Simple Delivery Project using Flutter + Superbase
အခုရက်ပိုင်း စာမဖတ်ဖြစ်တာလည်း ကြာပြီ ဆိုပြီး ကြုံရာစုံရာအနေနဲ့ Supabase ဆိုတဲ့ Backend as a Service (BaaS) နည်းပညာတစ်ခုအကြောင်းဖတ်ဖြစ်တယ်။ မြို့တွင်း Delivery ပို့တဲ့ လုပ်ငန်းတွေအတွက် မိုဘိုင်းအက်ပ် တစ်ခုကို ရေးဖြစ်တယ်။
အက်ပ်ကတော့ ရိုးရိုးရှင်းရှင်းပါပဲ လုပ်ငန်းပိုင်ရှင် / မန်နေဂျာက Way လို့ ခေါ်တဲ့ ဘယ်နေရာက ပါစယ်ကို ဘယ် Rider ကယူပြီး ဘယ်နေရာကို သွားပို့ပေးဆိုတာမျိုး Assigned ပေးမယ်။ Rider က သူ့ကို assigned ချထားတဲ့ Way တွေကို လိုက်ပို့ပေးပြီး ပို့ပြီးပါပြီ / ပို့လို့မရပါ ဆိုတာမျိုး update လုပ်ပေးမယ်။ Customer ကတော့ ကိုယ်ပို့ထားတဲ့ ပါစယ် ဘယ်အခြေအနေရောက်နေပြီလဲဆိုတာမျိုး တိုက်ရိုက် ကြည့်နိုင်မယ်။
ပုံမှန်ဆို ဒီလိုမျိုး ရိုးရိုးရှင်းရှင်း ပရောဂျက်မှာတောင် Database Structure , Backend API , Admin Panel, Frontend App စသည်ဖြင့် အပိုင်းတွေ ခပ်များများပါပြီ တစ်ပိုင်းနဲ့တစ်ပိုင်း ချိတ်ရဆက်ရတာလည်း အချိန်တစ်ခုပေးရတယ်။ အထူးသဖြင့် အမြဲလိုလို လုပ်နေရတဲ့ User Sign Up, Login စတဲ့ Authentication, Authorization တွေ၊ User Management စတာတွေအတွက်က တစ်ရက်လောက် မဖြစ်မနေ ပေးပြီး လုပ်ရတယ်။ အရင်လုပ်နေတဲ့ Development Workflow က ဒီလို
- Requirement Gathering လုပ်ပြီး လိုချင်တဲ့ Feature စာရင်း ချရေး။
- Data Structure ဆွေးနွေး
- Database တည်ဆောက်ပြီး Backend API စာရင်း ဆက်ဆွေးနွေး။
- API ရေးပြီးရင် Frontend App က စပြီး Integration လုပ်၊ အဆင်မပြေတာ ရှိရင် Backend API နဲ့ ပြန်ညှိနှိုင်းကြ။ (ဒီအပိုင်းက အချိန်အကြာဆုံးပဲ၊ အဆင်မပြေရင် Data Structure တွေပါ ပြန်ပြင်ပြီး API ပြန်ရေးပေးရတာမျိုးတွေပါ ရှိတက်တယ်။)
အခု BaaS သုံးပြီး ရေးတဲ့အခါ
- Requirement Gathering လုပ်ပြီး လုပ်င်းတဲ့ Feature စာရင်း ချရေး။
- Frontend App က စပြီး Integration လုပ်။ API တွေ ဘာတွေလည်း စောင့်စရာမလို၊ အဆင်မပြေတာ ရှိရင်လည်း ကိုယ်ပဲ Data Structure ကို တိုက်ရိုက်ကိုင်နေရတာဖြစ်တဲ့အတွက် ညှိစရာ နှိုင်းစရာမလိုပဲ စိတ်ကြိုက်ပြင်ပါလေ့။
တအားကြီး ရှုပ်ထွေးတဲ့ ပရောဂျက်မဟုတ်ရင် BaaS နဲ့ အဆင်ပြေမယ် ထင်ရဲ့။ အထူးသဖြင့် အချိန် နဲ့ လူအင်အား နည်းပါးတဲ့ ကျွန်တော်တို့အဖွဲ့တွေအတွက် သင့်တော်တယ်။ Flutter လေ့လာနေတဲ့ ညီအစ်ကို မောင်နှမ တွေအနေနဲ့ အခုပရောဂျက်ရဲ့ source code တွေကို အောက်က Github Repo မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။ https://github.com/aungkoman/simple-delivery-project