tutorials
Dr Token - FAQ
· KM
OK ကိုယ်လုပ်နေတဲ့ အလုပ်အကြောင်း ဆရာဝန်တွေကို ရှင်းပြကြမယ်.
FAQ Style နဲ့ သွားလိုက်မယ်။
ဒေါက်တာတိုကင် ဆိုတာ ဘာဆော့ဝဲလဲ? ဆရာဝန် ကြည့်ပေးနေတဲ့ တိုကင်ကို တီဗီ နဲ့ ဖုန်း မှာ တိုက်ရိုက် live ပြပေးတဲ့ ဆော့ဝဲ ဖြစ်ပါတယ်။
ဆော့ဝဲ ကို ဘယ်သူ သုံးရမှာလဲ ဆေးရုံ / ဆေးခန်း လား လူနာလား? ဆော့ဝဲကို ဆေးရုံ / ဆေးခန်း ၊ ဆရာဝန် နဲ့ Staff တွေ သုံးရမှာပါ။ လူနာတွေကတော့ ဘာဆော့ဝဲမှာ ထည့်ထားစရာ မလိုပဲ QR Scan ဖတ်ရုံနဲ့ တိုက်ရိုက် ကြည့်နိုင်မှာ ဖြစ်ပါတယ်။
ဒေတာ ဘယ်သူဖြည့်မှာလဲ? ဆရာဝန် နဲ့ ပြသမယ့် လူနာ (Appointment) စာရင်းကို ဆေးရုံ/ဆေးခန်း ရဲ့ Reception က ဖြည့်သွင်းပေးရပါတယ်။ ဆရာဝန် ရောက်ရှိ / ကြည့်ရှု / ထွက်ခွာ / နောက်ကျ / ပယ်ဖျတ် စတဲ့ အချက်အလက်ကိုတော့ ဆရာဝန် ဒါမှမဟုတ် အကူ Staff က ဖြည့်သွင်းပေးရပါတယ်။ လူနာ ရောက်ရှိ / ပယ်ဖျတ် စတဲ့ အချက်အလက်ကိုတော့ အကူ Staff တွေက ဖြည့်သွင်းပေးရပါတယ်။
ဒေတာ ဘယ်လိုဖြည့်ရမလဲ? ကွန်ပျူတာ နဲ့ ဖြည့်နိုင်သလို မိုဘိုင်းအက်ပ်သုံးပြီး ဖုန်းနဲ့လည်း အလွယ်တကူ ဖြည့်နိုင်ပါတယ်။
လူနာတွေက ဘယ်ဆော့ဝဲနဲ့ ကြည့်ရမှာလဲ? တိုကင်နံပါတ် တိုက်ရိုက်ကြည့်ဖို့ လူနာတွေအနေနဲ့ သီးခြားဆော့ဝဲ ထည့်ထားစရာ မလိုပါဘူး။ ဆေးခန်းစာအုပ်မှာပါတဲ့ QR Code ကို ဖုန်းနဲ့စကန်ဖတ်ပြီး ကိုယ်ပြမယ့် ဆရာဝန် ဘယ်တိုကင်နံပါတ် ရောက်နေပြီဆိုတာ တိုက်ရိုက် ကြည့်နိုင်ပါတယ်။
QR Code က ဘယ်လိုယူရမှာလဲ? ဆေးရုံ / ဆေးခန်း အတွက် ပေးထားတဲ့ Management Web Panel ထဲမှာ QR Code ကို ရယူနိုင်ပါတယ်။
တီဗီမှာ ပြဖို့ ဘာလိုလဲ? တီဗီ နဲ့ ဝိုင်ဖိုင်အင်တာနက် ရှိရင် ပြလို့ရပါပြီ။
ဘယ်လောက်ကုန်မလဲ? တစ်လကို (၃) သောင်းကျပ် ကျသင့်ပါတယ်။ တစ်နှစ်စာ သွင်းရင် (၆) သောင်းသက်သာမှာ ဖြစ်ပြီး (၃) သိန်းကျပ်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။
ဆရာဝန် ဘယ်နှစ်ယောက် / လူနာ ဘယ်နှစ်ယောက် အသုံးပြုနိုင်လဲ? ဆရာဝန် ၊ လူနာ ၊ appointment အရေအတွက် ကန့်သတ်ထားတာ မရှိပဲ Unlimited အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
စသုံးချင်ရင် ဘယ်လိုလုပ်ရမလဲ? ကျွန်တော်တို့ရဲ့ ဖုန်း 09693555050 , Viber 09963170133, Email info@software100.com.mm , Website www.drtoken.live ကနေ ဆက်သွယ်နိုင်ပြီး ဆေးရုံ / ဆေးခန်း ကို တစ်ပတ်အတွင်း အခမဲ့ လာရောက် တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။
ဝန်ထမ်းတွေ သုံးရခက်နေမလား? ဒေတာ Entry လုပ်တာကိုယ် အလွယ်ဆုံးနဲ့ အရှင်းဆုံး ဖြစ်အောင် မိုဘိုင်းအက်ပ် စီစဉ်ပေးထားပါတယ်။ Training လည်း နာရီဝက် ပေးဉီးမှာ ဖြစ်ပြီး Viber မှာ Software Support Group ဖွဲ့ပေးထားမှာမို့ အခက်အခဲရှိရင် အချိန်မရွေးဆက်သွယ်နိုင်ပါတယ်။
လက်ရှိ ဘယ်ဆေးရုံ / ဆေးခန်းတွေ မှာ အသုံးပြုနေလဲ? ရန်ကုန်၊ နေပြည်တော်၊ ပုသိမ်၊ ပြင်ဦးလွင် နဲ့ ဉက္ကံ အစရှိတဲ့ မြို့က GP , Special Clinic (၃၀ ) ကျော်မှာ အသုံးပြုနေပါတယ်။ စာရင်းအသေးစိတ်ကို www.drtoken.live website မှာ လေ့လာနိုင်ပါတယ်။
GP တွေ သုံးလို့ရမလား? GP တွေမှာလည်း အသုံးပြုနိုင်ပါတယ်။
ဆေးရုံ / ဆေးခန်း မဟုတ်ပဲ အထူးကု ဆရာဝန်ကြီးတွေ အနေနဲ့ ဘယ်လို သုံးလို့ရလဲ? လူနာများပြီး ဆေးရုံ / ဆေးခန်း အများကြီးမှာ အလှည့်ကျ ထိုင်တဲ့ အထူးကု ဆရာဝန်ကြီးတွေ အတွက်လည်း Dr. Token App နဲ့ အသုံးပြုနိုင်ပါတယ်။
Phone : 09693555050 Viber : 09963170133 Website : www.drtoken.live Email : info@software100.com.mm
#drtoken