Day 20 - The art of log reading
အခုရက်ပိုင်းတွေ သတိထားမိတာက အလုပ်လုပ်တဲ့အခါ ပရိုဂရမ်ရေးတာထက် log ထိုင်ဖတ်နေရတဲ့ အချိန်က ပိုများလာသလိုပဲ။
Programmer, Son, Brother and Lover.
အခုရက်ပိုင်းတွေ သတိထားမိတာက အလုပ်လုပ်တဲ့အခါ ပရိုဂရမ်ရေးတာထက် log ထိုင်ဖတ်နေရတဲ့ အချိန်က ပိုများလာသလိုပဲ။
ကျွန်တော် မွန်ဂို တိုင်းပြည်ကို ရောက်လာတာ တာဝန်မှူးကျလို့လည်း ပါတယ်။ ပုံမှန်ဆိုရင် laptop ဒါမှမဟုတ် phone ကို ကြည့်နေတက်တဲ့ ကျွန်တော်က တာဝန်မှူးလည်း လုပ်ရရော computer screen က မျက်နှာခွာရတယ်။
Apple Developer Console ကို ဝင်ကြည့်ပြီးရင် အခုပဲ Apple Device တွေကိုင်ရတော့ မလိုခံစားရတယ်။ ကိုယ်နဲ့ကတော့ ဝေးပါသေးတယ်။
Day 10 ကတည်းက Mongo CRUD ရေးပြီးတာ Day 12 ရောက်မှပဲ Mobile App နဲ့ ချိတ်တဲ့အဆင့်ကိုရောက်တယ်။ အလွယ်တကူ Copy Paste ပြီး မြန်မြန်ဆန်ဆန်ကူးချခြင်းရဲ့ ဆိုးကျိုးတွေပေါ့။
[x] Mongodb CRUD with Express on Heroku + Mongo Atls live database နဲ့ ချိတ်တဲနေရာမှာ အမှားရှိသေးတယ်။ မနက်ဖြန်တော့ Live Database လည်း အဆင်ပြေ၊ Mobile App ကလည်း login လောက်တော့ စချိတ်နိုင်လိမ့်မယ် ထင်ပါတယ်။
[x] GPS Tracking Coding Structure
ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန် လာတာပါပဲ။
စိတ် ကို အေးချမ်းစေမယ့် နည်းလမ်း (၈)ခု
Information Overloaded ဖြစ်တယ် ဆိုတာ ဒါမျိုးလား မသိ
နေရာ
Burnout: The High Cost of High Achievement မြန်မာလိုတော့ Burnout ကို ဘယ်လိုပြန်လဲ မသိ။ ကျွန်တော် သတိထားမိတာတော့ တစ်ပတ်လောက်ပဲ ရှိပါသေးတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က စပြီး အလုပ်အစား ရုပ်ရှင်နဲ့ အစားဘက်ကို အာရုံပိုများလာတာက စတယ်။ အရင်က ကွန်ပျူတာရှေ့မှာထိုင်ရင် နှစ်နာရီ သုံးနာရီလည်း သိပ်မမှုဘူး၊ အလုပ်ထဲမှာ စျာန်ဝင်နေတော့ ပင်ပန်းတယ်လည်း မထင်၊ အလုပ်လည်း တွင်တယ်။ ပြီးခဲ့တဲ့ ရက်တွေက စပြီး အဲ့သလိုမဟုတ်တော့ပဲ နာရီဝက်လောက် ကွန်ပျူတာသုံးနေရရင်ကို စိတ်က ဖိစီးလာတယ်။ oh I can’t do it. ဒီလိုတွေ တွေးမိပြီး ပိုပိုစိတ်ဖိစီးလာတယ်။ why? ဒီလို အရင်က ကွန်ဖိဒန့်လယ်ဗယ် စိုးဟိုက် ခဲ့တဲ့ ပရိုဂရမ်းမင်း လို နယ်ပယ်မှာတောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ဇောက်ထိုးဆင်းသွားတာ ဘာကြောင့်လဲ? အဖြေရှာမရ။
Lockdown ကိုမျိုးစုံအောင် နေရပါတယ်။ Stay Home, Stay Office, Q Center စသည်ဖြင့် နေရာအစုံမှာ ပုံစံမျိုးစုံနဲ့။ Test Kit နဲ့လည်း စစ်ရဲ့။ ဂျင်းပြုတ်ရည်လည်း သောက်ရရဲ့။ နောက် သင်တန်းတွေ တက်ပြီး mask တွေတပ်၊ လက်တွေဆေး နဲ့ သြ ကိုဗစ် ကိုဗစ်။ မျိုးစုံ ကြိုးခုန်ရပါပေတယ်။
2021 မှာ ပထမဆုံးရေးမိတာက personl feeling ဖြစ်နေတာတော့ ခက်တယ်။ ဒါကပဲ ကိုယ့်ရဲ့ type ကို ပြတာပဲ ထင်ပါရဲ့။ ဟုတ်ပါတယ် ဒီလူဟာ ကိုယ်ရေးကိုယ်တာ ခံစားချက် သိပ်များတဲ့လူပါ။ အပေါ်ယံ ကြည့်ရင် အရာရာကို ပေါ့ပေါ့ပါးပါး သဘောထားတဲ့လူလို့ ထင်ရပေမယ့် အတွင်းထဲမှာတော့ သိပ်ပြီး serious ဖြစ်တက်တဲ့ လူမျိုးလားမသိ။ ထားပါတော့ ကိုယ်လည်း စိတ်ပညာရှင် မဟုတ်တော့ ဒီအပိုင်းတွေ သိပ်မသိ။ ပြောရရင် တရားနဲ့ ဝေးတယ်ပေါ့ဗျာ။
ကျွန်တော်က စိတ်ဆိုးလွယ်တဲ့သူတော့ မဟုတ်ပါဘူး။ ရေလိုက်ငါးလိုက်နေရင်နေ၊ မနေရင် တစ်ဉီးတည်း သီးသန့်နေတာများတယ်။ ဒီတော့ လူတွေနဲ့ ပြောဆိုဆက်ဆံရတာကြောင့် သိပ်ပြီး စိတ်ဆိုးစရာ ကိစ္စတွေ မရှိဘူးပေါ့ဗျာ။
ကျွန်တော် ကတော့ Laptop နဲ့ code ရေးရတာ သိပ်တော့ အဆင်မပြေ၊ အနည်းဆုံးတော့ Wireless Mouse တော့ ပါမှ ထင်ပါရဲ့။
ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို comfort zone မှာထားဖို့အတွက် ကိုယ့်ကိုယ်ကိုပဲ ပြန်လိမ်နေကြရတယ်။ ဒါပေမယ့် အပြင်က ကိန်းဂဏန်းအချက်အလက်တွေကတော့ ကျွန်တော်တို့ကို ဘယ်တုန်းကမှ မလိမ်ခဲ့ဘူး။
ကျွန်တော် မှတ်မှတ်ရရ ကြုံခဲ့တာ တစ်ခုရှိတယ်။ နည်းပညာနဲ့ ပတ်သက်လို့ပါ။ ဒီလို Social Network တွေကလည်း ခေတ်မစားသေးတဲ့အချိန် Blog ရေးတဲ့သူတွေကိုပဲ အားကိုးပြီးဖတ်နေရတာ။ အဲ့မှာ ဆရာတစ်ယောက်ရေးထားတာကို ဖတ်ရတယ်။ JS လောက်ကို ဘဝကြီးမှတ်မနေနဲ့ JS ဆိုတာ script language လောက်ပဲ ရှိတာ (ဆိုလိုချင်တာက ကလေးတွေပဲ ရေးတဲ့ programming language ပေါ့) ၊ ပြောရရင် ပရိုဂရမ်းမင်းလောကမှာ ဘောင်မဝင်တန်းမဝင်ကောင် ဘာညာသာရကာပေ့ါ ကြွယ်ထားတာ အဲ့ဆရာက။
တစ်ခါတစ်လေကျတော့လဲ stackoverflow မှာ လူလည်အဖြေတွေကို တွေ့ရတယ်။
တစ်ခုကြုံရတာလေးပါ။ ကျွန်တော်က PHP မှာဆိုရင် database query တွေကိုကိုယ်တိုင်မဆောက်ဖြစ်ပဲ Redbean ဆိုတဲ့ ORM သုံးဖြစ်တာများတယ်။ ဆိုတော့ ကိုယ့် Project နဲ့ကိုယ် အစအဆုံးရေးရတုန်းက ပြဿနာမရှိဘူး။ Team နဲ့ Project တစ်ခု ပေါင်းရေးဟေ့ ဆိုတဲ့အချိန် ဇာတ်လမ်းကစတယ်။
DBA သမားအတွက် database ကို manual ဆောက်ပေးထားတာ။ အဲ့မှာ ဒီ database ကို backend သမားကလည်း ကျွန်တော့အတွက် API ထုတ်မပေးနိုင်သေးတော့ ကိုယ့်ဘာသာကိုယ် sample query လေး တစ်ကြောင်းလောက် ရေးပြီး api စမ်းကြည့်မယ်ပေါ့။ တွေးလိုက်တာ။
အခါခါဖတ်ပြီး အခါခါမေ့သော ကျွန်တော့အတွက်
Mi Pad 2 တုန်းက တစ်ခါ တိုင်ပတ်ပြီးပြီ။ ဒီကောင်က intel processor နဲ့လာတော့ တော်ရုံ app တွေ သုံးမရ။ ဘယ်ရမလဲ ဒီနှစ်ခုက corss compatible မဖြစ်တော့ mobile app release လုပ်တဲ့အခါ သူ့သက်ဆိုင်ရာ processor architecture အရ သီးခြား app တွေအနေနဲ့ ထုတ်ပေးကြတာကိုး။
ဘယ်တော့မှ ရိုးမသွားတဲ့ လမ်းပျောက်ခြင်းတွေပေါ့။
ကိုယ်တို့ရေးထားတဲ့ Mobile App တစ်ခုကို promotions ဆင်းမယ်ဆိုပြီး ပြင်တဲ့အချိန်၊ သူငယ်ချင်းတစ်ယောက်က သုံးမရဘူး ပြောလို့ ပြန်စစ်ကြည့်တော့ ထင်တဲ့အတိုင်း World Wide Myanmar က ပိတ်ချလိုက်ပြီ။
ကိုစေတန် ကို သူ့ Facebook Page မှာ ကျောင်းသူတစ်ယောက်က မေးထားတာလေး တွေ့လိုက်တယ်။ သူမေးထားတာက
ကိုစေတန်ဟာ ပရိုဂရမ်မာ၊ လုပ်ငန်းရှင်၊ စာရေးဆရာ တစ်ယောက်ဖြစ်နေတော့ ဒီလောက်များပြားလှတဲ့ အလုပ်တွေကို လုပ်နိင်ကို အချိန်ကို ဘယ်လို စီမံခန့်ခွဲပါသလဲ? ကျောင်းသူတစ်ယောက် ဖြစ်တဲ့ ကျွန်မမှာ ကျောင်းစာတွေနဲ့တင် အရာအားလုံးကို ဖတ်နိုင်ဖို့ အချိန်မမီဘူး ဖြစ်နေပါတယ်
ကိုယ်လည်း စဉ်းစားမိတယ်။ ဆရာသမား ဘယ်လိုများ အချိန်တွေ စီမံထားလိမ့်ပေါ့။ အဲ့မှာ ပြန်ဖြေထားတယ်။
အိပ်ချိန် လျော့လိုက်ပါ၊ လူတိုင်းဟာ တစ်နေ့ကို (၂၄) နာရီ အညီအမျှ ရနေတာမို့လို့ အချိန်ပိုလိုချင်ရင် အိပ်ချိန်ကို လျော့ပြီး ယူပါ။
အေးရော :+1:
ကျွန်တော့ရဲ့ SE2020 အတွေ့အကြုံက နည်းနည်းတော့ drama ဆန်တယ်။
ပထမဆုံး ဝင်ပြိုင်ဖြစ်ပုံကို ပြောရမယ်ဆိုရင် ဆယ်နှစ်ကျော် သုံးခဲ့တဲ့ facebook account disabled ဖြစ်သွားတာက စရမယ်။ ဝေးသီခေါင်လံတဲ့ နေရာတစ်ခုမှာ ဖွင့်တဲ့ သင်တန်းတစ်ခု တက်နေတုန်း အင်တာနက် connection က ပြတ်တောင်းပြတ်တောင်းဖြစ်နေတဲ့အချိန်ဖြစ်နေတဲ့အချိန် Account က Disabled ဖြစ်သွားတာ။ Appeal ပြန်တင်လည်း COVID ကာလမို့ သူတို့လည်း စီစစ်မပေးနိုင်သေးပါဘူးပဲ အကြောင်းပြန်တယ်။
The Beatles : Hey, Jude, don't make it bad
Take a sad song and make it better.
” စျေးတွက် “ ဝတၳဳ - အညိဳ
အွန်လိုင်းပေါ်ကနေ ငွေဘယ်လိုရှာကြမလဲ အပိုင်း(၄)
အွန်လို်ငးပေါ်ကနေ ငွေဘယ်လိုရှာမလဲ? အပိုင်း(၃) (for non tech people) Admob : part (3)
အွန်လိုင်းပေါ် ကနေ ငွေဘယ်လိုရှာမလဲ? အပိုင်း(၂) (Google Admob : Part 2)
Sometimes I see this List list = [];
Flutter App ကနေ Facebook Page တစ်ခုကို လှမ်းဖွင့်ချင်တဲ့အခါ
Url Launcher ထည့်ပါမယ်။
အခုရက်ပိုင်း SE2020, Yangon Air Pollution Viscualization စတဲ့ ပြိုင်ပွဲတွေနဲ့ meeting ထိုင်လိုက်၊ လိုအပ်တဲ့ documentation တွေ ရေးလိုက်နဲ့ အချိန်တွေကုန်။ နောက်ပြီး Flutter နယ်ပယ်ထဲမှာ မြေစမ်း ခရမ်းပျိုးတာကလည်း ထိုက်သင့်တဲ့ အနေအထားရောက်အောင် ရုန်းကန်နေရတယ်။ Freelance Project တစ်ခုကလည်း ညဘက်အိပ်လို့မရအောင် ဖိစီး။
ဒါကတော့ အိပ်မပျော်လို့ ရေးတဲ့စာပါ။ synchronization တွေ ကောင်းလို့ ကိုယ့်ရဲ့ တစ်နေ့တာ ဘယ်လိုအဆင်ပြေကြောင်း တဲ့အကြောင်းလေး ပြောပါမယ်။ အများဆုံး သုံးဖြစ်တဲ့ App က Chrome နဲ့ Keep ပါ။ laptop မှာပဲ ဖြစ်ဖြစ် ဖုန်းမှာပဲ ဖြစ်ဖြစ် ဒီနှစ်ခုကို အများဆုံး သုံးဖြစ်တယ်။
စောနက Team mate တစ်ယောက်ကို api documentation ပေးဖို့လိုလာတယ်။ ခက်တာက documentation တင်ထားတဲ့ link က အရှည်ကြီး ( yep, we made it with postman :P )။ laptop ထဲက ဒီ link ကို ကြည့်ပြီး ဖုန်းကနေ ပို့ပေးဖို့ နည်းနည်းတော့ တိုင်ပတ်သွားတယ်။ ကိုယ်က ပျင်းတာလည်း ပါပါတယ်။ ဒီ link အရှည်ကြီးကို messenger ကနေ စာရိုက်ပြီး မပို့ချင်ဘူး။ ပထမဆုံး ကြိုးစား ကြည့်တာက link ကို ဓာတ်ပုံရိုက်ပြီး အဲ့ပုံကနေ text select လုပ်ပြီး ကူးလိုက်မယ်ပေါ့။ ( I mean Pixel Power :D )။ ည သန်းခေါင် monitor screen က စာကို Google ရဲ့ OCR ကလည်း မကယ်နိုင်။
ကဲ နောက်တစ်နည်းပေါ့ Chrome မှာ right click ထောက်ပြီး ကြည့်လိုက်တော့ Send to Google Phone တဲ့။ (Yay…!) နှိပ်လိုက်တယ်။ ဘာမှ ဖြစ်မလာဘူး။ ဟမ် ဖုန်းကို ပြန်ကြည့်မှ အဆောင်ရဲ့ ကောင်းမွန်လှတဲ့ ဝိုင်ဖိုင်က မမိတစ်ချက် မိတစ်ချက် ဖြစ်နေတာ။ မထူးပါဘူးလေဆိုပြီး mobile data ဖွင့်။ ချက်ခြင်း notification တက်လာတယ်။ အဆင်ပြေသွားပြန်ရော။ :D
ဒီလို scenario တွေက အများကြီးပါ။ ဖတ်လို့ကောင်းတဲ့ article လေးတစ်ပုဒ် ဖတ်နေတုန်း မပြီးသေးဘူး သွားစရာ အလုပ်ကပေါ်လာတယ်။ ကိစ္စမရှိဘူး Send to Google Phone . ပဲ။ လမ်းမှာ ဖုန်းထဲကနေ ဆက်ဖတ်လို့ ရတယ်။
နောက်မှ Keep ရဲ့ sync ပုံလေး share ပါဉီးမယ်။
” ကိုယ် ထမင်းစားနေတဲ့ အလုပ်ကို စိတ်ဝင်စားမှပေါ့အေ ။ အခုတော့ ညည်းဟာက စပ်စလူးထဖို့ ငါ့ဆီ လာကူနေသလိုဘဲ “
ဒီ blog မှာ ရေးဖြစ်မယ့် အကြောင်းအရာ ခေါင်းစဉ်တွေ
SE2020 မှာ ပါဖို့ စာရင်းပေးထားတာ တစ်ပတ်လောက်ကြာတော့ email ဝင်လာတယ်။ MS Team သုံးပြီးတော့ ပြိုင်ပွဲနဲ့ ပတ်သက်တာတွေ ရှင်းကြလင်းကြပေါ့။ အဲ့မှာ ကိုယ်က တစ်ယောက်တည်းသမား၊ team လည်း မရှိ။ ဒီတော့ team မရှိတဲ့သူအချင်းချင်း Organizer တွေက တွဲပေးမယ် ထင်ပြီး သွားမေးကြည့်တော့ တွဲမပေးပါဘူးတဲ့ ကိုယ်ကိုယ့်ကို မိတ်ဆက်ပြီး team တစ်ခုခုမှာ သွား join ကြည့်ပါလို့ ဆိုတယ်။ အိုကေပေါ့ ကိုယ့်ကိုယ်ကို မိတ်ဆက်ဆိုတော့ ဘယ်က စမိတ်ဆက်ရမလဲ မသိ။ ကိုယ်ဘာလုပ်နိုင်ပါတယ် ဘာညာသာရကာပေ့ါ။ ကျွန်တော့ Github Repo တွေသာ လာကြည့်ပြီး team မှာ သုံးလို့ရမယ်ထင်ရင် ခေါ်ကြပါဉီးဆိုပြီး MS Team ရဲ့ conversation မှာလည်းရေး၊ နောက် contestent တွေအကုန်လုံးစီ email ပို့လိုက်တယ်။ အဲံမှာ Organizer ကလည်း recommed ကောင်းကောင်းပေးတယ်။ အားကောင်းတဲ့ team member တစ်ယောက်ဖြစ်နိုင်တာမို့ ခေါ်ကြဖို့။ ဒီလို ဆရာသမားက Recommend ပေးတော့ ကိုယ့်ကိုယ်ကိုတောင် သဘောကျသွားတယ်။
အဲ့မှာ နှစ်ဖွဲ့က သူတို့အဖွဲ့တွေမှာ လာ join ဖို့ ကမ်းလှမ်းလာတယ်။ တစ်ဖွဲ့က c# သမား လိုနေတာ ဆိုတော့ ကိုယ်နဲ့ အဆင်မပြေ။ နောက်တစ်ဖွဲံကတော့ နှစ်ယောက်တည်း ရှိတဲ့အဖွဲံ။ ညဘက် team member တွေနဲ့ မိတ်ဆက်တော့ ကိုယ်က အသက်အကြီးဆုံး ဖြစ်နေတယ် :P
တစ်ယောက်က UI/UX Designer ၊ နောက်တစ်ယောက်ကတော့ React Developer ။ အိုကေပေါ့။ ကိုယ်က backend ကို အားသန်တဲ့သူဆိုတော့ အဆင်ပြေသွားတယ်။ Designer က screen flow နဲ့ product specification တွေ အကုန်ရေးပေးလိမ့်မယ်။ React သမားက frontend အပိုင်းရေး၊ ကိုယ်က restful api documentation ထုတ်ပေးထားပြီး backend ရေးမယ် ဆိုပြီး တာဝန်ခွဲထားလိုက်တယ်။
frontend ကို react နဲ့ ရေးမှာဆိုတော့ backend ကိုလည်း node နဲ့ ရေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ TDD နဲ့ ရေးရမှာမို့လို့ TDD နဲ့ ပတ်သက်တာတွေတော့ ထပ်ဖတ်ဖို့ လိုလိမ့်မယ်။ Automation Testing လိုမျိုးတွေ၊ test case နဲ့ test result တွေလည်း ပြရမယ်လို့ ဆိုတယ်။ Risk Accessement တို့ဘာတို့လည်း ပါတယ်။ ကိုယ်မသိတာေတွ ေတာ်ေတာ်များတယ်။ ဒါေကြာင့်လည်း Join ဖြစ်တာပါတယ်။ ကိုယ်သိတာလေးနဲ့တင် CRUD ပတ်ရေးပြီး နေနေလို့ မဖြစ်ဘူးမို့လား။ next level နောက်ထပ် level တစ်ခုကိုရောက်ဖို့က အခုလို enviroment အသစ်တစ်ခု လိုတယ်။
အခုလိုမျိုး module တစ်ခုကို အစကနေ အဆုံး team work နဲ့ လုပ်ရတာလည်း အတွေ့အကြုံအသစ်ပဲ။ Full Stuck လုပ်နေတော့ ကိုယ့်ကိုယ်ကို အားမရတာတွေ များတယ်။ (Full Stack မဟုတ်ပါ Full Stuck ဖြစ်ပါတယ် :P )။ အခုလို ကိုယ်အားသန်တဲ့ ဘက်ကိုပဲ အားစိုက်ရေးပြီး team တစ်ခု ဖွဲ့ရတာ တော်တော်မိုက်တယ်။ တကယ်ရေးကြည့်ရင်တော့ integration အပိုင်းမှာ ဘယ်လိုတွေ တိုင်ပတ်ဉီးမလဲ မသိဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အတွေ့အကြုံကောင်းတွေ ရမယ်လို့ ယုံကြည်ပါတယ်. Thanks SE2020 & Two Guys Team.
ဒါကတော့ အခုမနက် တိုင်ပတ်သွားတဲ့ ကိစ္စပေါ့။ အခန်းမှာ ပလပ်ပေါက် မကောင်းတော့ မီးဆရာ ခေါ်ပြီးပြင်ဖို့ လိုလာတယ်။ အဲ့မီးဆရာရဲ့ ဖုန်းနံပတ်လည်း ပြီးခဲ့တဲ့အပတ်က မှတ်ထားပြီးသား။ အခုပြန်ရှာတော့ မတွေ့တော့ဘူး။ ဘယ်လို နာမည်နဲ့ မှတ်ထားခဲ့မှန်း မေ့သွားပြီ :laugh:
ကံကောင်းတာ တစ်ခုက Google Account နဲ့ ချိတ်ထားတာ ဆိုတော့ Google က တစ်ခုခုများ ကူညီနိုင်မလားပေါ့။ လိုက်ရှာကြည့်ရတယ်။
မ Google ခင်မှာ ဖုန်းထဲက Contact App ထဲမှာ Sorting ဘာညာသာရကာများ ပါမလဲ ကြည့်ကြည့်သေးတယ်။ မပါဘူး။ ဒီတော့လည်း ရှာကြည့်တော့ Quora မှာ တစ်ယော်ကဖြေထားတာ တွေ့တယ်။ Google App Script သုံးရင်သုံး ဒါမှမဟုတ် OAuth 2.0 Playground သုံးတဲ့။ Google App Script က ထပ်ဖတ်နေရဉီးမှာမို့လို့ Playground မှာပဲ အလွယ်စမ်းမယ်ပေါ့။ ဒါနဲ့ ဝင်လိုက်တယ်။
https://developers.google.com/oauthplayground
ကိုယ်သုံးချင်တဲ့ service ရွေးပေးရတယ်။ အခုက Contact တွေ ရှာမှာဆိုတော့ Contact v3.0 ကို ရွေးလိုက်တယ်။ နောက်တဆင့်ကတော့ Query
ကျွန်တော်ကတော့ ပရိုဂရမ်မာ တစ်ယောက်ပါ။
Web Developement ဆိုပေမယ့်လည်း လုပ်ငန်းလိုအပ်ချက်အရ Mobile Application ကိုလည်း ရေးရတာတွေရှိပါတယ်။ အရင်ကတော့ Webview နဲ့ hybrid လုပ်ပြီးရေးတယ်ဗျ။ JS-JAVA Bridge ဆောက်ပြီး ရေးရတာ နောက်ပိုင်းကျ လက်ဝင်လာတာရော၊ UI တွေက native ဆန်ဖို့ လိုလာတာရော ပေါင်းပြီး အခု Flutter စဖတ်နေပါပြီ။
ဒီ blog မှာ ကျွန်တော် ဖတ်တုန်းမှတ်တုန်းမှာ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ ပြန်လည် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
Flutter ကို လေ့လာတဲ့အခါ…
Hello World.