယ်လိုနားထောင်ကြမလဲ။ စောစောတုန်းကပြောလိုက်တာက ဘယ်လိုစကားကို ဘယ်လိုပြောကြမလဲ။ ဟုတ်လား။ မှန်ပါ့ဘုရား။ အခုနောက်ပြောလိုက်တာက ဘယ်လိုစကားကို ဘယ်လိုနားထောင်ကြမလဲ။ ဒီမေးခွန်းလေးတွေရဲ့အဖြေ တစ်နာရီခွဲအချိန်အတွင်းမှာ ဦးဇင်းတို့ ခေါင်းထဲမှာတော့ စုံစုံစေ့စေ့လေးမှတ်သားထားတယ်လို့ထင်တာပဲဗျာ။ ဟုတ်လား။ အဲ့ဒါဦးဇင်းတို့ပြောကြည့်ရအောင် ဟုတ်လား။ တရားခေါင်းစီးက စကားတို့၏အစွမ်းတဲ့ ဟုတ်လား။ တရားမဟောသေးခင်မှာ မြတ်စွာဘုရားကိုရှိခိုးကြဦးစို့။
ဒီတရားတော်ကို မဟောကြားသေးခင် မနာကြားသေးခင်မှာ တရားတော်အားလုံးကို ဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာဂုဏ်၊ သိစရာတရားအလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်တည်းဟူသောပညာဂုဏ်၊ ထိုမဟာကရုဏာဂုဏ်ပညာဂုဏ်နှစ်ပါးစုံတို့နဲ့ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကို ရိုသေမြတ်နိုးရှိခိုးပူဇော်ကြဦးစို့။ အားလုံးလက်အုပ်ကလေးတွေချီထားကြ။ ကရုဏာသီတလ ဟဒယံ၊ ပညာပဇ္ဇောတ ဝိဟတ မောဟတမံ။ သနရာမရ လောကဂရုံ၊ ဝန္ဒေ သုဂတံ ဂတိဝိမုတ္တံ။ ကရုဏာသီတလ ဟဒယံ၊ မဟာကရုဏာတော်ဖြင့်အေးမြသော စိတ်နှလုံးလည်းရှိတော်မူပါပေထသော။ ပညာပဇ္ဇောတ ဝိဟတ မောဟတမံ၊
အရဟတ္တမဂ်တည်းဟူသောအရောင်အလင်းဖြင့် အဝိဇ္ဇာတည်းဟူသောမိုက်မောင်ကိုဖယ်ခွာတော်မူပြီးထသော။ သနရာမရ လောကဂရုံ၊ လူနတ်ဗြဟ္မာသတ္တဝါအနန္တတို့၏ ကျောက်ထီးတံတုအလေးဂရုပြုရာတစ်ဆူတည်းသောဆရာသခင်လည်းဖြစ်တော်မူပါပေထသော။ ဂတိဝိမုတ္တံ၊ ဒေဝါ မနုဿာ နိရယာနှင့် ပေတ္တာ တိရစ္ဆာန်အသူရာတည်းဟူသော ငါးတန်သောဂတိတို့မှလည်းကင်းလွတ်တော်မူပြီးထသော။ သုဂတံ၊ သတ္တဝါတို့အားအကျိုးများကြောင်းဟုတ်မှန်သောစကားကောင်းကိုသာ မြွက်ဆိုတော်မူပါပေထသော။ ဗုဒ္ဓံ၊ သစ္စာလေးရပ်တရားမြတ်ကို လက်ပေါ်တင်ထားပတ္တမြားကဲ့သို့ ထင်ထင်ရှားရှားသိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို။ မယံ၊ တရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မှာမူ ရုပ်နာမ်နှစ်ဖြာဖြစ်ကြပါကုန်သောဘုရားတပည့်တော်တို့သည်၊
ဝန္ဒေ ဝန္ဒာမ၊ ကာယဝစီမနောချီ၍ သုံးလီဒွါရပဏာမဖြင့်၊ ရှိခိုးဦးညွှတ်ပါ၏မြတ်စွာဘုရား။ သာဓု သာဓု သာဓု ပါဘုရား။ ယောစ ဂါထာသတံ ဘာသေ အနတ္ထပဒသညှိတာ။ ဧကံ ဓမ္မပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။ ယောစ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ အနတ္ထပဒသညှိတံ၊ အကျိုးမဲ့ခြင်းနှင့်စပ်ယှဉ်သော။ ဂါထာသတံ၊ တရာသောဂါထာတို့ကို စကားပေါက်ပန်းသာ လျှင် ပေါက်ရာပေါက်ကြောင်း အကယ်၍ ပြောဆိုစေကာမူ။ န သေယျော၊ မမြတ်သည်သာတည်း။ ယောစ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ သုတွာ၊ နားထောင်ရသည်ရှိသော်။ ဥပသမ္မတိ၊ လောဘ၊ ဒေါသ၊ မောဟ စသောအပူဓာတ်အလောင်ဓာတ်တို့ကို ငြိမ်းအေးစေနိုင်၏။ တံ၊ ထိုကဲ့သို့သောစကားကို။ ဧကံ၊ တစ်ခွန်းမျှဖြစ်သော။ တံ ဓမ္မပဒံ၊ ထိုကဲ့သို့သောတရားစကားသည်သာလျှင်။ သေယျော၊ မြတ်လှပါပေ၏။
အကျိုးမဲ့ခြင်းနှင့်စပ်ယှဉ်တဲ့ တရာသောဂါထာတွေကိုပြောဆိုနေသော်လည်းပဲ မမြတ်ပါဘူးတဲ့။ ကြားလိုက်ရရင် နှလုံးစိတ်ဝမ်းအေးချမ်းပြီးတော့ လောဘ ဒေါသအပူဓာတ်အလောင်ဓာတ်တွေကိုငြိမ်းအေးသွားစေတဲ့စကားမျိုးဆိုရင်တော့ တစ်ခွန်းတည်းပင်ဖြစ်စေကာမူ မြတ်ပါတယ်တဲ့။ အဓိပ္ပာယ်ရှင်းတယ်နော်။ ရှင်းပါတယ်ဘုရား။ ဘာမှအကျိုးမရှိတဲ့စကားတွေ မြတ်စွာဘုရားကတော့ ဂါထာသတံ ဂါထာတစ်ရာ ဂါထာဆိုတာက ပါဠိတွေကိုကဗျာဖွဲ့ထားတာကို ဂါထာခေါ်တာနော်။ အဲ့ဒါစကားတတ်လွန်းလို့ ပြောတော့ပြောတာပဲ ဂါထာတစ်ရာလောက်ပြောလိုက်တယ်။ စကားတွေအခွန်းပေါင်းထောင်သောင်းချီပြီးတော့ပြောလိုက်တာပဲ။ အဲ့ဒီပြောလိုက်တဲ့စကားတွေက ဘာမှအကျိုးရှိတာမပါဘူး။ အကျိုးမဲ့ခြင်းနဲ့ပဲစပ်ယှဉ်နေတာ။ အဲ့ဒီလိုစကားမျိုးဆိုရင်တော့ ဘယ်လောက်ပဲများများ ဘယ်လောက်ပဲပြောတတ်တတ် မမြတ်ပါဘူးတဲ့။ မမြတ်ဘူးဆိုတဲ့စကားကလေး ပရိတ်သတ်ကြီး မမြတ်ဘူးဆိုတော့ ယုတ်ညံ့တယ်လို့လည်း အဓိပ္ပာယ်ပေါက်တယ်နော်။
နောက်ထပ်ဘယ်လိုပေါက်သေးလဲအဓိပ္ပာယ်။ ရှုံးတယ်လို့လည်း အဓိပ္ပာယ်ပေါက်သေးတယ်။ မမြတ်ဘူးဆိုတော့ရှုံးပြီပေါ့ဗျာ။ မှန်ပါ့ဘုရား။ ဟုတ်လား။ အနှစ်မရှိတဲ့စကားတွေကို အများကြီးပြောတတ်လို့ပြောသော်လည်းပဲ အဲ့ဒါအမြတ်မရှိဘူး။ ယုတ်ညံ့မှုသာရှိတယ်၊ ရှုံးနိမ့်မှုသာရှိတယ်။ စကားမပြောတတ်ရင် စကားနားမထောင်တတ်ရင် အရှုံးကြီးရှုံးရမယ်။ အဆုံးကြီးဆုံးရမယ်။ ဟုတ်လား။ မှန်ပါ့ဘုရား။ ပြောလိုက်လို့ရှိရင် တစ်ခွန်းတည်းပင်ဖြစ်စေကာမူ ကြားလိုက်ရတဲ့လူရဲ့နှလုံးစိတ်ဝမ်းအေးချမ်းပြီးတော့ ပူနေတဲ့အပူတွေအေးသွားတာ။ လောင်နေတာတွေငြိမ်းသွားတာ။ ရှုပ်နေတာတွေရှင်းသွားတာ။ အဲ့သလိုမျိုးအစွမ်းသတ္တိရှိတဲ့စကားမျိုးဆိုရင်တော့ တစ်ခွန်းတည်းပင်ဖြစ်စေကာမူ ဘာတဲ့လဲ။ မြတ်ပြီတဲ့။ ဒီဂါထာလေးကိုအခြေခံပြီးတော့ ဟောမှာဗျာဒီကနေ့။ ဟုတ်လား။ မှန်ပါ့ဘုရား။ စကားတွေဘယ်လောက်များများ အနှစ်မရှိတဲ့စကား မပြောတတ်မဆိုတတ်ပဲနဲ့ ပြောလိုက်ဆိုလိုက်တဲ့စကားတွေဟာ အကျိုးမဲ့တွေကိုသာဖြစ်စေတယ်။ ပထမပိုင်းစပြီ။
ဘယ်လိုစကားကို ဘယ်လိုပြောမှာလဲဆိုတဲ့မေးခွန်းရဲ့အဖြေနော်။ အဲ့ဒါကို ဦးဇင်းတို့ မြတ်စွာဘုရား သုဘာသိတသုတ္တန်ဆိုပြီးတော့ ဟောထားတာရှိပါတယ်။ မှန်ပါ့ဘုရား။ မှန်ကန်၍အကျိုးရှိသောစကားကို သေသေချာချာနားထောင်နော်။ မှန်ကန်၍အကျိုးရှိသောစကားကို အချိန်အခါကြည့်ပြီးတော့ မေတ္တာတရားနဲ့ နူးညံ့သိမ်မွေ့စွာပြောတတ်ရမယ်။ ဘယ်နှစ်ချက်လဲ။ ငါးချက်။ ငါးချက်။ ပြန်ပြောမယ်နော်။ မှန်ကန်၍အကျိုးရှိသောစကားကို အချိန်အခါကြည့်ပြီးတော့ မေတ္တာတရားနဲ့ နူးညံ့သိမ်မွေ့စွာပြောဆိုတတ်ရမယ်။ ဒီအင်္ဂါနဲ့သာညီမယ်ဆိုရင် အားလုံးသောသတ္တဝါတွေဟာ အပြောကောင်းတွေချည်းဖြစ်မှာ။ ဟုတ်လား။ မှန်ပါ့ဘုရား။ အဲ့ဒီမှာတော်တော်အရေးကြီးတာကတော့ အချိန်အခါကိုကြည့်၍ဆိုတာလေးလည်း တော်တော်အရေးကြီးတယ်။ ပြောချင်တိုင်းပြောလို့ဖြစ်တာမဟုတ်ဘူး။ ဘယ်လောက်မှန်မှန်ဘယ်လောက်အကျိုးရှိရှိ ပြောသင့်တဲ့အချိန်ကျမှပြောရတယ်။ မပြောသင့်တဲ့အချိန်ကိုမပြောရဘူး။ စောင့်နိုင်ရတယ်၊ အောင့်နိုင်ရတယ်။
တစ်ခါတလေကျတော့ ကိုယ်ကမစောင့်နိုင်ဘူး၊ မအောင့်နိုင်ဘူး၊ ပြောချင်ရင်ပြောချလိုက်တယ်။ အဲ့ဒီမှာဒုက္ခရောက်တာ။ ဒါလေးနဲ့ပတ်သက်ပြီးတော့ မြတ်စွာဘုရားကတော့ ကျယ်ကျယ်ပြန့်ပြန့်ပြောပါတယ်။ ရှင်ရာဟုလာကိုဟောထားတာရှိတယ်လေ။ ကြည့်ရှုဆင်ခြင်၍ ကြည့်ရှုဆင်ခြင်၍စကားကိုပြောရ၏တဲ့။ ရှင်ရာဟုလာ ငယ်ငယ်လေးတုန်းက မြတ်စွာဘုရားဟောတာ။ ချစ်သားတဲ့ မှန်ဟာ ဘာအကျိုးရှိလဲ။ ကြည့်ခြင်းအကျိုးရှိပါတယ်ဘုရား။ အဲ့သလိုပဲတဲ့ ပြောတော့မယ်ဆိုလို့ရှိရင် ငါပြောလိုက်တဲ့စကားဟာ ငါ့အတွက်သူ့အတွက် အကျိုးဆုတ်ယုတ်စေမှာလား။ အကုသိုလ်တွေများဖြစ်မှာလားလို့ စဉ်းစားလိုက်ဦးတဲ့။ အကျိုးဆုတ်ယုတ်မယ်ဆိုရင် မပြောနဲ့။ မပြောခင်မှာစဉ်းစားရတယ်။ ပြောနေစဉ်မှာလည်း ခဏလေးတွေးပြီးတော့ စဉ်းစားလိုက်ပါဦး။ ငါအခုပြောနေတဲ့စကားဟာ ငါ့အတွက်အကျိုးရှိလား၊ သူ့အတွက်အကျိုးရှိလား။ အကျိုးမရှိဘူးဆိုရင် ရပ်နိုင်ရမယ်၊ ဖြတ်နိုင်ရမယ်။ ဟုတ်လား။
ပြောပြီးတဲ့နောက်မှာလည်းပဲ ငါပြောခဲ့တဲ့စကားဟာ ငါ့အတွက်သူ့အတွက် အကျိုးရှိသလား။ အကုသိုလ်ဖြစ်နေသလားလို့စဉ်းစားရမယ်။ အကုသိုလ်ဖြစ်နေတယ်၊ အကျိုးမရှိဘူးဆိုရင် နောင်ငါဒါမျိုးနောက်မပြောတော့ဘူးလို့ ဆုံးဖြတ်နိုင်ရမယ်တဲ့။ ဒါ ရှင်ရာဟုလာကိုဟောထားတာ။ ဒါတော်တော်ကောင်းတယ်နော် ဒကာကြီးများ။ ဒါလေးနဲ့ပတ်သက်ပြီးတော့ ဦးဇင်းတို့ ဗိမ္ဗိသာရမင်းကြီးရဲ့အမတ်ချုပ်ကြီး ဝဿကာရပုဏ္ဏားဆိုတာ ကြားဖူးမှာပါ။ နောက်တော့ အဇာတသတ်မင်းကြီးရဲ့ ပုရောဟိတ်အမတ်ကြီးဖြစ်ပြီးတော့ ဦးဇင်းတို့ ဝေသာလီပြည်ကြီးကို စကားတိုးတိုးလေးပြောပြီးတော့ သွားခွဲတာလေ ကြားဖူးတယ်နော်။ ဝဿကာရပုဏ္ဏား အင်မတန်ဉာဏ်များတာ။ အဲ့ဒီပုဏ္ဏားကြီးက မြတ်စွာဘုရားဆီရောက်လာပြီးတော့ မြတ်စွာဘုရားကိုလျှောက်တယ်။ အရှင်ဘုရားတဲ့ တပည့်တော်ရဲ့အယူအဆလေးကို ပြောပါရစေ။ ပြောပါ။ တပည့်တော်ရဲ့အယူအဆကတော့ မြင်တာကိုမြင်တဲ့အတိုင်းပြောထိုက်တယ်၊
ကြားတာကိုကြားတဲ့အတိုင်းပြောသင့်တယ်၊ တွေ့တာကိုတွေ့တဲ့အတိုင်းပြောသင့်တယ်၊ သိတာကိုသိတဲ့အတိုင်းပြောသင့်တယ်လို့ တပည့်တော်ယူဆပါတယ်တဲ့။ အပေါ်ယံကြည့်ရင်တော့ တော်တော်ဟုတ်တယ်လို့ထင်ရတယ်။ မြင်တာကိုမြင်တဲ့အတိုင်း၊ ကြားတာကိုကြားတဲ့အတိုင်း၊ သိတာကိုသိတဲ့အတိုင်း၊ တွေ့တာကိုတွေ့တဲ့အတိုင်း ပြောသင့်တယ်တဲ့။ ဒီတော့ မြတ်စွာဘုရားက လက်မခံဘူးဗျ။ ဒကာမကြီးတွေ လက်မခံဘူးနော်။ မြင်တာကိုမြင်တဲ့အတိုင်းပြောသင့်တယ်ဆိုတဲ့စကားကို လက်မခံဘူး။ အဲ့ဒီတော့ မြတ်စွာဘုရားက ဘာအမိန့်ရှိတုန်းဆိုတော့ ဒကာကြီးတဲ့။ မြင်တာကိုမြင်တဲ့အတိုင်း၊ ကြားတာကိုကြားတဲ့အတိုင်း၊ သိတာကိုသိတဲ့အတိုင်း၊ တွေ့တာကိုတွေ့တဲ့အတိုင်း တကယ်လို့ပြောလို့များ အကုသိုလ်တွေများပြီးတော့ ကုသိုလ်တွေနည်းသွားမယ်ဆိုရင် မပြောသင့်ဘူးလို့ ငါယူဆတယ်တဲ့။ မှန်ပါ့ဘုရား။ နော် မြင်တဲ့အတိုင်းပြောလိုက်လို့ အကုသိုလ်တွေများသွားမယ်၊ ကုသိုလ်တွေနည်းသွားမယ်။ အကျိုးတွေမဲ့သွားမယ်ဆိုရင် မြင်တဲ့အတိုင်းမပြောနဲ့။
မြင်တာကိုမြင်တဲ့အတိုင်း၊ ကြားတာကိုကြားတဲ့အတိုင်း၊ သိတာကိုသိတဲ့အတိုင်း၊ တွေ့တာကိုတွေ့တဲ့အတိုင်း မပြောလို့များ အကုသိုလ်တွေများပြီးတော့ ကုသိုလ်တွေနည်းမယ်ဆိုရင်တော့ အဲ့ဒါပြောလိုက်တဲ့။ မပြောလို့အကုသိုလ်များမယ်ဆိုရင် ပြောလိုက်။ မှန်ပါ့ဘုရား။ ပြောလို့အကုသိုလ်များမယ်ဆိုရင် မပြောနဲ့တဲ့။ မှန်ပါ့ဘုရား။ အဲ့ဒီတော့ ဒီစကားလေးရဲ့အနှစ်ချုပ်က ဘာလဲဆိုတော့ သေသေချာချာလေးစဉ်းစားပြီးတော့ ပြောသင့်မှပြောဆိုတဲ့အဓိပ္ပာယ်။ မှန်ပါ့ဘုရား။ ပရိတ်သတ်ကြီး ဘာလုပ်သင့်မှ ဘာလုပ်ရမယ်။ ပြောသင့်မှပြောရပါ့ဘုရား။ ပြောသင့်မှပြော မြင်တိုင်းမပြောနဲ့။ မှန်ပါ့ဘုရား။ ဟင်။ အထူးသဖြင့် အသက်ကြီးတဲ့လူတွေကိုမှာချင်တယ်ဗျာ။ အိမ်မှာမြင်နေတာတွေကို မြင်တိုင်းများသွားမပြောလိုက်ပါနဲ့။ မှန်ပါ့ဘုရား။ ကြားတိုင်းမပြောလိုက်ပါနဲ့။ မှန်ပါ့ဘုရား။ ကိုယ်သိတာတွေကို သိတဲ့အတိုင်းမပြောလိုက်ပါနဲ့။ မှန်ပါ့ဘုရား။ ကိုယ်သိတာကိုသိတဲ့အတိုင်းပြောမိလို့ ဒုက္ခရောက်တာတွေအများကြီးရှိတယ်။ ရှိပါတယ်ဘုရား။ မမှန်လို့မဟုတ်ဘူးနော်။ မှန်ပါ့ဘုရား။ မမှန်လို့မဟုတ်ဘူး။ ဦးဇင်းတို့ ဥပမာတစ်ခုပြောပြမယ်။ မြင်တာကိုမြင်တဲ့အတိုင်း၊ သိတာကိုသိတဲ့အတိုင်းပြောလိုက်လို့ ဒုက္ခတွေများသွားတာ အခုဒီလောကကြီးမှာလည်းရှိတယ်။ ဟိုးရှေးတုန်းကလည်းရှိတယ်၊ အခုလည်းရှိတယ်၊ နောင်လည်းရှိနေမှာပါပဲ သာဓကတွေကတော့။
ဦးဇင်းတို့ ဇာတကမှာ ဇာတ်တော်မှာလာတာလေးတစ်ခုပြောပြမယ်။ မြင်တာကိုမြင်တဲ့အတိုင်းပြောရက်နေလို့ သိတာကိုသိတဲ့အတိုင်းပြောရက်နေလို့ ဒုက္ခရောက်သွားပုံကလေး။ ရှေးတုန်းက ပုဏ္ဏားကြီးဇနီးခင်ပွန်းရှိတယ်။ သားသမီးမရှိတော့ အင်မတန်လိမ္မာတဲ့ကြက်တူရွေးလေးနှစ်ကောင်ကို သားအဖြစ်မွေးထားတာ။ တစ်နေ့တော့ ပုဏ္ဏားကြီးက ခရီးထွက်စရာရှိတယ်။ ရှိတော့ ကြက်တူရွေးလေးနှစ်ကောင်ကိုအနားခေါ် တိုးတိုးတိတ်တိတ်မှာတယ်။ ငါ့သားတို့ အဖေခရီးသွားတဲ့အခါမှာ မင်းတို့အမေပုဏ္ဏေးမကို သေသေချာချာစောင့်ကြည့်။ စိတ်မချဘူး။ အဲ့ဒီလိုမှာပြီးတော့ ပုဏ္ဏားကြီးက ခရီးထွက်သွားရော။ ပုဏ္ဏားကြီးသွားတဲ့နေ့ကစပြီးတော့လည်း စိတ်မချမယ်ဆို စိတ်မချစရာပဲ။ ပုဏ္ဏေးမကြီးက တခြားသောယောင်္ကျားတွေနဲ့ဖောက်ပြားတယ်တဲ့။ အဲ့ဒါကို ကြက်တူရွေးလေးနှစ်ကောင်က မြင်နေတယ်။
မြင်နေတော့ မြင်ပါများလာတော့ ကြက်တူရွေးအငယ်ကောင်က ပြောချင်တာ။ ဒီလိုမလုပ်သင့်ဘူးလို့ပြောချင်တာ။ အဲ့ဒါနဲ့ သူ့အစ်ကိုကြီးကိုဖွင့်ပြောတယ် ကျုပ်ကတော့ပြောလိုက်တော့မယ်။ အဲ့တော့ အစ်ကိုဖြစ်တဲ့ကြက်တူရွေးက ဘုရားအလောင်းလေး။ ငါ့ညီမပြောနဲ့။ ပြောရင်မင်းဒုက္ခရောက်မယ်။ တားတာ။ ဒါပေမယ့်တားလို့မရဘူး။ အငယ်ကောင်ကပြောချင်စိတ်ကို မအောင့်နိုင်ဘူး၊ မစောင့်နိုင်ဘူး။ ဟင် ဒကာမကြီးတွေ အဲ့သလိုခံစားချက်မျိုးကြုံဖူးလား။ ပြောချင်တာကိုမအောင့်နိုင်ဘူး၊ မစောင့်နိုင်ဘူး။ တစ်ခါတလေ ကိုယ့်စကားနားထောင်မယ့်လူမရှိလို့ မျှော်ပြီးတော့နေတာ။ ပြောချင်လွန်းလို့။ ဟင် ဒကာမကြီးတွေ။ မှန်ပါ့ဘုရား။ အေး အခုလည်းပဲအဲ့ကောင်မစောင့်နိုင်ဘူး၊ မအောင့်နိုင်ဘူး။ အဲ့ဒါအစ်ကိုတားတာကို နားမထောင်ပဲနဲ့ ပုဏ္ဏေးမကြီးဆီသွားပြီးတော့ အမေ ခင်ဗျားဒီလိုလုပ်တာတော်လားဗျာ။ ဒီလိုမလုပ်သင့်ဘူး။ သွားပြီးတော့ပြောတာ။ ပုဏ္ဏေးမကြီးမျက်လုံးပြူး။ ဒုက္ခပဲ ဒီကောင်သိသွားပြီ။
လူဆိုတော့ဉာဏ်ရှိတယ်။ ဉာဏ်မှမကောင်းတဲ့ဉာဏ်တွေကပိုတောင်ရှိသေးတယ်။ အဲ့ဒါနဲ့ ငါ့သားတဲ့ ငါ့သားကအမေ့ကိုဆုံးမပေါ့ရပါပေတယ် တော်လည်းလိမ္မာတာပဲ။ လာပါဦးအမေ့နားလာပါဦး။ ချော့ခေါ်တာ။ အနားလည်းရောက်ပြီဆိုတော့ ဖြတ်ခနဲဆွဲပြီးတော့ လည်ပင်းကိုလိမ်ချိုးလိုက်တယ်။ ကိုယ့်ဘာကိုယ်အေးအေးမနေနိုင်တဲ့အကောင် ဟုတ်လား။ အဲ့ဒီလိုလည်ပင်းကိုလိမ်ချိုးပြီးတော့ မီးကြီးခဲတွေရှိတဲ့ပြာပုံထဲကိုထိုးသိပ်လိုက်တယ်။ အဲ့ဒါကို အစအဆုံး ဟိုတန်းပေါ်မှာလမ်းလျှောက်နေတဲ့အစ်ကိုက မြင်တယ်။ မှန်ပါ့ဘုရား။ ငါပြောစကားနားမထောင်တဲ့ကောင်။ အဲ့ဒီလိုနဲ့ ပုဏ္ဏားကြီးပြန်ရောက်လာ။ ရောက်လာတဲ့အခါကျတော့ ပုဏ္ဏားကြီးက ကြက်တူရွေးနှစ်ကောင်စုံမစုံတောင်မကြည့်နိုင်ဘူး။ ရှိတဲ့ကြက်တူရွေးခေါ်ပြီးတော့ ဘယ့်နှယ့်တုန်း မင်းအမေဘယ့်နှယ့်တုန်းမေးတာ။ မေးတဲ့အခါကျတော့ ကြက်တူရွေးလေးက အဖေတဲ့ မြင်တာကိုမြင်တဲ့အတိုင်း သိတာကိုသိတဲ့အတိုင်းပြောမိလို့ ကျွန်တော့်ရဲ့ညီကတော့ ပြာပုံထဲမှာသေပြီးတော့အိပ်နေပြီတဲ့။ မှန်ပါ့ဘုရား။
ဟုတ်လား။ မှန်ပါ့ဘုရား။ အဲ့ဒီတော့ အဖေလည်းမှတ်ထား။ မြင်တာကိုမြင်တဲ့အတိုင်း၊ သိတာကိုသိတဲ့အတိုင်း၊ ကြားတာကိုကြားတဲ့အတိုင်း၊ တွေ့တာကိုတွေ့တဲ့အတိုင်း မစဉ်းစားမဆင်ခြင်ပဲနဲ့ မစူးစမ်းပဲနဲ့ပြောတဲ့လူဟာ ကျွန်တော့်ရဲ့ညီလေးသေသလို သေရလိမ့်မယ်တဲ့။ မှန်ပါ့ဘုရား။ အဲ့သလိုပြောပြီးတော့ ဟိမဝန္တာကိုပြန်သွားတာ ပြန်မလာတော့ဘူးတဲ့။ မှန်ပါ့ဘုရား။ တချို့ရှိတယ်နော် တို့ကတော့ သိသိတဲ့အတိုင်းပြောရမှာပဲ။ မြင်မြင်တဲ့အတိုင်းပြောရမှာပဲ။ တို့ကတော့မှန်မှန်ပဲ။ ပွင့်ပွင့်ပဲ ရှင်းရှင်းပဲဆိုတဲ့လူတွေ သတိထားစရာမကောင်းဘူးလား။ ကောင်းပါတယ်။ ကောင်းတယ်။ ဒါ့ကြောင့် ပုဂ္ဂိုလ်ကိုကြည့်ပြော။ ပရိတ်သတ်ကြီး ဘာကိုကြည့်ပြောရမယ်။ ပုဂ္ဂိုလ်ကိုကြည့်ပြောရပါ့ဘုရား။ ပုဂ္ဂိုလ်ကိုကြည့်ပြော စကားကမှန်ပေမယ့်လို့ စကားကကောင်းပေမယ့်လို့ တစ်ဖက်လူကခံနိုင်ရည်ရှိဦးမှ နားလည်နိုင်ဦးမှ တစ်နည်းအားဖြင့်ပြောရရင် အဆင့်ရှိဦးမှ။
ဦးဇင်းတို့ ဒုက္ကထာသုတ္တန်ဆိုပြီး မြတ်စွာဘုရားဟောထားတာရှိတယ်ဗျ။ သီလမရှိတဲ့လူရဲ့အရှေ့မှာ သီလအကြောင်းသွားပြောရင် နားခါးတယ်တဲ့။ မှန်ပါ့ဘုရား။ အဲ့ဒါ ဒုက္ကထာ မကောင်းတဲ့စကားကိုဖြစ်သွားတာ။ မှန်ပါ့ဘုရား။ သူလည်းပဲအကုသိုလ်များတယ်၊ ကိုယ်လည်းပဲ ဟာ ဒီကောင်အလကားကောင်ပဲဆိုပြီးတော့ စကားကောင်းပြောရင်းနဲ့ အကုသိုလ်ဖြစ်တယ်။ ယုံကြည်မှုသဒ္ဓါတရားမရှိတဲ့လူအရှေ့မှာ သဒ္ဓါတရားအကြောင်းပြောရင် နားခါးတယ်။ မှန်ပါ့ဘုရား။ ဟုတ်လား။ သွားမပြောနဲ့။ ဟုတ်လား။ နောက် ဗဟုသုတတွေနည်းတဲ့ပုဂ္ဂိုလ်ရှေ့မှာ ဗဟုသုတအကြောင်း သွားမပြောနဲ့။ နော် သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ။ နှမြောတဲ့လူရဲ့ရှေ့မှာ ပေးကမ်းခြင်းအကြောင်း သွားမပြောနဲ့။ နောက် ပညာနည်းတဲ့လူရှေ့မှာ ပညာအကြောင်းသွားမပြောနဲ့။ ဒါ မြတ်စွာဘုရားကိုယ်တိုင်ပြောထားတာနော် ဒကာကြီးများ။ ဒါ့ကြောင့် စကားကကောင်းသော်လည်းပဲ ပုဂ္ဂိုလ်ကခံနိုင်ရည်မရှိရင် ကောင်းသောစကားသည်မကောင်းသောစကားဖြစ်တတ်တယ်။ ဒါ့ကြောင့် ပရိတ်သတ်အပေါင်းသူတော်ကောင်းတို့ မြင်တာကိုမြင်တဲ့အတိုင်း အခါခပ်သိမ်းပြောလို့မဖြစ်ပါဘူး။ ကုသိုလ်တွေများပြီးတော့ အကုသိုလ်တွေနည်းသွားမယ်ဆိုရင်တော့ ပြောရမှာပေါ့။ မှန်ပါ့ဘုရား။ ဟုတ်လား။
အေး ဒါကပုဂ္ဂိုလ်ကိုကြည့်ပြီးတော့ပြော။ ဟော ပုဂ္ဂိုလ်ကိုကြည့်ရုံနဲ့လုံလောက်ပြီလားဆိုတော့ မလုံလောက်သေးဘူး။ အချိန်အခါလေးကိုလည်း ကြည့်လိုက်ဦး။ ကိုယ်ပြောတဲ့စကားက ဒီလိုက ဒေါသဖြစ်နေသလား၊ ဒီလိုစိတ်ကြီးနေသလား၊ ဒီအချိန်ကဘယ်လိုအချိန်လဲ၊ ဘယ်လိုအခြေအနေလဲ၊ စဉ်းစားဦးနော် ဒကာကြီး ဒကာမကြီးများ။ အေး အချိန်အခါကိုမကြည့်ပဲနဲ့ တစ်ချို့ပြောချင်ရင်စွတ်ပြီးတော့ပြောလိုက်တာရှိတယ်။ ဟိုးရှေးတုန်းက ရှင်ဘုရင်တစ်ပါးရှိတယ်၊ ပြောချင်ရင်ပြောချလိုက်တာပဲ၊ စကားကိုဘယ်တော့မှမစောင့်ဘူး။ အဲ့ဒါကို ပုရောဟိတ်အမတ်ကြီးကမကြိုက်ဘူး။ ပြောချင်တာကိုပြောချင်တိုင်း စွတ်စွတ်ပြောလို့ ဒုက္ခရောက်ဖူးတာလည်းများလှပြီ။ ဒါပေမယ့် ရှင်ဘုရင်ကိုဆုံးမချင်တာ အခွင့်အခါကမသင့်ဘူး။ တစ်နေ့တော့ အဲ့ရှင်ဘုရင်က မူးကြီးမတ်ရာ သေနာပတိတွေခြံရံပြီးတော့ ဥယျာဉ်ထွက်ပြီးတော့အပန်းဖြေတယ်။ အဲ့ဒါ ကျောက်ဖျာကြီးပေါ်မှာအပန်းဖြေတာ။ အဲ့ကျောက်ဖျာကြီးက သရက်ပင်ကြီးတစ်ပင်ရဲ့အောက်မှာရှိတာ။ သရက်ပင်ကြီးက အင်မတန်အရိပ်အာဝါသနဲ့ပြည့်စုံတယ်၊ အောက်မှာကျောက်ဖျာကြီး၊ အဲ့ကျောက်ဖျာကြီးပေါ်မှာ ရှင်ဘုရင်ကထိုင်၊ ထိုင်ပြီးတော့ အလ္လာပသလ္လာပစကားပြောအပန်းဖြေနေတုန်း၊
သွေးသံရဲရဲနဲ့ အုတ်အော်ငှက်ကလေးတစ်ကောင် အသေကလေး၊ သွေးသံရဲရဲနဲ့ အဲ့ဒီသရက်ပင်ပေါ်ကနေ ကျောက်ဖျာပေါ် ဘုရင့်ခြေရင်းကိုပြုတ်ကျလာတယ်။ အဲ့ဒီတော့ ဘုရင်ကကြည့်တယ်၊ ဘာဖြစ်တာလဲမသိဘူး။ အဲ့ဒီမှာ ဘုရားအလောင်းပညာရှိ ပုရောဟိတ်အမတ်ကိုမေးတယ်တဲ့၊ ဒါဘာဖြစ်လို့သေလဲ၊ သွေးတွေလည်းထွက်နေတယ်၊ အောက်ကျမှထွက်တဲ့သွေးမဟုတ်ဘူး။ အဲ့ဒီတော့ ဘုရားအလောင်းကမော့ကြည့်တော့ အပေါ်မှာကြီးသိုက်ရှိတယ်။ ဘုရားအလောင်းဆိုတော့ ပညာရှိတယ်၊ တွေးကြည့်တာ ပြေးကြည့်တာထက်မှန်တယ်။ အရှင်မင်းကြီးတဲ့ ဒီကောင်ဟာအုတ်အော်ငှက်၊ သူ့ရဲ့အမေအုတ်အော်မတွေဟာ ကိုယ်ပိုင်အသိုက်နဲ့ဥတဲ့ထုံးစံမရှိဘူး။ ကြီးမတွေရဲ့အသိုက်ထဲကိုဝင်ဥတယ်။ ကြီးမတွေက သူ့ဥမှတ်လို့ဝပ်ပေး၊ အကောင်ပေါက်တော့လည်း မည်းမည်းလေးအတူတူဆိုတော့ သူ့သားလေးလိုပဲထင်၊ အစာတွေအတူတူရှာကျွေး၊ အဲ့ဒါဒီကောင်က မပြန်နိုင်သေးခင်မှာ အုတ်အော်သံမြည်လိုက်တာ၊ မအော်သင့်သေးတဲ့အချိန်မှာ အုတ်အော်သံမြည်လိုက်တာ၊
အဲ့ဒီတော့ ကြီးမက ငါ့သားမဟုတ်ဘူးဆိုတာကိုသိပြီးတော့ စိတ်တိုပြီးတော့ နှုတ်သီးနဲ့အဲ့ဒါထိုးသတ်ပြီးတော့ အောက်ကိုပစ်ချလိုက်တာ။ အတပ်ပြောတာနော်။ မှန်ပါ့ဘုရား။ အဲ့ဒီမှာ ဘုရားအလောင်း ပုရောဟိတ်အမတ်ကြီးက အခွင့်ရပြီဆိုပြီးတော့ မင်းကြီးကိုဆုံးမတယ်။ အခွင့်အခါအချိန်ကာလကိုမကြည့်ပဲနဲ့ စကားကိုအရမ်းကာရောပြောတဲ့ပုဂ္ဂိုလ်များဟာ ဒီအုတ်အော်သေသလိုသေရတတ်တယ်။ မှန်ပါ့ဘုရား။ နော် ပြောတာတော့စကားတွေကအများကြီးပဲဗျ။ မှန်ပါ့ဘုရား။ ပုရောဟိတ်အမတ်ကြီးပြောတာတွေက အဲ့ဒီထဲမှာကောင်းတာလေးတွေ ဦးဇင်းခေါင်းထဲမှာစွဲနေတယ်။ ဘာပြောသေးလဲဆိုတော့ မင်းကြီးတဲ့ မစဉ်းစားမဆင်ခြင်ပဲနဲ့ပြောတဲ့စကားတစ်ခွန်းဟာ သွေးထားအပ်သောဓါးထက်ကြောက်စရာကောင်းတယ်။ နော် မစဉ်းစားမဆင်ခြင်ပဲနဲ့ပြောလိုက်တဲ့စကားသည် သွေးထားအပ်သောဓါးထက် ကြောက်စရာကောင်းတယ်။
မစဉ်းစားမဆင်ခြင်ပဲနဲ့ပြောတဲ့စကားတစ်ခွန်းဟာ လက်တစ်လောသေစေတတ်တဲ့အဆိပ်ထက်ကြောက်စရာကောင်းတယ်။ ဟုတ်လား။ မှန်ပါ့ဘုရား။ ဒါ့ကြောင့်တဲ့ မှန်သောစကားပင်ဖြစ်စေကာမူ ကိုယ်နဲ့သဘောတူတဲ့သူပင်ဖြစ်စေကာမူ မှန်ပါ့ဘုရား။ အချိန်ကာလရှည်လျားစွာမပြောရတဲ့။ မှန်ပါ့ဘုရား။ ဒီလူနဲ့ငါနဲ့ကသိပ်သဘောထားချင်းတိုက်ဆိုင်ပါပဲ၊ ငါ့စကားဆိုသိပ်ကြိုက်တာပဲ၊ အဲ့သလိုလူမျိုးရဲ့ရှေ့မှာတောင်မှ ကာလကိုကြည့်ပြီးတော့ပြောရမယ်။ ပြောကောင်းတိုင်းစွတ်ပြီးတော့ပြောမနေနဲ့ တန်ဖိုးတွေနည်းတတ်တယ်။ ဟုတ်ရဲ့လား။ မှန်ပါ့ဘုရား။ အေး အချိန်အခါကိုမကြည့်ပဲနဲ့ပြောရင်လည်းပဲ အဲ့ဒီအုတ်အော်မိုက်ကလေးလို ဘာဖြစ်တတ်လဲ။ သေတတ်တယ်။ ဟုတ်လား။ ဒါ့ကြောင့် ပုဂ္ဂိုလ်ကိုကြည့်ပြော၊ ကာလကိုကြည့်ပြော။ ပုဂ္ဂိုလ်တွေ ကာလတွေကြည့်ပြောပြီးရင်လည်းပဲ ဘာလိုသေးလဲဆိုတော့ ဒေါသတွေမာန
မာနတွေနဲ့မပြောနဲ့။ မှန်ပါ့ဘုရား။ ဒေါသတွေမာနတွေနဲ့ ဟာငါကဒီလူ့ကိုပြောလို့ရတာပဲ၊ ငါနိုင်တာပဲဆိုပြီးတော့လည်းဖိမပြောနဲ့။ မှန်ပါ့ဘုရား။ အခုအချိန်မှာကိုယ်ကသူ့ကိုနိုင်ပေမယ့်လို့ ဘဝဆိုတာတစ်ရှိန်တည်းသွားနေတာမဟုတ်ဘူး။ မှန်ပါ့ဘုရား။ တစ်ချိန်မှာကိုယ်ကသူ့ရဲ့အောက်ကိုလည်းရောက်သွားနိုင်တယ်၊ သူကကိုယ့်အထက်ကိုလည်းရောက်သွားနိုင်တယ်။ မှန်ပါ့ဘုရား။ ကိုယ့်ကိုပြန်ပြီးတော့နှိပ်စက်ခွင့်ကြုံတဲ့အခါမျိုးမှာ အဲ့လူကကိုယ့်ကိုပြန်ပြီးတော့နှိပ်စက်နိုင်တယ်။ တချို့နိုင်တယ်ဆိုပြီးတော့ ပစ်စလက်ခတ်ပြော၊ ကြားရတဲ့လူကအသည်းဓားနဲ့ထိုးခံရသလိုမမေ့ဘူး။ နာနေတာ။ ဘာဖြစ်ဖြစ်ကွာပြန်ပြီးတော့တုန့်ပြန်မယ်ဆိုပြီးတော့ ယူယူမိုက်မိုက်။ တချို့အဲ့သလိုပြောတဲ့စကားတစ်ခွန်းကြောင့်သေရတာတွေရှိတယ်။ ရှိပါတယ်ဘုရား။ နော် ဦးဇင်းတို့ ရာဇဝင်ထဲမှာ စကားအဆိပ်သင့်ပုံကလေး နည်းနည်းပြောပြမယ်။ တချို့လည်းကြားဖူးကောင်းကြားဖူးပါလိမ့်မယ်ဗျာ။
ဦးဇင်းတို့ပုဂံရာဇဝင်မှာ တရုတ်ပြေးမင်း၊ မင်းခွေးချေးဆိုပြီးတော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ နရသီဟပတေ့မင်းဆိုတာရှိတယ်နော်။ မှန်ပါ့ဘုရား။ အဲ့ဒီနရသီဟပတေ့မင်းက သူ့မှာသားသုံးယောက်ရှိတယ်။ နော် ဥဇ္ဇနာတဲ့ သီဟသူတဲ့နော်။ အဲ့ဒီမှာသီဟသူဆိုတာနဲ့သူနဲ့က စကားတစ်ခွန်းကြောင့်အများကြီးပြဿနာတက်တယ်။ နောက်တစ်ယောက်က ကျော်စွာတဲ့။ အဲ့ဒါငယ်ငယ်တုန်းက ဒီမင်းကြီးကဒီသားတွေကိုချစ်လွန်းလို့ ဝက်လက်ဆိုတာက ဝက်ရဲ့လက်ကိုချက်ထားတာ သူကနူးညံ့တယ်။ အဲ့ဒါကိုသားလေးတွေကိုချစ်လို့ ဝက်လက်ကိုချက်ပြီးတော့ ငှက်ပျောဖက်နုနုကလေးအုပ်ပြီးတော့ပေးတာ။ ဒါပေမယ့် သီဟသူကိုကျတော့ ဘာအကြောင်းကြောင့်လဲမသိဘူး၊ သူ့အမေကိုမုန်းလို့လားတော့မသိဘူး။ ဝက်လက်မပေးပဲနဲ့ဝက်ခြေထောက်ပေးတာ။ အဲ့ဒါကိုအမေကရှက်တာ။ ရှင်မောက်တဲ့မိဖုရားက။
ဒီပြင်သားနှစ်ယောက်ကိုတော့ ဝက်လက်ပေးပြီးတော့ ငါ့သားလေးကိုကျမှဝက်ခြေပေးတာ၊ ဒါအချစ်မတူဘူးဆိုပြီးတော့ ငါ့သားလေးကိုသိက္ခာချတာပဲ။ အဲ့ဒါအမေကရှက်လွန်းလို့ စဖိုမှူးကိုလက်ထိုးတယ်။ ဘုရင်ကြီးမသိအောင် ငါ့သားကိုလည်းဝက်လက်ပေး။ အဲ့ဒါနဲ့စဖိုမှူးကအဲ့လိုပေးတာ။ နောက်တော့ဘုရင်ကြီးကသိသွားတော့ စဖိုမှူးကိုအပြစ်တင်တယ်။ မင်းဘာကြောင့်အဲ့လိုလုပ်လဲ။ မိဖုရားကြီးကပေးခိုင်းလို့။ အဲ့ဒီမှာမူးမတ်ဗိုလ်ပုံတွေရဲ့အလယ်မှာ ဟဲ့ဝက်လက်ခိုးမလို့ မိဖုရားကိုဆိုတယ်တဲ့။ နိုင်တယ်ဆိုပြီးတော့ဆိုလိုက်တာနော်။ မင်းသားလေးကိုလည်း ဘာအပြစ်မှမရှိပဲနဲ့ တစ်ခါတစ်ရံ ဟဲ့ဝက်လက်ခိုးမသား၊ ပြောကောင်းကောင်းရှိတာနဲ့ ပြောနေတာနဲ့တူပါတယ်။ ကိုယ်ကသာပြောကောင်းတာ ဟိုကကြားမကောင်းဘူးလေ။ မှန်ပါ့ဘုရား။ ကြားမကောင်းတော့ ဒီကလေးကဒါကိုငယ်ငယ်လေးထဲကစသိမ်းထားတယ်။ ဘယ်တော့မှထုတ်မပစ်ဘူး။ အမြဲတမ်းမှတ်ထားတယ်။
နောက်တော့ဘာဖြစ်တုန်းဆိုတော့ တရုတ်တွေလာပြီးတော့ နှောင့်ယှက်လို့ဆိုပြီးတော့ ဘုရင်ကြီးပြေးရတယ်လေ။ ပြေးတော့ဘယ်ထိပြေးတုန်းဆိုတော့ သူ့သားကြီးဥဇ္ဇနာရှိတဲ့ ပုသိမ်၊ ပုသိမ်ထိပြေးတာ။ နော် အဲ့ဒီမှာတရုတ်တွေရဲ့ရန်ကအေးသွားပြီဆိုပြီးတော့ ပုဂံပြန်မယ်ဆိုပြီးတော့ ပုသိမ်ကနေပြန်လာတော့ လမ်းမှာပြည်မြို့ကိုဝင်တာ။ အဲ့ဒီပြည်မြို့ကိုအပိုင်စားပေးထားတာ သူ့ရဲ့သားအလတ်ဝက်လက်ခိုးမသားဆိုတဲ့မင်းသားကိုသူကပေးထားတာ။ အဲ့ဒါနဲ့ငါ့သားဆီဝင်မယ်ဆိုပြီးတော့ မိဖုရားဖွားစောနဲ့ဝင်ကြတယ်။ ဟိုရောက်တော့ သားကအရံနဲ့စောင့်နေတယ်။ နန်းတော်ထိတောင်အဝင်မခံဘူး။ လှေပေါ်မှာတစ်ခါတည်း ဓားလွတ်ကိုင်ထားတဲ့လူသုံးရာလောက်ဝိုင်းထားတယ်။ သားက သားက။ ဝိုင်းထားပြီးတော့ ဘာလုပ်လဲဆိုတော့ ထမင်းပွဲထဲမှာဟင်းတိုင်းထမင်းတိုင်းအကုန်အဆိပ်ခတ်ထားတယ်။ မင်းကြီးတဲ့ ဒီထဲမှာအဆိပ်တွေအကုန်ခတ်ထားတယ်။ ဒါကိုစားပါလို့ခိုင်းတယ်။
သူ့ကိုရက်ရက်စက်စက်ပြောခဲ့တဲ့ပါးစပ်ကို ရက်ရက်စက်စက်ပြန်ကျွေးတဲ့သဘောများလားတော့မသိဘူး။ မှန်ပါ့ဘုရား။ မင်းကြီးမစားဘူးဆိုရင် ဘေးမှာရှိတဲ့အာဏာပကွက်သားတွေက သွေးသံရဲရဲနဲ့အဆုံးစီရင်မယ်။ အဲ့သလိုပြောပြီးတော့ သားက နန်းတော် သူ့ရဲ့အဆောင်ကိုပြန်သွားတယ်။ အဲ့ဒီမှာ မိဖုရားဖွားစောနဲ့တိုင်ပင်တော့ မိဖုရားကြီးက မင်းကြီး မလွတ်နိုင်တော့ဘူး။ အဲ့ဒီတော့ ဓားတွေလှံတွေနဲ့သေရတာနဲ့စာရင် လက်တစ်လောသေတဲ့အဆိပ်ကိုစားသေတာကကောင်းသေးတယ်။ အဲ့ဒါနဲ့မင်းကြီးခမျာ အဲ့ဒီအစာကိုအဆိပ်ပါမှန်းသိရဲ့နဲ့ စားပြီးတော့သေရတယ်။ မှန်ပါ့ဘုရား။ ပရိတ်သတ်ကြီး အဆိပ်မိပြီးတော့သေရတာပေါ့နော်။ မှန်ပါ့ဘုရား။ ပကတိအဆိပ်လို့ပြောမလား၊ စကားအဆိပ်လို့ပြောမလား။ စကားအဆိပ်ပါဘုရား။ အေး စကားအဆိပ်သင့်သွားတာ။ မှန်ပါ့ဘုရား။ နော် ဒါ့ကြောင့် ဒကာကြီး ဒကာမကြီးများ ငါကမိဘပဲဆိုပြီးတော့ သားသမီးတွေကိုနိုင်လို့မပြောပါနဲ့။ ခံစားတတ်တယ်။ မှန်ပါ့ဘုရား။
သိတတ်တယ်။ ဟုတ်လား။ အေး ဒါတွေအကျယ်ချဲ့ပြီးတော့စဉ်းစားနော်။ အချိန်ကာလတစ်ခုအနေနဲ့ ကိုယ်ကအထက်ရောက်နေပေမယ့်လို့ နောင်တစ်ချိန်မှာကိုယ်ကအောက်ဆိုတာလည်း ဖြစ်နိုင်သေးတာပဲ။ မှန်ပါ့ဘုရား။ ဟုတ်လား။ ဒါ့ကြောင့် သူ့ကိုမသနားဦးတောင်မှ ကိုယ့်ကိုကိုယ်သနားပြီးတော့ သူများကိုကြမ်းတမ်းတဲ့စကားတွေမပြောပါနဲ့။ ဒါရုတ်စွအဆုံးဆိုတာနော်။ ဟုတ်လား။ အေး ဒါ့ကြောင့် ပရိတ်သတ်အပေါင်းသူတော်ကောင်းတို့ စကားဆိုတာ ဒေါသကြီးနဲ့မပြောလိုက်ပါနဲ့။ ကြားရတဲ့လူခံရခက်တယ်၊ အကုသိုလ်များတယ်။ ကိုယ်လည်းပဲ ဪ ပြောမိမှားတယ်လို့တွေးပြီးတော့ပူရတယ်။ ဟုတ်ရဲ့လား။ မှန်ပါ့ဘုရား။ ပြီးတော့ မာနကြီးနဲ့လည်းမပြောလိုက်ပါနဲ့။ မှန်ပါ့ဘုရား။ မာနနဲ့ပြောတယ်ဆိုရင်လည်း ကြားရတဲ့လူက နင်နဲ့ဦးမင်းမာနကို တစ်နေ့မှာငါချိုးပစ်ဦးမယ်။ အခြေအနေအလကားအကျိုးမဲ့တတ်တယ်။ ကြားဖူးတယ်မလား။ သာကီဝင်တွေအားလုံးကို ဝိဋဋူပကသတ်ပစ်တာလေ။ မှန်ပါ့ဘုရား။
ဟိုးရှေးဘဝတုန်းက ငါးတွေကိုအဆိပ်ချခဲ့လို့လို့ ဝေးကွာသောကာလကအကြောင်းတရားတစ်ခုရှိတယ်၊ အတိတ်အကြောင်းပေါ့။ မှန်ပါ့ဘုရား။ ဟုတ်လား။ ဒါပေမယ့် နီးကပ်တဲ့အကြောင်းကဘာအကြောင်းလဲ။ မာနကြီးတာ။ မာနကြီးတာကို သူများသိအောင်ထုတ်ပြီးတော့ပြတာ။ ဖြစ်တဲ့မာနကတော့ စိတ်ထဲမှာဖြစ်တာ။ အဲ့ဒီမာနကို သိပ်ကြီးပါတယ်ဆိုတာကို ပါးစပ်တည်းဟူသောပြတင်းပေါက်ကနေဖွင့်ပြတာ။ မှန်ပါ့ဘုရား။ ဟိုမှာဝိဋဋူပကအလယ်လာတယ်။ သူ့မှာအခြံအရံတွေနဲ့ သူကကောသလဘုရင်ကြီး ကောသလတိုင်းဆိုတာ အင်မတန်အင်အားကြီးတယ်၊ သာကီဝင်တို့ရဲ့တိုင်းပြည်နဲ့ ဘာမှမဆိုင်ဘူး။ နော် အဲ့ဒီအင်အားကြီးတဲ့တိုင်းနိုင်ငံကအရှင်သခင်ဖြစ်နေပြီ ဝိဋဋူပက။ အဲ့ဒါသူကအမျိုးတွေဆီဆိုပြီးတော့ လာပြီးတော့လည်တာလေ။ လာလည်ပြီးတော့ပြန်သွားရော။ အဲ့ဒါသာကီဝင်တွေကမာနကြီးလိုက်တာ။ ဝိဋဋူပထက်ငယ်တဲ့ကလေးတွေပဲထားတယ်၊ ကြီးတဲ့ကလေးတွေတစ်ယောက်မှမရှိဘူး။
အဲ့ဒါ ဝိဋဋူပလည်းပြန်သွားပြီဆိုတော့ ကျွန်မတစ်ယောက်က ဟယ် ကျွန်မသားထိုင်သွားတဲ့နေရာ အသရေယုတ်တယ်ဆိုပြီးတော့ နွားနို့နဲ့ဆေးတာလေ။ အဲ့ဒါပါးစပ်ကလည်း ဘျစ်တောက်ဘျစ်တောက်နဲ့ပြောတယ်၊ ကျွန်မသားနေတဲ့နေရာ၊ အတန်စကားခွက်ပြီးတော့မာနနဲ့ပြောတာ။ အဲ့ဒါကို မင်းချင်းတစ်ယောက်က လက်နက်မေ့နေလို့လာယူတာ။ အဲ့ဒီမာနစကားကို သူ့နားနဲ့ကြားတာ။ အဲ့ဒီစကားက သူ့ပါးစပ်ကနေတစ်ဆင့် ဝိဋဋူပရဲ့နားကိုရောက်တာ။ အဲ့ဒီမှာ ငါ့နေရာကိုနွားနို့နဲ့ဆေးရှိသေးဦး၊ မင်းတို့ရဲ့နေရာကို မင်းတို့ရဲ့လည်ချောင်းသွေးနဲ့ငါတစ်နေ့ဆေးပြမယ်။ ဟုတ်လား။ မှန်ပါ့ဘုရား။ အနီးကပ်ဆုံးအကြောင်းကတော့ မာနကိုအမှီပြုပြီးတော့ထွက်လာတဲ့စကားတစ်ခွန်းကြောက်စရာမကောင်းဘူးလား။ ကောင်းပါတယ်။ ကောင်းတယ်။ ဒါ့ကြောင့် ပရိတ်သတ်အပေါင်းသူတော်ကောင်းတို့ အကျိုးရှိချင်တယ်ဆိုလို့ရှိရင် စကားပြောတဲ့နေရာမှာ ပုဂ္ဂိုလ်ကိုကြည့်ပြောပါ။
အချိန်အခါကိုကြည့်ပြောပါ။ မာနတွေဒေါသတွေနဲ့မပြောပါနဲ့။ ဟုတ်လား။ ပြီးတော့ စကားတွေမများပါနဲ့။ စကားများလို့ရှိရင် အပြစ်ငါးမျိုးရှိတယ်တဲ့ဗျာ။ မှန်ပါ့ဘုရား။ နံပါတ်တစ် ပြောရင်းပြောရင်းနဲ့အပိုတွေအလိုတွေပါသွားရော၊ အဲ့ဒါလိမ်လည်တဲ့စကား မုသာဝါဒကံထိုက်တတ်တယ်။ ပြောရင်းပြောရင်းနဲ့ ကိုယ်ပြောနေတဲ့လူနဲ့ကိုယ်နဲ့ကို မင်းနဲ့ငါနဲ့ကပိုပြီးတော့ရင်းနှီးတယ်ဆိုတာကို သိစေချင်တော့ ဟိုလူ့ရဲ့အပြစ်ကိုပြောရင်းနဲ့ ဂုံးစကားတွေလည်းပါသွားတတ်တယ်။ မှန်ပါ့ဘုရား။ ဟုတ်လား။ ပြောရင်းပြောရင်းနဲ့ စိတ်လိုက်မာန်ပါဖြစ်ပြီးတော့ ကြမ်းကြမ်းတမ်းတမ်းတွေလည်းထွက်သွားတတ်တယ်။ မှန်ပါ့ဘုရား။ ဖရုသဝါစာ။ နော်။ နောက်ပြောရင်းပြောရင်းနဲ့ အနှစ်သာရမရှိတဲ့စကားတွေပါသွားရော။ များသောအားဖြင့်တော့အနှစ်မရှိတာတွေပြောကြတာများပါရဲ့။ မှန်ပါ့ဘုရား။
အဲ့ဒီလို မုသာဝါဒ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပဆိုတဲ့အပြစ်မှုကြီးလေးခုကို လွန်ကျူးမိတတ်တဲ့အတွက်ကြောင့် သံသရာမှာမကောင်းတဲ့ဘဝတွေကိုရတတ်တယ်တဲ့ အပြစ်ငါးမျိုး။ မှန်ပါ့ဘုရား။ အဲ့ဒီလိုဆိုရင် တပည့်တော်တို့စကားမပြောပဲနဲ့ ရင်ဂုံနှုတ်ပိတ်စိတ်စိတ်ပဲနေလိုက်တော့မယ်ဘုရားလို့ အဲ့သလိုလည်းမလုပ်နဲ့။ ဟင် ဒကာမကြီးတွေ။ စကားကမပြောပဲနေလို့လည်းမဖြစ်ဘူးနော်။ မဖြစ်ဘူး။ တစ်ခါတစ်လေတချို့ ဦးဇင်းကိုလာပြောတာတောင်တွေ့ဖူးတယ်။ ဒီနေ့တော့စကားမပြောတော့ဘူး။ ဟုတ်လား။ ကောင်းသလောက်ကောင်းတယ်၊ မကောင်းသလောက်မကောင်းဘူး။ တချို့က ဒေါသနဲ့မပြောတာ၊ စိတ်ကောက်ပြီးတော့မပြောတာ၊ စိတ်တိုင်းမကျလို့မပြောတာ၊ မပြောချင်လို့မပြောတာ၊ မတူမတန်ဘူးထင်လို့မပြောတာ၊ မပြောတာတွေက မပြောတာလေးသပ်သပ်နဲ့ချီးကျူးလို့မရသေးဘူး။ ဘာပြုလို့မပြောတာလဲဆိုတာက လိုသေးတယ်။ ဟုတ်ရဲ့လား။ အေး။ စကားကမပြောပဲနေလို့လည်းမဖြစ်ဘူး။ ဘုန်းကြီးတွေမှာ ငါစကားမပြောပဲနေအံ့လို့ကျင့်လို့ရှိရင် ဒုက္ကဋ်အာပတ်သင့်တယ်။ မှန်ပါ့ဘုရား။
အခါတစ်ပါး ရဟန်းတော်တွေ မြတ်စွာဘုရားကိုဝါကျွတ်တော့လာပြီးတော့ကန်တော့ကြတယ်။ ကန်တော့တော့ မြတ်စွာဘုရားက ချစ်သားတို့ ချမ်းချမ်းသာသာနေထိုင်ခဲ့ရရဲ့လား။ မှန်လှပါဘုရား ဘုရားတပည့်တော်တို့နေထိုင်ခဲ့ရပါတယ်ဘုရား။ တစ်ဝါတွင်းလုံး ဘုရားတပည့်တော်တို့တစ်ယောက်ကိုတစ်ယောက်စကားမပြောပဲနဲ့ တကယ့်အကျင့်မြတ်တွေကိုကျင့်ခဲ့ပါတယ်ဘုရား။ သူတို့က စကားမပြောခြင်းတည်းဟူသော အဓိဋ္ဌာန်ပြုပြီးတော့ကျင့်တာ။ နော် တစ်ဝါတွင်းလုံးတစ်ယောက်ကိုတစ်ယောက် ကောင်းတာလည်းမပြောဘူး၊ ဆိုးတာလည်းမပြောဘူး။ မတည့်တာမြင်လည်းမပြောဘူး၊ မဟုတ်တာတွေမြင်နေလည်းမပြောဘူး၊ တစ်စုံတစ်ယောက်ကလာခေါ်လည်းမထူးဘူး။ အဲ့တော့ မြတ်စွာဘုရားကဘယ်လိုပြောတယ်ထင်လဲ။ မင်းတို့ဟာတဲ့ နွားတွေလိုဆိတ်တွေလိုကျင့်ခဲ့ကြတာပဲတဲ့။ ပက်ပက်စက်စက်ပြောတယ်မထင်နဲ့နော်။ ဒါဝိနည်းပါဠိတော်မှာရှိတယ်၊ ဟုတ်လား။ အဲ့ဒီတော့ ကောင်းသောစကားတွေနဲ့တည်ဆောက်ထားတဲ့ ငါဘုရားရဲ့သာသနာတော်မြတ်ကြီးမှာ ဘယ့်နှယ့်ကြောင့်စကားမပြောပဲနေကြတာလဲ။
မသင့်တော်တာရှိရင်ဆုံးမရမှာပေါ့၊ ပြောရမှာပေါ့။ ကောင်းမြတ်တဲ့စကားတွေကိုပြောရမှာပေါ့၊ အကျိုးရှိတဲ့စကားတွေကိုပြောရမှာပေါ့။ ဟုတ်လား။ ကိုင်း ဘုရားကများစကားမပြောပဲနေခဲ့မယ်ဆိုရင် ဘယ်လိုများလုပ်မလဲ။ ဟင် ဒကာမကြီးများ။ စကားဆိုတာ မကောင်းတာပြောရင် ကြီးကျယ်တဲ့အပြစ်ရှိသလို ကောင်းတာပြောလို့ရှိရင် ကြီးကျယ်တဲ့အကျိုးရှိတယ်။ ဘယ်လောက်တန်ဖိုးရှိတယ်လို့ပြောလို့မရအောင်တန်ဖိုးရှိတယ်။ မှန်ပါ့ဘုရား။ ဟုတ်ရဲ့လား။ မှန်ပါ့ဘုရား။ နောက်ဆုံး ဦးဇင်းတို့ နိဗ္ဗာန်ထိအောင် စကားကတွန်းအားပေးနိုင်တယ်။ မှန်ကန်တဲ့စကား၊ အဓိပ္ပာယ်ရှိတဲ့စကား၊ အကျိုးရှိစေတဲ့စကားပြောမယ်ဆိုလို့ရှိရင် ဒကာမကြီးများလည်းကြားဖူးပါတယ်နော်။ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။ အလှူတကာအလှူထဲမှာ တရားအလှူအမြတ်ဆုံး။ တရားကိုဘယ်လိုလုပ်လှူရတာတုန်း။ ပါးစပ်ကနေလှူရတာ၊ စကားအဖြစ်နဲ့လှူရတာ။ ဟုတ်လား။ ဟုတ်တယ်နော် ဒကာကြီးများ။ မှန်ပါ့ဘုရား။ အေး အဲ့တော့ စကားဆိုတာ အင်မတန်ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုလို့ရှိရင် အင်မတန်ကောင်းတယ်။ ဟုတ်လား။ ဆိုးတဲ့ဘက်ကကြည့်မယ်ဆိုရင် ဆိုးတာလည်းအများကြီးဖြစ်နိုင်တယ်။ ဆိုကြပါစို့။
ပရိတ်သတ်အပေါင်းသူတော်ကောင်းတို့ ဉာဏ်ပါပါလေးစဉ်းစားကြည့်ဖို့ပြောပြဦးမယ်။ လောကမှာအကြီးမားဆုံးသောအပြစ်ဟာ ဘာလို့ကြားဖူးလဲ။ ကိုင်း ဦးဇင်းလည်းနားရတာပေါ့ဗျာ။ စဉ်းစားလိုက်ပါဦး။ မိစ္ဆာဒိဋ္ဌိ။ မိစ္ဆာဒိဋ္ဌိမှာ နိယတမိစ္ဆာဒိဋ္ဌိ။ ခိုင်မြဲတဲ့နိယတမိစ္ဆာဒိဋ္ဌိဆိုလို့ရှိရင်တော့ ဟိုအဝီစိကျတတ်တယ်။ အဝီစိကျတယ်။ နိယတဖြစ်ရင်ကျတတ်တယ်မဟုတ်ဘူး ကျတယ်။ အမေသတ်အဖေသတ်လို့အဝီစိကျတဲ့လူက ဒီကမ္ဘာပျက်လို့ရှိရင်လွတ်တယ်။ နိယတမိစ္ဆာဒိဋ္ဌိသမားများကတော့ ဒီကမ္ဘာပျက်ရင်တခြားသောကမ္ဘာမှာရွှေ့ပြီးတော့ခံရတယ်လို့ဆိုတယ်။ အပြစ်တကာအပြစ်ထဲမှာ မှားယွင်းတဲ့အယူအဆကို မှန်တယ်ထင်ပြီးတော့လက်သင့်ခံထားတဲ့ မိစ္ဆာဒိဋ္ဌိဆိုတာအပြစ်အကြီးဆုံးပဲ။ အဲ့ဒီမိစ္ဆာဒိဋ္ဌိဖြစ်ခြင်းအကြောင်းတရားနှစ်ပါးရှိတယ်တဲ့။ ပရတောဃောသ သူတစ်ပါးရဲ့နှုတ်ကနေပြီးတော့ မှားယွင်းတဲ့စကားသံတွေကြားရတယ်တဲ့။ စကားသံကအင်္ဂါတစ်ချက်ဖြစ်တယ်နော်။ ကိုယ့်ရဲ့အတွင်းကနေပြီးတော့ မှားယွင်းတဲ့နှလုံးသွင်းမှု အယောနိသောမနသိကာရဖြစ်တယ်တဲ့။
မှားတဲ့စကားသံနဲ့မှားတဲ့နှလုံးသွင်းမှု ဒီနှစ်ခုပေါင်းမိရင် မိစ္ဆာဒိဋ္ဌိဖြစ်တယ်တဲ့။ မှန်ပါ့ဘုရား။ ဟုတ်လား။ အပြစ်အကြီးဆုံးမိစ္ဆာဒိဋ္ဌိဖြစ်ဖို့အတွက် အကြောင်းတရားတစ်ခုသည် မှားယွင်းတဲ့စကားသံဖြစ်နေတယ်။ ဟုတ်လား။ ဒါ့ကြောင့်မှားယွင်းတဲ့အယူအဆတွေကိုဖြန့်ချီတဲ့ပုဂ္ဂိုလ်တွေ၊ ဟောပြောတဲ့ပုဂ္ဂိုလ်တွေဟာ အင်မတန်အပြစ်ကြီးတယ်။ ဒါ့ကြောင့်မြတ်စွာဘုရားက ဘုရားလက်ထက်က ဟိုဒိဋ္ဌိဆရာကြီးတွေရှိတယ်၊ ပုရာဏကဿပဆိုတဲ့ဒိဋ္ဌိဆရာကြီးကို မြတ်စွာဘုရားကဘယ်လိုပြောလဲဆိုတော့ ပုရာဏကဿပသည်အဲ့ဒါလူထောင်မြုံးကြီးပဲတဲ့။ ဘာကြီးတဲ့တုန်း။ လူထောင်မြုံးကြီးပါဘုရား။ ငါးတွေကိုထောင်တဲ့မြုံးရှိတယ်နော်။ မြုံးရဲ့သဘောတရားက ဝင်လို့ရတယ်ထွက်လို့မရဘူး။ မြုံးဆိုတာဘာလဲ။ ဝင်လို့ရတယ်ထွက်လို့မရဘူး။ အဲ့ဒီလိုပဲ အယူအဆမှားတွေဟာစွဲလမ်းသွားပြီဆိုရင် အဝင်သာရှိတယ်။ အထွက်အင်မတန်ခက်လိမ့်မယ်။ ဒါ့ကြောင့်လူတွေကိုမကောင်းတဲ့နေရာကိုရောက်အောင် ဖျားယောင်းသွေးဆောင်ပြီးတော့ထောင်တဲ့လူထောင်မြုံးတဲ့။ အင်မတန်အပြစ်ကြီးတယ်။ ဆိုလိုတာက
စကားသံတွေဟာမှားယွင်းပြီဆိုရင် အကြီးမားဆုံးအပြစ်ကိုတောင်ဖြစ်စေတတ်တယ်။ မှန်ပါ့ဘုရား။ ဟုတ်ရဲ့လား။ ကိုင်း။ အကောင်းဆုံးသောကုသိုလ်တရားတွေထဲမှာ ဘယ်ကုသိုလ်ဟာအကြီးဆုံးလဲလို့မေးရင်တော့ မဂ်ကုသိုလ်ဟာအကြီးဆုံးပေါ့နော်။ အဲ့ဒီမဂ်ကုသိုလ်သည် သမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့မဂ္ဂင်ကိုပွားများမှ မဂ်ကုသိုလ်ဆိုတာဖြစ်တာမလား။ အဲ့တော့ သမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့မဂ္ဂင်ရှစ်ပါးဟာ မှန်ကန်တဲ့အယူအဆခေါင်းဆောင်နေတဲ့မဂ္ဂင်ရှစ်ပါးဟာ အရေးမပါဘူးလား။ ပါပါတယ်ဘုရား။ ကုသိုလ်တရားတွေထဲမှာတော့ သစ္စာလေးပါးကိုသိတဲ့အဆင့်မဂ်ဉာဏ်နဲ့ မဂ်ဉာဏ်ကလွဲရင် အဲ့ဒီလောကီသမ္မာဒိဋ္ဌိဟာအဖိုးတန်ဆုံးလို့ပြောလို့မရဘူးလား။ ရပါတယ်။ ရတယ်။
အဲ့ဒီမှန်ကန်တဲ့အယူအဆသမ္မာဒိဋ္ဌိဖြစ်ဖို့အတွက် အကြောင်းတရားနှစ်မျိုးရှိတယ်တဲ့။ အဲ့ဒါဘာလဲဆိုတော့ ပရတောဃောသဆိုတဲ့မှန်ကန်တဲ့အသံရယ်၊ မှန်ကန်တဲ့စကားပေါ့နော်။ နောက်ပြီးတော့ ယောနိသောမနသိကာရဆိုတဲ့ နှလုံးသွင်းမှန်မှုရယ် ဒီနှစ်ခုပေါင်းမိရင် သမ္မာဒိဋ္ဌိဖြစ်တယ်။ အဲ့တော့ ဪ စကားတွေဟာ ကောင်းတဲ့ဘက်ကကြည့်ရင် အင်မတန်ကောင်းပါလား။ ဦးဇင်းတို့အခုတရားတော်ကို ပထမဦးဆုံးချီးကျူးတော့ ဘယ်လိုချီးကျူးတာလဲ။ သွာက္ခာတော။ သုအက္ခာတော။ ကောင်းကောင်းမွန်မွန်မှန်မှန်ကန်ကန်ပြောထားတာလို့အဓိပ္ပာယ်ရတယ်။ မြတ်စွာဘုရားရဲ့စကားတော်တွေပေါ့။ ဟုတ်လား။ အဲ့တော့ မြတ်စွာဘုရားရဲ့စကားတော်သည် တရားတော်ဖြစ်တယ်၊ သွာက္ခာတောဆိုတဲ့ဂုဏ်နဲ့ ချီးမွမ်းထိုက်တယ်။ ကိုင်း ဘယ်လောက်အဖိုးတန်တုန်း။ အဲ့ဒီစကားသံတွေကို မိမိတို့ရဲ့နှုတ်ကနေဖွင့်ဟပြီးတော့ပြောနိုင်မယ်ဆိုရင် အင်မတန်ကြီးကျယ်တဲ့ကုသိုလ်ကောင်းမှုကိုပြုရာရောက်တယ်၊ နိဗ္ဗာန်ကိုလှူရာရောက်တယ်၊ နိဗ္ဗာန်ကိုမြန်မြန်ရနိုင်တယ်။ မကောင်းဘူးလား။ ကောင်းပါတယ်။ ကောင်းတယ်။ ဒါ့ကြောင့် စကားမပြောပဲနဲ့နေလို့ဘယ်ဖြစ်မှာလဲ။ မကောင်းတာတွေ မပြောရဘူး၊ ကောင်းတာဆိုရင် ပြောရမယ်။
ဒါပေမယ့် အချိန်အခါပုဂ္ဂိုလ်ကိုကြည့်ပြီးတော့ပြောရမယ်။ ဟုတ်ရဲ့လား။ အေး ဒါ့ကြောင့် ဦးဇင်းတို့တရားရဲ့ပထမပိုင်း ဘယ်လိုစကားကို ဘယ်လိုပြောမှာလဲ။ ဟုတ်လား။ သစ္စာစကားကို သူ့ရဲ့အကျိုးကိုယ့်ရဲ့အကျိုးကိုမျှော်ကိုးပြီးတော့ပြောပါ။ ဟုတ်ရဲ့လား။ အေး နောက်တရားရဲ့ဒုတိယပိုင်းသွားကြဦးစို့။ ဟုတ်လား။ ဘယ်လိုစကားကို ဘယ်လိုနားထောင်မှာလဲ။ စကားသံတွေက နားထဲမှာရောက်လာတာတွေအများကြီးမရှိဘူးလား။ ရှိပါတယ်ဘုရား။ နေ့တိုင်းကြားနေရတာ။ တချို့ဆိုရင်ကြားရလွန်းလို့ စိတ်ပျက်တယ်လို့ပြောတဲ့လူတွေလည်းအများကြီးရှိတယ်။ ရှိပါတယ်။ ဟုတ်တယ်။ ပျက်မယ်ဆိုလည်းပျက်စရာ။ တစ်ခါတလေအားနာမှုနဲ့ မျက်နှာချင်းဆိုင်ပြီးတော့ နားသာထောင်နေရတာ စိတ်ကတစ်ပြင့်တစ်နေရာရောက်နေတယ်။ ခံစားဖူးလား။ ခံစားဖူးပါတယ်။ လုံးဝစိတ်မဝင်စားတော့ဘူး တစ်ဖက်ကလည်းအတင်းပြောနေတာပဲ အလိုင်းမသိ။ ကိုယ်ကလည်းပဲ နားမထောင်ရင်အလိုင်းမသိရာရောက်မှာစိုးလို့ သူ့စိတ်ဆင်းရဲမှာစိုးလို့ ဟန်လုပ်ပြီးတော့ဘာလုပ်နေရလဲ။ နားထောင်နေရတာ။ ပြောနေတဲ့စကားတွေကလည်း သူ့ကောင်းကြောင်းတွေချည်းပဲ။
ဟုတ်လား။ ပြီးတော့ သူများမကောင်းကြောင်းတွေချည်းပဲ။ လူတွေပြောတဲ့စကားဟာများသောအားဖြင့် အဲ့ဒါတွေများတယ်ဗျ။ မှန်ပါ့ဘုရား။ မြတ်စွာဘုရားဟောထားတယ်ဗျာ။ နှုတ်ကိုကြည့်ပြီးတော့ လူယုတ်မာ သူတော်ကောင်းလို့ခွဲတဲ့နည်းရှိတယ်တဲ့။ မှန်ပါ့ဘုရား။ ဒကာမကြီးတွေအဲ့ဒီနည်းလေးရချင်လား။ ရချင်ပါတယ်။ ဘုရား။ နှုတ်ကိုကြည့်ပြီးတော့ သူယုတ်လားသူကောင်းလားလို့သိအောင်လုပ်တဲ့နည်းရှိတယ်တဲ့။ သူများကိုဝေဖန်ဖို့မဟုတ်ဘူး၊ ကိုယ့်နှုတ်ကလေးကိုယ်ကြည့်ပြီးတော့ဝေဖန်ဖို့ပြောကြည့်ရအောင်။ မှန်ပါ့ဘုရား။ လောကမှာတဲ့ ယုတ်တဲ့လူတွေဟာ စကားလုံးကနည်းနည်းတော့ကြမ်းသီးတယ်ဗျာ ဟုတ်လား။ ကိုင်း မကောင်းတဲ့လူတွေဟာလို့ပဲပြောကြပါစို့။ ဟုတ်လား။ မကောင်းတဲ့လူတွေဟာတဲ့ စကားပြောလို့ရှိရင် ကိုယ်ကောင်းကြောင်းချည်းပြောတယ်တဲ့။ ကိုယ်ကောင်းကြောင်းကိုသူများမမေးပဲနဲ့ပြောတာတဲ့၊ မေးရင်တော့အကျယ်ကြီးပြောတာတဲ့။ မဆောင်းနိုင်တော့ဘူး။
ကိုယ်ကောင်းကြောင်းနဲ့ကိုယ့်အသိုင်းအဝိုင်းကောင်းကြောင်းပေါ့ဗျာ၊ ကိုယ့်သားသမီး၊ ကိုယ့်အမေ၊ ကိုယ့်ဆွေမျိုး၊ ဟိုကောင်းတာဆိုရင်တော့အကုန်ပြောတာပဲ။ ဟုတ်လား။ အေးအဲ့ဒါသူယုတ်ရဲ့လက္ခဏာတစ်မျိုး။ ကိုယ့်မကောင်းကြောင်းကိုမမေးရင်တစ်ခွန်းမှမပြောဘူး။ မေးရင်တောင်မှမပြောချင်ပြောချင်နဲ့ နည်းနည်းပဲပြောတယ်တဲ့။ ဟိုကိုယ့်မကောင်းကြောင်းကျတော့။ ဟုတ်လား။ နောက်သူများမကောင်းကြောင်းကိုမမေးပဲနဲ့ပြောနေတာ။ မေးမယ်ဆိုရင်တော့အဲ့ဒါအကျယ်ဝိတ္ထာရချဲ့ပြီးတော့ မဆုံးအောင်သာနားထောင်ပေးတော့။ ဟုတ်လား။ သူများကောင်းကြောင်းကိုမေးတောင်သူသိပ်မပြောနိုင်ဘူး။ မမေးရင်မပြောဘူး၊ မေးမှနည်းနည်းပဲပြောတယ်။ သူများကောင်းကြောင်းမပြောနိုင်ဘူး။ အဲ့ဒါဘာလဲ။ သူယုတ်ရဲ့လက္ခဏာတဲ့။ ဟုတ်လား။ ကိုယ်ကောင်းကြောင်းကိုမမေးပဲနဲ့ပြောတယ်၊ မေးရင်တော့ဆိုဖွယ်မရှိ။ ကိုယ့်မကောင်းကြောင်းကိုမမေးရင်မပြောဘူး၊ မေးမှနည်းနည်း။ ဟုတ်လား။ သူများမကောင်းကြောင်းကိုမမေးပဲနဲ့ပြောတယ်၊ မေးရင်အကျယ်ကြီးပြောတယ်။ သူများကောင်းကြောင်းကိုမမေးရင်မပြောဘူး။ မေးရင်နည်းနည်းပဲပြောတယ်။ အဲ့ဒါဘာလဲ။ သူယုတ်ရဲ့လက္ခဏာ။ သူကောင်းရဲ့လက္ခဏာကျတော့ အဲ့ဒါနဲ့ပြောင်းပြန်။
ကိုယ့်မကောင်းတာကိုမမေးပဲနဲ့ပြောတယ်။ မေးလာရင်အကျယ်ကြီးပြောနိုင်တယ်။ ကိုယ့်ကောင်းကြောင်းကိုမမေးရင်တစ်ခွန်းမှမပြောဘူး။ မေးလာတော့မှ ဪ ငါကဆိုင်ကော်လို့ခြုံပေါ်ရောက်တာပါလျှော့ချတယ်။ ကိုယ့်ကောင်းတာကိုမပြောချင်ဘူး။ ဟုတ်လား။ ကိုယ့်ကောင်းတာကိုအကျယ်ဝိတ္ထာရချဲ့ပြီးတော့ပြောနေသေးသမျှ သူကောင်းရဲ့အဆင့်ကိုကိုယ်မတက်နိုင်သေးဘူး။ မှန်ပါ့ဘုရား။ ဟုတ်လား။ ဟုတ်တယ်။ အဲ့ဒီစကားလေးကို ဦးဇင်းကစစ်စစ်ပေါက်ပေါက်စဉ်းစားကြည့်တယ်။ ဘုရားပြောသမျှအကုန်အမှန်ကြီးပဲ။ ဘယ်လိုစိတ်နဲ့ပြောတာလဲ။ ကိုယ့်ကောင်းတာကိုပြောချင်နေသေး ပြောချင်နေသေးသမျှ အဲ့ဒီစိတ်ဟာကောင်းကိုမကောင်းဘူး။ ကိုယ့်မကောင်းတာကိုဖုံးထားချင်သေးသမျှ အဲ့ဒီစိတ်ဟာကောင်းကိုမကောင်းဘူး။ သူများမကောင်းတာကိုပြောနေချင်သေးသမျှ အဲ့ဒီစိတ်ကောင်းကိုမကောင်းဘူး။ သူကောင်းဆိုတာ ဒါ့ကြောင့်သူများမကောင်းတာကိုမပြောချင်ဘူး၊ သနားတယ်။ နားလည်တယ်။
မကောင်းတာဟာသဘောဝပဲလို့နားလည်တယ်၊ သူများကိုအပြုတ်မချချင်ဘူး။ ဟုတ်လား။ သူများကောင်းတာကိုပြောနိုင်တယ်၊ မုဒိတာဖြစ်နိုင်တယ်။ မလွယ်ဘူး။ ဟင် ဒကာမကြီးတွေ တရားကလည်းမလွယ်ဘူးနဲ့ပဲဆုံးသွားတယ်ဗျာ။ အားမရှိလိုက်တာ။ ဟုတ်လား။ ဘာဖြစ်လို့တုန်းဆိုတော့ ဦးဇင်းတို့လည်းဒီအတိုင်းပဲ။ နော် သတိနဲ့အုပ်အုပ်နေရတယ်၊ ဟုတ်လား။ ပြောလိုက်ရင်သူများမကောင်းကြောင်းချည်းပဲ။ နည်းနည်းလည်တဲ့လူက သွယ်ဝိုက်ပြီးတော့ပြောတာ။ အတဲ့လူကတည့်တိုးပြောတာ။ ဟုတ်လား။ ကိုယ့်ကောင်းကြောင်းကိုလည်းအဲ့ဒီအတိုင်းပဲ အဲ့ဒါအရင်တည့်တိုးပြောတာ။ အဲ့တော့ ဦးဇင်းကစကားပြောရင်နည်းနည်းလေးကိုယ်ချင်းစာကြပါလို့တောင်ပြောချင်တယ်။ သူများကသူတို့ကောင်းတဲ့အကြောင်းတွေပြောနေရင်နားထောင်ချင်လား။ ဟင် ဒကာမကြီးတွေနားထောင်ချင်လား။ အဲ့ဒီလူတွေကသူတို့ကောင်းကြောင်း၊ သူ့သားသမီးတွေနိုင်ငံခြားမှာဘယ်လိုတွေပညာတွေသင်ပြီးတော့ ဘယ်လိုတွေဟောဟောဟောပြောနေတယ်ဆို နားထောင်ချင်လား။ ထောင်ချင်သလား။ မထောင်ချင်ဘူးဗျ။ သူများကောင်းတာကိုနားမထောင်ချင်တာ ပုထုဇဉ်ရဲ့သဘောဝ။ ဟုတ်လား။
အဲ့ဒါကိုပဲ ဣသာလို့ခေါ်တာမလား။ ဣသာဆိုတာ သူများကောင်းတာကိုကြားကိုမကြားချင်တာ၊ မနာလိုဘူးဆိုတာအဲ့ဒါကိုပြောတာ။ နာတာဆိုတာဘယ်ကနာတာတုန်း။ နားကနာတာ။ အခုတရားနာနေတာဘယ်ကနာနေတာတုန်း။ နားကနာတာ။ အေး အဲ့ဒါဗမာစကားမနာလိုဘူး။ နားမထောင်လိုဘူး။ ကောင်းတာဆိုကြားကိုမကြားချင်ဘူး။ အဲ့ဒါပုထုဇဉ်ရဲ့ပင်ကိုယ်သဘော။ အဲ့တော့ ကိုယ့်ကောင်းတာကိုသူများသွားပြောရင် အဲ့ဒါမုန်းဆေးစားတော့တာပဲ။ သူများမုန်းအောင်လုပ်တာ။ နော် ဒါ့ကြောင့် ဟိုတရားလေးတွေကလိုက်နာရင်တော်တော်ကောင်းတယ်သိလား။ အဲ့ဒါကိုယ်ကောင်းကြောင်းမပြောရင်သူများချစ်လိမ့်မယ်ဗျာ။ သေချာတယ်ဗျာ။ နော် ဒကာကြီး ဒကာမကြီးများ။ ဒါ့ကြောင့် ကိုယ့်ကောင်းတဲ့အကြောင်းကိုတတ်နိုင်သမျှမပြောပါနဲ့။ ကိုယ့်မကောင်းတဲ့အကြောင်းကိုတတ်နိုင်သမျှပြောဖို့ကြိုးစားပါ။ မှန်ပါ့ဘုရား။ ဟုတ်ရဲ့လား။ အေး သူများမကောင်းတဲ့အကြောင်းကိုတတ်နိုင်သမျှမပြောပါနဲ့။ သူများကောင်းတဲ့အကြောင်းကိုတတ်နိုင်သမျှပြောဖို့ကြိုးစားပါ။ ဟုတ်လား။ ကိုင်း ဘယ်လိုစကားကိုဘယ်လိုနားထောင်မှာလဲဆိုတာကိုတောင် မရောက်နိုင်ဘူးဖြစ်နေတယ်ဗျာ။
အဲ့တော့ ဒကာကြီး ဒကာမကြီးများ ဘယ်လိုစကားကိုဘယ်လိုနားထောင်ကြမှာလဲဆိုတော့ စကားတွေကကိုယ့်နားထဲကို အမျိုးမျိုးရောက်နေတယ်။ အဲ့ဒီထဲမှာ ဦးဇင်းတို့ပထမ ကိုယ့်မကောင်းတာပြောတာတွေနဲ့ပတ်သက်ပြီးတော့ ကိုယ့်ရဲ့အပြစ်ကိုယ့်ရဲ့မကောင်းကြောင်းတွေနဲ့ပတ်သက်ပြီးတော့ ကိုယ့်နားထဲကိုရောက်လာတဲ့စကားတွေနဲ့ပတ်သက်ပြီးတော့အရင်စဉ်းစားကြည့်ရအောင်။ ဒကာကြီး ဒကာမကြီးများမကောင်းကြောင်းကို သူများပြောတာတွေကြားဖူးလား။ ကြားဖူးပါတယ်။ ကြားဖူးတယ်။ တိုက်ရိုက်ပြောတာလည်းကြားလိမ့်မယ်၊ ကွယ်ရာမှာပြောပြီးတော့တစ်ဆင့်လာပြောတာလည်းကြားရလိမ့်မယ်။ ကိုယ့်မကောင်းကြောင်းကိုလေ။ ဟုတ်လား။ အဲ့ဒီလိုပြောရင်ဘယ်လိုနားထောင်မလဲ။ ဒီအချက်ကလေးကအရင်စပြီးတော့စဉ်းစားရအောင်။ မှန်ပါ့ဘုရား။ ကိုယ့်မကောင်းကြောင်းကိုပတ်ဝန်းကျင်ကပြောလာပြီဆိုရင် စဉ်းစားလိုက် သူတို့ပြောတာဟုတ်သလားမဟုတ်ဘူးလား။ ဟုတ်ပါတယ်ဘုရား။
သူတို့ပြောနေတဲ့မကောင်းကြောင်းတွေကဟုတ်သလားမဟုတ်ဘူးလားလို့စဉ်းစား။ ဟုတ်ချင်လည်းဟုတ်မယ်၊ မဟုတ်ချင်လည်းမဟုတ်ဘူး။ ဟုတ်နေတယ်ဆိုရင်တော့ အဲ့ဒါပြင်ဖို့ကြိုးစားရတော့မယ်။ မှန်ပါ့ဘုရား။ နော် ဒကာကြီးများ မခံမြဲရဘူးနော်၊ သူများမကောင်းကြောင်းပြောတာကို သူတို့ပြောတဲ့အတိုင်းငါ့မှာဟုတ်မြန်နေသလားလို့စဉ်းစား။ ဟုတ်တယ်ဆိုရင် ဘာလုပ်ရမလဲ။ ပြင်ရမယ်။ မဟုတ်ဘူးဆိုတာလည်းရှိနိုင်တယ်၊ မဟုတ်ပဲနဲ့မုန်းလို့ပြောတာလည်းရှိလိမ့်မယ်။ အဲ့ဒီမဟုတ်ဘူးဆိုရင်တော့ ဘယ်နဲ့လုပ်မလဲ။ သည်းခံဖို့ကြိုးစားရမယ်။ မှန်ပါ့ဘုရား။ နော်။ ဒါ့ကြောင့် မကောင်းတဲ့စကားတွေအပြစ်တွေနဲ့ပတ်သက်လာရင် ဟုတ်ရင်ပြင်ရမယ်၊ မဟုတ်ရင်သည်းခံရမယ်။ ပရိတ်သတ်ကြီး ပြောကြည့်စမ်းပါ။ ဟုတ်ရင်ပြင်ရမယ်၊ မဟုတ်ရင်သည်းခံရမယ်ပါဘုရား။ အဲ့ဒါအဲ့စကားနဲ့ပတ်သက်ပြီးတော့ အကောင်းဆုံးနားထောင်နည်းပဲ။ ဟုတ်လို့ရှိရင်ပြင်ရမယ်။
ဦးဇင်းတို့ မြတ်စွာဘုရားလက်ထက်က ရာဓဆိုတဲ့ ရဟန်းအိုကြီးတစ်ပါးရှိတယ်။ အသက်ကြီးမှရဟန်းပြုတာ။ သူရဟန်းပြုတော့သူ့ကိုဘယ်သူကမှရဟန်းပြုမပေးချင်ဘူး၊ ဘယ်ရဟန်းကမှပြုမပေးချင်ဘူး။ အဲ့ဒီမှာမြတ်စွာဘုရားက ရဟန်းတော်တွေကို ဒီပုဏ္ဏားကြီးရဲ့ကျေးဇူးတွေမင်းတို့အပေါ်များမရှိကြဘူးလား။ အဲ့ဒီမှာ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ကျေးဇူးသိပ်သိတတ်ဆိုတော့ မှန်လှပါဘုရား တပည့်တော်အပေါ်မှာ ဆွမ်းတစ်ဆွမ်းလောင်းဖူးတဲ့ကျေးဇူးရှိပါတယ်။ ဒါ့ကြောင့်တပည့်တော် ဒီပုဏ္ဏားအိုကြီးကို ရဟန်းပြုပေးလိုက်ပါ့မယ်။ အဲ့ဒီမှာရဟန်းပြုပေးတယ်။ ကြီးမှရဟန်းဖြစ်တာဆိုတော့ ဘာမှပြောကောင်းပါမဟုတ်ဘူးလို့ထင်စရာရှိတယ်၊ သို့သော်တစ်ခြားသည်ဗျာ။ ပြောလို့အင်မတန်ကောင်းတယ်။ ငါ့စာလည်းသင်နိုင်တော့တာမဟုတ်ဘူး။
ငါ့ကိုမသင့်တော်တာတွေကိုပြောသမျှ ငါအကုန်ပြင်မယ်။ ဟိုရဟန်းကဒီလိုပြောရင်ဒီလိုပြင်လိုက်တယ်။ ပြောသမျှအကုန်ပြင်တာ အဲ့ဒါရက်ပိုင်းအတွင်းအဲ့ဒီရာဓရဟန်းကြီးဟာ ရဟန္တာဖြစ်တယ်။ သူ့မဟုတ်တာတွေကိုပြောတာနော်။ ရဟန်းကြီးဒီလိုမဝတ်နဲ့၊ ဒီလိုမပြောနဲ့၊ တိုက်ရိုက်ပြောတာနော်။ တိုက်ရိုက်ပြောတာဆိုရင် လူတွေဟာခံနိုင်ခဲတယ်။ နော်။ ပြီးမှသာကျေးဇူးတင်ချင်တင်မယ်၊ ကြားခါစတော့ ထောင်းခနဲဒေါသထသွားမယ်၊ ကိုယ့်အတ္တကိုလာထိတာကိုးဗျ။ မှန်ပါ့ဘုရား။ ဟုတ်လား။ အဲ့တော့အဲ့ဒီရာဓမထေရ်ကတော့ခံနိုင်တယ်။ မဟုတ်ဘူး၊ မဟုတ်လို့ပြောတာငါပြင်မယ်။ အဲ့ဒီလိုပြင်လိုက်တော့ နှစ်ရက်သုံးရက်အတွင်း ဘာဖြစ်လဲ။ ရဟန္တာဖြစ်တယ်။ အဲ့ဒီမှာမြ
မြတ်စွာဘုရားက ဂါထာလေးတစ်ပုဒ် ဟောတယ်။ နိဒီနံဝ ပဝတ္တာရံ၊ ယံ ပဿဝဇ္ဇ ဒဿိနံ။ နိဂ္ဂယှ ဝါဒိ မေဓာဝိ၊ တာဒိသံ ပဏ္ဍိတံ ဘဇေ။ တာဒိသံ ဘဇမာနဿ၊ သေယျော ဟောတိ န ပါပိယော။ အဓိပ္ပာယ်က ဘာလဲဆိုတော့ ကိုယ့်ရဲ့အပြစ်တွေ ကိုယ့်မကောင်းကြောင်းတွေကို ရှေ့တင်ပြောဆိုနေတဲ့ပုဂ္ဂိုလ် ကိုယ့်ကိုနှိပ်စက်ပြီးတော့ ပြောဆိုတဲ့ပုဂ္ဂိုလ် နော် ကိုယ့်မကောင်းတာပြောတယ်ဆိုမှတော့ ကိုယ်ဆင်းရဲပြီလေ။ မှန်လှပါဘုရား။ ဟန်ဆောင်ပြီးတော့ ရပါတယ်လို့ ပြုံးတာနေလိုက်ရတာ စိတ်ထဲကတော့ သိပ်ပြီးတော့ မချိလှဘူး။ ဒါ ဦးဇင်းတို့လည်း ဒီအတိုင်းပဲ။ ဒကာကြီးဒကာမကြီးများလည်း ဒီအတိုင်းပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်မကောင်းတာကို ပြောတယ်ဆိုရင် အဲဒါနှိပ်စက်ပြီးတော့ တစ်ဖက်က ဘာလုပ်နေတာလဲ။ ပြောနေတာ။ အပြစ်ကိုပြပြီးတော့ အဲ့ဒီလို နှိပ်စက်ပြီးတော့ပြောတဲ့ အမျှော်အမြင်ရှိတဲ့ပညာရှိကိုတဲ့ မြေအိုးထဲမှာ ပိုင်ရှင်မရှိတဲ့ ရွှေအိုးတွေကို ဖော်ပြသလိုမျိုး ရွှေအိုးကို ညွှန်ပြတဲ့လူလို့ သဘောထားရမယ်တဲ့။ မှန်လှပါဘုရား။ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က ဟေ့ ဟိုနားမှာ ပိုင်ရှင်မရှိတဲ့ ရွှေအိုးကြီးရှိတယ်။ သွားယူကြေးပါလားဆိုရင် ဘယ်လိုလုပ်မှာလဲ။ တောက်လျှောက်သွားယူမယ်။ အဲ့ဒီလူကို ရှိခိုးချင်တောင် ရှိခိုးသွားလိုက်ဦးမယ်။ ဟင် ဒကာမကြီးများ မှန်လှပါဘုရား။ အေး ကိုယ့်ရဲ့အပြစ်ကို နှိပ်စက်ပြီးတော့ နှိပ်ကွပ်ပြီးတော့ နာနာကျင်ကျင် အပြစ်မြင်တိုင်း ဝမ်းနည်းမသို ဟုတ်တိုင်းဆိုတတ်တဲ့ ဆရာ့ရဲ့ ဂုဏ်ကျေးဇူးတစ်စိတ်တစ်ဒေသနဲ့ ပြည့်စုံတဲ့မိတ်ဆွေ သို့မဟုတ် ပညာရှိတစ်ယောက်ကို တွေ့ရတယ်ဆိုရင် ရွှေအိုးကို ညွှန်ပြတဲ့လူလို သဘောထားရမယ်။ အဲ့ဒီလိုမျိုး နားထောင်တတ်ရမယ်။ မှန်လှပါဘုရား။ မှန်လှပါဘုရား။ တာဒိသံ ဘဇမာနဿ၊ သေယျော ဟောတိ န ပါပိယော။ တာဒိသံ ထိုကဲ့သို့သော ပညာရှိကို ဘဇမာနဿ ချဉ်းကပ်သောပုဂ္ဂိုလ်အား သေယျော ဟောတိ န ပါပိယော။ မြတ်တယ်ဆိုတာသာ ဖြစ်နိုင်တယ်။ ရှုံးတယ်ဆိုတာ မဖြစ်နိုင်ဘူး။ မြင့်မြတ်တယ်ဆိုတာသာ ဖြစ်နိုင်တယ်။ ယုတ်ညံ့တယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဟုတ်လား။ အပြစ်ပြပြီးတော့ ကိုယ့်ကိုပြောဆိုတဲ့ပုဂ္ဂိုလ်ကို ကိုယ်ကတကယ်လို့များ ရွှေအိုးပြတဲ့လူလို့ သဘောထားနိုင်မယ်ဆိုရင် ကိုယ်ဟာ မြင့်မြတ်တဲ့လူဖြစ်မယ်။ ယုတ်ညံ့တဲ့လူမဖြစ်နိုင်ဘူး။ မှန်လှပါဘုရား။ ဟာ နားထဲကို သံရည်ပူနဲ့ လောင်းလိုက်သလို ခံရခက်တယ်ကွာ လာမပြောနဲ့။ ငါသိတယ် ငါတတ်တယ်ဆိုပြီးတော့ ဒေါသတွေနဲ့ ပြန်တုံ့ပြန်မယ်ဆိုရင်တော့ ယုတ်ညံ့တဲ့သူ ရှုံးတဲ့လူ ဖြစ်သွားမှာပေါ့။ ဟုတ်လား။ ဒါကြောင့် ပရိသတ်အပေါင်း သူတော်ကောင်းတို့ ဘယ်စကားကို ဘယ်လိုနားထောင်မှာလဲဆိုတဲ့နေရာမှာ ကိုယ့်ရဲ့မကောင်းကြောင်းတွေ ကိုယ့်ရဲ့အပြစ်တွေကို ပြောလို့ ဟုတ်လာပြီဆိုရင်တော့ ပြင်မဲ့စိတ်နဲ့ နားထောင်ရမယ်။ တစ်နည်းအားဖြင့်တော့ ကျေးဇူးတင်လိုက်တာ။ ဒီလူ့ကို ရွှေအိုးပြတဲ့လူလို သဘောထားရမယ်။ ဒါမှတိုးတက်မှာဗျ။ မှန်လှပါဘုရား။ ဟုတ်လား။ ကိုယ့်ရဲ့မကောင်းကွက်ကို ထောက်ပြတဲ့လူ တကယ်လို့များလေ ဒကာကြီးဒကာမကြီးများ ပွဲလမ်းသဘင် သွားခါနီးမှာ ကိုယ့်မျက်နှာပေါ်မှာ အညစ်အကြေးကြီးတစ်ခု ပေနေတယ်ဆိုကြပါစို့။ ကိုယ်က သတိမေ့လျော့လို့ မှန်မကြည့်ခဲ့ရလို့ တစ်စုံတစ်ခုသော အကြောင်းကြောင့် အဲဒါကို ကိုယ်မသိဘူးလို့ ဆိုကြပါစို့။ အဲဒါကို တစ်ယောက်က ဟေ့ မင်းမျက်နှာပေါ်မှာလေ အညစ်အကြေးတွေ ပရိသတ်ကြီး အဲဒီလူကို ကျေးဇူးတင်မှာလား။ ကျေးဇူးတင်မှာပေါ့ဗျ။ သူ မပြောလို့ရှိရင် ဟိုလူပုံကြားထဲရောက်တော့ ကိုယ်မလှတာကြီး ရွာလည်ပြသလို ဖြစ်နေပြီ။ ဟုတ်လား။ အေး ကိုယ့်ရဲ့အပြစ်ဟုတ်တာကို ပြောတဲ့လူကို မုန်းလို့ပဲပြောပြော ချစ်လို့ပဲပြောပြော ကျေးဇူးတင်ကို တင်သင့်တယ်။ တစ်ချို့လည်းပဲ မုန်းလို့ပြောတာပါ။ ကိုယ့်ကိုကောင်းစေချင်လို့ ပြောတာမဟုတ်ဘူး။ မုန်းလို့ ကိုယ်အပြစ်မရှိ အပြစ်ရှာပြောနေတာ။ ဒါပေမဲ့ အဲ့ဒီအပြစ်ကလည်း တကယ်ရှိနေတတ်တယ်။ တကယ်ရှိရင်တော့ ပြင်ရမယ်။ ပြင်ရပါမယ်ဘုရား။ ဟုတ်လား။ ကိုင်း တကယ်မရှိဘဲနဲ့ ပြောလာရင် ဘယ်လိုလုပ်ရမလဲ။ သည်းခံရမယ် သည်းခံရမယ်။ ဘာတတ်နိုင်မှာလဲ။ သူတို့ရဲ့နှုတ်ကို ကိုယ်လိုက်ပိတ်လို့မှ မရဘဲကို။ မှန်လှပါဘုရား။ ဟုတ်လား။ မှန်လှပါဘုရား။ မဟုတ်ရင်တော့ အပြစ်တွေပြောတာကို သည်းခံရမယ်။ ဦးဇင်းတို့ မြတ်စွာဘုရားလက်ထက်က ကုဏ္ဍဓာနမထေရ်ဆိုတာ ရှိတယ်။ သူ့ရဲ့မူရင်းနာမည်ကတော့ ဓာနပဲ။ ဒါပေမဲ့ ရှေ့က ကုဏ္ဍလို့ ထည့်ထားတယ်။ မိန်းမကျူးသူတဲ့ ဟော။ ရဟန်းတစ်ပါးရဲ့ ဝှက်ရှေ့မှာ အဲဒါကြီးထည့်ထားတာ စိတ်ပျက်စရာကြီး။ ဘာဖြစ်လို့ အဲ့ဒီလို အထည့်ခံရတာလဲဆိုတော့ သူသွားလေရာမှာ အရွယ်ရှိတဲ့ မိန်းမတစ်ယောက်က တကောက်ကောက်လိုက်နေတယ်လို့ ဘေးလူတွေရဲ့မျက်စိမှာ မြင်ရတယ်တဲ့။ တကယ်မလိုက်ဘူး။ တကယ်လည်း မရှိဘူး။ အဲ့ဒီမိန်းမပုံက သို့သော် ဘေးကကြည့်တဲ့သူရဲ့မျက်စိထဲမှာ အဲ့ဒီလိုကိုယ် မြင်နေရတာ။ ဘယ်သူမှ သူ့ကိုမယုံဘူး။ ဆွမ်းလောင်းမယ့်သူလည်း မရှိဘူး။ နော် သူ့မှာ အင်မတန် ချို့ချို့တဲ့တဲ့။ အဲ့ဒီလိုကြီးဖြစ်တာ။ ဒါ ရှေးတုန်းက သူက ရဟန်းနှစ်ပါးကို တကယ်ချစ်ကြတာ ဟုတ်ရဲ့လား။ တကယ်မေတ္တာရှိကြတာ ဟုတ်ရဲ့လားလို့ စမ်းသပ်တဲ့အနေနဲ့ ရုက္ခစိုးနတ်ဖြစ်တုန်းက မိန်းမပုံသဏ္ဍာန်ဖန်ဆင်းပြီးတော့ ရဟန်းတစ်ပါးကို သံသယဖြစ်အောင်လုပ်ခဲ့လို့ ဒါ ဦးဇင်းအကျယ်မပြောတော့ဘူးနော်။ အဲဒါ ဦးဇင်းတို့ မြတ်စွာဘုရားလက်ထက်ရောက်တော့ ရဟန်းလာဖြစ်တယ်။ အဲဒါ ဝိပါက်ရုပ်ပေါ့နော်။ မိန်းမပုံတစ်ပုံက သူ့နောက်ကိုလိုက်နေတာ။ ဆွမ်းခံသွားလည်း ပါနေတာ။ အဲ့ဒါကို ကောသလမင်းကြီးက နောက်တော့သိတယ်။ သိတဲ့အခါကျတော့ ဒီရဟန်း ဘယ်လိုလဲမသိဘူး။ စုံစမ်းတာ။ ကျောင်းပေါ်လောက်တော့ အဲ့ဒီရဟန်းက ကျောင်းပေါ်တက်သွားတယ်။ ကောသလမင်းကြီးက နောက်ကလိုက်သွားတယ်။ အဲ့ဒီမိန်းကလေးကလည်း လိုက်သွားတာပဲ။ ကျောင်းပေါ်ရောက်တော့ အဲ့ဒီမိန်းကလေးက မရှိဘူး။ အဲ့ဒီရဟန်းပြန်ဆင်းသွားတော့ မိန်းကလေးက ပါသွားတာပဲ။ အဲ့ဒီတော့မှ ဒါ အကြောင်းတစ်ခုခုကြောင့် ရှိမယ်လို့ ကောသလမင်းကြီး သဘောပေါက်တယ်။ မြတ်စွာဘုရားကို လျှောက်။ မြတ်စွာဘုရားက အကျိုးအကြောင်းပြောပြ။ အတိတ်အကြောင်းကို ပြောပြတော့ အရှင်ဘုရား ဒီလိုဆိုရင် အရှင်ဘုရားကို ဘယ်သူက ကြည်ညိုမှာလဲ။ တပည့်တော် ဆွမ်း ကွမ်း ဝေယျာဝစ္စ ပစ္စည်းလေးပါး ဒါယကာခံတယ်ဆိုပြီးတော့ နောက်တော့ ရဟန္တာဖြစ်တယ်။ အဲ့ဒီမထေရ်ကို အကြောင်းပြုပြီးတော့ ပြောတဲ့စကားလေး တော်တော်မှတ်သားစရာကောင်းတယ်။ မှန်လှပါဘုရား။ အဲ့ဒီရဟန်းက အဲ့ဒီလို မိန်းမပုံရိပ်က နောက်ကလိုက်လိုက်နေတာဆိုတော့ ရဟန်းတွေက သူ့ကို တကယ်လည်း အမြင်ကပ်တယ်။ ပြောင်လည်းပြောင်ချင်တယ်။ အဲ့ဒီလိုပြောကြတော့ ဆိုကြတော့ သူ့ကိုနှိပ်စက်ပြီးတော့ ပြောကြတော့ သူကလည်း နောက်တော့ ပြန်ဆဲတယ်။ ပြန်ပြီးတော့ ကြမ်းကြမ်းတမ်းတမ်းပြောတယ်။ အဲ့ဒါနဲ့ ရဟန်းတွေနဲ့ သူ့ရဲ့ရန်ပွဲဟာ မကြာခဏဖြစ်တယ်။ အဲ့ဒီမှာ မြတ်စွာဘုရားက နောက်တော့ မြတ်စွာဘုရားရဲ့နားတော်ပေါက်ကြားတော့ အဲ့ဒီရဟန်းတော်ကို ခေါ်ပြီးတော့ ချစ်သား ဘာဖြစ်လို့ ကြမ်းတမ်းတဲ့စကားတွေပြောတာကို ကြမ်းတမ်းတဲ့စကားတွေနဲ့ ပြန်တုံ့ပြန်ရသလဲ။ မတုံ့ပြန်နဲ့။ ဒါဟာ မင်းရဲ့အတိတ်ဘဝက မကောင်းတဲ့ကံကြောင့် ဖြစ်ပေါ်လာတာ။ မင်းမှာ တကယ်တမ်း အဲ့ဒီအပြစ်က ရှိနေတာမဟုတ်ဘူး။ မိန်းမနောက်က လိုက်နေတယ်ဆိုတဲ့အပြစ် တကယ်ရှိတာ မဟုတ်ဘူး။ အဲ့ဒီမရှိတဲ့အပြစ်ကို ဘေးကပြောနေတာကို မင်းသည်းခံလိုက်ပါ။ အဲ့ဒီမှာ မြတ်စွာဘုရားက ဘယ်လိုဥပမာလေးနဲ့ ပြောတာလဲဆိုတော့ အနားပျက်နေတဲ့ ကျေးခွက်လို မင်းကျင့်ရမယ်တဲ့။ ဒါလေးကိုပြောချင်တာ ဦးဇင်းက သိလား။ မှန်လှပါဘုရား။ ဘယ်လိုကျင့်ရမယ်။ အနားပျက်နေတဲ့ ကျေးခွက်ပါဘုရား။ အနားပျက်နေတဲ့ ကျေးခွက်တဲ့။ အနားပျက်နေတဲ့ လက်ခွင်းတဲ့။ ဆိုကြပါစို့ ဦးဇင်းတို့ တောတွေမှာတော့ ရှိသေးတယ်။ အခု ဒကာကြီးတို့ ဒီမှာတော့ တစ်ချို့သိပ်မရှိတော့ဘူး။ ကျေးဗလားလေးတွေရှိတယ်လေ။ ကျေးဗလားနဲ့ ရေသောက်လို့ရှိရင် အန္တရာယ်ကင်းတယ်တို့ ရောဂါကင်းတယ်လို့ ယူဆချက်ရှိတယ်လေ။ ဦးဇင်းတို့ ငယ်ငယ်တုန်းကဆိုရင် အဲ့ဒီကျေးဗလားလေးကို လက်ဖဝါးပေါ်တင်။ အဖေတို့ အမေတို့မရှိတဲ့အခါမှာ ဒန်ဆို ခေါက်လိုက်ရင် အသံလေးက တော်တော်နဲ့မတိတ်တော့ဘူး။ အဲ့ဒါလေးကို ခဏတိုင်း ခေါက်ခေါက်ကြည့်တယ်။ အဲ့ဒီကျေးဗလားလေးက လွတ်ကျလို့များ အနားကပျက်ပြီးတော့ ကွဲသွားပြီဆိုရင် ဒန်လို့ ခေါက်လိုက်ရင် ဒန်လို့ အသံဆွဲပြီးတော့ မမြည်တော့ဘူး။ ဒတ် ပြီးသွားပြီ။ အသံက ရေရှည်မလာတော့ဘူး။ အဲ့တော့ အနားပျက်တဲ့ ကျေးခွက်လိုကျင့်ရမယ်ဆိုတာ အဲဒါပြောတာ။ တစ်စုံတစ်ယောက်က ပြောလိုက်လို့ စိတ်ကတိုလိုက်တယ်။ ကိုင်း ခဏတော့တိုလိုက်ပေါ့။ တိုပြီးတော့ တော်တော့။ အဲ့ဒါကြီးကို ပြန်ပြန်စဉ်းစားပြီးတော့ ညလည်းမပြီးနိုင် နောင်နေ့လည်းမပြီးနိုင် နောင်လလည်းမပြီးနိုင် ဟိုကျေးဗလား လက်နဲ့တောက်လိုက်သလို ဒန်ဆိုတဲ့အသံက အမျှင်ကိုမပြတ်တော့ဘူး။ ဟင် ဒကာမကြီးတို့ စိတ်ထဲမှာ အဲ့ဒီလို အမျှင်မပြတ်တဲ့ ဒေါသခံစားချက်တွေ ရှိလား။ ရှိတာပေါ့။ ဦးဇင်းတို့လည်း ရှိတာပေါ့။ ဟုတ်လား။ ဘယ်လိုဖြစ်နေတာတုန်း။ ကျေးဗလားက လတ်လတ်ဆက်ဆက်ကြီးကိုးဗျ။ ဟုတ်လား။ အနားမပျက်သေးဘူး။ ဒဏ်ရာတောင် မရသေးဘူး။ ဟုတ်လား။ မြတ်စွာဘုရားက ဘယ်လိုကျင့်ရမှာတဲ့တုန်း။ အနားပျက်နေတဲ့ ကျေးဗလားလို ကျင့်ရမယ်တဲ့။ တစ်စုံတစ်ယောက်က ကိုယ့်ကို ထိထိခိုက်ခိုက် မဟုတ်ဘဲနဲ့ လာပြောလာရင် ပုထုဇဉ်သဘာဝ စိတ်တော့တိုမှာပေါ့။ သို့သော် အဲ့ဒါကြီးကို တာရှည်ကြီး တိုမနေနဲ့။ ဘာအကျိုးရှိလို့လဲ။ ဟိုလူက ပြောပြီးလို့ မေ့သွားပြီ။ ကိုယ်က ဒီမှာအသစ်ရှိနေတယ်။ အသစ်အသစ်ဖြစ်ဖြစ်နေတယ်။ ဟုတ်လား။ အေး ဒါကြောင့် မြတ်စွာဘုရားက ပေးတတ်လိုက်တာနော် ဥပမာကို။ ဟုတ်လား။ ဒါကြောင့် ကိုယ့်ရဲ့အပြစ်တွေ မကောင်းတာတွေကို ပြောလို့ မဟုတ်ဘဲနဲ့ပြောတယ်ဆိုလို့ရှိရင် အနားပျက်တဲ့ကျေးခွက် ကျေးအ လို့နော်။ အသွားတဲ့ကျေး။ ဟို ဦးဇင်းတို့ ရှေးတုန်းက ငွေဒင်္ဂါးတွေဘာတွေ ရှိတယ်။ ငွေစစ်သလား။ ကောင်းသလားလို့သိချင်ရင် သောက်ကြည့်လိုက်တယ်။ ဟုတ်လား။ တကယ်လို့ အဲ့ဒီမှာ အအက်တွေ အထဲထဲမှာ အနာအဆာရှိနေရင် အဲ့ဒီငွေဒင်္ဂါးက အသံမကောင်းတော့ဘူး။ အဲဒါကို ငွေအတယ်လို့ခေါ်တယ်။ အခုလည်းပဲ ကျေးအ အသံတာရှည်မမြည်ဘူး။ ဒါကြောင့် စိတ်ထဲမှာ ဒေါသသံတွေ အကြာကြီးမြည်မနေနဲ့။ ဒါပြောတာနော်။ မဟုတ်ရင် သည်းခံလိုက်ပါ။ မြတ်စွာဘုရားတောင် သည်းခံရတာဗျ။ တစ်သံသရာလုံးက ပါရမီတွေ အပြည့်ဖြည့်ခဲ့ပါတယ်ဆိုတဲ့ ပါရမီရှင်ကြီးတောင်မှ သည်းခံရတာဗျ။ ဟိုမာဂဏ္ဍီဆိုတဲ့ မိန်းမတစ်ယောက်နဲ့တွေ့တာ ကြားဖူးတယ်မဟုတ်လား။ အေး သူ့အဖေကလည်း မာဂဏ္ဍီ၊ သူ့အမေကလည်း မာဂဏ္ဍီ၊ သမီးအချောသမီးအလှ ဟာ ဘုရားကလည်း သတ်ပစ်လိုက်တာ။ ဒီလောက်ချောလှတဲ့ ယောကျ်ား မမြင်ဖူးဘူးဆိုပြီးတော့ ဒီဇာတ်လမ်းကြီးမပြောတော့ပါဘူးဗျာ။ ဟုတ်လား။ သမီးထိုးအပ်တာလေ။ အဲ့ဒီမှာ မြတ်စွာဘုရားက ဒီ ၃၂ ကောဋ္ဌာသ အညစ်အကြေးအစုအဝေးကို ငါခြေထောက်နဲ့တောင် မတို့ချင်ဘူးလို့ အမေအဖေ တရားထူးရမယ့်အရေးကို ရှေးရှုပြီးတော့ အဲ့ဒီလိုပြောလိုက်တာ။ အဲ့ဒါကို မာဂဏ္ဍီရန်ငြိုးဖွဲ့တယ်။ ငါတစ်နေ့ဘာဖြစ်မလဲ။ မသိနိုင်ဘူး။ ငါ့ရဲ့ရုပ်အဆင့်က အင်မတန်မြင့်မားတယ်။ သူထင်တဲ့အတိုင်းပဲ မိဖုရားကြီးဖြစ်တယ်။ ဥတေနမင်းရဲ့မိဖုရားဖြစ်တယ်နော်။ ကောသမ္ဗီပြည့်ရှင်ရဲ့ မိဖုရားခေါင်ဖြစ်တယ်။ ဖြစ်တော့ အဲ့ဒီမြို့ကို ဘုရားလည်းကြွသွားရော မိစ္ဆာဒိဋ္ဌိအယူရှိတဲ့ သေသောက်ကြူးတွေကို ပိုက်ဆံပေးပြီးတော့ ခိုင်းတာ ဘုရားကို ဆဲခိုင်းတာ။ ဆဲတာမှ အမျိုးမျိုး ပက်ပက်စက်စက်ဆဲတာ။ ဆဲတော့ ရှင်အာနန္ဒာက မြတ်စွာဘုရားကို လျှောက်တယ်။ အရှင်ဘုရား ကောသမ္ဗီကလူတွေဟာ သိပ်ရိုင်းတာပဲတဲ့။ ဒီလိုနေရာမျိုး သာသနာမပြုသင့်ဘူး။ မနေသင့်ဘူး။ တပည့်တော်တို့ တစ်နေရာပြောင်းကြပါစို့။ ချစ်သားအာနန္ဒာ အဲ့ဒီမင်းပြောင်းတဲ့နေရာကရော ဒီလိုဆဲမယ်ဆိုရင် ဘယ်လိုဆက်လုပ်မလဲတဲ့။ နောက်ထပ်မဆဲတဲ့ တစ်နေရာပြောင်းမယ်ဘုရား။ အဲ့ဒီနေရာက ဆဲရင်ရော တန်နောက်ထပ်တစ်နေရာဘုရား။ မင်းဟန်က ထွက်ပြေးနေတဲ့ နည်းလမ်းကြီးပဲတဲ့။ ဟုတ်လား။ မြတ်စွာဘုရားက ဖြစ်လာတဲ့ပြဿနာကို ဒီနားတင်ပြေလည်အောင် ရှင်းရတယ်တဲ့။ ချီးမွမ်းတာပဲဖြစ်ဖြစ် ကဲ့ရဲ့တာပဲဖြစ်ဖြစ် ၇ ရက်အပြင်မနေဘူးတဲ့။ ဒါဘုရားကိုယ်တိုင်ဟောတာနော်။ ဗမာစကားပုံ မှန်တယ်နော်။ ချီးမွမ်း ၇ ရက် ကဲ့ရဲ့ ၇ ရက်။ ပြောပါစေ အပြစ်တွေပြောပါစေ။ သူတို့မောတော့ ရပ်သွားလိမ့်မယ်။ ဟုတ်လား။ သူတို့ပြောတာကို ကိုယ်ကမခံချင်ဖြစ်နေမှ သူတို့က အဲဒါအရသာရှိပြီးတော့ ဆက်ပြောနေမှာဗျ။ မခံချင်တဲ့ကလေးဆို ပိုစတယ်မဟုတ်လား။ ဟုတ်လှပါဘုရား။ ဟင် ဒကာမကြီးများ ဟုတ်လှပါဘုရား။ အေး အဲ့ဒီလိုမျိုး အဲ့ဒီလိုမျိုးနော်။ အဲ့ဒီမှာ မြတ်စွာဘုရားက ရဟန်းတော်တွေကို ဟောတာ။ အဟံနာဂေါဝ သင်္ဂါမေ၊ စာပတော ပတိတံ သရံ။ အတိဝါကျံ တိတိက္ခသံ၊ ဒုဿီလော ဟိ ဗဟုဇ္ဇနော။ ချစ်သားအာနန္ဒာတဲ့ စစ်ပွဲမှာ ဆင်နွှဲနေတဲ့ စစ်ဆင်ကြီးဟာ တစ်ဖက်ရန်သူတွေကနေ ပစ်လာတဲ့ မြားဒဏ်တွေကို မြားဒဏ်တွေကို ခါချပြီးတော့ စူးလာရင်လည်း စူးပါစေလို့ ကြံ့ကြံ့ခံသလိုမျိုးတဲ့။ ငါဘုရားလည်းပဲ လောကစစ်မြေပြင်မှာ ပစ်ခတ်လာတဲ့ စကားလုံးမြားဒဏ်တွေကို ငါကြံ့ကြံ့ခံမယ်။ နော်။ အတိဝါကျံ တိတိက္ခသံ အတိဝါကျံဆိုတာ လွန်လွန်ကဲကဲ ကိုယ့်ကိုပြောလာတာ။ ပြောသင့်ပြောထိုက်တဲ့အတိုင်းအတာထက်လွန်ပြီးတော့ ကိုယ့်ကိုပြောလာတာ။ လွန်ကဲတဲ့စကားပေါ့။ အဲ့ဒီစကားကို ဘာလုပ်မှာလဲ။ တိတိက္ခသံ ငါသည်းခံလိုက်မယ်။ သည်းခံသည်ဖြစ်စေ ဒေါသဖြစ်သည်ဖြစ်စေ သည်းခံလိုက်ရင်တော့ ကိုယ်ကသည်းခံတာကြီး ကိုယ်ရလိုက်တာပဲ။ ဒေါသဖြစ်မယ်ဆိုရင်တော့ ဒေါသဖြစ်တာကြီး ကိုယ်ရလိုက်တာပဲ။ ရှင်းတော့ရှင်းရှင်းလေးပဲနော်။ ကိုယ်ဘာကိုလိုချင်သလဲ။ ကိုယ်ဘယ်လိုလူမျိုးဖြစ်အောင်လုပ်မှာလဲ။ ဒါပဲစဉ်းစား။ ဒေါသဖြစ်တတ်တဲ့ငါလား။ သည်းခံတတ်တဲ့ငါလား။ အဲ့ဒီလိုဆိုရင်တော့ ဘယ်ဟာရွေးမှာလဲ။ သည်းခံတတ်တဲ့ငါလို့ ရွေးမှာပေါ့နော်။ ဒါပေမဲ့ တကယ့်တွေ့လာပြီဆိုရင်တော့ ဒေါသဖြစ်တဲ့ငါကိုပဲ ရွေးပြီးသားဖြစ်ဖြစ်နေတယ်။ ဟင် ဒကာမကြီးများ မှန်လှပါဘုရား။ မြတ်စွာဘုရားက ဒါကြောင့် လွန်ကျူးပြီးတော့ပြောတဲ့စကားတွေကို သည်းခံလိုက်မယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ အကြောင်းပြတာလေး လှလွန်းလို့။ ဒုဿီလော ဟိ ဗဟုဇ္ဇနောတဲ့။ လောကမှာရှိတဲ့ လူအများစုတွေဟာ မစောင့်စည်းကြတဲ့ သီလမဲ့တဲ့လူတွေချည်းများတယ်တဲ့။ ကိုင်း။ ဟင် ဒကာမကြီးများ ကိုယ့်ရဲ့နှုတ်ကိုမစောင့်တဲ့လူ ကိုယ့်ရဲ့လက်ကို မစောင့်တဲ့လူတွေပဲ များသတဲ့။ ဟုတ်လား။ ဒါကြောင့် ဘဝဆိုတာ ဆူးကြားမှသီးရတဲ့ ဖူးသီးလိုပဲ။ တစ်ခါတစ်လေ ဟိုလိုလုပ်လည်း အပြစ်မလွတ် ဒီလိုလုပ်လည်း အပြစ်မလွတ်။ ဟုတ်လား။ အဲ့ဒီတော့ ကိုင်း ပြောချင်ရာပြောပါစေလို့ ဒီလိုထားရမယ့် အခြေအနေမျိုးတွေ အများကြီးရှိလာတယ်နော် ဒကာကြီးဒကာမကြီးများ။ ဒါကြောင့် ကိုယ့်မကောင်းတာတွေပြောပြီ အပြစ်တွေပြောလာပြီဆိုရင် မဟုတ်ရင်ဘာလုပ်ရမလဲ။ သည်းခံရမယ်။ ဟုတ်ရင်တော့ဘာလုပ်ရမလဲ။ ပြင်ရပါမယ်ဘုရား။ ပြင်ရမယ်။ ဒါကမကောင်းတဲ့စကားတွေနဲ့ပတ်သက်ပြီးတော့။ ဟုတ်လား။ ကိုင်း ကိုယ့်နားထဲကို ကောင်းတဲ့စကားတွေနဲ့ ပတ်သက်ပြီးတော့လည်း ရောက်လာဦးမှာပဲ။ ဟုတ်လား။ ကိုယ့်ကိုမြတ်နိုးတဲ့လူတွေ ချစ်တဲ့လူတွေရှိမှာပဲလေ။ ကိုယ်ကလည်းပဲ ကောင်းသလောက်လည်းကောင်းမှာပဲလေ။ အဲ့ဒီလို ကိုယ့်ရဲ့ကောင်းတာတွေကိုလည်း ပြောလိမ့်မယ်။ အဲဒါတွေကလည်း ကွယ်ရာပြောတာရှိမယ်။ ရှေ့တင်ပြောတာရှိမယ်။ ဟုတ်လား။ မှန်လှပါဘုရား။ အဲ့ဒီကောင်းတာတွေကလည်း ဟုတ်တာလည်းရှိချင်ရှိမယ်။ မဟုတ်ဘဲနဲ့မြှောက်ပြီးတော့ ပြောတာလည်း ရှိချင်ရှိမယ်။ ဘယ်လိုပဲပြောပြော ကောင်းတာတွေပြောပြီဆိုရင်တော့ အဲ့ဒီစကားသံနောက်ကို ယစ်မူးပြီးတော့ လိုက်မသွားဖို့လိုတယ်။ ဟင် ဒကာမကြီးများ မှန်လှပါဘုရား။ မဟုတ် ကောင်းတာတွေကို မဟုတ်ဘဲနဲ့မြှောက်ပြောတာဆိုရင်တော့ နားကိုထောင်မနေနဲ့။ ဒါပေမဲ့ လူတွေကလည်းခက်တော့ခက်ချည်းဗျ။ ကောင်းတာပြောရင်တော့ မဟုတ်လည်းပဲ နားအရသာခံပြီးတော့ နေနေတာပဲ။ ဒါကြောင့်မို့လို့ အဲ့ဒီနည်းလမ်းကြီးက ဘယ်တော့မှ တိမ်ကောမှာမဟုတ်ဘူး။ မြှောက်တာလူတိုင်းကြိုက်တာပေါ့ဆိုတာ တကယ်လည်းကြိုက်တယ်။ ဦးဇင်းတို့လည်းကြိုက်တယ်။ ဒကာကြီးဒကာမကြီးများလည်း ကြိုက်တယ်။ ဒါကတော့ ဦးဇင်းက သဘောတူလားလို့ကို မမေးမနေတော့ဘူး။ သေချာပေါက်ကိုသိတယ်။ မြှောက်တာမကြိုက်တဲ့လူတစ်ယောက်မှမရှိဘူးလို့ကို ပြောလိုက်ချင်သေးတယ်။ ပုထုဇဉ်တွေထဲမှာဆိုရင်တော့။ ဟုတ်လား။ ဒါကြောင့် ကိုယ့်ကောင်းတာကိုပြောတယ်ဆိုရင် မဟုတ်ရင်တော့ မဟုတ်ဘူးလို့ ပြောလိုက်ပါ ဒါကြီးကို အရသာခံမနေပါနဲ့။ ဟုတ်လား။ ကိုယ်ကောင်းတာကို ဟုတ်နေဦးတောင်မှ ယစ်မူးပြီးတော့မနေပါနဲ့။ ဟုတ်လား။ အေး ဒါက ကိုယ်နဲ့တိုက်ရိုက်ပတ်သက်တဲ့ ကောင်းမကောင်းစကားတွေ။ ဟုတ်လား။ စကားတွေက နှစ်မျိုးပဲရှိတာနော်။ ကိုယ့်အကြောင်းက ကောင်းတာရယ်၊ မကောင်းတာရယ်။ အဲဒါကိုလည်းပဲ နောက်ထပ်ထပ်ပြီးတော့ ခွဲလိုက်ပါဦး။ ကောင်းတာကလည်း ဟုတ်တာလည်းပါမယ်။ မဟုတ်တာလည်းပါမယ်။ လေးမျိုးဖြစ်သွားပြီဗျ။ မကောင်းတာကလည်း ဟုတ်တာလည်းပါမယ်။ မဟုတ်တာလည်းပါမယ်။ အဲ့ဒီ ကောင်းမကောင်း ဟုတ်မဟုတ်ဆိုတာတွေကို ရှေ့တင်ပြောတာရှိမယ်။ ကွယ်ရာပြောတာရှိမယ်။ ဟော စကားတွေအများကြီးပြားသွားတယ်နော်။ ကိုင်း ဒါက ကိုယ်နဲ့ပတ်သက်တဲ့ တိုက်ရိုက်အကြောင်းပေါ့။ နောက် ကိုယ်နဲ့သိပ်မပတ်သက်ဘဲနဲ့ ကိုင်း စကားတွေကျန်သေးတယ်ဗျာ။ ဒကာမကြီးများ အချိန်လည်းနည်းနည်းကျန်သေးတယ်။ ပြောဦးမယ်နော်။ ကိုယ်နဲ့မပတ်သက်တဲ့ အကြောင်းတွေ ဟုတ်လား။ ဟင် မရေတွက်နိုင်လောက်အောင်များတယ်။ အနုပညာနဲ့ ပတ်သက်လို့၊ အားကစားနဲ့ ပတ်သက်လို့၊ နိုင်ငံရေးနဲ့ ပတ်သက်လို့၊ သဘာဝဘေးဒဏ်တွေနဲ့ ပတ်သက်လို့ ဟင် ဒကာမကြီးများ ကြားနေတာတွေမရှိဘူးလား။ ရှိပါတယ်။ ရှိတယ်။ စကားတွေ စကားတွေမှ အများကြီးကြားနေတာနော်။ အဲ့တော့ အဲ့ဒီစကားတွေထဲကိုလည်းပဲ တူရာခွဲကြည့်ရအောင်။ နော် ကိုယ်နဲ့မပတ်သက်တဲ့ သိပ်မပတ်သက်တဲ့စကား။ ကိုယ့်အကြောင်းမဟုတ်တာပေါ့လေ။ အဲဒါဘာလဲဆိုတော့ ကိုယ့်အကြောင်းလိုလည်းပြောမယ်ဆိုရင်တော့ ပြောလို့ရတာပေါ့လေ။ ဟိုတရားနဲ့ပတ်သက်ရင်တော့ ကိုယ့်အကြောင်းလိုလည်းပြောလို့ရတာပေါ့။ ဟုတ်လား။ အေး ထားပါတော့။ ကိုယ်ကောင်းကြောင်း မကောင်းကြောင်းဆိုတာနဲ့ မပတ်သက်တဲ့အကြောင်းတွေကို ခွဲမယ်ဆိုရင်လည်း နှစ်မျိုးရှိတယ်။ အဲဒါဘာလဲဆိုတော့ အနှစ်မရှိတဲ့စကားရယ်၊ အနှစ်ရှိတဲ့စကားရယ်။ စကားနှစ်မျိုးရှိတယ်။ မှန်လှပါဘုရား။ ဟင် ဒကာမကြီးများ မှန်လှပါဘုရား။ အနှစ်မရှိတဲ့စကားတွေ ကြားနေရတယ်။ တစ်ခါတစ်ရံကြတော့လည်း အနှစ်ရှိတဲ့စကားတွေကြားရတယ်။ အနှစ်မရှိတဲ့စကားတွေကို နားမထောင်ဖြစ်ဖို့ ကြိုးစားပါ။ မှန်လှပါဘုရား။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့ လိုရင်းပဲပြောမယ်။ အနှစ်မရှိတဲ့စကားတွေ တန်ဖိုးမရှိတဲ့စကားတွေကို နားထောင်မိရင် အဲ့ဒီအချိန်မှာ တန်ဖိုးမရှိတဲ့အတွေးတွေဖြစ်နေတာသေချာတယ်။ မှန်လှပါဘုရား။ တန်ဖိုးမရှိတဲ့ စိတ်ကူးတွေ တန်ဖိုးမရှိတဲ့စိတ်တွေ ဖြစ်နေတယ်။ တန်ဖိုးမရှိတဲ့စိတ်တွေ တန်ဖိုးမရှိတဲ့အတွေးတွေ ဖြစ်နေရင် အဲ့ဒီအချိန်မှာ တန်ဖိုးမရှိတဲ့လူတစ်ယောက်ဖြစ်နေတာ သေချာလား။ မှန်လှပါဘုရား။ ဒီစိတ်ကလေး ဒီအတွေးလေးနဲ့ လူလုပ်နေရတာ။ အတွေးကတန်ဖိုးမရှိဘူး စိတ်ကတန်ဖိုးမရှိဘူးဆို အဲ့ဒီအချိန်မှာ တန်ဖိုးမရှိတဲ့လူတစ်ယောက်ပေါ့ဗျာ။ မှန်လှပါဘုရား။ ဟုတ်လား။ မှန်လှပါဘုရား။ ဒါကြောင့် တန်ဖိုးမရှိတဲ့စကားတွေကို နားထောင်နေတဲ့အချိန်မှာ ငါသည်တန်ဖိုးမရှိတဲ့အတွေးတွေ တန်ဖိုးမရှိတဲ့စိတ်တွေဖြစ်နေတဲ့အတွက်ကြောင့် တန်ဖိုးမရှိတဲ့လူတစ်ယောက်ဖြစ်နေပြီ။ ဘဝဟာ တန်ဖိုးရှိတယ်။ အချိန်ဟာ တန်ဖိုးရှိတယ်။ တန်ဖိုးရှိတဲ့အချိန်တွေ တန်ဖိုးရှိတဲ့ ဘဝတွေ ခွန်အားတွေကို တန်ဖိုးမရှိတဲ့အဖြစ်နဲ့ ငါဖြုန်းတီးပစ်နေတာပဲလို့ ထိတ်လန့်တဲ့သဘောရှိရမယ်။ မြင့်မြတ်တာတွေ လုပ်နိုင်ခွင့်ရှိနေတာကို နိမ့်ကျတာတွေကို လုပ်နေတယ်။ အဲ့တော့ တန်ဖိုးမရှိတဲ့စကားတွေကို နားထောင်လို့ အကျိုးဆုတ်ယုတ်တာတွေ အများကြီးရှိပါတယ်ဗျာ။ စကားနောက်လိုက်သွားပြီးတော့ တစ်ခါတည်း တစ်ချို့များ လိုက်ပြီးတော့ ဖြေရှင်းသည်အထိ မိုက်ပြတာတွေရှိတယ်နော်။ မှန်လှပါဘုရား။ အေး အဲ့တော့ ဦးဇင်းတို့ တန်ဖိုးမရှိတဲ့စကားနဲ့ ပတ်သက်ပြီးတော့ အကျယ်တဝင့်ကြီး မပြောချင်ဘူး။ ဟုတ်လား။ အမြစ်ကစဖြတ်လိုက်မယ်။ နားမထောင်ဖြစ်အောင် ကြိုးစားပါ။ နားထောင်ဖြစ်သွားရင်တော့ အကျယ်အကျယ်မငြင်းဖွယ်တွေ ဓားခုတ်ရာလက်ရှို ဟုတ်လား။ နော် ဓားခုတ်ရာလက်ရှိုမိတတ်တယ်နော်။ စကားတွေနားထောင်ပြီးတော့ ကိုယ်နဲ့ဘာမှမဆိုင်ညာမဆိုင် သူများအမှုတွေထဲဝင်ပါ တစ်ချို့ဆိုရင် သင်္ခါရှင်းရ ဒီစကားဟိုပို့ ဟိုစကားဒီပို့ ဟာ ကိုယ်ကကြားထဲကနေပြီးတော့ ဟိုလူကမတရားတာ ဒီလူကမတရားတာ ကိုယ့်မယ် ရှုပ်ရှက်ကို ခက်နေတာပဲ။ ဟင် ဒကာမကြီးများ ကိုယ့်အလုပ်နဲ့ စားဝတ်နေရေးတွေနဲ့ ကိုယ့်ဘဝခန္ဓာရေးတွေနဲ့ ရှုပ်ရတဲ့ကြားထဲ ဒီအနှစ်မရှိတဲ့စကားတွေကို ဖြေရှင်းနေရတဲ့အရှုပ်တွေက ထပ်ပြီးတော့ များနေသေးတယ်။ ဒါကြောင့် တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ချင်တယ် ဘဝမှာလေးလေးနက်နက်ဖြစ်ချင်တယ်ဆိုရင် တန်ဖိုးမရှိတဲ့စကားတွေဟာ ငါ့ရဲ့ဘဝကို တဖြည်းဖြည်းနဲ့ လှိုက်စားနေတာလို့ သဘောပေါက်ပြီးတော့ တတ်နိုင်သမျှ နားမထောင်ဖြစ်ဖို့ကြိုးစားပါ။ ဟုတ်ရဲ့လား။ မှန်လှပါဘုရား။ အေး နောက်တန်ဖိုးရှိတဲ့စကား ဒါကျတော့ ရှာဖွေပြီးတော့ကို နားထောင်ရမယ်။ မှန်လှပါဘုရား။ တန်ဖိုးရှိတဲ့စကားတဲ့ နော်။ ဒါလေးနဲ့ပတ်သက်ပြီးတော့ ဦးဇင်းတို့ မေဃိယသုတ္တန်ကို နည်းနည်းလေးနိဂုံးချုပ်ပြောချင်တယ်။ မှန်လှပါဘုရား။ မေဃိယဆိုတဲ့ ရဟန်းတစ်ပါးရှိတယ်နော်။ မြတ်စွာဘုရားလက်ထက်က ဘုရားရဲ့အလုပ်အကျွေးယာယီသူဆောင်ရွက်တယ်။ ရှင်အာနန္ဒာအလုပ်အကျွေးမလုပ်ခင်တုန်းကပေါ့လေ။ အဲဒါနဲ့ တစ်နေ့တော့ မြတ်စွာဘုရားနဲ့သွားရင်းနဲ့ ဟိုးခပ်လှမ်းလှမ်းမှာ သရက်ဥယျာဉ်ကြီးမှိုင်းညို့ပြီးတော့ မြင်တယ်။ မြင်တော့ မြတ်စွာဘုရားတဲ့ တပည့်တော်အဲ့ဒီသရက်ဥယျာဉ်ကြီးကိုလည်း မြင်တော့ တရားသွားအားထုတ်ချင်စိတ်တွေ အရမ်းပေါက်တယ်။ တပည့်တော်အဲ့ဒီသွားပါရစေ။ အဲ့တော့ မြတ်စွာဘုရားက ချစ်သားငါဘုရားတစ်ပါးတည်း နောက်ထပ်အလုပ်အကျွေးရဟန်းတစ်ပါးလာသည်အထိ စောင့်ဆိုင်းပါဦး။ အရှင်ဘုရားတဲ့ တပည့်တော်သွားတရားအားထုတ်ပါရစေ။ အရှင်ဘုရားကတရားအားထုတ်စရာမလိုတော့ဘူးတဲ့ ပြီးပြီးသား။ တပည့်တော်အခုမှ ပုထုဇဉ်ပဲရှိသေးတယ်။ ဒါကြောင့်တပည့်တော်ကို ခွင့်လွှတ်တော်မူပါ။ ဟော။ အဲ့ဒီလိုတောင်လျှောက်တာနော်။ အဲ့တော့ မြတ်စွာဘုရားက သုံးကြိမ်တားတယ်။ မရဘူး။ ကိုင်း တရားအားထုတ်ချင်လို့ သွားတယ်ဆိုတော့ ငါဘယ်တားလို့ ဖြစ်တော့မှာတုန်း။ သွားလေဆိုတော့ ဘုရားရဲ့သပိတ်သင်္ကန်းကို အဲ့ဒီနား အသာချထားခဲ့ပြီးတော့ သွားတာဗျာ။ တရားအားထုတ်ချင်လွန်းတဲ့စိတ် နော်။ အဲ့ဒါကလည်း သူကအဲ့ဒီနေရာနဲ့ သူနဲ့က ဓာတ်ခိုက်နေတာ။ အဲ့ဒီသရက်ဥယျာဉ်ကြီးက တစ်ချိန်တုန်းက သူကရှင်ဘုရင်ဖြစ်ပြီးတော့ ထီးနန်းစိုးစံခဲ့တဲ့နေရာကြီးတဲ့။ ဒါသူမသိပါဘူး။ ဘဝလောကဆိုတာ သိပ်ဆန်းကြယ်တယ်ဗျ။ နော်။ အဲ့ဒါနဲ့ အဲ့ဒီနေရာလည်းရောက်ရော သူက အဲ့ဒီသရက်ဥယျာဉ်ကြီးရဲ့အလယ်ကျောက်ဖျာကြီးပေါ်မှာ ထိုင်ပြီးတော့ အမယ် တရားနှလုံးသွင်းကျင့်သုံးပြီးတော့ ပီတိတွေဖြစ်နေလိုက်တာ။ ဪ တိတ်ဆိတ်လို့ အေးချမ်းလိုက်တာ။ အရောင်နောက်ကျလိုက်တာ။ အဲ့ဒီလိုဖြစ်တာ။ ခဏလည်းနေရော အဲ့ဒီပီတိတွေ အဲ့ဒီတရားသဘောတွေ ဘယ်ရောက်သွားမှန်းမသိဘူး။ ဘာတွေဖြစ်လာတုန်းဆိုတော့ ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသဝိတက်တွေ တစ်ခုပြီးတစ်ခုဝင်နေတော့တာပဲတဲ့။ အဲ့ဒါနဲ့သူ ချွေးတွေတောင်ပြန်လာတယ်လို့ ဆိုတယ်။ အဲ့ဒါနဲ့ သူတရားချပြီးတော့ သူ့ကိုယ်သူစဉ်းစားတယ်။ ဪ အံ့ဩစရာကောင်းလိုက်တာ။ ငါယုံကြည်မှုနဲ့ ရဟန်းဘဝကို ရောက်ခဲ့တာ။ ငါတကယ်မြင့်မြတ်တဲ့စိတ်နဲ့ ဒီနေရာမှာ မြင့်မြတ်တဲ့အလုပ်ကို လုပ်မယ်ဆိုပြီးတော့ လာခဲ့တာ။ ဘယ်နှယ့်ကြောင့် ဒီဝိတက်ဆိုးတွေ ဝင်နေပါလိမ့်။ ဖယ်လို့ကိုမရဘူး ဖြစ်နေတာ။ အဲ့ဒါ သူရှင်ဘုရင်ဘဝက ဖြစ်ခဲ့တဲ့အကြံတွေက အခုချိန်မှာ လိုက်ပြီးတော့ ဓာတ်ခိုက်နေတာတဲ့။ အဲ့ဒါနဲ့ မြတ်စွာဘုရားဆီကို သူကြွသွားတယ်။ ဟိုကျတော့ မြတ်စွာဘုရားကိုလျှောက်တယ်။ အံ့ဩတယ်ဘုရား။ တပည့်တော်စိတ်ကောင်းနှလုံးကောင်းနဲ့သွားတာ ရည်ရွယ်ချက်ကောင်းနဲ့သွားတာ။ အတွေးတွေက ချော်နေလိုက်တာ မပြောနဲ့တော့။ စိတ်များထိန်းရသိမ်းရသိပ်ခက်တာပဲဘုရား။ အဲ့ဒီမှာ မြတ်စွာဘုရားက ချစ်သား စိတ်ဆိုတာ အင်မတန်လျှပ်ပေါ်လော်လည်တယ်။ အင်မတန်တုန်လှုပ်တယ်။ ဘာဝနာဘက်ကို တင်လိုက်ပြီဆိုလို့ရှိရင် ရေထဲမှာနေနေကြ ငါးကိုကုန်းပေါ်မှာ ပစ်တင်လိုက်တော့ တဖျပ်ဖျပ်တုန်လှုပ်သလိုမျိုးပဲတဲ့။ ကာမအာရုံတွေထဲမှာ အမြဲနေခဲ့တဲ့စိတ်ကို စိတ်ငြိမ်ရာ တိတ်ဆိတ်ရာလည်းတင်လိုက်ရော လုံးဝအိမ်ထီးမရဘူးဖြစ်သွားတယ်တဲ့။ ဒါကြောင့်တဲ့ လေးသမားဟာ သူ့ရဲ့မြားတံကို မီးအပူပေးပြီးတော့ ဖြောင့်သလို ပညာရှိတဲ့လူဟာ ကိုယ့်ရဲ့စိတ်ကလေးကို ဖြောင့်မတ်အောင်ပြုပြီးတော့ ရုန်းထွက်နိုင်ခဲ့တဲ့ ဒီမာန်နတ်ရဲ့လက်ကနေ ရုန်းထွက်နိုင်အောင်ကြိုးစားရမယ်။ ဒီမာန်ရဲ့ ကိလေသာမာန်ရဲ့လက်ကနေ ရုန်းထွက်နိုင်အောင်ကြိုးစားရမယ်လို့ တရားဟောတာ။ အဲ့ဒီမှာ တစ်လက်စတည်း မြတ်စွာဘုရားက ဘာပြောလဲဆိုတော့ စေတောဝိမုတ္တိ အရဟတ္တမဂ် အရဟတ္တဖိုလ်လို့ခေါ်ရတဲ့ စိတ်ရဲ့ကိလေသာက လွတ်မြောက်ခြင်းလို့ဆိုရတဲ့ စေတောဝိမုတ္တိ နော်။ အဲ့ဒီစေတောဝိမုတ္တိကို ရင့်ကျက်စေတဲ့တရား ငါးမျိုးရှိတယ်တဲ့။ ပရိသတ်ကြီး တရားက နည်းနည်းလေးနက်လာတယ်လို့ ထင်ရတယ်နော်။ မှန်လှပါဘုရား။ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ရင့်ကျက်စေတဲ့တရား ဘယ်နှစ်ပါးရှိလဲ။ ငါးပါးရှိတယ်။ နံပါတ်တစ် မိတ်ကောင်းဆွေကောင်းတဲ့။ နော်။ နံပါတ်နှစ် ပါတိမောက္ခသံဝရသီလ ကိုယ်ကျင့်တရားတဲ့။ ဟုတ်လား။ နံပါတ်သုံး စကားကောင်းကို ချမ်းချမ်းသာသာ လွယ်လွယ်ကူကူရနိုင်တဲ့အခွင့်အရေးရှိရမယ်တဲ့။ ဟုတ်လား။ နံပါတ်လေး မကောင်းတာတွေကရှောင်ဖို့ကြိုးစားတဲ့နေရာမှာ ကောင်းတာတွေပြည့်စုံအောင်ကြိုးစားတဲ့နေရာမှာ ထက်သန်တဲ့ လုံ့လဝီရိယရှိရမယ်တဲ့။ နံပါတ်ငါး ဖြစ်ခြင်းပျက်ခြင်းကို ထိုးထွင်းပြီးတော့ မြင်နိုင်တဲ့ ဉာဏ်ပညာရှိရမယ်တဲ့။ ဘယ်နှစ်ချက်လဲ။ ငါးချက်။ မိတ်ကောင်းဆွေကောင်း၊ သီလ၊ စကားကောင်းကို ရနိုင်တဲ့အခြေအနေ ပြီးတော့ဘာလဲ ဝီရိယ ပညာ။ အဲ့ဒီမှာ မြတ်စွာဘုရားက ချစ်သားတဲ့ နံပါတ်တစ် မိတ်ကောင်းဆွေကောင်းဆိုတဲ့အင်္ဂါကိုသာ မင်းပြည့်အောင်ဖြည့်မယ်ဆိုရင် သီလလည်းရှိမယ်လို့ မျှော်လင့်ရတယ်။ သီလသေချာပေါက်ရှိလိမ့်မယ်။ နော် စကားကောင်းလည်း သေချာပေါက်ကြားရမယ်။ ဟုတ်လား။ ဝီရိယလည်း သေချာပေါက်ရှိလိမ့်မယ်။ နော် ပြီးတော့ ပညာလည်းသေချာပေါက်ရှိလာလိမ့်မယ်။ အဲ့ဒီတော့ မိတ်ကောင်းဆွေကောင်းရှိရင် ကျန်တဲ့လေးပါးသည် မိတ်ကောင်းဆွေကောင်းကို အမှီပြုပြီးတော့ ပြည့်စုံသွားပါလိမ့်မယ်တဲ့။ အဲ့ဒီသုတ္တန်မှာ မိတ်ကောင်းဆွေကောင်းကို ဦးစားပေးပြီးတော့ ပြောတယ်။ ဒါပေမဲ့ ဦးဇင်းတို့က ဒီနေရာမှာ ပရိသတ်တို့ကို စကားနဲ့ပြောနေတာဆိုတော့ အဲ့ဒီမြတ်စွာဘုရားဟောထားပုံလေးကို သဘောကျလွန်းလို့ စကားကောင်းကို လွယ်လွယ်ကူကူရနိုင်တဲ့အခွင့်အရေးရှိရမယ်တဲ့။ ဒီစကားလေးကိုကြိုက်တာ။ တချို့ကောင်းတဲ့စကားကို လွယ်လွယ်ကူကူမရဘူး။ ခက်ခက်ခဲခဲလုပ်ယူမှရတာ။ ဟုတ်လား။ ဒီခေတ်ကြီးမှာ စကားကောင်းရဖို့ လွယ်တယ်ဆိုရင်လည်း ဟုတ်တယ်။ ခက်တယ်ဆိုရင်လည်း ဟုတ်တယ်။ အဲ့တော့ စကားကောင်းကို လွယ်လွယ်ကူကူရဖို့ဆိုတော့ စကားကောင်းဆိုတာ ဘယ်လိုဟာမျိုးလဲ။ အဲ့ဒီမှာ မြတ်စွာဘုရားက စကားကောင်းကို ၁၀ မျိုးလောက်ပြောထားတယ်။ ပရိသတ်ကြီး လေးလေးနက်နက်နားထောင်နော်။ စေတောဝိမုတ္တိကို ရင့်ကျက်စေတဲ့အင်္ဂါတစ်ရပ် ဟုတ်ရဲ့လား။ အဲ့တော့ စကားကောင်းကြားနိုင်တဲ့ အခွင့်အရေး အဲ့ဒီစကားကောင်းက ၁၀ မျိုး။ ဟုတ်ရဲ့လား။ နံပါတ်တစ် အပ္ပိစ္ဆကထာ ပြောကြည့်စမ်းပါဗျာ။ အပ္ပိစ္ဆကထာ။ အလိုနည်းမှုနဲ့စပ်ယှဉ်တဲ့စကားတဲ့ နော်။ ပြောလိုက်တဲ့စကား ကြားလိုက်ရတဲ့စကားက အလိုနည်းမှုနဲ့စပ်ယှဉ်တဲ့စကား လောဘနည်းတဲ့စကား။ နော်။ ဦးဇင်းထပ်ရှင်းမပြတော့ဘူးနော်။ ပရိသတ်တို့ ဉာဏ်ရှိတယ်နော်။ ဟာ ဟိုဟာရချင် ဒီဟာရချင် ဟေ့ ကောင်မရေ ဈေးထဲမှာ ဘာအသစ်ပေါ်နေပြန်ပြီတဲ့။ အဲဒါအလိုနည်းစေတဲ့စကားလား။ အဲဒါဘာစကားတုန်း။ အလိုကြီးစေတဲ့စကား။ သေချာပေါက် ဒုက္ခရောက်တော့မယ်။ အဲဒါကိုယ့်ကို မီးလာရှို့တဲ့လူလိုမှတ်လေ။ ဟုတ်လား ဒကာမကြီးများ မှန်လှပါဘုရား။ ဟေ့ ညည်းကို ဘယ်သူက ဘယ်လိုပြောနေတာ။ အဲဒါအလိုနည်းစေတဲ့စကားလား။ မဟုတ်ပါဘူး။ မဟုတ်ဘူး။ ဒေါသဖြစ်စေတဲ့စကား။ ဟုတ်လား။ အဲ့တော့ နံပါတ်တစ် အပ္ပိစ္ဆကထာ အလိုနည်းစေတဲ့စကား။ နံပါတ်နှစ် သွက်သွက်လေးသွားရအောင်ဗျာ အချိန်သိပ်မရှိတော့ဘူး။ ဟုတ်လား။ မှန်လှပါဘုရား။ နံပါတ်နှစ် သန္တုဋ္ဌိကထာ ရောင့်ရဲမှုနဲ့စပ်တဲ့စကားတဲ့။ ဟုတ်လား။ ဒါရလည်း အားမရနိုင် ဟိုဟာရလည်း အားမရနိုင် တစ်ခါတည်း ရချင်မှုတွေရဲ့ဆန္ဒတွေကိုပဲ လိုက်ဖြည့်ဆည်းနေရတာနဲ့ အဖိုးတန်တဲ့အလုပ်တွေကို လုပ်ဖို့ အချိန်တွေကကုန်သွားရော။ နော်။ ဒါကြောင့် သန္တုဋ္ဌိကထာ ရောင့်ရဲမှုနဲ့စပ်တဲ့စကားကို ကြားကိုကြားသင့်တယ်။ ဒီခေတ်ကြီးမှာ သိပ်မရှိဘူးနော်။ တိုးတက်အောင်လုပ်ရမယ်။ တိုးတက်အောင်လုပ်ရမယ်လို့ ကြွေးကြော်ပြီးတော့ အတင်းပဲတိုးတက်ခိုင်းနေကြတာ ဒီကလူရှာထွက်နေတာ သူတို့သိကိုမသိဘူး။ ဟင် ဒကာမကြီးများ မှန်လှပါဘုရား။ သေသေချာချာစဉ်းစားနော်။ မြတ်စွာဘုရားရဲ့သာသနာတော်က အဓိကက ပစ္စည်းဥစ္စာတွေပေါ်များဖို့ ညွှန်ပြတာလား။ ငြိမ်းချမ်းမှုအစစ်ရအောင် ညွှန်ပြတာလား။ ငြိမ်းချမ်းမှုအစစ်ရအောင်ပါဘုရား။ အေး တစ်ချိန်တည်းပဲ စီးပွားဥစ္စာကိုလည်း ဘယ်လိုတရားဘောင်အတွင်းက ရှာရတယ်ဆိုတာကိုလည်း မပြောဘူးမဟုတ်ပါဘူး။ ပြောပါတယ်။ သို့သော် တကယ့်လိုရင်းက ဘာလဲ။ ငြိမ်းချမ်းမှုရဖို့ ဘဝသံသရာကလွတ်ဖို့ သံသရာထဲမှာကြီးပွားဖို့ ရည်ရွယ်ချက်နဲ့ ဘုရားတရားဟောတာမဟုတ်ဘူး။ နော်။ ဘုရားတရားတော်အားလုံးတို့ရဲ့ရည်ရွယ်ချက်သည် သံသရာကလွတ်ဖို့။ ဟုတ်ရဲ့လား။ အေး ဒါကြောင့် သန္တုဋ္ဌိကထာ ရောင့်ရဲမှုနဲ့စပ်တဲ့စကား ဒီခေတ်ကြီးမှာ အင်မတန်ရှားသွားပြီလို့ထင်တယ်။ တိုးတက်ဖို့ ကြီးပွားဖို့ လူချင်းတူဖို့ ပခုံးချင်းယှဉ်နိုင်ဖို့ ယှဉ်ကြပေါ့။ ဟုတ်လား ဒကာကြီးဒကာမကြီးများ။ ဒီလိုပဲ ဦးဇင်းကတော့ ပြောလိုက်ချင်တယ်။ နော်။ သန္တုဋ္ဌိကထာ ပြီးတော့ ဘာလဲ။ နှစ်ခုရှိသွားပြီနော်။ အေး ပြီးတော့ ဘာတုန်းဆိုတော့ ဝိဝေကကထာတဲ့။ စိတ်ငြိမ်မှုနဲ့စပ်တဲ့စကား။ တစ်ယောက်တည်းနေရတာ ကောင်းတယ်။ တစ်စိတ်တည်းနေရတာ ကောင်းတယ်။ ဟုတ်လား။ ဒါ ဦးဇင်း ဟိုဘက်က ဥပဓိဝိဝေက မပြောတော့ဘူး။ ဥပဓိဝိဝေကဆိုတာ နိဗ္ဗာန်ကိုပြောတာ။ နော်။ အဲ့ဒီလို အေးအေးချမ်းချမ်း တစ်ယောက်တည်းနေရတာ သိပ်ကောင်းတာပဲဆိုတဲ့ စကားမျိုးလေးတွေ မကြာမကြာကြားရမယ်။ အများနဲ့နေရတာ သိပ်ဆင်းရဲတာပဲဆိုတာမျိုး ကြားရမယ်။ နော်။ နော်။ သာရာရဏေ ဝိဟညန္တိ ပေါင်းသင်းဆက်ဆံရတာ အင်မတန်ပင်ပန်းတယ်တဲ့။ လက်ခံလား ဒကာမကြီးများ။ အပေါင်းအသင်းတစ်ယောက်ရှိရင် တစ်ယောက်စာပင်ပန်းတယ်။ နှစ်ယောက်ရှိရင် နှစ်ယောက်စာပင်ပန်းတယ်။ ဟုတ်ရဲ့လား။ မိတ်ကောင်းဆွေကောင်းဆိုတာ အဓိပ္ပာယ်တစ်မျိုးနော် ဒကာကြီးဒကာမကြီးများ။ အေး သာရာရဏေ ဝိဟညန္တိ။ ဒါကြောင့် ဝိဝေကကထာ စိတ်ငြိမ်မှုနဲ့စပ်တဲ့စကား။ နောက် အသံသဂ္ဂကထာ မရောနှောမှုနဲ့စပ်တဲ့စကားတဲ့။ လူရှုပ်ရှုပ်ရှိတဲ့နေရာဆို သိပ်သွားချင်တာပဲ။ ဟုတ်လား။ အဲဒါအသံသဂ္ဂကထာ ဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ဘူး။ ဟိုနားလည်းငါပါလိုက်ချင်တယ်။ ဒီနားလည်းငါပါလိုက်ချင်တယ်။ ပွဲလမ်းတစ်ခုခုလုပ်လို့ ငါ့ကိုမဖိတ်ဘူးဆိုရင် စိတ်ထဲမှာ မခံစားနိုင်ဘူး။ အဲ့ဒါ ဘာဖြစ်တာတုန်း။ ရောနှောချင်တာ စပ်ယှက်ချင်တာ တရားနဲ့ဝေးတယ်ဆိုတဲ့လက္ခဏာ။ ဟုတ်လား။ တရားဆိုတာ မရောရရင်ပြီးရော။ အဲ့ဒီသဘောမျိုး။ သဘောပေါက်တယ်နော်။ အသံသဂ္ဂကထာ။ ပြီးတော့ ဘာလဲ။ ဝီရိယာရမ္ဘကထာ။ အကုသိုလ်တွေပယ်ဖို့ ကုသိုလ်တွေပြည့်စုံဖို့ ကြိုးစားမှုနဲ့စပ်တဲ့စကား။ ဘယ်နှစ်ခွန်းရှိသွားပြီတုန်း။ ငါးခွန်းရှိသွားပြီ။ ပြန်ပြောမယ် မှတ်မိအောင်။ အပ္ပိစ္ဆကထာ အလိုနည်းမှုနဲ့စပ်တဲ့စကား၊ အသန္တုဋ္ဌိကထာ ရောင့်ရဲမှုနဲ့စပ်တဲ့စကား။ ပြီးတော့ ဝိဝေကကထာ စိတ်ငြိမ်မှုနဲ့စပ်တဲ့စကား၊ အသံသဂ္ဂကထာ မရောနှောမှုနဲ့စပ်တဲ့စကား၊ ဝီရိယာရမ္ဘကထာ လုံ့လဝီရိယနဲ့စပ်ယှဉ်တဲ့စကား။ နောက်ငါးပါးက သီလကထာ သမာဓိကထာ ကြားဖူးတယ်နော်။ သီလကထာ သမာဓိကထာ ပညာကထာ သီလ သမာဓိ ပညာ ဝိမုတ္တိကထာ ဝိမုတ္တိဉာဏဒဿနကထာ။ ဝိမုတ္တိဆိုတာ မဂ်ဉာဏ်ကိုပြောတာ။ ဝိမုတ္တိဉာဏဒဿနဆိုတာ ပစ္စဝက္ခဏာဉာဏ်ကိုပြောတာ။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရပြီးတော့ ကိုယ်ရတဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ဆင်ခြင်တယ်။ ဟုတ်လား။ ပြီးတော့ ကုန်တဲ့ကိလေသာ ကျန်တဲ့ကိလေသာတွေကို ဆင်ခြင်တယ်။ အဲ့လိုပေါ့နော်။ အဲ့ဒါပစ္စဝက္ခဏာဉာဏ်ပေါ့။ နော်။ အေး အဲ့ဒီလို သီလ သမာဓိ ပညာ ဝိမုတ္တိ ဝိမုတ္တိဉာဏဒဿနဆိုတဲ့ ကထာငါးပါးနဲ့ စောစောက ကထာငါးပါးပေါင်းလိုက်တော့ စကား ၁၀ ခွန်း။ အဲ့ဒါသည် ကောင်းသောစကားတဲ့။ ဟုတ်လား။ မှန်လှပါဘုရား။ အဲ့ဒီလို စကားကောင်းကို လွယ်လွယ်ကူကူ ချမ်းချမ်းသာသာ ရနိုင်တဲ့အခွင့်အရေးရှိရမယ်။ အဲ့ဒီလိုစကားမျိုးကို ကြိုးစားပြီးတော့ နားထောင်ရမယ်။ ဟုတ်လား။ ဒါကြောင့် ဘယ်လိုစကားကို ဘယ်လိုနားထောင်မှာလဲဆိုတဲ့ တရားရဲ့ ဒုတိယပိုင်း အချိန်ကစေ့သွားပြီ။ တစ်နာရီခွဲကို နှစ်မိနစ်တောင်ကျော်သွားပြီနော်။ အေး တရားကမမျှော်လင့်ဘဲနဲ့ ရှည်သွားတယ်။ ပရိသတ်ကလည်း စိတ်ဝင်စားတဲ့အမူအရာတွေ အပြည့်ပြလို့နဲ့ တူပါရဲ့။ ဟင် ဒကာမကြီးများ ဟုတ်လား။ အေး ဒါကြောင့် ဒီကနေ့ တရားကဘာတဲ့တုန်း။ စကားတို့၏အစွမ်းတဲ့။ ကောင်းနိုင်စွမ်း ဆိုးနိုင်စွမ်း အကြီးအကျယ်ရှိနေတဲ့ ဒီစကားတွေကို ဘယ်လိုပြောမှာလဲ။ ဘယ်လိုနားထောင်မှာလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တို့ကို ဦးဇင်းတို့ ပြောပြီးပါပြီ။ ဟုတ်လား။ ဒါကြောင့် အကျိုးရှိအောင်ပြောနိုင်ကြပါစေ။ အကျိုးရှိအောင်နားထောင်တတ်ကြပါစေ။ ဟုတ်ရဲ့လား။ အေး ဦးဇင်းတို့ ငါးမိနစ်ခန့်မျှ တရားနှလုံးကျင့်သုံးပြီးတော့ မေတ္တာပို့ပြီးတော့ အဆုံးသတ်မယ်နော်။