← All writing

tutorials

Elephant Conservation Based Tourism- ECBT

· KM

ပြီးခဲ့တဲ့ အပတ်က ငလိုက်ကန်သာ ဆိုတဲ့ ဆင်စခန်းကို သွားလည်ဖြစ်တယ်။

ကွန်ပျူတာရှေ့မှာပဲ အချိန်ကုန်တာများတဲ့ ကျွန်တော့အတွက်တော့ တော်တော်လေး စိတ်အေးချမ်းသာ ရှိတဲ့ ခရီးတစ်ခု ဖြစ်ခဲ့တယ်။ တိတ်ဆိတ်အေးချမ်းတဲ့ ပတ်ဝန်းကျင် ပြုပြင်ဖန်တီးမှု အနည်းဆုံးနဲ့ သဘာဝ တရားကို တွေ့ရတာ မိုက်တယ်။

ဘော်ဒါတွေနဲ့ အေးအေးဆေးဆေး အနားယူ စားသောက်ပြီး ပြန်။

စခန်းထဲမှာ QR Code တစ်ခုကို နေရာတိုင်းလိုလို ကပ်ထားပေးတာ တွေ့ရတယ်။ နည်းပညာသမားဆိုတော့ QR မြင်ရင် မနေနိုင် မထိုင်နိုင် စကန်ဖတ်ချင်တာ။

စကန်ဖတ်ကြည့်တော့ Google Drive ကို တွေ့ရတယ်။ အကြမ်းဖျဉ်း ကြည့်ရသလောက်တော့ မြန်မာနိုင်ငံမှာ ရှိတဲ့ ဆင်စခန်းတစ်ခုချင်းစီရဲ့ အချက်အလက်တွေ ဖြစ်မယ်။ ခက်တာက Google Drive မှာ Folder တွေ၊ Pdf တွေ ပုံတွေနဲ့ စုံပြုံထည့်ထားတော့ ဘာကိုလိုက်ကြည့်လို့ ကြည့်ရမှန်း မသိဘူး။

ဒါနဲ့ ပြန်ရောက်တော့ အဲ့ဖိုင်တွေ အကုန်ယူပြီး Website တစ်ခု ပြန်ရေးပေးဖြစ်တယ်။ ဆင်စခန်းက တာဝန်ရှိသူတွေကိုလည်း အကြံလေးဘာလေး မတောင်းပဲ ဝင်ပေးဖြစ်တယ်။ တကယ်ပါ မားကတ်တင်း ဆင်းတာ မဟုတ်ဘူး။ ပိုပြီးကောင်းကောင်းမွန်မွန် ဖြစ်စေချင်ရုံ သပ်သပ်ပဲ။

အောက်မှာတော့ ကျွန်တော်တို့ရဲ့ ဆင် ဝက်ဘ်ဆိုဒ်လေးကို ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://elephant.software100.com.mm

Source Code လေ့လာချင်တဲ့ ညီအစ်ကို မောင်နှမတွေ နဲ့ အချက်အလက်တွေ မွမ်းမံပြင်ဆင်ချင်တဲ့ သူတွေအတွက်လည်း Github Repo ကို public ဖွင့်ထားပါတယ်ခင်ဗျာ။ https://github.com/aungkoman/elephant